Latest international news!
၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ခရိုအေးရှားကို အနိုင်ယူပြီး ပြင်သစ်ဗိုလ်စွဲ VOA (04h ago)

၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်ကို ရုရှားနိုင်ငံ မော်စကိုမြို့က Luzhniki ဘောလုံးကွင်းမှာ ကစားတာမှာ ပြင်သစ်က ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။ ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တုန်းကလည်း တကြိမ်ဗိုလ်စွဲထားတာကြောင့်၊ ဒါဟာ ပြင်သစ်အတွက်တော့ ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ရတာ ဖြစ်ပါတယ်။
စစ်သည်ရုပ်အလောင်းပြန်သယ်ရေး မြောက်ကိုရီယားနဲ့ကန် စစ်ဗိုလ်ချုပ်တွေ တွေ့ဆုံ VOA (07h ago)

ကိုရီးယားစစ်ပွဲအတွင်း ကျန်ရစ်တဲ့ အမေရိကန်စစ်သည်ရုပ်အလောင်းတွေ နေရပ်ပြန်ယူရေးအစီအစဉ်ကို ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားက ဗိုလ်ချုပ်ကြီးတွေ တွေ့ဆုံပါတယ်။
ကျူးဘားဖွဲ့စည်းပုံပြင်ဆင်ရေး စတင်ခြေလှမ်း VOA (07h ago)

ကျူးဘားနိုင်ငံမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအဖြစ် နိုင်ငံရေးနဲ့ အခြားအပြောင်းအလဲတွေ စတင်လုပ်ဖို့ရှိနေပါတယ်။
အီးယူနဲ့ညှိဖို့အစား တရားစွဲဖို့ ဗြိတိန်ဝန်ကြီးချုပ် ကန်သမ္မတအကြံပေးခဲ့ VOA (07h ago)

ဗြိတိန် ၀န်ကြီးချုပ် Thereas May အနေနဲ့ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး မဟာဗျူဟာ တစိတ်တပိုင်း အရ EU နဲ့ ညှိနှိုင်းနေမယ့် အစား ဥပဒေကြောင်းအရ တောင်းဆိုဖို့ အမေရိကန် သမ္မတ Donald Trump က အကြံပေးခဲ့ပါတယ်။
\တိုက်စစ်မှူး M-Media (08h ago)
...

ဇူလိုင် ၁၅၊ ၂၀၁၈ M-Media – အီဂျစ်က ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရှေးဟောင်း ဂူသင်္ချီုင်းတစ်ခုနဲ့ အလုပ်ခန်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒီကပစ္စည်းတွေကို လေ့လာမှုကနေတစ်ဆင့် မံမီရုပ်ပြုလုပ်မှုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ မြို့တော်[Read More...]

\ကမ္ဘာ့အမြန်ဆုံး M-Media (10h ago)
...

ဇူလိုင် ၁၅၊ ၂၀၁၈ M-Media – လူသားရဲတွေမပါဘဲ အဆင့်မြင့် နည်းပညာတွေနဲ့သာ လည်ပတ်မယ့် စမတ်ရဲစခန်းတွေကို အခုနှစ်အတွင်း တည်ဆောက်အသုံးပြုသွားမယ်လို့ ဒူဘိုင်းက ကြေငြာလိုက်ပါတယ်။ ဒူဘိုင်း နည်းပညာရပ်ကွက်ဖြစ်တဲ့ Dubai Silicon Oasis မှာ[Read More...]

\လူမျိုးစွဲ၊ M-Media (10h ago)
...

ဇူလိုင် ၁၅၊ ၂၀၁၈ M-Media – ကမ္ဘာ့ WBA ၀ယ်သာဝိတ်ချန်ပီယံဆုကို ပူပူနွေးနွေး ရရှိထားတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ သူအသုံးပြုခဲ့တဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို မလေးရှားအစိုးရထံ လှူဒါန်းမယ်လို့ သိရပါတယ်။ အသက် ၃၉ နှစ်အရွယ်[Read More...]

ဟေတီနိုင်ငံဝန်ကြီးချုပ် ရာထူးမှနုတ်ထွက် Xinhua (12h ago)
...

ပေါ့တ်အော်ရ်ပရင့်စ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံဝန်ကြီးချုပ်Jack Guy Lafontantက ရာထူးမှနုတ်ထွက်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ကြေညာခဲ့သည်ဟု သိရသည်။ 

၎င်း၏နုတ်ထွက်စာကို ဟေတီသမ္မတ Jovenel Moïse က လက်ခံလိုက်ပြီဖြစ်ကြောင်း Lafontantuက အောက်လွှတ်တော်တွင် ပြောကြားခဲ့ပြီး ယခုရက်ပိုင်းများတွင် ဟေတီ၌ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု လများကို အပြစ်တင်ရှုံ့ချကြောင်း ၄င်း၏လူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။

ဟေတီအစိုးရက ဇူလိုင်လ ၆ ရက်တွင် ဓာတ်ဆီကို ၃၈ ရာခိုင်နှုန်း၊ ဒီဇယ်ဆီကို ၄၇ ရာခိုင်နှုန်း ၊ ရေနံဆီကို ၅၁ ရာခိုင်နှုန်းအသီးသီး ဈေးနှုန်းများတိုးမြင့်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ တစ်နိုင်ငံလုံး တွင် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက လမ်းများကိုပိတ်ဆို့ခြင်း၊ စတိုးဆိုင်များကို ၀င်ရောက်လုယက်ခြင်း၊ မော်တော်ယာဉ်များကို မီးရှို့ခြင်းများ ပြုခဲ့ရာ Lafontantက ဇူလိုင် ၇ ရက်တွင် ဆီဈေးတိုးမြှင့်မှုကို ခေတ္တရပ်ဆိုင်းမည်ဟု အရေးပေါ်ကြေညာခဲ့သော်လည်း ဆန္ဒပြလှုပ်ရှားမှုများက ငြိမ်သက်သွားခြင်းမရှိခဲ့ပေ။

Lafontantသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ၀န်ကြီးချုပ်ရာထူးကို ရယူခဲ့ကြောင်း ၊ ၄င်းသည် ၂၀၁၇ ခုနှစ်ဧပြီလတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့်နေရာများကို သွားရောက်ကြည့်ရှုခဲ့ရာ လမ်းခရီးတွင် ၄င်းလိုက်ပါစီးနင်းလာသည့်ယာဉ်တန်းက လူငယ်ကလေး၂ ဦးအားတိုက်မိခဲ့သော်လည်း ကားမရပ်ဘဲ ဆက်လက်မောင်းနှင်ခဲ့ ကြောင်း ၊ တိုက်မိသော လူငယ်ကလေး ၂ ဦး အနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ရ  ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ Lafontantသည် ဟေတီတွင် အစောပိုင်းကတည်းက ဝေဖန်အပြစ်တင်ခံနေရကြောင်း သိရသည်။ (Xinhua)

တရုတ်သွင်းကုန်အပေါ် အမေရိကန် အခွန်တိုးမြှင့်မှု ASA အဖွဲ့ ကန့်ကွက် DVB (12h ago)

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်အစိုးရရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုဟာ အလွန်အမင်း စိတ်ပျက်စရာကောင်းတယ်လို့ အမေရိကန်ပဲပုတ် အဖွဲ့အစည်း ASA အဖွဲ့က ဇူလိုင်[...]
ရေကြီး မြေပြိုမှုများကြောင့် တရုတ်တွင် အပျက်အစီးများပြား   YangonMedia (14h ago)
...

ပျောက်ဆုံးနေသည့် အီရန်နိုင်ငံလှုပ်ရှားသူ အသတ်ခံရခြင်းဖြစ်နိုင်ဟု ရှေ့နေပြော DVB (14h ago)

အာမခံနဲ့ပြန်လွတ်လာပြီးနောက် ပျောက်ဆုံးနေတဲ့ အီရန်နိုင်ငံရေး လှုပ်ရှားသူ မာယမ် ဖာရာဂျီဟာ အသတ်ခံရတာဖြစ်နိုင်တယ်လို့ သူ့ရဲ့ရှေနေက ဇူလိုင် ၁၄[...]
အိမ်ဖြူတော် အထက်တန်း အရာရှိကြီး ဂျနီဖာအေရန်ဂျီယို ရာထူးမှနုတ်ထွက် YangonMedia (14h ago)
...

ဝါရှင်တန်၊ ဇူလိုင် ၁၄

အမေရိကန်သမ္မတ အိမ်ဖြူ တော်အမျိုးသားလုံခြုံရေးကောင်စီမှ အထက်တန်းအရာရှိတစ်ဦးဖြစ်သူ ညွှန်ကြားရေးမှူး ဂျနီဖာအေ ရန်ဂျီယိုသည် သမ္မတထရန့်၏ ရွှေ့ ပြောင်းခိုလှုံသူများအရေးကိစ္စတွင် သဘောထားကွဲလွဲခဲ့၍ ဇူလိုင် ၁၂ ရက်က ရာထူးမှနုတ်ထွက်သွားခဲ့သည်ဟု အမေရိကန်အရာရှိနှစ်ဦးက ဇူလိုင် ၁၄ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်။

၎င်းသည် ယင်း ကောင်စီနိုင်ငံတကာအဖွဲ့အစည်းနှင့် မဟာမိတ်များဌာန၏ အကြီးအမှူးတစ်ဦးဖြစ်ပြီး အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် စတီဖင်မေလာနှင့် တရားရေးဌာနအကြီးတန်းအရာရှိ ဂျီနီဟာမီလ်တန်တို့နှင့် မူဝါဒရေးရာပိုင်းတွင် အချင်းများခဲ့ကြသည်ဟု အမည်မဖော်သူအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။


ဂျနီဖာ၏နုတ်ထွက်လွှာနှင့် ပတ်သက်၍ အိမ်ဖြူတော်က သ တင်းထုတ်ပြန်ပြောဆိုမှုမရှိခဲ့သေး ချေ။ သူမသည် သမ္မတဒေါ်နယ်ထရန့်၏ ၂ဝ၁၆ ခုနှစ် သမ္မတရွေး ကောက်ပွဲလှုံ့ဆော်စည်းရုံးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သူဖြစ်သည်။ ယခုရာထူးတွင်လည်း သူမအထက်မှ H.R. McMaster  ပြီးလျှင် ဒုတိယအရေးပါအရာရောက်သူ အရာ ရှိတစ်ဦးလည်းဖြစ်ကာ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်ဟု လုပ်ဖော်ကိုင်ဖက်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။


Ref; Reuters

ဘရာဇီး ဘီလျံနာသူဌေး ရိုချာ သမ္မတပြိုင်ပွဲမှ နုတ်ထွက် YangonMedia (15h ago)
...

ရီယိုဒီဂျနေးရိုး၊

အမေရိကန်တွင် အာကာသ ခရီးသွားလုပ်ငန်း ၂ဝ၁၉ ခုနှစ်တွင် ပထမဆုံး စတင်မည် YangonMedia (15h ago)
...

ဝါရှင်တန်၊

\အင်္ဂါနေ့မနက် M-Media (15h ago)
...

ဇူလိုင် ၁၅၊ ၂၀၁၈ M-Media – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေက သေဆုံးသူတွေဟာ အသက် ၁၅[Read More...]

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦး သေဆုံး Xinhua (15h ago)
...

နိုင်ရိုဘီ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ဇူလိုင်လ ၁၄ ရက်က ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့ သည်။ 

အသေခံ တိုက်ခိုက်သမားက  မော်တော်ယာဉ်တစ်စီးကို မောင်းနှင်လာပြီး သမ္မတအိမ်တော် အနီးရှိ စစ်ဆေးရေးဂိတ်ကို ၀င်တိုက်ခဲ့ကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သောကြောင့် မော်တော်ယာဉ်ပါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုဂါဒစ်ရှူး၏ ရဲအရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။ 

ထိုပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ စစ်ဆေးရေးဂိတ်အနီးရှိ လမ်းဝတွင် နောက်ထပ်ပေါက်ကွဲမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးတွင် ဆိုမာလီယာအစိုးရ ၀န်ထမ်းများနှင့်စီးပွားလုပ်ငန်းရှင်များ ၀င်ထွက်သွားလာနေသည့် ဟိုတယ်ရှိရာ ၄င်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း လုံခြုံရေးဝန်ထမ်းအချို့က ဆိုသည်။

ဆိုမာလီယာတွင် လွန်ခဲ့သောရက်သတ္တပတ်က ယခုကဲ့သို့ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဆိုမာလီယာအယ်လ်ရှာဘတ်(al-Shabaab) များက အဆိုပါတိုက်ခိုက်မှုမှာ ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းကင်ညာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

( အဖွင့် စာမျက်နှာ )

NEXT >>

စာမျက်နှာ ထိပ်သို့   | (0)   | (1)   | (2)   | (3)   | (4)   | (5)  
Report an Issue or Any request? Please contact here.