Latest MoeMaKa News!

NoImage39. မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ) -MoeMaKa

#မှတ်စုမှတ်တမ်း (15h ago)

ဖွင့်ရန်။မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ) ၈၈ အနှစ် ၂၀ (အခန်းဆက်များ) (မိုးမခပြန်လည်ဆန်းသစ်ခြင်း) ၂၀၀၈ ဇူလိုင်လ ၈၈ အနှစ် ၂၀ ကို ကောက်နုတ်ချက်တွေ၊ စာတွေ၊ ဓာတ်ပုံတွေချည်းပဲ လိုက်ရှာ၊ လိုက်တောင်းပြီး ကိုယ်တိုင်တော့ မရေးသေးဘူး ဆိုပြီး တရွတ်ဆွဲနေတာ နည်းနည်းတော့ တို့ထား ရေးထားဦးမှပါပဲ။ ကိုယ်က ဘာကောင်မှ မဟုတ်တော့၊ တောက်တိုမယ်ရ (တီတီအမ်ဝိုင်) ဆိုတော့ ပြောလည်း သိပ်မထူးဘူးဆိုပြီး ထားတာ။ တော်ကြာ မေ့ပျောက်မကုန်ခင် ချရေးထားလိုက်တာပါ။ ၁၉၈၈ သြဂုတ် ၀န်းကျင်နဲ့ မတိုင်ခင် ဗိုလ်ချုပ် (ဟောင်း) အောင်ကြီးဆီမှာ အင်တာနက်တို့၊ ဘလောက်တို့၊ ရေဒီယိုတို့၊ ၀က်ဆိုက်တို့ မရှိဘူး။ သူက လက်နှိပ်စက်စာမူတွေကို မိတ်ဆွေဟောင်းတွေဆီ တအိမ်တက်ဆင်း လိုက်ဝေပြီး ပေးတာ။ မိတ္တူဆိုင်တွေက ကျိတ်ပြီး ကူးကြ ဖြန့်ကြတာကို မှတ်မိတယ်။ သူက ၁၉၈၇ ငွေစက္ကူတွေ သိမ်းတာ၊ ၁၉၈၈ မတ်၊ ဇွန် ကျောင်းသားအရေးအခင်းမှာ အာဏာရှင်တွေ မတရား အကြမ်းဖက် နှိမ်နှင်းတာ၊ သတင်းလိမ်၊ သတင်းဖုံးတာတွေကအစ ၁၉၆၂ ဇူလိုင် ၇ ရက် သမဂ္ဂ ဘယ်သူဖြိုသလဲ စတာတွေကို ဝေဖန်တဲ့ အာဘော်တွေ ထုတ်ပြန်ပါတယ်။ ပြီးတော့ ဘီဘီစီက ကျောင်းသားလှုပ်ရှားမှု မြေအောက်တော်လှန်ရေးသတင်းတွေကို တင်ဆက်တာတွေကို ည ည ရေဒီယိုရှေ့ နားထောင်ရတာကို မှတ်မိတယ်။ အဓိကကတော့ လုံထိန်းတွေက ကျောင်းသူတွေကို မတရားကျင့်ခဲ့ကြတယ်လို့ ကိုဌေးကြွယ်နဲ့ အဖွဲ့က ထုတ်ပြန်လိုက်တာဟာ လူထုကြီးက ဒေါသမီးဟုန်းဟုန်းတောက်စေတာပဲ။ ဦးဝင်းတင်၊ ဦးဝင်းခက်တို့ ဦးဆောင်တဲ့ စာနယ်ဇင်းသမားကြီးတွေက စာပေလောကသားတွေနဲ့ စုပေါင်း လက်မှတ်ထိုးပြီး အာဏာရှင်ကို ဝေဖန်ကြတယ်။ အဲဒါကို မှတ်မိတယ်။ လူကြီးတွေက လက်မှတ်ထိုးတယ်။ အောင်ကြီး စာရေးသလိုမျိုး ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်ကလည်း အာဏာရှင် ဦးနေ၀င်းနဲ့ သက်တမ်းတို သမ္မတ ဒေါက်တာမောင်မောင်ကို စာတို စာရှည်တွေ ရေးကြတာကို မှတ်မိတယ်။ ကျောင်းသားအဖွဲ့တွေ ဖွဲ့လာကြပြီ။ အမည်အမျိုးမျိုးလည်း ပေးလာကြပြီ။ အစကတော့ ကျနော်တို့ အခေါ် “တပ်ဦး”တွေပေါ့။ ဆန္ဒပြမယ်၊ စာဝေမယ်၊ ပြေးမယ်၊ ပြန်ပေါ်လာမယ်၊ ပြီးတော့ “သမဂ္ဂ”တွေ ဖြစ်လာတယ်။ ကျောင်းသားသမဂ္ဂ က စလို့ အိမ်ရှင်မများ သမဂ္ဂအထိ။ ဦးနေ၀င်းက တပါတီစနစ်ကို ဖျက်မယ်၊ ပါတီစုံ လုပ်မယ်လို့ ပြောတယ်။ ပါတီညီလာခံက လက်မခံဘူး။ ပြည်သူ့ဆန္ဒကို ကောက်ယူဦးမယ်၊ တပါတီစနစ်ကို ပြုပြင်မယ်ဆိုပြီး လုပ်တယ်။ စစ်ဗိုလ်လူထွက် ဦးစိန်လွင်ကို အကြီးအကဲ ပြောင်းခန့်တော့ သူက ပြည်သူကို သေနတ်နဲ့ ပစ်ပြီး ဖြေရှင်းလိုက်တယ်။ လူထုက ရပ်မသွားဘူး၊ ပိုပြီး ပေါက်ကွဲတယ်။ ပါတီက ဒေါက်တာမောင်မောင်ကို တင်တယ်။ ဦးတင်အောင်ဟိန်း တရားသူကြီးချုပ်ကို ကော်မရှင်ဖွဲ့ပြီး ပြည်သူဆန္ဒကောက်ယူရေးကို လုပ်တယ်။ လူတွေက လမ်းပေါ်မှာချည်းပဲ၊ ဆန္ဒပြနေကြတာ။ ဆေးရုံကြီးက တဖြေးဖြေးနဲ့ စုရပ်ဖြစ်လာတယ်။ မှတ်မိတယ်။ ဦးတင်အောင်ဟိန်းက သြဂုတ် ၂၄ မှာ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage38. အောင်ဝေး –ေ ပါ က် စို့  -MoeMaKa

#ကဗျာ (16h ago)

ဖွင့်ရန်။From Than Htay Maung’s facebook အောင်ဝေး –ေ ပါ က် စို့  (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈ (၁) မနေ့ တစ်နေ့က တောဝက်ကလေး ၁၃ ကောင် ဂူထဲက ထွက်လာတယ်။(၂) ဒီနေ့ ကမ္ဘာ့ဖလားမှာ ခြင်္သေ့ ၃ ကောင် ရှုံးတယ်။ မနက်ဖြန် ကြက်ဖ တစ်ကောင် နိုင်ချင် နိုင်ဦးမယ်။ (၃) ကလေးရယ် တို့ဆီက စစ်ခွေးအိုကြီးတစ်ကောင် မသေသေးဘူး မင်းကျမှ မီးမလာတဲ့ တိုင်းပြည်မှာ ဓာတ်လိုက်လို့ တဲ့ မနက်ဖြန် မင်း ဈာပနမှာ မင်း အသာရပါစေ။ ။ေ အာ င်ေ ၀း (ဇူလိုင် ၁၄- ၂၀၁၈)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage37. ဆောင်းယွန်းလ ● လုပ်ပွဲများ -MoeMaKa

#ကဗျာ (22h ago)

ဖွင့်ရန်။ဆောင်းယွန်းလ ● လုပ်ပွဲများ (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈ ကျောသားနဲ့ ရင်သားခွဲခြားထားမှ တဘက်ဘက်မှာ တည်တည်တန့်တန့် ရပ်နိုင်မယ် အခု ကိုယ်ရပ်နေတာက ကျောပေါ်မှာလည်းမဟုတ်ခဲ့ဘူး ရင်ဘတ်ပေါ်မှာလည်းမဟုတ်ခဲ့ဘူး လမ်းပေါ်မှာ ကျောနံပါတ်လေး အရေးပေးပြီးကြည့်ခဲ့မိပါတယ် လုပ်ပွဲကြီးတွေနဲ့ တည့်တည့်တိုးခဲ့ပေါ့ ရင်ဘတ်ကိစ္စအတွက် ရင်ဘတ်ကို အလေးထားပြီးနားထောင်ခဲ့မိပါတယ် လုပ်ပွဲကြီးတွေနဲ့ မလွဲခဲ့ပြန်ဘူး အိမ်ထဲမှာနေရင်း အချိန်တွေကုန်ခဲ့တယ် လမ်းပေါ်မှာလျှောက်သွားရင်းလည်း အချိန်တွေကုန်ခဲ့တယ် ကိုယ့်အတွက်အထင်နဲ့  ကိုယ့်အတွက်မဟုတ်ပဲ ကုန်လွန်ခဲ့သောအချိန်များ နိုင်ငံရေးမှာလည်း ရှုံးခဲ့တယ် အနူပညာလည်း ဆုံးခဲ့တယ် ဘောလုံးပွဲတွေထဲမှာလည်း မှားခဲ့တယ် မှားနေတဲ့ လူအုပ်ကြီးနဲ့ မမှားတဲ့ လုပ်ပွဲကြီးများ။ ဆောင်းယွန်းလ  
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage36. ထွန်းသိန်းဦး ● စာပေဂျာနယ် နှစ်သုံးဆယ် ပြည့်ပြီ -MoeMaKa

#ရသဆောင်းပါးစုံ (22h ago)

ဖွင့်ရန်။ထွန်းသိန်းဦး ● စာပေဂျာနယ် နှစ်သုံးဆယ် ပြည့်ပြီ (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်တွဲ၍ မှတ်မိနေသော မဂ္ဂဇင်းတစ်စောင်က စာပေဂျာနယ် ဖြစ်ပါသည်။ စာပေရေးရာနှင့် ပတ်သက်၍ အလေးအနက်ဝေဖန်ရေးသားမှုများ၊ မြန်မာစာပေနယ်တွင် ထင်ရှားသည့် စာပေပညာရှင်များ၊ စာပေဝေဖန်ရေးသမားများ၏ လက်ရာများအပြင် အနယ်နယ် အရပ်ရပ်မှ စာပေသမားများ၏ သုံးသပ်ဝေဖန်ချက်များ၊ စာပေရေးရာအမြင်များ၊ စကားဝိုင်းများဖြင့် အားပြည့်အင်ပြည့်အားပြည့် ပါဝင်သည့် စာပေဂျာနယ်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်ထွက်ရှိခဲ့ရာ ယခု (၂၀၁၈ ခုနှစ်တွင်) နှစ်သုံးဆယ်ပြည့်ပြီ။ အတွဲ (၁) ၊ အမှတ် (၅) ပါ အယ်ဒီတာစကား အတိုင်း ‘စာပေ၏ သွင်ပြင်လက္ခဏာအရပ်ရပ်ကို လေ့လာဆန်းစစ် သော၊ မြန်မာ နှင့် နိုင်ငံတကာ စာပေအခြေအနေများကို မှတ်တမ်းတင်သော၊ နိုင်ငံတဝန်းလုံးရှိ မြန်မာစာပေသမား များ၏ ဆန္ဒ သဘောထားအမြင်များကို ထင်ဟပ်သော’ မဂ္ဂဇင်း တစ်စောင် ဖြစ်ပါသည်။ စာပေဂျာနယ်ကို စီစဉ်သူ အယ်ဒီတာတွေက ၁၉၈၈ မှ ၁၉၈၉ ခုနှစ်အတွင်း ထွက်ခဲ့သည့် အတွဲ (၁) စာစောင် များတွင် ဆရာဖေမြင့်၊ ဆရာခွန်ဂျာမှိုင်း၊ ဆရာမောင်သွေးသစ်၊ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ် အတွင်း ထွက်သည့် အတွဲ (၁)၊ အမှတ် (၉) မှ (၁၂) မှာတော့ ဆရာဖေမြင့်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၄- ၉၅ အတွဲ (၂) နှင့် အတွဲ (၃) တွင် ဆရာမောင်သွေးသစ်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၇ ခုနှစ်ထဲတွင်တော့ ဆရာခွန်ဂျာမှိုင်း ဖြစ် သည်။ အစောပိုင်းဂျာနယ်များက ပန်းချီမျက်နှာဖုံးနှင့် ဖြစ်ပြီး ၁၉၉၅ ခုနှစ်ထဲတွင် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံကို မျက် နှာဖုံးတင်ထားသည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလထုတ် အတွဲ (၂) အမှတ် (၁) မှစ၍ ၁၉၉၆ ခုနှစ်၊ မတ်- ဧပြီ လထုတ် အတွဲ (၃)၊ အမှတ် (၇) အထိ (ထင် သည်) လစဉ်ပုံမှန်ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း ခြောက်အုပ်၊ ၁၉၉၀ ပြည့်နှစ်အတွင်း နှစ်အုပ်၊ ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်တွင် တစ်အုပ်စီ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရ သည်။ အတွဲ (၃) တွင် ၁၂ အုပ်ပြည့်အောင် ထုတ်ဖြစ် သလားမသိ။ ကျွန်တော့်မှာရှိသည့် နောက်ဆုံးထုတ် စာပေဂျာနယ်က ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေအဖုံးနှင့် ဖြစ်ပြီး မျက်နှာဖုံးခွင့်ပြုချက် ၉၇(၆) ဟု တွေ့ရသဖြင့် ၁၉၉၇ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လထုတ်၊ အတွဲ (၃)၊ အမှတ် (၁၁) ဖြစ်မည် ထင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်၊ ကိုးနှစ် အတွင်း အုပ် ၃၀ ကျော်ထွက်ခဲ့သည် ဟုဆိုရမည်။ အတွဲ (၂) စာအုပ်များတွင် ပုံနှိပ်ခဲစာ လုံးနှင့်ဖြစ်ပြီး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage35. ကာတွန်း သြဇာသီးရဲ့ နီးလာပြီဟေ့ … -MoeMaKa

#Cartoon Box (22h ago)

ဖွင့်ရန်။ကာတွန်း သြဇာသီးရဲ့ နီးလာပြီဟေ့ … (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage34. စိုးခိုင်ညိန်း ● ဘဝဆည်းဆာချိန် -MoeMaKa

#စာစုတို (22h ago)

ဖွင့်ရန်။စိုးခိုင်ညိန်း ● ဘဝဆည်းဆာချိန် (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈ ပြီးခဲ့တဲ့တရက်က ရွာက အမေ့အိမ်ကို အလည်ပြန်ရောက်နေတဲ့ညီက ကျွန်တော့်ဆီ ဖုန်းဆက်ပါသည်။ တယောက်နဲ့ တယောက် သာကြောင်းမာကြောင်းတွေပြောပြီး အမေနဲ့ပြောလိုက်ပါဦးဟု ပြောသည်။ အမေနဲ့ပြောပြီးတော့ အမေက မင်းညီမနဲ့ ပြောလိုက်ပါဦးဟုပြော၍ ပြောရပြန်သည်။ ညီမကလည်း သူနဲ့ ပြောပြီးတော့ အမေကြီးနဲ့ ပြောဦးမလားဟု မေးကာ အဘွားနဲ့ ပြောခိုင်းနေပြန်သည်။ အမေကြီးက ပြောမယ်ဆိုရင် ပြောမယ်လို့ ပြောပေမဲ့ အမေကြီးက မပြောချင်ပါဘူးအေဟုဆို၍ စကားမပြောလိုက်ရပေ။ အခုချိန်အထိ ဖုန်းဖြင့် အဘွားနှင့် စကားတခါမှ မပြောဘူးပါ။ အဘွားသည် ကျွန်တော်နှင့်သာမဟုတ်၊ ဖုန်းဖြင့် စကားပြောရသည်မှာ နားထောင်ရတာရော၊ ပြန်ပြောရတာရော အားမရဟုဆိုကာ မည်သူနှင့်မျှ ဖုန်းဖြင့် ပြောလေ့မရှိပေ။ အမေ၏ အမေဖြစ်သော အဘွားသည် ရွာမှာ အသက်အကြီးဆုံး ဖြစ်သည်။ အခုဆို အသက်က ၉၈ နှစ်သို့ပင် ကျော်ခဲ့ပြီ ဖြစ်သည်။ အဘွားသည် တောင်ဝှေးတချောင်းနှင့် သွားနိုင်လာနိုင်ကာ ကျန်းကျန်းမာမာပဲ ဖြစ်သည်။ မနက်တကြိမ် ညနေ ပိုင်းတကြိမ် ရွာထဲက သူ၏သားတွေ၊ သမီးတွေ၊ မြေးတွေအိမ်ကို တောင်ဝှေးတချောင်းနဲ့ အလည်ထွက်လေ့ ရှိသည်။ ထိုကဲ့သို့ လမ်းလျှောက်လေ့ ရှိသည့်အတွက်ကြောင့်ပင် အခုလို ကျန်းမာနေခြင်းဖြစ်သည်ဟု ကျွန်တော်က ထင်ပါသည်။ ဥပုသ်နေ့ဆိုလျှင်တော့ ရွာဦးကျောင်းကိုသွားပြီး ဥပုသ်စောင့်လေ့ရှိသည်။ ရွာဦးကျောင်းဆရာတော်က အဘွားကို မုန့်ပဲသ ရေစာ စသည်ပေးသည့်အခါ တဘက်ကလေးဖြင့်ထုတ်ပြီး ယူလာတတ်သည်။ အိမ်ရောက်တော့ မြစ်တွေက ယူစားလိုက်ကြ တာများပါသည်။ ဟိုအရင်ကတော့ အဘွားသည် ကျွန်တော်တို့အိမ်၏ အနောက်ဘက်သုံးအိမ်ကျော်လောက်မှာ အိမ်ကလေးတလုံးဖြင့် သူ့ ဟာသူ တယောက်တည်းနေသည်။ သူ့ဟာသူပဲ ချက်စားသည်။ အမြဲတမ်း ပုတီး တချောက်ချောက် စိပ်နေလေ့ရှိသည်။ နောက်တော့ တဖြည်းဖြည်းအသက်ကြီးလာသည့်အဘွားကို အမေက တယောက်တည်းစိတ်မချဟုဆိုကာ အိမ်မှာပဲ ခေါ်ထားလိုက်ခြင်း ဖြစ်သည်။ ဒါတောင် အဘွားက တယောက်တည်း အေးအေးဆေးဆေးနေချင်သည်ဟုဆိုကာ သိပ်ပြီး လိုက်မနေချင်၊ အတင်းအကျပ်ခေါ်၍သာ လိုက်နေခြင်းဖြစ်သည်။ အဘွားသည် ကျွန်တော်တို့ အိမ်ရောက်လာတာနဲ့ အေးအေးဆေးဆေးနေလို့မရတော့ ကျွန်တော့်ညီနှင့် ညီမရဲ့သားသမီး တွေကို တဟဲ့ဟဲ့နဲ့အော်ကာ ထိန်းနေရတော့သည်။ အိမ်ထဲက ထိုင်နေရင်းပုတီးစိပ်ရင်းက မျောက်ရှုံးအောင်ဆော့သောကလေးတွေကို ဟဲ့ဟဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဟု အငြိမ်မနေနိုင်ကာ အော်နေရတော့သည်။ အဘွားသည် မျက်စိအနည်းငယ် မှုန်သည်မှလွဲ၍ နားကောင်းသေးသည်။ သွားလည်း ဝါးနိုင်သေးသည်။ အဘွား၏မျက်နှာတပြင်လုံးမှာတော့ ပြန့်ပြူးသည့် နေရာ ပင်မရှိတော့၊ တမျက်နှာလုံး ဇရာ၏အရေးအကြောင်းတို့ဖြင့် ပြည့်နှက်လို့ နေသည်။ အိမ်ထဲထိုင်နေလျက်က အိမ်ဝင်းထဲဝင်လာတဲ့ သူကို ဟဲ့ ဘယ်သူတုန်းဟဲ့ဟုဆိုကာ လက်ဝါးကာကာ ကြည့်လေ့ရှိသည်။ အမေတို့အပြင်သွားသည့်အခါမှာတော့ အဘွားသည် အိမ်စောင့်ကျန်ရစ်လေ့ ရှိသည်။ အိမ်၏အမှောင်ထဲကနေ ငုတ်တုတ် ထိုင်ကာ ဝင်းတံခါးဆီ မျှော်ကြည့်နေကာ အမေတို့ ပြန်လာချိန်ကို မျှော်နေတတ်သည်။ အဘွားက အချိုကြိုက်သည်။ နို့ဆီကို ရေနွေးဖြင့်ဖျော်ကာ သောက်လေ့ ရှိသည်။ မုန့်ဆိုလျှင်လည်း အချိုဓာတ်ပါသည့် မုန့်မှ စားလေ့ရှိသည်။ အချိုစားသော်လည်း အဘွားသည် ဆီးချို၊ သွေးချိုတို့ မရှိပေ။ ကျွန်တော်ရွာပြန်သည့်အခါတွင် အဘွား အတွက် အားဆေး၊ အဘွားကြိုက်သည့် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage33. မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ -MoeMaKa

#K ငြိမ်းချမ်း (1d ago)

ဖွင့်ရန်။    မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ K (မိုးမခ) ဇူလိုင်၊ ၁၄၊ ၂၀၁၈ ပန်းရဲ့လမ်းဖခင်ကြီး ကိုရဲလွင်ဟာ ရန်ကုန်မြို့ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ အသည်း ရောဂါကုသနေရာမှ ဇူလိုင် ၁၀ရက် ညနေ ၄နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ယနေ့ဇူလိုင် ၁၄ရက် နေ့လယ် ၁နာရီမှာ တေးရေးတေးဆို ကိုရဲလွင်ရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ မီးသဂြိင်္ုဟ်ခဲ့ပါတယ်။ အဆိုပါ ဈာပနအခမ်းအနားသို့ ရွှေည၀ါဆရာတော်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဇြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ဂီတပညာရှင် ကိုရဲလွင်ရဲ့ဂီတရဲဘော်များ၊ ဂီတချစ်မြတ် နိုးသူများ မြန်မာနိုင်ငံအနှံ့ ဂီတမိတ်ဆွေများ မီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် တက်ရောက်လာသူများမှ ၀မ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်အလေးပြုကြပြီး အမိန့်ပြန်တမ်း ရွတ် ဖတ်ခြင်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ကိုရဲလွင်ကို အဖ-စက်ရှင်တရားသူကြီး ဦးမောင်မောင်၊ အမိဒေါ်ကြိုင်တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ပေါင်းတည်မြို့မှာ မွေး ဖွားခဲ့ပါတယ်။ မောင်နှမ ၁၀ ဦးတွင် ၈ ယောက်မြောက်သား ဖြစ်။ ကိုးတန်းကျောင်းသားဘ၀ အလုံ အထက(၄)မှာ ပညာ သင်ကြားစဉ် ငယ်သူငယ်ချင်းများမှာ ရုပ်ရှင်မင်းသား ကျော်ဟိန်း၊ တေးရေးတေးဆို ပန်းချီဆရာ ခင်ဝမ်းတို့ဖြစ်။ (RIT) ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘဝကို ၁၉၆၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဖြတ်သန်းခဲ့ပြီး တတိယနှစ်ထိသာ တက်ရောက်။ ဂီတလောကကို တေးရေး ဆရာ၊ ဘေ့စ်ဂစ်တာတီးသမားအဖြစ် ၁၉၇၄ ခုနှစ်က စတင်ခဲ့ပါတယ်။ E. Machine Band (Electronic Machine) နဲ့ တီးခတ်ခဲ့ပြီး လစ္ဆ၀ီများ၊ မဇ္ဈိမလှိုင်း(Medium Wave Music Band)၊ ပန်းရဲ့ လမ်းတို့မှာ တီးခတ်သီဆိုခဲ့ပါတယ်။အဉ္စလီအတွက် ဂီတဉ္စလီတေးစီးရီးကို လစ္ဆ၀ီများအဖြစ် တီးခတ်သီဆိုခဲ့ပြီး ၁၉၈၂ ဒီဇင်ဘာမှာ မဇ္ဈိမလှိုင်း(Medium Wave Music Band)ကို ထူထောင်ဖွဲ့ စည်းခဲ့။ ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ အစဉ်တစိုက်ဖန်တီးခဲ့ကြပြီး ၁၉၈၅ ခု ဇန်န၀ါရီလ ထဲ မဟာဆန်သူတေးစီးရီးကို ဖန်တီး ထုတ်ဝေခဲ့ကာ မဇ္ဈိမလှိုင်းအဖြစ် အောင်မြင်ထင်ရှားခဲ့ပါတယ်။ ဝေးခဲ့ပြီ ပန်းခရမ်းပြာ အပါအဝင် နောက်ဆုံးအိပ်မက်၊ ဒီတကြိမ် ဒီတနွေ၊ သဇင်ည၊ နဒီမင်္ဂလာ၊ စိုးစိတ်စွေစံစားစေ၊ ရေစီးကြောင်း၊ ပန်းရဲ့လမ်း၊ တစိတ်တည်းထား၊ တေးသီချင်းပေါင်း ၁၀၀ ကျော်ရေးစပ်ခဲ့။ အထူးကျော်ကြားခဲ့တဲ့ နောက်ဆုံးအိပ်မက်ကို သီချင်းကို အင်္ဂလိပ်လိုရေးစပ်ခဲ့ကာ တေးရေး၊ဆို ကိုနေုဝင်းက မြန်မာဘာသာပြန်ဆို ရေးသားခဲ့ ခင်ဝမ်း၊ ကိုနေ၀င်း၊ ကိုမောင်မောင်(အဉ္ဖလီ)၊ ခင်မောင်တိုး၊ မောင်သစ်မင်း၊ ကိုအောင်ဝင်း၊ ခိုင်ထူးတို့နဲ့ ဂီတရောင်းရင်း များအဖြစ် လက်တွဲခဲ့ ၁၉၇၄ ခုနှစ်ကစပြီး နိုင်ငံလှုပ်ရှားမှုများဖြစ်တဲ့ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းနဲ့မှိုင်းရာပြည့်အရေးအခင်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့နေစဉ် စစ်အစိုးရရဲ့အကြမ်းဖက် ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ခင်မောင်တိုး၊ ကိုနေ၀င်းတို့နှင့်တွဲလျက် “ပန်းပျိုးလက်” သီချင်းခွေကို ပါဝင်သီဆိုထုတ်ဝေ ၂၀၁၁ ခုနှစ်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage32. ကာတွန်း မင်းထက်လူရဲ့ ကိုယ်စားပြုသူ … -MoeMaKa

#Cartoon Box (1d ago)

ဖွင့်ရန်။ကာတွန်း မင်းထက်လူရဲ့ ကိုယ်စားပြုသူ … (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage31. ကမ်လူဝေး – ​တော်​လှန်​​ရေးရဲ​ဘော်​ -MoeMaKa

#ကဗျာ (1d ago)

ဖွင့်ရန်။တော်​လှန်​​ရေးရဲ​ဘော်​ ကမ်လူဝေး (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ လင်းလက်​ခွင့်​ရမယ်​အထင်​နဲ့ ကြယ်​တပွင့်​ဖြစ်​ချင်​ခဲ့။ လှိုင်းထန်​တဲ့​ကောင်းကင်​မှာ ကြယ်​ပွင့်​​တွေဟာ ​ကြွေ။ ကိုယ်​ပိုင်​အလင်းမဲ့ တပါးသူရဲ့အလင်းနဲ့​ရောင်​ပြန်​လင်းတဲ့ လမင်း ​ကောင်းကင်​မှာထင်းထင်းကြီး ​နေရာယူလို့။ ​လောကကိုအလင်းမျှဖို့ ကြယ်​တပွင့်​သာ ဖြစ်​ချင်​ခဲ့သူ။ ။          
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage30. မိုးကျော်ဇင် ● မိုးရွာသောနေ့ -MoeMaKa

#စာစုတို (1d ago)

ဖွင့်ရန်။မိုးကျော်ဇင် ● မိုးရွာသောနေ့ (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ ကျွန်တော် အိပ်ယာထသောအခါ နံနက် ၆ နာရီတိတိ ရှိပြီ။ ကောင်းကင်က ခဲသားရောင် မျက်နှာကြက်ကို ချိတ်ဆွဲထား၍ ပတ်ဝန်းကျင်ကလည်း မှုန်မှိုင်းနေသည်။ အိမ်ထဲတိုးဝင်လာသည့် အနောက်တောင်မုတ်သုန်လေထဲ အအေးဓာတ်က သိသိ သာသာ ပိုကဲနေသည်။ သည်နေ့လည်း မိုးရွာလိမ့်မည်ဟု စိတ်ထဲက ကျိတ်၍ မှတ်ချက်ချလိုက်မိသည်။  သည်နှစ်မိုးဦးက မေလ၏ တတိယပတ်လောက်မှာပင် မြင်းရိုင်းတကောင်လို ကဆုန်ပေါက်ပြေးဝင်လာခဲ့လေသည်။ မျက်နှာသစ်ပြီး အိပ်ခန်းထဲပြန်ဝင်ကာ ညက သမီးအတွက် အသုံးပြုခဲ့ရသော အနှီးတွေကို စုထည့်ထားသည့် ဂျပ်ထူပုံးကို မ ယူလာခဲ့သည်။ ခုတင်ပေါ်မှာတော့ ကျွန်တော့်ကမ္ဘာနှစ်ခုသည် အိပ်မောကျနေကြဆဲ။ ညက တညလုံး ၂ လအရွယ် သမီး ကလေး၏ ကရိကထ အဝဝကို ဒိုင်ခံတာဝန်ယူခဲ့ရသည့် ဇနီးသည်ကို မနှိုးရက်တော့ပါ။ သမီး၏် အနှီးစ တွေကို ဆပ်ပြာရည် စိမ်ထားခဲ့ပြီး ကျွန်တော် ထမင်းအိုး တည်လိုက်သည်။ ပြီးသည်နှင့် ညက လှန်းထားသော အနှီးစတွေကို ရုတ်၍ မီးပူတိုက်ရန် ပြင်ဆင်ရတော့၏။ သည်နေ့အ တွက် လျှပ်စစ်ဓာတ်အားသည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ခေတ္တပြတ် တောက် မည်ဖြစ်ကြောင်း လွန်ခဲ့သောညနေက အသံချဲ့စက်ဖြင့် လိုက်လံကြေညာသွားခဲ့သည် မဟုတ်လား။ ထိုသို့ ကြေညာနေစဉ် လမ်းထဲက လူတစ်ယောက်၏် အော်သံတစ်ခုကို ကြား လိုက်ရသေးသည်။ “မီးပျက်တာများကွာ၊ နေ့တိုင်းပျက်နေတာကို အခုမှ လာကြေညာနေရသေးတယ်” တဲ့။ ကျွန်တော့်မိတ်ဆွေတယောက်ကမူ ကြိုတင်အသိပေးပြီးမှ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကို “တရားဝင် မီးပျက်ခြင်း” ဟု သမုတ်ခဲ့လေသည်။ သည်မနက်မှာလည်း နံနက် ၉ နာရီထိုးရန် ၁၀ မိနစ်အလိုတွင် တရားဝင် မီးပျက်သွားခဲ့ပါသည်။ ထို့နောက် မကြာမီမှာပင် အိမ်ခေါင်မိုးပေါ် မိုးပေါက်ကျသံတွေကို စတင်ကြားလိုက်ရ၏။ တဖြည်းဖြည်း မိုးပေါက်ကျသံတွေ စိပ်လာသည်။ ထို့နောက် မှာတော့ မိုးပေါက် ကျသံများကို သီးခြားမကြားတော့ဘဲ ဧရာမရေတိုင်ကီကြီးကို မှောက်သွန်နေသည့်အသံနှင့် ဆင်တူသွား တော့သည်။ ကျွန်တော်က ဂတ်စ်မီးဖိုကိုဖွင့်၍ ဟင်းအိုးတည်ရန် ပြင်ဆင်လိုက်သည်။ ငါးရံ့ကို ခရမ်းချဉ်သီးနှင့်ချက်မည်ဟု ဆုံးဖြတ် လိုက်၏။  မိုးရွာသွန်းခြင်းက တစ တစ ပိုမိုပြင်းထန်လာသည်။ တံစက်မြိတ် ရေတံလျောက်၏် ရေဆင်းပေါက်တွင် သစ်ရွက် ခြောက်များ ပိတ်ဆို့နေသောကြောင့် နီးစပ်ရာ ပိုက်လုံးအပိုတစ်ချောင်းဖြင့် ထိုးဆွ ဖယ်ရှားလိုက်ရသေး ၏။ ခဏအကြာတွင် မနီးမဝေးမှာ ချထားသည့် ကျွန်တော့်လက်ကိုင်ဖုန်းမြည်သံကို ကြားလိုက်ရသည်။ မေမေ့ထံမှ ဖြစ်သည်။ မနေ့က ဆက်သည့် အတိုင်းပင်၊ မနေ့က ပြောပြီးသော ဆုံးမ အမှာစကားများကိုပင် မှတ်ဉာဏ်ချို့တဲ့သော ကျောင်းသားကို စာရှင်းပြသည့်အလား အကြိမ်ကြိမ် ထပ်ပြောပြန်သည်။ ပြီးတော့ မနေ့က မပြောရသေးသည့် စကားတစ်ခွန်း ပါလာသေးသည်။ ဘယ်နှဝမ်းကွဲဟု မရေတွက်တတ်သော ဦးလေးဝမ်းကွဲတယောက် ညက ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရတ်ဆုံးသွားသည့် နာရေး သတင်း ဖြစ်လေသည်။ သူ့ကို ကျွန်တော် စတင်တွေ့ဆုံစဉ်က ကျွန်တော့်အသက် ၇ နှစ်သားခန့်ပင် ရှိဦးမည်။ ကျွန်တော့်ဦးလေးလည်း မဟုတ်သေး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage29. ကာတွန်း ATH ရဲ့ ရန်ကုန်ပြည်သူ့ဈေးရုံသစ်ကြီး -MoeMaKa

#Cartoon Box (1d ago)

ဖွင့်ရန်။ကာတွန်း ATH ရဲ့ ရန်ကုန်ပြည်သူ့ဈေးရုံသစ်ကြီး (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage28. ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၆) -MoeMaKa

#ခရီးသွား ဆောင်းပါး (1d ago)

ဖွင့်ရန်။ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၆) (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ တရုတ်ပြည်မကြီးတွင် တနှစ်ကြာနေထိုင်ပြီးနောက် ဘုန်းကြီးလေးဒလိုင်းလားမား တိဗက်ပြည်သို့ ပြန်လာခဲ့သည်။ ဒလိုင်း လားမားဘုန်းကြီးလေး တိဗက်ပြည်ကို ပြန်ရောက်လာပြီဆိုသောသတင်းက တိဗက်ပြည်သူတွေကို ပျော်ရွှင်အားတက် စေခဲ့ သည်။ ဒလိုင်းလားမားကိုယ်တိုင်အတွက်တော့ အိမ်အပြန်ခရီးက ပျောရွှင်စရာမဖြစ်ခဲ့။  သူထွက်ခွါသွားခဲ့တုန်းက တိဗက် သည် ယခုသူမြင်တွေ့နေရသော တိဗက် မဟုတ်တော့။ တိဗက်ပြည်ကနေ သူထွက်ခွါခဲ့သည့်တနှစ်ဆိုသော အချိန်တိုကလေး အတွင်းမှာပင် တိဗက်ပြည်ကား မယုံကြည်နိုင်လောက်အောင် ပြောင်းလဲနေပြီဖြစ်သည်။ တရုတ်ပြည်မကြီးကနေ လာဆာမြို့တော်ဆီကို ဆက်သွယ်ထားသည့် အမြန်လမ်းမ ကြီးနှစ်ခုသည် ပြီးဆုံးသွားလေပြီ။ တချိန်က ဆူညံသံကင်းပြီး အေးချမ်းဆိတ်ငြိမ်လှသည့် လာဆာမြို့တော်က အခုတော့ အရင်လို မဟုတ်ပါလေတော့။ စစ် ကားများ၊ ထရပ်ကားများနှင့် ကုန်တင်ကားကြီးတို့ ဥဒဟိုသွားလာနေကြပြီဖြစ်သည်။ ဆူညံခြင်းနှင့် လေထုညစ်ညမ်းမှုက  တိဗက်ပြည်၏ အလှတရားကို အကျည်းတန်စေခဲ့ပြီ။ လာဆာ မြို့၏ အထင်ကရနေရာများတွင် မော်စီတုန်း၏ ပိုစတာများကို စိုက်ထူထားကြသည်။ တိဗက်ပြည်၏ သုံးပုံနှစ်ပုံကို မော်စီတုန်းက ထိန်းချုပ်ထားပြီး ဖြစ်သည်။ ကျန်သည့် တပုံရဲ့ သုံးပုံနှစ်ပုံ ကလည်း သူ့လက်ထဲမှာ။ ပြည်မကြီးကအပြန် ဒလိုင်းလားမား၏ တိဗက်ပြည်အတွက် မျှော်လင့်ချက်ကား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ရလေပြီ။ တိဗက်ပြည်သူတွေကတော့ သည်းခံလိုစိတ် အလျဉ်းမရှိတော့။ ရရာလက်နက်စွဲ၍ တရုတ်ပြည်မကြီးကို ဆန့်ကျင်ကြဖို့ တာဆူနေကြပြီဖြစ်သည်။ မြို့တော်လာဆာတွင် “တရုတ်များ အိမ်ပြန်သွား” ဟူသော ဆိုင်းဘုတ်များကို  စိုက်ထူထားကြပြီး တရုတ် ဆန့်ကျင်ရေးများကို စတင်လှုံ့ဆော်နေကြပြီဖြစ်သည်။ အရိုးကျေကျေ အရေခမ်းခမ်း တိဗက်ပြည်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်သွားမည်ဟူသော အမျိုးသားရေးစိတ် ပြင်းထန်ကြသည့် တိဗက်ပြည်သူတွေက လာဆာမြို့ရဲ့ လမ်းမတွေပေါ် ထွက်လာကြ ပြီဖြစ်သည်။ ချစ်ခြင်းမေတ္တာတရားတို့ဖြင့် ထုံမွှမ်းထားသည့် တိဗက်တို့၏နှလုံးသားတွင် ဒေါသမုန်တိုင်းတည်းဟူသော အရိုင်းစိတ်တို့ ၀င်ရောက်ခဲ့ကြလေပြီ။ မီးကို မီးဖြင့် ငြှိမ်းကြတော့မည်။ တိဗက်တော် လှန်ရေးနှင့်အတူ မော်စီတုန်း၏ လက်သံပြောင်မှုကို လားမားဘုန်းကြီးလေးကြားသိရသောအခါ “လူအချင်းချင်း ဒီလောက်ထိ ရက်စက် တတ်ကြပါကလား”ဟု ညီးညူရှာလေသည်။ မော်စီတုန်း၏ကတိသည် သက်တံ့ ရောင်နှင့်တူသည်။ အဆင်းလှပေမယ့် အနှစ်သာရကင်းမဲ့လွန်းလှသည်ဟု လားမားဘု န်းကြီးလေးက မှတ်ချက်ပြုလေသည်။ တရုတ်ဆန့်ကျင်ရေးတိုက်ပွဲဝင် တိဗက်များကို ပြည်မကြီးက ကောင်းကောင်း နှိပ်ကွပ် ပြီးနောက် တိဗက်အများအပြားကို ဖမ်းဆီးလိုက်ပါသည်။ ထောင်ထဲတွင် တိဗက် အကျဉ်းသားများ များပြားလွန်းသဖြင့် မော်စီတုန်းကို တင်ပြသောအခါ မော်စီတုန်းက “ကိစ္စမရှိဘူး။ ထောင်မဆန့်မှာ မပူနဲ့။ တိဗက်တပြည်လုံးကို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် တောင် အကျဉ်းထောင်တွေကို ရအောင်ချဲ့မယ်” ဟု   ပြောခဲ့ဖူးသည်။ တိဗက်ပြည်မှာ မုန်တိုင်းတို့ ထန်လေပြီ။ ဒလိုင်းလားမားသည် ၁၉၅၆-ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသည့် သာသနာ၂၅၀၀ ပြည့်နှစ် ဗုဒ္ဓဇယန္တိပွဲတော်သို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်လာခဲ့သည်။ သည်ပွဲက နိုင်ငံတကာခေါင်းဆောင်များတက်ရောက်သည့်ပွဲတော်ကြီးတခုဖြစ်သည်။ လားမားဘုန်းတော်ကြီးက ရသည့်အခွင်အရေးကို အလွတ်မခံ။ နိုင်ငံတကာ ခေါင်း ဆောင်များအလယ်တွင် တိဗက်ပြည်အခြေအနေသည် မြှောက်ထားသည့် ခြေထောက် အောက်တွင် ရောက်ရှိနေသည့် ကြက်ဥနှင့်တူနေကြောင်း၊ တိဗက်ရဲ့ အခြေအနေမှာ ဆိုးရွားနေသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် တိဗက်ကို ကူညီကြဖို့   အန္ဒိယ၀န်ကြီးချုပ်နေရူးနဲ့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage27. မောင်စွမ်းရည် – လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ) -MoeMaKa

#မှတ်စုမှတ်တမ်း (2d ago)

ဖွင့်ရန်။မောင်စွမ်းရည် – လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ) လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့်အထိမ်းအမှတ်ဆောင်းပါး (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်မယ်လို့ကြားတော့ ဝမ်းသာရတယ်။ ကျွန်တော်က လူထုကြီးပွားရေးဆိုတာကို ကျွန်တော့်မိဘများနဲ့အတူ ငယ်စဉ်ကတည်းက ဖတ်လာခဲ့ရတာဆိုတော့ ”အစွဲ” ရှိပါတယ်။ လူထုကြီးပွားရေးဆိုတဲ့ အသံကြားလိုက်ရင် ခေါင်းထောင်ကြည့်တတ်ပါတယ်။ အဲဒါ ”အစွဲ” ပေါ့နော်။ လွန်ခဲ့တဲ့ ၁၄-၅ နှစ်လောက်က မြောက်အီလီနွိုက်တက္ကသိုလ် စာကြည့်တိုက်ကို မွှေခွင့်ရတယ်။ စာကြည့်တိုက်မှူး၊ ဒေါ်မေကြည်ဝင်း ပြုစုပျိုးထောင်သွားခဲ့တဲ့ မြန်မာစာကြည့်တိုက်ပါ။ ဒေါ်မေကြည်ဝင်းဆိုတာ အလွန်တော်တဲ့ စာကြည့်တိုက်မှူးပါ။ ဗမာပြည် က အလွန် အစုအဆောင်းကောင်းတဲ့ စာရေးဆရာ၊ စာပေသုတေသီ တွေ ကွယ်လွန်ရင် သူတို့စုဆောင်းထားတဲ့စာအုပ်တွေကို လိုက်ဝယ် ပြီး စုဆောင်းလေ့ရှိတယ်။ ဒါကြောင့် သူ့စာကြည့်တိုက်မှာ အဟောင်းအသစ် အတော်စုံပါတယ်။ ကဗျာဆရာတင်မိုးပြော သလို ”ချစ်သောသူတို့သည် အသက်တိုလှ၏” လို့ပြောရပေတော့မယ်။ ခုအခါ သူ မရှိရှာတော့ပါ။ ဒေါ်မေကြည်ဝင်း စုဆောင်းထားတာတွေထဲမှာ လူထုဂျာနယ် အဟောင်းတွေလဲရှိတယ်။ ကြီးပွားရေးဂျာနယ်တချို့လည်းရှိပါ တယ်။ ဒါ့ကြောင့် ကျွန်တော်ကြည့်ရှုလေ့လာခွင့်ရခဲ့ပါတယ်။ အခွင့်ရတုန်းမှာ ကိုယ်ကူးချင်တာတွေလည်း ကူးခဲ့ရပါတယ်။ စက္ကူ ဖိုးလည်းမပေးရ၊ ကူးခလည်းမပေးရ။ ဟိုပို့ ဒီပို့ပို့ခိုင်းဦးမလား။ အခမဲ့ စာကြည့်တိုက်အချင်းချင်းအတွင်း စာအုပ်တွေ လှမ်းငှားလို့လည်း ရသဗျ။ ခု ကျွန်တော်တင်ပြထားတဲ့ လူထုဂျာနယ်မိတ္တူဟာ မြောက်အီလီနွိုက်တက္ကသိုလ်ကကူးခဲ့တာ။ မြန်မာစာဆရာဦးစောထွန်းတို့ ဒေါ်မေစာတို့ရှိတဲ့ နေရာပေါ့။ သူတို့က ကျွန်တော့်ကို ကျွေးထားခဲ့တယ်။ လူထုဂျာနယ်အမှတ် ၁ ကစပြီး စာပေပြိုင်ပွဲလုပ်ခဲ့ပါတယ်။ ‘ဆောင်းပါး’၊ ‘ကဗျာ’၊ ‘အတ္ထုပ္ပတ္တိ’၊ ဆိုပြီး ပြိုင်ပွဲတွေသုံးမျိုးခေါ်ထား တာတွေ့ရပါတယ်။ ၁၉၅ဝ၊ ၁၉၅၁ ခုနှစ်များအတွင်းက ပြိုင်ပွဲခေါ် တဲ့ လူထုဂျာနယ်တွေကို ကျွန်တော် ကူးယူထားခဲ့တာပါ။ တခြားကူး ယူထားတာရှိချင်လည်း ရှိဦးမှာပါ။ ခု ၁၄-၅ နှစ်ကြာမှ ဖိုင်ကြို ဖိုင်ကြားကထွက်လာတဲ့ မိတ္ထူရှိသမျှကိုပဲ ကိုးကားတင်ပြမှာပါ။ လူထုတိုက်မှာတော့ စနစ်တကျ သိမ်းဆည်းသိုမှီးထားလေ့ရှိပါတယ်။ သူတို့တိုက်မျာက အစိုးရ စစ်တပ် အပါအဝင် ရန်သူမျိုးခြောက်ပါး ဒုက္ခပေးခဲ့တာရှိတော့ သိပ်မစုံတာသေချာတယ်။ တချို့လိုအပ်တာ ရှိရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က ကူးရတဲ့အခါတွေရှိပါ တယ်။ ကျွန်တော်တောင် ကူးပေးရသေး။ စာပေပြိုင်ပွဲ အမှတ် ၁ ခေါ်စာကို ကျွန်တော်မကူးခဲ့ရဘူး။ ဆုရသတင်းကြေညာချက်သာ ကူးယူထားခဲ့မိတာ။ ဒါတောင် သူငယ်ချင်းမောင်သာနိုးရဲ့နာမည်ပါလို့ ကူးလိုက်မိတာထင်ပါရဲ့ လူထုဂျာနယ်စာပေပြိုင်ပွဲအမှတ် ၁ ကို ”ဆောင်းပါးပြိုင်ပွဲ”လို့ အမည်ပေးသလား မသိပါ။ ဆုရသူအမည်တွေ ကြေညာတော့ ဆောင်းပါးအမည်ပဲကြေညာပါတယ်။ ဆောင်းပါးပြိုင်ပွဲခေါ်ခေါင်း စဉ်ကို တွေ့ရရင် ခုခေတ်အမြင်နဲ့တော့ အံ့သြကြမှာအမှန်ပါပဲ။ ခေါင်းစဉ်က – ”ကျောင်းများ၌ မာခ်စာပေ သင်သင့်သည်”တဲ့။ တကယ်တော့ ဒါလည်း မဆန်းလှဘူး။ အံ့အားသင့်ဖွယ် မဟုတ်လှပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ဖြစ်တုန်းက ဆိုရင် ‘အညမည’စာအုပ်ကလေးကို တက္ကသိုလ်မှာ သင်ခဲ့ရတယ် မဟုတ်လား။ နိုင်ငံရေးသိပံ္ပ၊ နိုင်ငံရေးတက္ကသိုလ် ဆိုတာမျိုးတောင် ဖွင့်လှစ်ပို့ချခဲ့သေးတာမဟုတ်လား။ ”အ-ည-မည” ကို ‘အင်ညမြင်ည’ ဟု ဖတ်ပါဆိုတဲ့ အညွှန်းလေးပါတဲ့ စာအုပ်ပြာကလေးကို မှတ်မိပါတယ်။ သင်တန်းတွေ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage26. ထွန်းသိန်းဦး – စာပေဂျာနယ် နှစ် သုံးဆယ် ပြည့်ပြီ -MoeMaKa

#စာအုပ်စင် (2d ago)

ဖွင့်ရန်။  ထွန်းသိန်းဦး  – စာပေဂျာနယ် နှစ် သုံးဆယ် ပြည့်ပြီ (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်တွဲ၍ မှတ်မိနေသော မဂ္ဂဇင်းတစ်စောင်က စာပေဂျာနယ် ဖြစ်ပါ သည်။ စာပေရေးရာနှင့် ပတ်သက်၍ အလေးအနက်ဝေဖန်ရေးသားမှုများ၊ မြန်မာစာပေနယ်တွင် ထင်ရှားသည့် စာပေ ပညာရှင်များ၊ စာပေဝေဖန်ရေးသမားများ၏ လက်ရာများအပြင် အနယ်နယ် အရပ်ရပ်မှ စာပေသမားများ၏ သုံး သပ်ဝေဖန်ချက်များ၊ စာပေရေးရာအမြင်များ၊ စကားဝိုင်းများဖြင့် အားပြည့်အင်ပြည့်အားပြည့် ပါဝင်သည့် စာ ပေဂျာနယ်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်ထွက်ရှိခဲ့ရာ ယခု (၂၀၁၈ ခုနှစ်တွင်) နှစ်သုံးဆယ်ပြည့်ပြီ။ အတွဲ (၁) ၊ အမှတ် (၅) ပါ အယ်ဒီတာစကား အတိုင်း ‘စာပေ၏ သွင်ပြင်လက္ခဏာအရပ်ရပ်ကို လေ့လာဆန်းစစ် သော၊ မြန်မာ နှင့် နိုင်ငံတကာ စာပေအခြေအနေများကို မှတ်တမ်းတင်သော၊ နိုင်ငံတဝန်းလုံးရှိ မြန်မာစာပေသမား များ၏ ဆန္ဒ သဘောထားအမြင်များကို ထင်ဟပ်သော’ မဂ္ဂဇင်း တစ်စောင် ဖြစ်ပါသည်။ စာပေဂျာနယ်ကို စီစဉ်သူ အယ်ဒီတာတွေက ၁၉၈၈ မှ ၁၉၈၉ ခုနှစ်အတွင်း ထွက်ခဲ့သည့် အတွဲ (၁) စာစောင် များတွင် ဆရာဖေမြင့်၊ ဆရာခွန်ဂျာမှိုင်း၊ ဆရာမောင်သွေးသစ်၊ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ် အတွင်း ထွက်သည့် အတွဲ (၁)၊ အမှတ် (၉) မှ (၁၂) မှာတော့ ဆရာဖေမြင့်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၄- ၉၅ အတွဲ (၂) နှင့် အတွဲ (၃) တွင် ဆရာမောင်သွေးသစ်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၇ ခုနှစ်ထဲတွင်တော့ ဆရာခွန်ဂျာမှိုင်း ဖြစ် သည်။ အစောပိုင်းဂျာနယ်များက ပန်းချီမျက်နှာဖုံးနှင့် ဖြစ်ပြီး ၁၉၉၅ ခုနှစ်ထဲတွင် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံကို မျက် နှာဖုံးတင်ထားသည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလထုတ် အတွဲ (၂) အမှတ် (၁) မှစ၍ ၁၉၉၆ ခုနှစ်၊ မတ်- ဧပြီ လထုတ် အတွဲ (၃)၊ အမှတ် (၇) အထိ (ထင် သည်) လစဉ်ပုံမှန်ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း ခြောက်အုပ်၊ ၁၉၉၀ ပြည့်နှစ်အတွင်း နှစ်အုပ်၊ ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်တွင် တစ်အုပ်စီ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရ သည်။ အတွဲ (၃) တွင် ၁၂ အုပ်ပြည့်အောင် ထုတ်ဖြစ် သလားမသိ။ ကျွန်တော့်မှာရှိသည့် နောက်ဆုံးထုတ် စာပေဂျာနယ်က ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေအဖုံးနှင့် ဖြစ်ပြီး မျက်နှာဖုံးခွင့်ပြုချက် ၉၇(၆) ဟု တွေ့ရသဖြင့် ၁၉၉၇ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လထုတ်၊ အတွဲ (၃)၊ အမှတ် (၁၁) ဖြစ်မည် ထင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်၊ ကိုးနှစ် အတွင်း အုပ် ၃၀ ကျော်ထွက်ခဲ့သည် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage25. ကာတွန်း ATH – ဆေးရုံကြီးကျောက်တိုင် -MoeMaKa

#Cartoon Box (2d ago)

ဖွင့်ရန်။ကာတွန်း ATH – ဆေးရုံကြီးကျောက်တိုင် (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage24. လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက် -MoeMaKa

#K ငြိမ်းချမ်း (2d ago)

ဖွင့်ရန်။  လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက် K (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ စာရေးဆရာ၊သတင်းစာဆရာ လူထုဦးလှနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ ထူထောင်ခဲ့ပြီး မန္တလေးမြို့ရဲ့အသည်း နှလုံးတခုဖြစ်တဲ့ လူထုစာအုပ်တိုက် နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ဗိုလ်ချုပ် အောင်ဆန်းလမ်း (၈၄လမ်း)နှင့် ၃၃လမ်းဒေါင့်၊ လက်ဆည်ကန်ရပ် အမှတ် ၂၂၁ရှိ လူထုစာအုပ်တိုက်မှာ ပြုလုပ်သွား မယ်လို့သိရပါတယ်။ ဇူလိုင် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ လူထုတိုက်တည်ရှိရာ အမှတ် ၂၂၁၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း) နှင့် ၃၃ လမ်းဒေါင့်၊ လက်ဆည်ကန်ရပ်နဲ့ ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ရွှေမန်းလမ်းနှင့် ရူပလမ်းထောင့်၊ မန္တလေးတက္ကသိုလ် ၀င်းအတွင်းမှာရှိတဲ့ လူထုစာအုပ်တိုက်ဆိုင်ခွဲမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ လူထုကြီးပွားရေး စာအုပ်တိုက် နှစ် ၈၀ပြည့်နဲ့ပတ်သက်ပြီး လူထုမျိုးဆက်တယောက်ဖြစ်တဲ့ အမျိုးသားစာပေဆုရ စာရေး ဆရာ (ဦး)ညီပုလေးက “ကျနော်တို့ အဖေတို့အမေတို့ထားခဲ့တဲ့ ကောင်းမွေပါဗျ။ အဲဒီကောင်းမွေကို ဆက်ခံရတာပါ။ မြန် မာအမျိုးသားပိုင်လုပ်ငန်းတခု ဒီနိုင်ငံရေး ရေစီးကြောင်းထဲဖြတ်သန်းရတာ မလွယ်ပါဘူး။ အဖေတို့အမေတို့က ဇွဲရှိရှိ ခိုင်ခိုင် မာမာလုပ်ခဲ့ကြလို့ ကျနော်တို့ ဒီဟာ တည်တံ့တာပါ။ အဖေတို့အမေတို့အပြင် ၀န်းကြရံကြတဲ့ ဆရာသမားတွေ ဆရာမတွေ လည်း ပါပါတယ်။ အဲဒါနဲ့အတူ အလုပ်သမားတွေ အလုပ်သမတွေလည်း ပါပါတယ်။ ကျနော်တို့မိသားစုတင် လုပ်ကြကိုင် ကြလို့ ဒီ လုပ်ငန်း နှစ် ၈၀ တိုင်ခဲ့တာ မဟုတ်ဘူးဗျ။ ကျနော်တို့က သူတို့ရဲ့ကျေးဇူးတရားလည်း အောက်မေ့ပါတယ်။ နောက်ပြီး အဖေတို့အမေတို့သွားခဲ့တဲ့ ထုတ်ဝေရေးလုပ်ငန်းပုံနှိပ်လုပ်ငန်း လက်ဆင့်ကမ်းဆက်ပြီး သယ်မှာပါ။ ခု နောက် မျိုးဆက်တွေဖြစ်တဲ့ ကျနော့်သားတွေသမီးတွေ ကျနော့်တူတွေ မျိုးဆက်ကို ဆက် လက်ဆင့်ကမ်းနေပါပြီ” လို့ ပြောပြပါ တယ်။ လူထုစာအုပ်တိုက် နှစ် ၈၀ပြည့်အထိမ်းအမှတ်အနေနဲ့ စာအုပ်ဈေးရောင်းပွဲတော်မှာ လူထုကြီးပွားရေးတိုက်ထုတ်စာအုပ် တွေကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး စာအုပ်အသစ်ဖြစ်တဲ့ ငါဆိုတဲ့တေး (ကဗျာများ) – ဖိုးသံ (လူ ထု) ၊မြန်မာ့ခေတ်သစ်ပန်းချီ – လူထုဒေါ်အမာ၊ သာသနာရောင်ဝါ နေသို့ထွန်းပါစေ – လူထုဒေါ်အမာ၊ မွှေးပျံ့တဲ့နှင်းဆီ ရောင်စုံ ဝတ္ထုတိုများ – ညီပုလေး၊ လူထုအတွက် လူထု – လူထုမိသားစု အစရှိတဲ့ စာအုပ် ၅အုပ်ကိုပါထုတ်ဝေရောင်းချပေး သွားမယ်လို့သိရပါတယ်။ လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၃၈ခုနှစ်ဇူလိုင်လမှာ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနှင့် စာရေးဆရာမ ကြီး လူထုဒေါ်အမာတို့မှ စတင်ထူထောင်ခဲ့ပြီး နှစ် ၈၀ သက်တမ်းအတွင်း နိုင်ငံရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင် ရာ၊ ၀တ္ထု၊ ဆောင်းပါး၊ စာတမ်းအစရှိတဲ့ စာအုပ်ပေါင်း ၃၀၀ ကျော်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ သတင်းစာဆရာစာရေးဆရာ လူထုဦးလှနဲ့စာရေးဆရာမကြီး လူထုဒေါ်အမာတို့မှ ဦးစိုးဝင်း၊(ကွယ်လွန်)၊ ဒေါ်သန်းရင်မာ (ဒေါက်တာ မြမဉ္ဖူ)၊ (ဦး)ဖိုးသံချောင်း(ဖိုးသံ- လူထု)၊ ဒေါ်တင်တင်ဝင်း၊ ဦးငြိမ်းချမ်း(စာရေးဆရာ-ညီပုလေး)တို့ကို ဖွားမြင်ခဲ့ ပါတယ်။ သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှဟာ ၁၉၈၂သြဂုတ်လ ၇ရက်နေ့တွင် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage23. ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ -MoeMaKa

#ဂျုနီယာဝင်း (3d ago)

ဖွင့်ရန်။ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ မိုးမခ၊ ဇူလိုင် ၁၃၊ ၂၀၁၈ ဘောလုံးကွင်း ဧရိယာသည် အရှည်အားဖြင့် ကိုက် ၁၀၀ ကနေ ကိုက် ၁၃၀ ( မီတာအားဖြင့် ၉၀ မိတာ ကနေ ၁၂၀ မီတာ) ရှိကာ အကျယ်အားဖြင့် ကိုက် ၅၀ ကနေ ကိုက် ၁၀၀ ( ၄၅ မီတာကနေ ၉၀ မီတာ) ရှိပါသည်။ ပုံ – ဘောလုံးကွင်းတစ်ခု။ သို့သော် သည်ထက်လည်း အရှည်က ပိုရှည်လျှားသွားသည့်အတိုင်း အကျယ်ကလည်း ကျယ်ပေးရမည်ဖြစ်ပါသည်။ ဂိုးတိုင်သည် ၈ ကိုက် ( ၇.၃ မီတာ) ကျယ်ပြီး ၈ပေ (၂.၄ မီတာ) မြင့်ရပါမည်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage22. မောင်မိုးသူ – အောက်ဆုံးက လူ -MoeMaKa

#မောင်မိုးသူ (3d ago)

ဖွင့်ရန်။မောင်မိုးသူ – အောက်ဆုံးက လူ (ကုမုဒြာအွန်လိုင်းဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင်၊ ၂၀၁၈ ပီးခဲ့တဲ့ရက်ပိုင်းက ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပြီး တစ်ဒေါ်လာ ကို ကျပ် ၁၃၇၀ ကျော်အထိ တက်ပြီးခါမှ တန့် သွားပါသတဲ့။ ဒေါ်လာဈေးတက် တာ နဲ့ ဘကြီးမိုး ဘာဆိုင်သလဲလို့ မမေးပါနဲ့။ ဟုတ်တယ်လေ၊ ဘကြီးမိုးက စာရေးဆရာ။ ရေးသမျှ စာရေးခတွေ၊ ဆောင်းပါးခတွေက အားလုံး ကျပ်ငွေနဲ့ပဲရတာ။ သည် တော့ ဒေါ်လာဈေးတက်တာနဲ့ ဘာဆိုင် လို့လဲလို့ မမေးပါနဲ့၊ ဒေါ်လာဈေးတက် တော့ မြန်မာ ကျပ်ဈေးက ကျတယ်ခင်ဗျ၊ မြန်မာကျပ် ဈေး ကျဆင်းလာတဲ့အရှိန်က အောက်ဆုံး ကလူဖြစ်တဲ့ ဘကြီးမိုးအပေါ် ပိတော့တာ ပေါ့။ စာမူခ ဆောင်းပါးခများ က တော့ ဒုံရင်း ဒုံရင်းပဲ။ မတိုးလာတဲ့အပြင် လျှော့တောင် လျှော့လိုက်ချင်သေးလို့ ဆိုတဲ့အချိန်မှာ ကုန်ဈေးနှုန်းကလည်း ပဲပြုတ်သည်၊ ကန်စွန်းရွက်သည်က တောင် ကျပ် ၁ဝဝ ဖိုး မရောင်းတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာဈေးတက် လို့ တဲ့၊ ဘယ်က ဘယ်လို ဆက်စပ်မှု ရှိသ လဲတော့ ဘကြီးမိုးလည်း မသိဘူးခင်ဗျ။ ဒါပေမဲ့ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ပိပြားအောင်ခံနေရတာ ဘကြီး မိုး ပါပဲ။ ဘကြီးမိုးခမျာလည်း သည်ရုပ်ခန္ဓာ ကြီး ရှင်သန်ဖို့အတွက် အာဟာရဖြစ် အောင် ဖြည့်တင်းနေရသေးတာကိုး။ ဓာတ်ဆီဈေးကလည်း တက်ဆိုပဲ။ ဓာတ်ဆီဈေးတက်တော့ သယ်ယူပို့ဆောင် ရေးစရိတ်တွေ တက်တာပေါ့။ သယ်ယူပို့ ဆောင်ရေးစရိတ်တွေတက်တော့ ကုန် ဈေး နှုန်းကလည်း တက်ပါလေရော။ အဲ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ လျှပ် စစ်ပစ္စည်းတွေ၊ ဆေးဝါးတွေလည်း တက် ပါသတဲ့။ လျှပ်စစ်ပစ္စည်းတက်တာကတော့ မသုံးဘဲ မဝယ်ဘဲ တတ်နိုင်သမျှ နေမယ် ဆိုရင် နေလို့ရပေမဲ့ မဖြစ်မနေ စားသုံးရတဲ့ ဆေးဝါးကတော့ ဝယ်ကိုဝယ်ရတာပဲ ခင်ဗျ။ သည်နေရာမယ် ဒေါ်လာဈေးတက် တာကို အကြောင်းပြုပြီး ဆေးဆိုင်တချို့ က မှာယူတင်သွင်းတာမရှိလို့ ရောင်းဖို့ ဆေးဝါးများ ပြတ်လပ်တယ်လို့ ဆိုလာပြန် ပါတယ်။ ဆေးဆိုင်တွေက ရောင်းစရာ မရှိ လို့ ပြတ်လပ်တာ ခံနိုင်ရည်ရှိပေမဲ့ ဆေး မှီဝဲသုံးဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက် တော့ ဆေးဝါးပြတ်လပ်ရင် အခက်အခဲ ကြုံရတော့တာပေါ့ခင်ဗျာ။ ဘကြီးမိုး ဆီးရောဂါနဲ့ပတ်သက်ပြီး ပထမဆရာဝန်ကြီးပေးတဲ့ ဆေးက နှစ်မျိုး ခင်ဗျ။ မနက်တစ်လုံး ညတစ်လုံးသောက် ရတာတဲ့။ နောက်သုံးလေးလအကြာ ဒုတိ ယ ဆရာဝန်ဆီသွားတော့ ဒုတိယဆရာ ဝန်က အသစ်ထွက်ပေါ်လာတဲ့ ဆေးသစ် က မူလဆေးနှစ်မျိုးကို ပေါင်းထားတာဖြစ် လေတော့ ဆေးသစ်ကို ဝယ်ရုံနဲ့ အဆင် ပြေမယ်ဆိုတော့ ဆေးနှစ်လုံး သောက်ရ မယ့်အစား ဆေးတစ်လုံးသောက်ရမယ် ဆိုတော့ ဝမ်းသာရတာပေါ့ ခင်ဗျာ။ ဆေးသစ်ကို တစ်လပဲ မှီဝဲရသေး တယ်၊ နောက်တစ်လအတွက် သွားရောက် ဝယ်ယူတဲ့အခါကျတော့ ဒေါ်လာဈေးတက်လို့ တင်သွင်းမှုမရှိသေးတဲ့အတွက် ဆေး ပြတ်လပ်နေကြောင်း အကြောင်းကြားပါ တယ်။ ဆေးဆိုင်က ဆေးပြတ်လို့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage21. သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ -MoeMaKa

#K ငြိမ်းချမ်း (3d ago)

ဖွင့်ရန်။သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ K (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈ စာရေးဆရာမ သွေး(စစ်ကိုင်း)ရဲ့ဘာသာပြန်လက်ရာသစ်တခုဖြစ်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက် အခံ စာအုပ်မိတ်ဆက်ပွဲနဲ့ဆွေးနွေးပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်သံဈေး ငါးလွှာရှိ Yangon Book Plazaမှာ ဇူလိုင် ၁၄ ရက်(စနေနေ့) နေ့လယ် ၂ နာရီမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။ ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုးပြုစုရေးသားတဲ့ ဦးဝင်းတင်၏ဘ၀မှတ်တမ်းစာအုပ်ကို စာရေးဆရာမ သွေး(စစ်ကိုင်း)က မူရင်းပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ မူရင်းစာရေးဆရာမရဲ့ခွင့်ပြုချက်နဲ့ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။ အဆိုပါစာအုပ် ဘာသာပြန်ရခြင်းနဲ့ပတ်သက်ပြီး စာရေးဆရာမ သွေး(စစ်ကိုင်း)က “ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ အတွက်ကြိုးစားရုန်းကန်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ ဘ၀မှတ်တမ်းကို နောက်ခံနိုင်ငံရေးနဲ့ ဆက်စပ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါ တယ်။ ဦးဝင်းတင်ရဲ့ထောင်တွင်းဖြတ်သန်းမှု သတင်းစာဆရာသမားဘ၀၊ အနုပညာကို ချစ်မြတ်နိုးမှုတွေကိုပါ ဖတ်ရှုရမယ့် စာအုပ်ပါ”လို့ ပြောပြပါတယ်။ စာအုပ်ထုတ်ဝေဖြန့်ချိရခြင်းနဲ့ပတ်သက်ပြီးလည်း ငါတို့စာပေ လူမှုကွန်ရက်စာမျက်နှာမှာ အသေးစိတ် ဖော်ပြထားပါတယ်။ လွတ်လပ်စွာ စာအုပ်ထုတ်ဝေခွင့်၊ ဟောပြောခွင့်များ တားဆီးခံနေရချိန်ကာလတစ်ခုမှာ ပြင်သစ်နိုင်ငံသူ တစ်ယောက်ဟာ မြန်မာပြည်တွင်းကို တိတ်တဆိတ် ၀င်ရောက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက သံမဏိလူသား အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်အကြောင်း ပြုစုရေးသားဖို့ပါပဲ။ ဦးဝင်းတင် အပါအ၀င် ဦးဝင်တင်နဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများ၊ သတင်းစာပညာရှင်ပေါင်းများစွာတို့ကို လူကိုယ်တိုင် လိုက်လံတွေ့ဆုံပါတယ်။ ဦးဝင်းတင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းများကို စုစည်းခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကို ပြန်ရောက်တဲ့အခါမှာတော့ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံဆိုတဲ့ စာအုပ်ကို ပြင် သစ်ဘာသာနဲ့ထုတ်ဝေခဲ့ပါတယ်။ ဦးဝင်းတင်နဲ့ ကမ္ဘာကို ပိုမိုနီးကပ်စေခဲ့သလို မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှူအကြောင်းကို လည်း နိုင်ငံတကာမှာ လူသိ များစေခဲ့ပါတယ်။ နောက်ဆုံးရလဒ်ကတော့ မူရင်းစာရေးဆရာ ဆိုဖီမာလီဘိုးကို မြန်မာပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံလိုက်ရပါတော့တယ်။ ဦးမညွှတ်တတ်သော အတိုက်အခံကြီး ဘဘဦးဝင်းတင်အကြောင်းကို ပြည့်စုံအောင် ကြိုးပမ်းပြုစုထားတဲ့ ယခုစာအုပ်ကို ဆရာမ သွေး(စစ်ကိုင်း)က ပြင်သစ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ဆိုထားပါတယ်။ မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်နဲ့အတူ ဘာသာပြန်ဆိုထုတ်ဝေထားတာ ဖြစ်ပြီး သမိုင်းမှာ လူသိနည်းသေးတဲ့ ဘဘဦးဝင်း တင်နဲ့ ပတ်သက်တဲ့ အချက်အလက်များစွာကိုလည်း ဖတ်ရှုမှတ်သားနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။ ဘဘဦးဝင်းတင်ကိုယ်တိုင်ရေးသားပေးခဲ့တဲ့ အမှာစာ၊ မူရင်းစာရေးဆရာရဲ့ အမှာစာများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ဦးဝင်းတင်အပေါ် မှတ်ချက်များကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားပါတယ်။ အခုစာအုပ်ရဲ့ ထူးခြားချက် တစ်ခုလည်း ရှိပါသေးတယ်။ အခုစာအုပ်ကို ပြင်သစ်ဘာသာနဲ့ထုတ်ဝေတဲ့အခါမှာ ထည့်သွင်း ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကနေ သီးသန့်အမှာစာရေးသားပေးဖူးပါတယ်။ ဒါပေမယ့် အဆိုပါကာလဟာ ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အကျဉ်းစံနေရတဲ့ ကာလဖြစ်တာကြောင့် အမှာစာကို ပြင်ပထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဘအပေါ်မှာ ရေးသားထားတဲ့ မှတ်ချက်လေးသာ ထည့်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage20. မောင်အောင်မွန် – ကိုယ်တွေ့ 8 July 1962 -MoeMaKa

#၀င်းအောင်ကြီး (3d ago)

ဖွင့်ရန်။  မောင်အောင်မွန် – ကိုယ်တွေ့ 8 July 1962 ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၅) (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈ (၁) ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံကြောင်းထပ်ပြောကာ ဆက်လက်ရေးသားပါမည်။ မြန်ပြည်တွင် မြန်မာ့အသံ၌ နှစ်(၂၀)၊ နိုင်ငံခြားသတင်းထောက်၊ ကုလသမဂ္ဂ ပြန်ကြားရေးဌာန၊ UNCEF တို့၌ ဘာသာပြန်၊ Radio Moscw ၌(၃) နှစ်၊ ဘန်ကောက်တွင် အလွတ်သတင်းထောက်အဖြစ်(၃)နှစ်၊ VOA ၌ (၁၅)နှစ်လုပ်ပြီးနောက် အနားယူကာ ဗာဂျီးနီးယားပြည်နယ်တွင် စာရေး စာဖတ် Resaerch လုပ်နေပါသည်။ ထို့ကြောင့် 7 July 1962 အကြောင်း မမှန်မကန်မတိမကျ ရေးသားမှုများ၊ ပေါ့ပျက်ပျက်ရေးမှုများကို Check. Recheck. Check again. ဟူသော သတင်းသမားကျင့်ဝတ်အရ ယုတ္တိမဲ့၍ မထိမတို့။ သို့မှသာ စာဖတ်သူများ အမှန်ကိုသိနိုင်မည်။ (၂) ၁၉၆၂ ခု၊ ဇူလိုင်လ (၈)ရက်နေ့ မနက် (၆) နာရီလောက် ဧရာမမြည်ဟီးသံကြီးနှင့် ဘော်ဒါဆောင်ကြီး တုန်ခါသွားတော့မှ နိုးလာလေတော့၏။ မိုးလင်းနေပြီ၊ အခြားသူများနည်းတူ ပြည်လမ်းဘက်သို့ ပြေးလာခဲ့၏။ တက္ကသိုလ်ဓမ္မာရုံနားပင် မရောက်သေး၊ တကသ အဆောက်အအုံကြီး ဖြိုဖျက်ခံလိုက်ရဟု သတင်းကြားရ၏။ ခြေလှမ်းပိုသွက်စွာနှင့် ရောက်သွားရာ မြင်လိုက်ရပုံ ခုတိုင်ရင်နင့်နေဆဲပါ။(ပုံကိုကြည့်) အသက်(၈၂) နှစ်ကျော်အနေနှင့်ပင် အနိစ္စဟု တရားနှင့်မဖြေနိုင်သေးပါ။ အုတ်ကျိုးအုတ်ပဲ့တွေကြား အလောင်းတို့ သွေးကွက်တို့ ဘာမှမမြင်ရ။ လွန်ခဲ့သော (၄)ရက်နေ့က နေ့လယ်စားခဲ့သော တကသ၊ နောက်ဆုံး ဥက္ကဋ္ဌ ကိုဗဆွေလေးက ဘာလုပ်ရမှန်းမသိ ယောင်အအဖြစ်ပြီ ရဲဘော်ကြီးရေဟု ပြောခဲ့ရာ တကသ၊ ကျွန်တော့်အား စာရေးဆရာ မောင်အောင်မွန်ရယ်လို့ ဖြစ်လာစေသည့် အိုးဝေမဂ္ဂဇင်းရဲ့မိခင် တကသ–၊ စသဖြင့် တကသ—။ ထို တကသ ကားမရှိတော့ပြီ။ ကျွန်တော်တို့ခေတ် ကျောင်းဝင်ကြေးနှင့်အတူ တကသ အတွက် ၁ိ ပေးသွင်းရ၍ ကျောင်းသားတိုင်း တကသ ၀င်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (Rangoon University Act) တွင်လည်း တကသ သည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟု အတိအလင်းဖေါ်ပြကျင့်သုံး၏။ သို့သော်လည်း မေလ (၉)ရက်နေ့တွင် ထိုဥပဒေ ကိုဖျက်သိမ်းလိုက်ကြောင်း အာဏာသိမ်း တော်လှန်ရေးကောင်စီက ကြေညာလိုက်ပြီ။ နောက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ရန်ကုန်တက္ကသိုလ် ကောင်စီဝင်များအား ဒဂုံရိပ်သာသို့ ခေါ်ယူပြီး ကောင်စီကိုဖျက်သိမ်းလိုက်ကြောင်း ပြောကြားသည်။ အပြန်အလှန်ပြောပြီးနောက် ပါမောက္ခချုပ် ဒေါက်တာသာလှ နှုတ်ထွက်၏။ (၄၁) ဦးပါဝင်သော ကောင်စီကို ဗိုလ်မှူးချုပ်သန်းဖေ၊ ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူကြီးတင်စိုးနှင့် တော်လှန်ရေးကောင်စီခန့် ပါမောက္ခချုပ် ဦးကာတို့ပါဝင်သည့် (၅) ယောက်နှင့် အစားထိုးလိုက်ကြောင်း မေလ(၁၇) ရက်နေ့တွင် ထပ်မံကြေညာသည်။ တကသ ကိုယ်စားလှယ် ဦးတီပီဝမ်းနှင့် ဦးမောင်မောင်ကျော်တို့လည်း မပါဝင်တော့။ ၁၉၆၀-၆၁ အိုးဝေမဂ္ဂဇင်း တွင် မောင်အောင်မွန်၏ ၀တ္ထုအပြင် ကိုဘကောင်း ပေးထားသည့် ကလောင်ခွဲ မောင်အေးကျော် နည်မည်နှင့်ရေးသော […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage19. ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက် -MoeMaKa

#စာစုတို (3d ago)

ဖွင့်ရန်။ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက် (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ တယောက်စာ အတွက် ချက်ပြုတ်ရတာက လွယ်တယ်လို့ ဆိုကြလေ့ရှိတယ်။ အများအတွက်ဆိုရင် ချက်ပြုတ်သူရဲ့ စီမံမှုအပေါ် မူတည်သွားတယ်။ စားသောက်မယ့်လူတွေရဲ့ ရှိရင်းစွဲအရသာကို ပြင်ပေးနိုင်ခွင့် ရှိတယ်။ ရခဲ့ကြဖူးတဲ့အရသာ အဟောင်းတွေ အရသာအကောင်းတွေကို ပြန်လည်တမ်းတစေခွင့် ရှိတယ်။ အရသာအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ခွင့် ရှိတယ်။ သုံးလေးငါးယောက်ရှိတဲ့ မိသားစုမှာတောင် အကြိုက်ချင်းမတူတာကို အစပ်အဟပ်တည့်အောင် လုပ်ဆောင်နိုင်တာဟာ ရိုးရိုးသာမန်အိမ်ထောင်စုတွေမှာရှိတဲ့ အိမ်ရှင်မတွေရဲ့ လေးစားလောက်တဲ့ အတတ်ပဲဖြစ်ပါတယ်။ တကယ်တော့ အိုးကြီးချက်ဆိုတာက ပညာတရပ်ပဲ။ အိုးကြီးချက်ဆိုလို့ သတိရမိတဲ့ စားဖိုမှူးကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။ အဘ ဟင်းချက်တတ်တာကို စပြီး သတိပြုမိတာ အဲဒီငါးဟင်းက စတာပဲ။ ငါးတော့ငါးပဲ။ ငါးအမျိုးအမည်လည်း အခုထိ မသိ။ အမေ့မေးကြည့်တော့လည်း အမေလည်း မမှတ်မိတော့။ သား အဘချက်တာ ရေချိုငါးလား၊ ပင်လယ်ငါးလည်း ဖြစ်ချင် ဖြစ်မှာ ပေါ့လို့ ပြန်ပြောတယ်။ ငါးတကောင်လုံးကို စပါးလင်တွေနဲ့ စည်းတုပ်ပြီး ချက်တာ။ ဆီပြန်ဟင်း မဟုတ်ဘဲ အရည်သောက်ဟင်း ပုံစံ။ ဟင်းရည်သောက်ရင်း ငါးအသား တဖဲ့နှစ်ဖဲ့ စစားရင်းနဲ့ အဲဒီနေ့က အဲဒီငါးဟင်းကို ဒီနေ့အထိ မမေ့တာ။ ငါးအမျိုးအမည်မသိတဲ့အတွက် အဲဒီငါးဟင်းလို့ပဲ ဒီအကြောင်းလေး ပြန်လည်ပြောမိတိုင်း ပြောဆိုညွှန်းမိတယ်။ ငါးဟင်းကောင်းတဲ့အတွက် ထမင်းသုံးပန်းကန်လောက် ကုန်တယ်လို့ ပြန်အမှတ်ရမိတယ်။ အဘက ရန်ကုန်လာလည်ရင်း အဲဒီတနေ့မှာပဲ ဘာစိတ်ကူးပေါက်လို့ရယ်မသိ၊ နေ့လယ်စာအတွက် ငါးဟင်းတခွက်ကိုပဲ ချက်ပြုတ်ပြီး ပညာပြသွားတာ။ နယ်မှာတော့ ထမင်းဟင်းအတွက် မီးဖိုချောင်ဝင်ပြီး ကူညီချက်ပြုတ်နေတာ မတွေ့ဘူးပါ။ အဖွားချက်တာကိုပဲ စားတယ်။ အမွှန်းတင်ရရင် ဟင်းချက်ကောင်းတဲ့ အဖွားတောင် ဒီလိုငါးဟင်းမျိုး ချက်တာမှာ အဘကို မမီဘူးလို့ ခံစားမိတယ်။ နောက်ပိုင်းမှ သိရတာက အဘက အိုးသူကြီးဆိုပဲ။ အခါတွင်း တရက်မှာ ဘုန်းကြီးကျောင်းတကျောင်းဆီကို အဖွားအတွက် အဖော်အဖြစ် ရအောင် လိုက်သွားတယ်။ အမှန်က ရန်ကုန်ကလာတဲ့ ဆယ်ကျော်သက်အရွယ် မြေး မလည်မ၀ယ်ကို အဖွားက ပွဲထုတ်တာ။ ဘုန်းကြီးကျောင်းထဲရောက်မှ တွေ့မိတာရှိတယ်။ အဲဒါက အဖွားလိုပဲ မြေးတွေခေါ်လာကြတဲ့ သူတွေက များမှများကိုး။ မြေးမလေးတွေလဲ ပါတာပေါ့လေ။ ဥပုသ်သီလယူ တရားနာပြီးတဲ့အခါ ကျောင်းကြီးပေါ်ကနေ အဖွားကိုတွဲလို့ ဆင်းလာကြတယ်။ ကျောင်းဝိုင်းအတွင်းက မြက်ခင်းပြင်မှာ မိုးပြဲဒယ်တွေနား ပုံစံအမျိုးမျိုးနဲ့ထိုင်နေကြတဲ့ လူတစုကို တွေ့လိုက်ရတယ်။ ထိုင်နေကြတဲ့ပုံစံတွေ မတူကြပေမဲ့ သူတို့အားလုံးရဲ့ မျက်နှာတွေဟာ ပြုံးရွှင်နေကြတာကိုတော့ သတိထားမိခဲ့တယ်။ ထမင်းတွေက ခူးခပ်ပြီးတောင်နေပြီ။ ထမင်းချိုးတွေကို သံပန်းကန်ပြားတွေထဲမှာ ထည့်ထားတယ်။ အဲဒီမှာ အဘကို တွေ့တာပဲ။ ဘုန်းကြီးကျောင်းလာတဲ့သူတွေက ၀တ်ကောင်းစားလှကြီး မဟုတ်တောင် သစ်သစ်လွင်လွင်လေးတော့ ၀တ်ဆင်လာကြတာရှိတယ်။ အဘကတော့ ပုဆိုးအဟောင်း တီရှပ်လက်တိုအဖြူရောင် ခပ်နွမ်းနွမ်းနဲ့။ ရှိုးအပြည့်နဲ့ ရန်ကုန်သားက အဘကို နားလည်ရခက်သွားတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကိုယ့်ရဲ့ အဘအရင်းက တောက်တောက်ပြောင်ပြောင်မ၀တ်လို့ လူပုံအလယ်မှာ မခေါ်ဝံ့ မပြောဝံ့ မနှုတ်ဆက်ဝံ့တဲ့ စိတ် မရှိခဲ့ဘူး။ နားလည်ရခက်သွားတယ်ဆိုတာ အလှူပွဲတွေမှာ ၀ိုင်းဝန်းကူညီလုပ်ကိုင်မယ်ဆိုရင် ၀တ်ကောင်းစားလှ မ၀တ်သွားတာဟာ အသင့်တော်ဆုံးဆိုတဲ့ သဘောတခုကို မသိတတ် မမြင်တတ်သေးတာကြောင့်ပဲ။ အဘက မြေးဖြစ်သူကို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage18. ကာတွန်း ဆွေသားရဲ့ မြန်မာ့ငြိမ်းချမ်းရေးပဲ့ကိုင်ရှင်ကြီး -MoeMaKa

#Cartoon Box (3d ago)

ဖွင့်ရန်။ကာတွန်း ဆွေသားရဲ့ မြန်မာ့ငြိမ်းချမ်းရေးပဲ့ကိုင်ရှင်ကြီး (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage17. The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ် -MoeMaKa

#K ငြိမ်းချမ်း (4d ago)

ဖွင့်ရန်။The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ် K  (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ The Poetry of Emotion and Colorလို့ အမည်ပေးထားပြီး ပန်းချီဆရာ ကြီးငယ်လတ်အစုံပါဝင်တဲ့ စုပေါင်း ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်း အောက်ဘလောက်ရှိ လောကနတ် ပန်းချီခန်းမမှာ ဇူလိုင်လ ၁၃ရက်ကနေ ၁၅ရက်နေ့ထိ ပြသ သွားမယ်လို့သိရပါတယ်။ ပါဝင်ပြသမယ့် ပန်းချီအနုပညာရှင်များကတော့ ခင်မောင်ရင်၊ ၀င်းဖေ၊ ကြီးမြင့်စော၊ MAUNG AW၊ ၀င်းဖေမြင့်၊ ကျော်စိန် ၀င်း၊ တင်ဦး၊ မြိုင်သန်းဦး၊ ဇော်ဝင်းဖေ၊ မောင်မြင့်အောင်၊ ရင်ဇော်ထူး၊ SAI၊ ကျော်လင်း၊ အေးငြိမ်းမြင့်၊ အောင်ကျော်ဆန်း၊ သီသီဇင်၊ သန်းကျော်ဌေး၊ စန္ဒီ၊ အောင်မင်း၊ အောင်ကျည်စိုး၊ MKM၊ ချိုဝေထွန်း၊ K2K၊ မင်းသားကြီး၊ SONNY ZIN HTET MAUNG၊ လင်းသန့် တို့ဖြစ်ပါတယ်။ အဆိုပါ ၃ ရက်ကြာပြသမယ့် ပြပွဲမှာ ပန်းချီဆရာ လူကြီးလူငယ် ၂၆ဦးရဲ့လက်ရာစုံ ပန်းချီကားများကို ကြည့်ရှုရမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နေ့စဉ် နံနက် ၉နာရီကနေ ညနေ ၅နာရီထိ ပြသထားမယ်လို့သိရပါတယ်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage16. ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ် -MoeMaKa

#K ငြိမ်းချမ်း (4d ago)

ဖွင့်ရန်။ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ် K (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ မန္တလေး အခြေစိုက် ကဗျာဆရာ မောင်နွေထက်ရဲ့နီမောင်းသော အရှေ့ကောင်းကင်ခွပ်ဒေါင်းအောင်လံ ငါ့နိုင်ငံတော် အမည်ရတဲ့ကဗျာစာအုပ်မိတ်ဆက်ပွဲကို အမရပူရမြို့နယ်တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်မှာ ဇူလိုင် ၁၁ ရက် မနက် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကဗျာရှည်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ကဗျာဆရာမောင်နွေထက်မှ အမှတ်တရစကားပြောကြားခဲ့ကာ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဦးထွန်းအောင်ကျော်၊ ဦးမြတ်မင်းသူ၊ စိုးနိုင်(မန်းတက္ကသိုလ်) မုဒိတာ စကားများပြောကြားပြီး ကဗျာဆရာများ၊ ကဗျာချစ်မြတ်နိုးသူများ မီဒီယာများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ကဗျာရှည်စာအုပ်ကို the Key collection စာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) က အမှာစာရေးသားထားပြီး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ထုတ်ဝေထားကာ ဆရာဇော်ထွန်းက အင်္ဂလိပ်ဘာသာပြန်ဆို ထားပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ကဗျာဆရာ မောင်နွေထက်ဟာ မန္တလေးမြို့တွင်နေထိုင်ကာ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကဗျာ၊ ကဗျာဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စာတမ်းများ။ ဆောင်းပါးများရေးသားလျက်ရှိပြီး ကောင်းကင်ပြတင်း၊ ရန်သူမရှိမိတ်ဆွေသာရှိမုန်းသူမရှိ ချစ်သာရှိ (ထာဝရ လွမ်းစာ)၊ မြို့မငြိမ်း(သို့) မြို့မငြိမ်းရဲ့နှလုံးသားကို ဖတ်ကြည့်ခြင်း၊ အိပ်မက်ရိုင်း၊ ဒေါင်းက၍တွန်စေသတည်း၊ မဟာကဗျာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသို့ ခေတ်ပြိုင် တော်လှန်ကဗျာစာတမ်းများ၊ ဒဂုန်တာရာနှင့်တွေ့ဆုံခြင်းများ မြင်းခွာ တစ် ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် သခင်ဗဟိန်း နှစ် ၁၀၀ ပြည့်အမှတ်တရစာစုများ အစရှိတဲ့စာအုပ်များကို ထုတ်ဝေထားပြီးဖြစ်ပါတယ်။ ဓာတ်ပုံ- မောင်မှိုင်းလွင်(အင်းဝ)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage15. ကဗျာဆရာ -MoeMaKa

#K ငြိမ်းချမ်း (4d ago)

ဖွင့်ရန်။ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ် K (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ မန္တလေး အခြေစိုက် ကဗျာဆရာ မောင်နွေထက်ရဲ့နီမောင်းသော အရှေ့ကောင်းကင်ခွပ်ဒေါင်းအောင်လံ ငါ့နိုင်ငံတော် အမည်ရတဲ့ကဗျာစာအုပ်မိတ်ဆက်ပွဲကို အမရပူရမြို့နယ်တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်မှာ ဇူလိုင် ၁၁ ရက် မနက် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကဗျာရှည်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ကဗျာဆရာမောင်နွေထက်မှ အမှတ်တရစကားပြောကြားခဲ့ကာ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဦးထွန်းအောင်ကျော်၊ ဦးမြတ်မင်းသူ၊ စိုးနိုင်(မန်းတက္ကသိုလ်) မုဒိတာ စကားများပြောကြားပြီး ကဗျာဆရာများ၊ ကဗျာချစ်မြတ်နိုးသူများ မီဒီယာများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ကဗျာရှည်စာအုပ်ကို the Key collection စာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) က အမှာစာရေးသားထားပြီး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ထုတ်ဝေထားကာ ဆရာဇော်ထွန်းက အင်္ဂလိပ်ဘာသာပြန်ဆို ထားပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ကဗျာဆရာ မောင်နွေထက်ဟာ မန္တလေးမြို့တွင်နေထိုင်ကာ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကဗျာ၊ ကဗျာဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စာတမ်းများ။ ဆောင်းပါးများရေးသားလျက်ရှိပြီး ကောင်းကင်ပြတင်း၊ ရန်သူမရှိမိတ်ဆွေသာရှိမုန်းသူမရှိ ချစ်သာရှိ (ထာဝရ လွမ်းစာ)၊ မြို့မငြိမ်း(သို့) မြို့မငြိမ်းရဲ့နှလုံးသားကို ဖတ်ကြည့်ခြင်း၊ အိပ်မက်ရိုင်း၊ ဒေါင်းက၍တွန်စေသတည်း၊ မဟာကဗျာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသို့ ခေတ်ပြိုင် တော်လှန်ကဗျာစာတမ်းများ၊ ဒဂုန်တာရာနှင့်တွေ့ဆုံခြင်းများ မြင်းခွာ တစ် ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် သခင်ဗဟိန်း နှစ် ၁၀၀ ပြည့်အမှတ်တရစာစုများ အစရှိတဲ့စာအုပ်များကို ထုတ်ဝေထားပြီးဖြစ်ပါတယ်။ ဓာတ်ပုံ- မောင်မှိုင်းလွင်(အင်းဝ)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage14. နိုလှိုင်း – ပန်းရဲ့လမ်း -MoeMaKa

#ကဗျာ (4d ago)

ဖွင့်ရန်။ပန်းရဲ့လမ်း နိုလှိုင်း (မိုးမခ) ဇူလိုင် ၁၁ ရက်၊ ၂၀၁၈ ဒီ​နေ့ဟာ ဒီည​နေဟာ ဒီအခိုက်​အတန့်​ဟာ ​လေထုထဲ စိုထိုင်းဆသာ တစစမြင့်​လာမယ်​ ​မျှော်​လင့်​ချက်​ဟာ တ​ဖြေး​ဖြေး တုန်​ရီ​ဖျော့​တော့​​နေမယ်​ ​ရှေးဦးစွာ ဦးညွတ်​လိုက်​ပါရဲ့ ဒီခဏတာ  ဒီ​လေးနာရီဆယ်​မိနစ်​ဟာ မိုး​ရေနဲ့ လှမ်းလှမ်းချိတ်​​နေရတဲ့ အား​လျော့ခြင်း​တွေပါပဲ တ​ငွေ့​ငွေ့ကျွမ်း​​လောင်​နေတယ်​ တ​မြေ့​မြေ့ ​အေးစက်​​နေ​လေရဲ့ မိုးဟာ တစက်​စက်​တိတ်​ဆိတ်​စွာ ​စွတ်​စို ​ကြေကွဲဖွယ်​ရွာ​နေ​လေရဲ့။ အဲဒီအချိန်​ အဲဒီ​နေ့က ဘာ​ကြောင့်​များ အဲဒီ​လောက်​​တောင်​မိုး​တွေစွေ​ရတာလဲ ​မေးလို့ ဘာ​ကြောင့်​များ ​ဆွေးရိပ်​ဟာ တစိမ့်​စိမ့်​ ​ဆွေးလို့ ဘာ​ကြောင့်​များ မိုးရွာ​နေလျက်​​ လမ်းမဟာသွေ့​ခြောက်​​နေရတာလဲ ဘာ​ကြောင့်​များ မိုးစက်​​တွေဟာ အလွမ်းသံပါ​နေရတာလဲ  ဘယ်​ကီးနဲ့ပဲ ရွာရွာ ဒီမှာ ကံမကုန်​​သေးလို့ပါ ကျုံး​အော်​​နေရ ဒီမှာ ပြန်​ဆုံကြမယ်​ဆိုတာ​ပြောရုံရှိ​သေး မိုးသား​တွေပဲ ညို့ညို့တက်​လာတယ်​ တိတ်​ပါ ဒီမိုးရဲ့ ​တော်​ပါ​တော့ ရွာ​နေတယ်​မိုးရဲ့ အသက်​တမျှမိုးရဲ့တဖက်​ ​အေးစက်​တဲ့အထိအ​တွေ့​တွေရဲ့အသက်​ ပြတင်းတံခါးအပြင်​မှာ တ​ပေါက်​​ပေါက်​ကျလို့ တစ်​​နေကုန်​ အား​လျော့လာတဲ့ အားလုံးမျက်​ဝန်းမှာ​သွေးစို့လို့ နဒီမင်္ဂလာ တရား​ကိုနာ​ကြရတယ်​ လွမ်းဆွတ်​​ကြေကွဲ​နေတဲ့ ခရမ်းပြာပန်းပွင့်​​တွေ။    ။ နိုလှိုင်း ၂၀၁၈ ဇူလိုင်​ ၁၀ ( ဦးရဲလွင်​(မဇ္ဈိမလှိုင်း) ပန်းခရမ်းပြာ သို့… )
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage13. ကာတွန်း ညီပုချေ – ငါ့ ဒီမိုကရေစီ -MoeMaKa

#Cartoon Box (4d ago)

ဖွင့်ရန်။ကာတွန်း ညီပုချေ – ငါ့ ဒီမိုကရေစီ (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage12. ကျော်ဟုန်း – ပန်းရဲ့လမ်းသခင် -MoeMaKa

#ကဗျာ (5d ago)

ဖွင့်ရန်။ကျော်ဟုန်း – ပန်းရဲ့လမ်းသခင် (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈ ဝတ်မှုံကူးလို့ ပန်းတခင်းဖြစ်စေသူ။ သင်းပျံ့ရနံတွေကို ကမ္ဘာပတ်လမ်းထဲ ပို့ချင်သူ။ သူတောင်းတတာ ချိုးဖြူငှက်တို့ ပန်းခင်းထဲမှာ တေးဆိုပျော်ပါးဖို့ အချင်းအရာ။ မှန်သောအယူဝါဒနဲ့ အလှတရားကို ဖမ်းဆုပ် ခိုင်ကျည်ကျည် ဝါဒနဲ့ ယုံကြည်မှု သစ္စာမြဲ နောက်မတွန့်ဘဲ နွေနေရောင်ကို အံ့တုရဲတဲ့ နေကြာပန်း။ ဓမ္မတာလမ်းကို ဓမ္မဖျန်းလို့ သွားရဲဖို့လည်း ပြင်ထားသမို့ ဘဝ အဆက်ဆက် နိဗ္ဗာန် မဖက်ခင်တိုင် သူခင်းတဲ့ ပန်းလမ်း သူနင်းပြီး လိုရာပြည့်စေ အတုယူ ဂုဏ်ပြုရင်း ပန်းရဲ့လမ်းမျှော် ဦးညွတ်ပါတယ် ဦးရဲလွင်။ ။ ကျော်ဟုန်း ၂၀၁၈၀၇၁၀
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage11. ဆောင်းယွန်းလ ● ငြီးငွေ့မှုကို အငွေ့ပျောက်ရှုရှိုက်မိသောနေ့များ -MoeMaKa

#ကဗျာ (5d ago)

ဖွင့်ရန်။ဆောင်းယွန်းလ ● ငြီးငွေ့မှုကို အငွေ့ပျောက်ရှုရှိုက်မိသောနေ့များ (မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈ ပျင်းပျင်းရှိ ငြီးငွေ့စရာ စကားလုံးတွေကို တရွက်ချင်းလှန်ဖတ်ဖို့လည်း မလိုတော့ဘူး အထက်အောက် အလိုလိုစီးဆင်းသွားတယ် သေနေတဲ့ မြစ်ကြီးနဲ့ ရပ်တန့်နေတဲ့ပင်လယ် ရွေ့နေတယ်လို့တော့ ပြောကြတာပါပဲ ရေသေမှာ ပျော်ပျော်ရွှင်ရွှင် မော်တော်ယာဉ်စီး ခရီးမရောက် လက်ဖျောက်တီးရင်း ဆုဆိပ်ကြီးတွေကို မျှော်လင့်ကြ အခင်းဖြစ်ပွားရာနဲ့  သတင်းဖြစ်ပွားရာနေရာက သပ်သပ်စီ ယုံကြည်မှုကိုစာစီနေကြရင်း ညဟာ အဖြောင့်မသွားတော့တာ ကြာပြီ နာရီတွေလည်း ပုံသေနည်းဆန်ဆန် ကုန်လွန်သွားခဲ့ အမှတ်ပေးစည်းမျဉ်းဟာ ငဲ့ကွက်ရမဲ့ အရေးပဲတဲ့ အရေးထဲမှာ အရာပေါ်နေလို့ အရာရာဟာ ကောက်ကောက်ကွေ့ ကွေ့  နောက်ထပ် နေ့ပေါင်းများစွာမှာ ငြီးငွေ့မှုတွေနဲ့ အပျင်းဖြေနေရခြင်းများ ခြောက်သွေ့တိုင်း နွေကိုပုံချလို့မရ ကောက်ကွေ့တိုင်းလည်း မြစ်ကိုယုံလို့မရ စာအုပ်က စာပေထဲပိတ်မိနေပြီး ဘဝက ဘဝထဲပိတ်မိနေလေရဲ့ တချက်ကလေးစောင်းငဲ့ကြည့်ရုံမှာ အသက်သွေးချောင်းစီးးနေတဲ့ ကမ္ဘာ။ ဆောင်းယွန်းလ
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage10. ကာတွန်း ဘီရုမာရဲ့ ဗိုလ်ချုပ်ရုပ်တု ထုမလို့ … -MoeMaKa

#Cartoon Box (5d ago)

ဖွင့်ရန်။ကာတွန်း ဘီရုမာရဲ့ ဗိုလ်ချုပ်ရုပ်တု ထုမလို့ … (မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage9. တည်ဘွားဦး – ကိုယ်တို့ကမ္ဘာ -MoeMaKa

#ကဗျာ (5d ago)

ဖွင့်ရန်။ကိုယ်တို့ကမ္ဘာ တည်ဘွားဦး (မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈ ဆင်းရဲသားတွေက တွင်းနက်နက်ထဲကနေပြီး ကယ်ကြပါ ကယ်ကြပါလို့  တစာစာအော်နေကြပေမယ့် သူဌေးသားတွေက လေယာဉ်ပျံပြောင်းပြန်စီးဖို့  ကြံရွယ်နေကြတယ် ကိုယ်တို့ကမ္ဘာက ပျော်စရာကောင်းလို့လား အရည်တွေပျော်ကုန်ပါပြီ ကိုယ်တို့ကမ္ဘာဟာ ကိုယ်တို့သောက်သမျှအရာရာဟာ  ချိုလို့နေတော့တာ ။ ။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage8. ခင်မျိုးချစ် ● လိုတရမယ်ဆိုရင် -MoeMaKa

#ရသဆောင်းပါးစုံ (6d ago)

ဖွင့်ရန်။ခင်မျိုးချစ် ● လိုတရမယ်ဆိုရင် (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈ Stories and Sketches of Myanmar ထဲမှ Make a Wish ဆောင်းပါးကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန်သည်။   အကယ်၍များ နတ်သမီးပုံပြင်များထဲကကဲ့သို့ အရင်ဘဝက အမေဖြစ်ခဲ့ဖူးသော နတ်သမီးကပေါ်လာပြီး ”ဘာလိုချင်သလဲ လို ချင်တာရစေရမယ်” ဟုပြောခဲ့လျှင် ကျွန်မက ဘာဆုတောင်းရမယ်ဆိုတာကို သိပါတယ်။ ”အို…လိုတရနတ်သမီး ကျွန်မလိုချင်တာပြောရရင် အိမ်မှာ ရှိတဲ့အခန်းတိုင်းရဲ့ထောင့်တိုင်းမှာ ဖုန်တွေအလိမ်းလိမ်းနဲ့စက္ကူစုတ် တွေ ရှုပ်ပွနေပြီး ပိုးအိမ်တွေကလည်း ပြည့်နေပါစေ။ နောက်ပြီး မီးဖိုထဲမှာလည်း ဆေးစရာပန်းကန်တွေတောင်လိုပုံနေပါစေ။ ဒါတွေမကသေးဘူး။ မတိုက်ရသေးတဲ့ အိုးတွေ၊ ဒယ်အိုးတွေကလည်း ပြည့်နေပါစေ။ အချုပ်ပြောရရင် ချက်ချင်းလုပ် ရမည့် မပြီးသေးတဲ့အလုပ်တွေကလည်း ထောင်ချီနေပါစေ။ ဒီလိုကြားထဲမှာ ကျွန်မဟာ ဘာကိုမှဂရုမစိုက်ဘဲ စာထိုင်ရေးနေ နိုင်ပါစေ” ထိုအခါ ကျွန်မ၏ဆုတောင်းကိုကြားသူများသည် မေးချင် မေးပါလိမ့်မည်။ အိမ်တစ်အိမ်လုံးက သန့်ရှင်းပြီး ဘာမှအပူအပင် မရှိဘဲ စာထိုင်ရေးနိုင်ပါစေဟု ဆုမတောင်းဘူးလား။ ထိုအခါ ကျွန်မက အခုလိုပြန်ဖြေချင်ပါသည်။ အိမ်မှာ အရာရာကိုပြီးစီး အောင်ဘာမှမကျန်အောင်လုပ်ပြီးတော့မှ စာထိုင်ရေးရသောဘဝသည် ဘာမှအဓိပ္ပာယ်မရှိပါ။ ကျွန်မလိုချင်တမ်းတသော အရာမှာ အိမ်မှာဘာတွေပဲဖြစ်နေဖြစ်နေ ဘာကိုမှဂရုမစိုက်ဘဲထိုင်ပြီး စာရေး နိုင်တဲ့အခြေအနေမျိုး၊ စိတ်ဓာတ်မျိုးဖြစ်ပါသည်။ အိမ်ဆိုသည့်အတိုင်း အိမ်အလုပ်တွေ အမြဲရှိနေပါသည်။ ကျွန်မလိုချင်သောအရာမှာ အိမ်အလုပ်တွေက ကူညီပေးမည့်သူ မဟုတ်ပါ။ ”ဒီအိမ်အလုပ်တွေဖြစ်ချင်ရာဖြစ်၊ သွားစမ်း”ဟု ပြော လိုက်နိုင်သော စိတ်ဓာတ်မျိုးဖြစ်ပါသည်။ အခုအခြေအနေကို သုံးသပ်ကြည့်မည်ဆိုလျှင် ကျွန်မသည် အလွန်တာဝန်ကျေလွန်းသော အိမ်ရှင်မဖြစ်နေသောကြောင့် စာရေးဆရာကောင်း မဖြစ်နိုင်သလို စာရေးသည့်အလုပ်ကို မြတ်နိုးလွန်းသောကြောင့် အိမ်ရှင်မကောင်း မဖြစ်နိုင်။ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်မ၏အဖြစ် ကို ပြောရလျှင် အိမ်ရှင်မကောင်းလည်းမဟုတ်၊ အလုပ်ဟူ၍ ဘာကိုမှ မည်မည်ရရမလုပ်နိုင်၊ ဒါကြောင့် ဘယ်ကပဲကြည့်လိုက် ကြည့်လိုက် ဘယ်ဟာမှ ကောင်းတာမရှိ။ အပြစ်တွေချည်းပဲဟု ဆိုရပါမည်။ ကျွန်မအပေါ် ကောင်းကျိုးကိုလိုလားကာ မိတ်ဆွေများက ပြောကြပါမည်။ ”မင်းဖတ်နေတဲ့ မဂ္ဂဇင်းတွေထဲမှာ တွေ့ဖူးမှာပါ။ အရာရာမှ အလုပ်သက်သာတဲ့ မီးဖိုချောင်မျိုးတွေရဲ့ဓာတ်ပုံကြော်ငြာတွေ” သူတို့ရဲ့ စေတနာကို လေးစားသော်လည်း ကျွန်မကတော့ ငြင်းရမည်ဖြစ်ပါသည်။ ဘာကြောင့်ပါလဲ။ ဒါမျိုးကို တမ်းတခြင်း သည် ကူလီတစ်ယောက်၏ အလိုဆန္ဒနှင့်ပတ်သက်သော ပုံပြင်ကဲ့သို့ ဖြစ်နေပါသည်။ ဒီအကြောင်းကို ကြားဖူးပြီး ဖြစ်နေ လျှင်တော့ တောင်းပန်ပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ။ ရှေးသရောအခါက ကူလီတစ်ယောက်ရှိသည်။ သူသည် ဈေးတွင် အလုပ်လုပ်သည်။ ဈေးဝယ်သူများသည် သူ့ကိုပစ္စည်းများ သယ်ခိုင်းလေ့ရှိသည်။ သူကလည်း ထိုအလုပ်ကို ပျော်ရွှင်စွာလုပ်သည်။ လူတိုင်းက သူ့ကိုချစ်ခင်ကြပြီး သူ့ကိုမောင်ပျော် ဟုခေါ်ကြသည်။ မောင်ပျော်သည် အလွန်သဘောကောင်းသည်။ လူကြီး လူရွယ်များအတွက် အခကြေးငွေမယူဘဲ ပစ္စည်းများကို သယ်ပေး သည်။ အခကြေးငွေမပေးနိုင်သော ဆင်းရဲသားများအတွက်လည်း ပစ္စည်းများကို သယ်ပေးသည်။ ကလေးမိခင်များအတွက် လည်း ပစ္စည်းများအတွက်လည်း မောင်ပျော်သည် မရှိမဖြစ်လိုအပ်သည်။ မောင်ပျော်တွင် ဝါးဖြင့်ပြုလုပ်သော ထမ်းပိုးတစ်ခုရှိသည်။ ထိုထမ်းပိုး၏ ဟိုဘက်ဒီဘက်တွင် အထုပ်တစ်ခုစီကို တွဲလောင်း ချိတ်၍ ပခုံးပေါ်ထမ်းလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အိပ်နေသောကလေးကို ထမ်းပိုး၏တစ်ဖက်တွင်တင်၍ နောက်တစ်ဖက် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage7. ကာတွန်း ဆွေသားရဲ့ အဆင့်မြင့် ဘယာကြော်တွေ ရမယ် … -MoeMaKa

#Cartoon Box (6d ago)

ဖွင့်ရန်။ကာတွန်း ဆွေသားရဲ့ အဆင့်မြင့် ဘယာကြော်တွေ ရမယ် … (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage6. လှကျော်ဇော ● တရုတ်ပြည်က ပေးစာတစောင် -MoeMaKa

#ရသဆောင်းပါးစုံ (6d ago)

ဖွင့်ရန်။...
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage5. ဇင်လင်း ● တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ ရိုးသား ပွင့်လင်းစွာ ဆွေးနွေးကြချိန်တန်ပြီ -MoeMaKa

#ဇင်လင်း (6d ago)

ဖွင့်ရန်။ဇင်လင်း ● တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ ရိုးသား ပွင့်လင်းစွာ ဆွေးနွေးကြချိန်တန်ပြီ (မိုးမခ) ဇူလိုင် ၉၊ ၂ဝ၁၈ မြန်မာနိုင်ငံငြိမ်းချမ်းရေးကိစ္စသည် တနေ့ရွှေ တနေ့ငွေဖြစ်နေသည်။ မျှော်လင့်ချက်ရောင်ခြည် ပေါ်လာလိုက် ပျောက် သွားလိုက်ဖြစ်နေသည်။ သာမန်ပြည်သူတို့အဖို့ စိတ်မောစရာမျှသာ ဖြစ်သော်လည်း တောတောင်များအတွင်း စစ်ရှောင် စခန်းများတွင် နေထိုင်စောင့်စားနေကြရသော ဒုက္ခသည်များအဖို့စိတ်ရော ကိုယ်ပါ ဆင်းရဲပင်ပမ်းနေကြရသည်။ စစ်ရှောင် စခန်းများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုလျှင် စားရေရိက္ခာမလုံလောက်မှုနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့်  အသက်ဆုံးရှုံးမှုများပင် ရှိနေသည်။ အခြားတဖက်တွင်လည်း နှစ်ဖက်စလုံး စစ်ပွဲတွင်ပါဝင်နေရသည့် စစ်ဗိုလ် စစ်သားများ သေကြေဒဏ်ရာရမှုများ အလွန်များပြားနေပြီဖြစ်သည်။ ရံဖန်ရံခါ သတင်းစာ နာရေးကြော်ငြာများတွင် တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သတင်းများတွေ့ရသည့်အခါ လွန်စွာ စိတ်မသက်မသာဖြစ်ရသည်။ သက်ဆိုင်သူမိသားစုဝင်များ ဆိုလျှင် ရင်ကွဲပက်လက်ဖြစ်ကြရပေမည်။ မကြာသေးမီက နေပြည်တော် NRPC  ရုံးတွင် ဇွန်လ၂၉ ရက်နေ့ကပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ (UPDJC) ၏ ၁၅ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး’ ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည့်သတင်းကို ကြားရသည်။ တတိယအကြိမ်၂၁ ရာစုပင်လုံညီလာခံကို လာမည့် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပမည် ဟု အစိုးရက ကြေညာထားသည်။ UPDJC (၁၅) ကြိမ်မြောက် အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူး တွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးသုဝေ၊ ပူးတွဲကော်မတီဝင်များဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အ စည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ UPDJC ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်UPDJC  ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်း အဖြေရှာရန် UPDJC ကဦးဆောင်ကာ နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပ၍ ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ် နိုင် ရေးကို ကြိုးပမ်းနေကြောင်း၊ သို့ဖြစ်၍ UPDJC သည် အလွန်အရေး ပါသည့်ကဏ္ဍတွင် ရှိနေကြောင်း။ ဒုတိယအကြိမ် ညီ လာခံကို ၂ဝ၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ညီလာခံကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် သတ်မှတ် ထားကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ညီလာခံကျင်းပချိန် နှောင့်နှေးကြန့်ကြာခဲ့သော်လည်း အစိုးရနှင့် EAOများ အကြားတွင် နိုင်ငံရေးဆိုင်ရာ အလွတ်သဘော အစည်းအဝေး ၃ ကြိမ်၊ လုံခြုံရေးဆိုင်ရာ အလွတ်သဘော အစည်းအဝေး ၄ ကြိမ်ကျင်းပပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခဲ့ကြကြောင်း၊ နှစ်ဖက်ဆွေးနွေးမှုများအရ ကျော်လွှားရ မည့် အခက်အခဲများနှင့် စိန်ခေါ်မှုများရှိနေသည်ကို တွေ့ရကြောင်း၊ မကြာမီပြုလုပ်မည့် ညီလာခံ တွင် ပွင့်ပွင့်လင်းလင်း အမြင်းချင်း ဖလှယ်၍ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage4. ရာမိုးဇင် ● ရပ်ကွက်ထဲက ကြယ်တွေရဲ့စကား -MoeMaKa

#ကဗျာ (6d ago)

ဖွင့်ရန်။ရာမိုးဇင် ● ရပ်ကွက်ထဲက ကြယ်တွေရဲ့စကား (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈ ညဟာ ဝမ်းမီးတောက်နေတဲ့ မျက်လုံးတွေနဲ့ အမှောင်ထုကို စိုက်ကြည့်နေတယ်။ ရွာရိုးကိုးပေါက်မှာ ကြယ်ပွင့်တချို့တလေ လင်းပွင့် မျိုးစေ့မမှန်တဲ့ကောင်းကင်ကို ဆွဲဖွင့်ပစ်ဖို့ ငါတို့မိသားစုတခုလုံး စကားတွေ ဆွံ့အ ကိုယ်စီကိုယ်ငှ မျက်ရည်ပူတွေကျလို့။ ညီလေးရေ… … … “ဝမ်းမီးမငြိမ်းသေးဘူး” တဲ့ အမေက အဖေ့ကို တီးတိုးပြောလိုက်တယ် မင်းကြားရဲ့လား တကယ်ဆိုရင် ငါတို့ ခွန်အားနဲ့ ရှာဖွေရုန်းကန်ခဲ့သမျှ အနာဂတ်အသေနေ့တွေထဲမှာ နေ့လွဲ ညစာ… … ညလွဲ နေ့စာ။      ။ ရာမိုးဇင် ၂၅၊ ၆၊ ၂၀၁၅
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage3. ကျွန်ုပ်တို့ အသက်ရှူသွင်းသည့်အခါ လေပမာဏ ဘယ်လောက်ရှူသလဲ -MoeMaKa

#ဂျုနီယာဝင်း (6d ago)

ဖွင့်ရန်။ကျွန်ုပ်တို့ အသက်ရှူသွင်းသည့်အခါ လေပမာဏ ဘယ်လောက်ရှူသလဲ ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈ ကျွန်ုပ်တို့ တစ်မိနစ်ကို ၁၅ ခါ ( သို့မဟုတ် ) အခါ ၂၀ ပျှမ်းမျှ လေကို ရှူသွင်းပါသည်။ သည်တော့ တစ်နေ့ကို အကြိမ်ပေါင်း ၂၁၀၀၀၀ (နှစ်သောင်းတစ်ထောင်) ကနေ ၂၈၀၀၀ ( နှစ်သောင်းရှစ်ထောင်) ရှူပါ သည်။ ယင်းသည် တစ်မိနစ်ကို ၇.၅ သန်းကနေ သန်းပေါင်း ၁၀ သန်း အကြိမ်နဲ့ ညီမျှပါသည်။ တစ်နေ့ကို လေပမာဏ ၁၅၀၀၀ (တစ်သောင်းငါးထောင်) လီတာ ရှူသွင်းပါသည်။ သည်တော့ တစ်နှစ်ကို လီတာပေါင်း ၅သန်းခွဲလောက် ရှူသည်ဟု တွက်လို့ရပါသည်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage2. သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ -MoeMaKa

#K ငြိမ်းချမ်း (6d ago)

ဖွင့်ရန်။သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ K (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈ စာရေးဆရာ လင်းဆက်ငြိမ်းချမ်းနဲ့ နေဇင်ထွန်းတို့ရေးသားတဲ့ သုညဒီဂရီအောက်မှာ တစ်ပတ်တာ(ဘေကျင်း၊ ဟန်ကျိုး၊ ရှန် ဟိုင်း) အမည်ရတဲ့ ခရီးသွားစာပေဆောင်းပါးများ စုစည်းမှုစာအုပ် ဇွန်လအတွင်းမှာ ထွက်ရှိလာပါတယ်။ ယခုစာအုပ်မှာ စာရေးဆရာလင်းဆက်ငြိမ်းချမ်းရေးသားတဲ့ ပျံသန်းခဲ့သောတစ်ရက်တာ၊ သိသလောက်ဘေကျင်း ဖြတ်ခနဲ ဘေကျင်း၊ အရှိန်ပြင်းပြင်း ဟန်ကျိုသို့နှင်၊ ဟန်ကျို၏နှလုံးသည်းပွတ်(သို့မဟုတ်)West Lake)၊ ဘုရားမြေ တရားမြေ လင် ယင်၊ စုန့်ခေတ်ရောက်သွားသော ၂၁ရာစုလူသား၊ Xi Xi ပျော်ဝင်ခြင်း၊ Dream Town(သို့မဟုတ်) အိပ်မက်တို့စံပျော်ရာ၊ ပိုးကမ္ဘာ၊ လူလုပ်မြစ်တစ်စင်း၊ ရှန်ဟိုင်း(သို့မဟုတ်) အမြင့်ပျံ၊အမြင့်ပြိုင်၊ သုတ်သုတ်မြန်မြန် ရန်ကုန်အပြန်စတဲ့ ဆောင်းပါး ၁၂ပုဒ် ပါဝင်ပြီး နေဇင်ထွန်းရေးသားတဲ့ အိုတရုတ်ပြည် အိုကူမင်း၊ ဘေကျင်းမှာ တစ်ညတာ၊ မက်ထရိုပိုလီယန်မြို့ကြီးထဲက အတိတ်ခေတ်ရဲ့ဘ၀ဟန်ပန်၊ အိပ်မက်မြို့ထဲက အိပ်မက်မက်တော့တဲ့တတိယကမ္ဘာသားတစ်ယောက်၊ ကံကြမ္မာကို စေ စားနိုင်တဲ့အမြင့်က အရှေ့တိုင်းပုလဲပျံသန်းခဲ့သော တစ်ရက်တာ စတဲ့ဆောင်းပါး ၅ပုဒ် ပါဝင်ပါတယ်။ စာရေးသူတို့အမှာစာမှာတော့ “ခရီးသွားဒေသတစ်ခုချင်းစီအလိုက် အသေးစိတ်ဖွဲ့ဆိုနိုင်ဖို့ရာ မဖြစ်နိုင်၊သို့သော် ဖွံ့ဖြိုးမှု အားကောင်းနေပြီဖြစ်သော တရုတ်ခရီးသွားလုပ်ငန်းအကြောင်း မြင်သမျှတွေ့သမျှကို မိမိတို့၏စိတ်ခံစားမှုဖြင့် ပုံဖော် နိုင်ခဲ့သည်ဟု ယုံကြည်မိပါသည်။ ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ပြန်ရောက်တော့ တစ်ဦးက ရသဟန် ခရီးသွားဆောင်းပါးရေးဖြစ်သည်။ နောက်တစ်ဦးက သူအားသန်ရာ အက်ဆေးပုံစံဖြင့် ဖွဲ့ဆိုသည်။ ခရီးစဉ်တစ်ခုတည်းကို ရေးဖွဲ့ကြခြင်းဖြစ်သော်လည်း အရသာချင်းကတော့ မတူ။ ယင်းကြောင့်ပင် ခရီးစဉ်တစ်ခု အရသာနှစ်မျိုးကို စာအုပ်အဖြစ် စုစည်းလိုက်ခြင်းဖြစ်သည်။ မတူညီသောယဉ်ကျေးမှုကို တို့ထိလိုသူများအတွက် ရည်ရွယ်ပါသည်။ အရှိန်ယူခါစ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် သူတို့ဆီက ခရီးသွားလုပ်ငန်းက ဒီလိုပါဟုလည်း ပြောပြချင်သော ရည်ရွယ်ချက်ရှိပါသည်။”လို့ရေးသားထားပါတယ်။ တရုတ်ပြည်ရဲ့အံ့မခန်းမြို့ကြီးများအကြောင်းနဲ့ မြို့ပြဂေဟစနစ်ဆောင်ရွက်ပုံများကိုဖတ်ရှုရမှာဖြစ်ပြီး စာအုပ်တန်ဖိုး ၄၀၀၀ ကျပ်ဖြင့် နွယ်နီစာပေက ဖြန့်ချိထားပါတယ်။ (ယခု မိုးမခစာအုပ်စင်ကဏ္ဍတွင် စာအုပ်မိတ်ဆက် ဖော်ပြပေးစေလိုပါက မိုးမခစာအုပ်စင်ကဏ္ဍအတွက် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက်သွယ်နိုင်ပါသည်။)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage1. နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ -MoeMaKa

#K ငြိမ်းချမ်း (6d ago)

ဖွင့်ရန်။နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ K (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈ Artist Mano V Delhi(india)မှ စီစဉ်ပြီး နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပါဝင်ပြသတဲ့ Kumudra waves အမည်ရတဲ့ Worldwide Movement အဖြစ် ပြသတဲ့ International Art Exhibition အနုပညာပြပွဲကို ရန်ကုန်မြို့ဗိုလ်တထောင် မြို့နယ် ၄၃လမ်း(အောက်) အမှတ် ၁၀၁ ဒုထပ်ရှိ 43 Art Galler y မှာ ဇူလိုင် ၇ ရက်မှစတင်ကာ ၉ ရက်နေ့ထိအောင် ပြသ လျက်ရှိပါတယ်။ အဆိုပါ အနုပညာပြပွဲမှာ မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ မက္ကဆီကို၊ မိုရိုကို၊ ပနားမား အစရှိတဲ့နိုင်ငံများမှ အနုပညာရှင်များရဲ့လက်ရာများကို ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံမှ ပါဝင်ပြသတဲ့ ပန်းချီဆရာများကတော့ သက်နှင်း ခင်၊ ထိန်လင်း၊ မင်းသားကြီး၊ မောင်တင်ဦး၊ ရီမွန်၊ ရာဇာဝင်းရွှေ၊ အေးပွင့်သင်းတို့ဖြစ်ပါတယ်။ Kumudra waves အမည်ရတဲ့ နိုင်ငံစုံ အနုပညာလက်ရာပြပွဲကို ၃ ရက်ကြာ ပြသထားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နံနက် ၉နာ၇ီမှ ညနေ ၅နာရီထိ ပြသလျက်ရှိရာ မီဒီယာများ အနုပညာချစ်မြတ်နိုးသူများ အများပြားတက်ရောက်ကြည့်ရှုလျက်ရှိ ပါတယ်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...

<< Back