Latest KIC News!

NoImage24. ဧရာတိုင်းအဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကရင်ရေးရာဝန်ကြီး တက်ရောက်ဖွင့်လှစ် -KIC

#သတင်း (22h ago)

ဖွင့်ရန်။သြဂုတ်လ ၁၅ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၁၅ရက်)တွင် ကျင်းပပြုလုပ်သည့် အဆိုပါချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး မြို့နယ်(၂၆)မြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ပါဝင် အားဖြည့်မှုများဖြင့် ကျင်းပခဲ့ကြခြင်းလည်းဖြစ်သည်။ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မန်းလှသိန်းက “ခရစ်ယာန် အများစုက ရိုးရာမရှိဘူးလို့ ယူဆထားတာ ရှိတယ်။ ကျနော်က လည်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ပဲ။ အမှန်တော့ ဒါက ဘိုးဘွားစဉ်ဆက်ကတည်းက ဒီရိုးရာတွေကို လုပ်လာခဲ့တာပဲ။ ခုလို ပွဲကျင်းပတဲ့အခါကျတော့ ကရင်လူမျိုးအကုန်လုံးအတွက် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage23. “ပန်းမန်သစ်ခွစုံလင်လှ၊ လူမှုဘဝသာယာလှ ”အစီရင်ခံစာ ပြုစုသူနှင့် တွေ့ဆုံခြင်း -KIC

#တွေ့ဆုံမေးမြန်းခန်း (22h ago)

ဖွင့်ရန်။“ပန်းကို ခူးယူတဲ့အတွက် မြစ်ချောင်းအင်းအိုင်တွေကို ထိခိုက်တဲ့အပြင် ကျမတို့ ဆန်စပါးရဲ့လိပ်ပြာကို ယူဆောင်သွားသလို ဖြစ်ျတယ်” ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲရှိ သစ်ခွပန်းမျိုးစိတ်မျိုးစုံ သုတေသနပြုခြင်းလုပ်ငန်းကို ဒေသခံ ကရင်အမျိုးသမီး သုတေသီ ၆ဦးက ငါးနှစ်ကြာ လုပ်ဆောင်ခဲ့ပြီး ၎င်းသုတေသနပြုမှုမှ တွေ့ရှိချက်များကို မှတ်တမ်းတင် ပြုစုကာ ၂၀၁၈၊ သြဂုတ် ၉ရက်နေ့တွင် မူတြော်ခရိုင်၊ အီတူးထာ့ကျေးရွာတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်း ရင်းသားများနေ့ အခမ်းအနား၌ “ပန်းမန်သစ်ခွစုံလင်လှ၊ လူမှုဘဝသာယာလှ”ဟူသော အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံ သုတေသီ အမျိုးသမီး ၆ဦးအနက် တစ်ဦးဖြစ်သူ နော်ဆာယူအား တွေ့ဆုံမေးမြန်း ထားခဲ့ပြီး သူမအနေဖြင့် ကရင်စကားဖြင့် ဖြေကြားခဲ့သည်များကို တင်ပြလိုက်ပါသည်။ ———————————————— မေး။ ။ ကျေးဇူးပြီး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage22. မြိုင်ကြီးငူ စစ်ဘေးရှောင်မိသားစုအချို့ ဒုတိယအကြိမ် ရေဘေးကြောင့် ပြောင်းရွှေ့နေရ -KIC

#သတင်း (1d ago)

ဖွင့်ရန်။သြဂုတ် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန့််ဘွားခလိန် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ လူဦးရေ ၅,၀၀၀ကျော် ခိုလှုံနေရဆဲဖြစ်သော မြိုင်ကြီးငူ စစ်ဘေးရှောင် စ ခန်းတွင် ဒုတိယအကြိမ် ရေတက်လာသည့်အတွက် အိမ်ထောင်စုအချို့ မှာ နီးစပ်ရာ နေရာများသို့ ပြောင်းရွှေ့ နေထိုင်နေရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း ရေကြီးမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နောက် ယမန်နေ့ (သြဂုတ်လ ၁၄ ရက်) မနက်ပိုင်းမှ စတင်၍ အချို့ စခန်းနေရာများတွင် ရေများ တဖြည်း ဖြည်း ထပ်မံမြှင့်တက်လာခြင်း ဖြစ်သည်ဟု အေးလင်းမြရှင် စစ်ရှောင်စခန်း အတွင်းရေးမှူး စောအောင်ဝင်း ထွန်းက ပြောသည်။ ၎င်းက “အောက်ဘက်အဖွဲ့တွေက နိမ့်တော့ နေလို့အဆင်ပြေဘူးလေ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage21. HWF နှင့် ရွှေ့ပြောင်း ကျောင်းဆရာ၊ ဆရာမများတွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဆွေးဆွေးဖလှယ် -KIC

#သတင်း (1d ago)

ဖွင့်ရန်။သြဂုတ် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ ဖုတ်ဖရနှင့် မယ်လမတ် မြို့နယ်များမှ မြန်မာရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများနှင့် ၎င်းကျောင်းများကို အကူအညီပေး နေသည့် Help Without Frontiers-HWF တာဝန်ရှိသူတို့ ယနေ့ (သြဂုတ် ၁၅)တွင် မဲဆောက်မြို့၊ Wattana Village ဟိုတယ်၌ တွေ့ဆုံမှုပြုခဲ့ကြသည်။ HWFမှ အဓိက အကူအညီပေးနေသည့် မြန်မာရွှေ့ပြောင်း သင်ကြားရေးစင်တာ ကျောင်းပေါင်း (၁၄)ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများ၏ သင်ကြားရေးအခန်းကဏ္ဍကို အားပေးမြှင့်တင်ရန်နှင့် HWF ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရန်အပြင် လူသားချင်းဆက်ဆံရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးဖ လှယ်မှုပြုရန် တွေ့ဆုံကြခြင်းဖြစ်သည်ဟု HWF ၏ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage20. ရေကြီးမှု ထပ်မံဖြစ်ပွားသဖြင့် ဖားအံတွင် ရေဘေးစခန်း နှစ်ခုထပ်မံဖွင့်လှစ်၊ လူ ၁,၀၀၀ ကျော် ဒုတိယအကြိမ်ရေ ဘေးရှောင်နေရ -KIC

#သတင်း (1d ago)

ဖွင့်ရန်။သြဂုတ် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား ဖားအံမြို့တွင် ဒုတိယအကြိမ် ရေကြီးမှု ပြန်လည်ဖြစ်ပွားခြင်းကြောင့် ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံ ဖွင့်လှစ်ထားရပြီး ရေဘေးရှောင်ပြည်သူ ၁,၀၀၀ ဦးကျော် ထပ်မံတိုးလာသည်ဟု ကရင်ပြည်နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောသည်။ “ရေကထပ်တက်တော့ ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်ဖွင့်တယ်။ ရေဘေးရှောင်ပြည်သူတွေက ရှိရင်းစွဲ လူဦးရေကနေ နောက်ထပ် တစ်ထောင်ကျော် တိုးလာတာပေါ့။ စားနပ်ရိက္ခာအတွက်ကတော့ အလှူရှင်တွေ လှူဒါန်းထားတာ ရှိနေပါတယ်” ဟု ဦးလင်းထွဋ်က ကေအိုင်စီသို့ ယနေ့ (သြဂုတ် ၁၅ရက်) ပြောသည်။ ဖားအံမြို့တွင် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage19. ကရင့်အာဇာနည်နေ့အတွက် တာဝန်ကျေခဲ့ကြသူများ -KIC

#ဆောင်းပါး (1d ago)

ဖွင့်ရန်။စောထွန်းလင်း သြဂုတ် ၁၅၊ ၂၀၁၈။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စိန့်ပီတာစိန်ပေါလ် ဘုရားကျောင်းဝန်းခန်းမ၌ သြဂုတ် ၁၂ရက်နေ့လည်ပိုင်းတွင် ကျင်းပသည့် ကရင့်အာဇာနည်နေ့ အခမ်းအနားစင်မြင့်ထက်တွင် အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတဦး ဖြစ်သည့် စောထွန်း ထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အခမ်းအနားအတွက် ကျေးဇူးတင်စကား ပြောဆိုနေသည်။ “အားလုံးလည်း သိပါတယ်။ ကျနော်တို့ အခက်အခဲ ဖြစ်တယ်။ အကြပ်အတည်းဖြစ်တယ်။ ဒီ အခက်အခဲ၊ အကြပ်အတည်းကို ဒီမှာရှိတဲ့ တယောက်ချင်းစီတိုင်းက မပြန်ဘဲနဲ့ ဒီကနေ့က ငါတို့အောက်မေ့၊ သတိရဖို့ရာ ရှိတယ်ဆိုပြီးတော့ စောင့်ဆိုင်းနေပေး တဲ့။ ကျနော်တို့ရဲ့ ရဟန်းသံဃာများနဲ့အတူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်”ဟု သူက ဆိုသည်။ သူပြောသလိုပင် ရန်ကုန်ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပရန် အာဏာပိုင်းများ၏ ဖိအားပေးမှုကို ခံခဲ့ရပြီး အခမ်းအနား ကျင်းပရန် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage18. ငြိမ်းချမ်းလုပ်ငန်းစဉ် ပြန်လည်သုံးသပ်နိုင်ရေး KNUအနေဖြင့် အရေးပေါ်ကွန်ဂရက်ခေါ်ယူရန် IKO တိုက်တွန်း -KIC

#သတင်း (1d ago)

ဖွင့်ရန်။သြဂုတ်လ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ပြင်ဆင်တည့်မတ်သွား နိုင်ရေးအတွက် KNU-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် အရေးပေါ်ကွန်ဂရက်ခေါ်ယူရန် နိုင်ငံတကာ က ရင်အဖွဲ့အစည်း-IKOက တိုက်တွန်းပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံ၊ နီဗရာစကာပြည်နယ်၊ အိုမဟာမြို့တွင် သြဂုတ်လ ၆ ရက် မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သည့် IKO ၏ ဒုတိယ အကြိမ် ညီလာခံအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ကြေညာချက်၌ ယင်းသို့ တိုက်တွန်းအကြံပြု ထားခြင်းဖြစ်ပြီး အဆိုပါ တိုက်တွန်းအကြံပြုချက်နှင့်ပတ်သက်၍ ပြောခွင့်ရသူ မန်းအော်လန်းဒိုက ကေအိုင်စီသို့ ယခုလို ပြောသည်။ “KNU ဥက္ကဌ ကိုယ်တိုင်က ဝန်ခံထားတာ ရှိတယ်။ ငြိမ်းချမ်းရေး လုပ်တာ ချောတိုင်တက်ရသလိုပဲလို့ ပြောတယ်။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage17. အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဒုံးပြိုင်ပွဲပြီးစီး တက္ကဆက်ဒုံးအဖွဲ့ ပထမ ဆွတ်ခူး -KIC

#သတင်း (2d ago)

ဖွင့်ရန်။သြဂုတ် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား အမေရိကန် ပြည်ထောင်စု ကရင်ယဉ်ကျေးမှုအသင်း -Karen Culture Organization of USA (KCOUSA)မှ ဦးဆောင်ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ ၄ ကြိမ်မြောက် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ အောင်မြင်စွာကျင်းပခဲ့ပြီး ပထမဆုကို KCOT USA (တက္ကဆက်ပြည်နယ် ကိုယ်စားပြုဒုံးအဖွဲ့) မှ ရရှိသွားကြောင်း သိရသည်။ ယခုနှစ်အတွက် ဒုံးအကပြိုင်ပွဲများကို တက္ကဆက်ပြည်နယ် (Texas) ၊ Amarillo မြို့၌ သြဂုတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဒုံး ၉ ဖွဲ့မှ စာရင်းပေးခဲ့သော်လည်း ၅ ဖွဲ့သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ခြင်းလည်းဖြစ်သည်။ KCOUSA ဒု-အတွင်းရေးမှူး စောဖိုးထူးက […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage16. ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ခြင်း -KIC

#ဆောင်းပါး (2d ago)

ဖွင့်ရန်။မန်းအောင်ပြည်စိုး ၂၀၁၈ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ တတိယအစည်းအဝေးအပြီးတွင် စီစစ်ဝေဖန်သုံးသပ်ထောက်ပြသံများ သောသောညံခဲ့ပါသည်။ နိုင်ငံရေးသုတေသီများ၊ အသိ ပညာရှင်များ၊ စာရေးဆရာကြီးများနှင့် လူမှုမီဒီယာ အသီးသီးမှ ပုဂ္ဂိုလ်များသည် ကဲ့ရဲ့ရှုတ်ချသံ၊ ချီးမွမ်းထောပနာပြုသံတို့ဖြင့် ဘက်ပေါင်းစုံ၊ ရှုထောင့်မျိုးစုံမှ ရေးသားဝေဖန်သုံးသပ်ခဲ့ကြပါသည်။ KNU-ကရင်အမျိုးသားအစည်းအရုံး၏ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးအဖြစ် အဆိုပါငြိမ်းချမ်းရေးညီလာခံသို့ တရားဝင် တက်ရောက်ခွင့်ရခဲ့သော စာရေးသူ၏ ရင်ထဲ၌လည်း ဖွင့်ဟ အန်ချချင်သော အကြောင်းချင်းရာ မြောက်မြားစွာရှိနေသည့်အထဲမှ အချို့ကို တင်ပြပါရလျှင်- အစည်းအဝေး၏ ပထမဖွင့်ပွဲနေ့ (၁၁.၇.၂၀၁၈)နံနက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲများဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကလည်းကောင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူစေးဖိုးကလည်းကောင်း၊ ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဒေါ်အေး နုစိန်ကလည်းကောင်း […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage15. ဟင်္သာတ ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပသူ ၅ ဦးကို အရေးယူရန်စီစဉ် -KIC

#သတင်း (2d ago)

ဖွင့်ရန်။သြဂုတ်လ ၁၃ ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန် ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီ (KPP)ရုံး၌ သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့်အတွက် ဦးဆောင်သူ ၅ဦးကို အာ ဏာပိုင်များက ရပ်ကျေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။ ယမန်နေ့က ကရင့်အာဇာနည်နေ့ အခမ်းအနားကို မပြုလုပ်ရန် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးမှ တားမြစ်ခြင်း များရှိသော်လည်း အောင်မြင်စွာပြုလုပ်ခဲ့ပြီးနောက် ဦးဆောင်ကျင်းပသူ ၅ဦးကို အာဏာပိုင်များက ယနေ့ (သြဂုတ်လ ၁၃ ရက်) ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ယခုလို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။ ၎င်းက“အဲ့ဒီအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကို တင်ပြတာက […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage14. စောဘဦးကြီး မူ ၄ချက် အဖိနှိပ်ခံတိုင်းရင်းသားများအတွက် တော်တည့်မှန်ကန်ဆဲဟု ANC ပြောဆို -KIC

#သတင်း (2d ago)

ဖွင့်ရန်။သြဂုတ် ၁၃ ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်သည် မျက်မှောက်ကာလထိတိုင် အဖိနှိပ်ခံ တိုင်းရင်းသားများအတွက် တော်တည့်မှန်ကန်သည့် လမ်းစဉ်အဖြစ် အသုံးဝင်နေဆဲဖြစ်သည်ဟု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) က သြဂုတ် ၁၂ရက် နေ့တွင် ပေးပို့သည့် ၆၈နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အတွက် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။ ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်မှာ လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက် ထဲတွင် ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်နှင့် ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် တို့ဖြစ်ပြီး ၎င်းမူ ၄ ချက်ကို ၁၉၅၀ခုနှစ်၊ ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်နေ့ အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကျင်းပခဲ့သော ကရင်အမျိုးသားညီ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage13. “အမျိုးသားတော်လှန်ရေးသမား” တချို့ရဲ့ ဆင့်ကဲဖြစ်စဉ် -KIC

#ဆောင်းပါး (3d ago)

ဖွင့်ရန်။မောင်ကျော်စွာ (၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၂ရက်) (KIC)ဝက်ဘ်ဆိုဒ်မှာ သြဂုတ်လ ၇ရက်၊ နေ့စွဲနဲ့ “စောရှား” ရေးတဲ့ သတင်းဖတ်ရပါတယ်။ သတင်းခေါင်းစီးက “NCA ထိုး တိုင်းရင်းသား ၆ဖွဲ့ နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီတည်ထောင်မည်”ဟူ၍ ဖြစ်ပါတယ်။ “နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့်ကုမ္ပဏီ တည်ထောင်မည်”ဆိုတဲ့ စကားစုထဲက “နိုင်ငံတော်အဆင့်” ဆိုတဲ့စကားရပ်က ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ လုပ်ငန်း အတိုင်းအတာပမာဏ ဘယ်လောက်ကြီးမားကျယ်ပြန့်မယ် ဆိုတာကို ဖော်ပြနေပါ တယ်။ တနည်းအားဖြင့် ငွေလုံးငွေရင်း အမြောက်အများ လက်ဝယ်ရှိနေသူတွေကို အချက်ပြလိုက်တဲ့သဘော ညှို့ငင်ခေါ်ယူလိုက်တဲ့ သဘောလည်း ပါပုံရပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ ပထမတစ်ချက်က “နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့်ကုမ္ပဏီ တည်ထောင်မယ်” ဆို တာ တော်ရုံတန်ရုံ ငွေကြေးအရင်းအနှီးရှိရုံမျှနဲ့ လုပ်ဆောင်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ လုပ်ငန်းစီမံလည်ပတ်မှုဆိုတဲ့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage12. ကရင့်အာဇာနည်များ၏ ဆန္ဒအတိုင်း ဆက်လျှောက်ရန် ကရင်ရေးရာ ဝန်ကြီးတိုက်တွန်း -KIC

#သတင်း (3d ago)

ဖွင့်ရန်။သြဂုတ် ၁၃ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ ကရင့်အာဇာနည်ခေါင်းကြီးများ၏ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း ဆက်လျှောက်လှမ်းကြရန် သြဂုတ် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ပထမဦးဆုံး အကြိမ် ကျင်းပသည့် ၆၈ ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား၌ မွန်ပြည်နယ် ကရင် တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ယခုလို တိုက်တွန်းပြောဆိုသည်။ ၎င်းက “ကိုယ့်ကိုယ်ကို ကရင်လို့ မသိတသိဖြစ်တဲ့သူတွေကိုလည်း ပြန်ပြီးဆွဲခေါ်ပေးပါ။ ကရင်တွေအကုန်လုံး စည်းလုံးညီညွတ်စွာနဲ့ ကရင်အမျိုးသားအရေးတွေကို အနာဂတ်ပိုမိုထွန်းလင်းတောက်ပလာဖို့ တိုင်းပြည်ကြီး ပိုမို လှပဖို့အတွက် ကျရာအခန်းကဏ္ဍမှာ ပါဝင်ထမ်းရွက်ကြပါ။ ကရင်ခေါင်းဆောင်ကြီးများရဲ့ကျေးဇူး ဖြစ်စေချင်တဲ့ ဆန္ဒမျိုးဖြစ်အောင် ဆက်လက်လျှောက်လှမ်းကြပါ” ဟု ကရင်အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာ သူများကို တိုက်တွန်းပြောဆိုသည်။ ကရင်များသည် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage11. အာဇာနည်များ၏ ရည်မှန်းချက် ပြည့်ဝရေး စည်းလုံးကြရန် လိုအပ်ပြီဟု KNU တိုက်တွန်း -KIC

#ပြည်တွင်း (3d ago)

ဖွင့်ရန်။သြဂုတ်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ အာဇာနည်များ၏ ရည်မှန်းချက်များ ပြည့်ဝရန် ကရင်အမျိုးသားများအားလုံး စည်းလုံးညီညွတ်ရန် လိုအပ်ပြီဟု ယနေ့ (သြဂုတ်လ ၁၂ရက်) KNU၊ တပ်မဟာ(၇)ဌာနချုပ်၌ ကျင်းပသည့် (၆၈)နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် KNU-ကရင်အမျိုးသား အစည်းအရုံး ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။ ကျဆုံးသွားသည့် တော်လှန်ရေးခေါင်းဆောင်၊ ရဲဘော်ရဲဘက်နှင့်ပြည်သူလူထုများ၏ ရည်မှန်းချက်ဖြစ်သော လွတ်လပ်သည့် လူမျိုးတစ်မျိုးအနေဖြင့် တန်းတူညီတူအခွင့်အရေးအပြည့်အဝရရှိစေရန် ကျန်ရှိနေသည့် တော်လှန်ရေးခေါင်းဆောင်၊ ရဲဘော်နှင့် ကရင်တစ်မျိုးသားလုံးအတူတကွ စည်းလုံးညီညွတ်စွာအကောင် အထည်ဖော်သွားရန် KNLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဂျော်နီက ယခုလို တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ဒီကနေ့ကစပြီး ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက် တစ်မျိုးသားလုံးရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတွက် တစ်မျိုးသားလုံးစုစည်းဖို့လိုပြီ။ အချင်းချင်း အရင်လို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage10. ကရင့်အာဇာနည်နေ့ အခမ်းအနား တားဆီးခံရမှု ပဒိုမန်းငြိမ်းမောင်နှင့် မေးမြန်းခြင်း -KIC

#ပြည်တွင်း (3d ago)

ဖွင့်ရန်။“ဒီလိုလုပ်တာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို စော်ကားတာနဲ့ တူတူပဲ။ ကရင်တစ်မျိုးသားလုံးကို စော်ကားတာ ဖြစ်တယ်။ ဒီဟာကတော့ ဒီအကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်။” ယနေ့ (သြဂုတ်လ ၁၂ ရက်) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကျင်းပသည့် ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို မပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များမှ ပိတ်ပင်တားမြစ်မှုများရှိခဲ့ သည့်အတွက် ယင်းအခမ်းအနားတွင် ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး (ဗဟို) မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံလည်းဖြစ်၊ KNU ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ မေး။ ။ ဒီနေ့ဟင်္သာတမှာ ပြုလုပ်တဲ့ ၆၈ နှစ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနား ပိတ်ပင်တားဆီး ခံခဲ့ရတဲ့ အခြေအနေလေး ပြောပြပေးပါလား။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage9. ခြိမ်းခြောက်မှုများကြားက ကျင်းပရသည့် ဟင်္သာတမြို့နယ် ကရင်အာဇာနည်နေ့ အခမ်းအနား -KIC

#ပြည်တွင်း (3d ago)

ဖွင့်ရန်။သြဂုတ်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန် ယနေ့ (သြဂုတ် ၁၂ရက်) ကျရောက်သည့် (၆၈)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဧရာဝ တီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီရုံး၌ ကျင်းပရာ အာဏာပိုင်များ၏ ခေါ်ယူသတိပေး ခြင်းခံရမှုနှင့် ခြိမ်းခြောက်မှုများကြားမှ ကျင်းပပြုလုပ်ခဲ့ရကြောင်း ကျင်းပရေး တာဝန်ရှိသူများထံမှ သိရ သည်။ ဟင်္သာတမြို့နယ်အတွင်း ကရင့်အာဇာနည်နေ့အား ထိုသို့ အခက်အခဲများကြားမှ ကျင်းပရသည့် အခြေအနေများနှင့်ပတ်သက်ပြီး အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သည့် ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောကျော်ကြီးက ကေအိုင်စီသို့ ယခုလို ပြောသည်။ ၎င်းက “ ပွဲစတာကနေစပြီး အကြိမ်ကြိမ်လာတားခံထိတယ်။ ၁၁ ရက်နေ့ကဆို ခရိုင်ရုံးကို ခေါ်တွေ့တယ်။ ညကဆိုရင် အခြိမ်းခြောက်ခံရတယ်။ ကရင်အာဇာနည်နေ့ဆက်လုပ်ရင် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage8. ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ ဖားအံတွင်ပြုလုပ် -KIC

#သတင်း (4d ago)

ဖွင့်ရန်။သြဂုတ် ၁၂ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ သြဂုတ်လ ၁၂ ရက်(ယနေ့)တွင် ကျရောက်သည့် ၆၈ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ကို ဖားအံမြို့ရှိ သုမေဓာရာမ ကြားတောရ ကျောင်းတိုက်တွင် ယနေ့ပြုလုပ်ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင် တပ်ဖွဲ့ များဖြစ် သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကရင်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအပါအ၀င် ဒေသခံလူထု ၅၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ဖားအံမြို့ရှိ သုမေဓာရာမ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခု အကြိမ်အပါအ၀င် ၃ ကြိမ်မြောက်ရှိပြီဖြစ်သည်ဟု သိရသည်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage7. ရေဘေးပြည်သူအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်လံအလှူခံ -KIC

#သတင်း (4d ago)

ဖွင့်ရန်။သြဂုတ် ၁၁ ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ်များတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အ လုပ်သမားအချို့နှင့် မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ (JACBA) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်များအတွက် အလှူငွေ လိုက်လံကောက် ခံမှုများ လုပ်ဆောင်လျက်ရှိသည်။ ယခင်လ ဇူလိုင်လမှ ယခု သြဂုတ်လထိ မဲဆောက်အပါအဝင် မဲ့ရမတ် နှင့် ဖုတ်မရမြို့ နယ်များတွင် လိုက်လံ အလှူခံခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ ထိုင်းဘတ်ငွေ ၆သောင်း ( မြန်မာကျပ်ငွေ ၂၆ သိန်း)ကျော် ရရှိနေပြီးဖြစ်ကြောင်း JACBA ဥက္ကဌ ဦမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။ “ ဆောက်လုပ်ရေးပါတယ်။ စိုက်ပျိုးရေးပါတယ်။ စက်ရုံပါတယ်။ အဲဒီ အလုပ်သမားတွေက နေပြီးတော့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage6. ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ -KIC

#ဆောင်းပါး (4d ago)

ဖွင့်ရန်။၁၉၅၀ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ နှင့် အပေါင်းပါတို့ တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း အာဇာနည် ပီသစွာ ကျဆုံးသွားရသည့်နေ့ ဖြစ်သည်။ စောဘဦးကြီးကို ဧရာဝတီတိုင်းရှိ ပုသိမ်မြို့မှ မိုင် ၄၀ခန့်ကွာဝေးသော “ဘဲဂယက်”ရွာ၌ ၁၉၀၅ခုနှစ်က မွေးဖွားခဲ့ဖြစ်ပြီး ဖခင်မှာ စောသာမြတ်ကြီး ဖြစ်သည်။ သူသည် ကေအဲန်ယူ ဥက္ကဌ ဖြစ်လာပြီးနောက် မကျဆုံးမီ အမျိုးသားညီလာခံကို ၁၉၅၀ခုနှစ်၊ ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ဦးဆောင်ကျင်းပခဲ့သည်။ ထိုညီလာခံ၌ ဘဦးကြီးမူ လေးချက်ကို တရားဝင် ရေးသားခဲ့ပြီး ၎င်းအချိန်က မော်ချီးရှိ ကော်သူးလေ အသံလွှင့်ဌာနမှ ကြေညာလေသည်။ ၎င်းမူ (၄)ချက်မှာ ……. ၁။ လက်နက်ချစကား အလျဉ်းမပြောရ ၂။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage5. ဘုရားသုံးဆူ-သံဖြုဇရပ် ဆက်သွယ်ထားသည့် လမ်းမကြီးပျက်စီး ဆင်များသုံးပြုသွားလာနေရ -KIC

#ပြည်တွင်း (4d ago)

ဖွင့်ရန်။သြဂုတ် ၁၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြုဇရပ် မြို့သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးသည် ယခုရက်ပိုင်းအတွင်း မိုးရွာမှုကြောင့် လမ်းပျက်စီးနေပြီး ဆင်များ အသုံးပြုကာ သွားလာနေရသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။ အဆိုပါ လမ်းမကြီးပေါ် အချို့နေရာများတွင် ချိုင့်ခွက်များ၊ ဗွက်အိုင်များနက်လာသည့် အတွက် ကားသေးလေး များသွားလာရန် အဆင်မပြေသလို ဆင်များဖြင့် ကားဆွဲခြင်းနှင့် လမ်းဘေးဝဲယာရှိ ဒေသခံများ၏ တောင်ယာခြံ ထဲသို့ ကွေ့ရှောင် မောင်းနှင်သွားလာနေရသည်ဟု ဒေသခံများက ယခုလိုပြောသည်။ ဘုရားသုံးဆူမြို့ခံ စောဘုန်းက “ လေးဖိုးရွာအကျော်နားမှာ လမ်းမလယ်ဗွက်အနက်ကြီး ဖြစ်သွားတယ်။ သူများ တောင်ယာခြံထဲကနေ ဖြတ်သွားနေရတယ်။ ခြံရှင်သဘောကျလား၊ မကျလားလည်း မပြောတတ်တော့ဘူး။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage4. ကူကီးလူမျိုးများအပေါ် သမိုင်းဖျောက်ဖိနှိပ်ခံရမှု အစီရင်ခံစာထုတ်ပြန် -KIC

#ပြည်တွင်း (5d ago)

ဖွင့်ရန်။...
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage3. ကရင်ဌာနေတိုင်းရင်းသားပြည်သူများ၏အခွင့်အရေးအပေါ် လေးစားအသိအမှတ်ပြုရန်တောင်းဆို -KIC

#ပြည်တွင်း (5d ago)

ဖွင့်ရန်။...
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage2. ကရင်အမျိုးသမီးများဦးဆောင်၍ တောတွင်းသစ်ခွပန်းမျိုးစိတ်ရာချီ သုတေသနပြုဖော်ထုတ် -KIC

#ပြည်တွင်း (5d ago)

ဖွင့်ရန်။...
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage1. ရေကြီးမှုကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအတွက် မျိုးစေ့ တင်း ၃,၀၀၀ အခမဲ့ စတင်ဖြန့်ဝေ -KIC

#သတင်း (6d ago)

ဖွင့်ရန်။သြဂုတ် ၁၀ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအတွက် အချိန်မှီ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် အရံမျိုးစပါး တင်း ၃,၀၀၀ ကို တောင်သူလယ်သမားများထံ ယနေ့ စတင်ဖြန့်ဝေပေးနေပြီးဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က သြဂုတ် ၁ဝ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။ ၎င်းက “ပြည်နယ်မှာ ရေကြီးနစ်မြှုပ်သွားတဲ့လယ်တွေ မိုးစပါးအစားထိုးပြန်လည်စိုက်ပျိုးနိုင်ဖို့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ စုဆောင်းထားတဲ့ အရံမျိုးစပါးတင်း ၃,ဝဝဝ မြို့နယ်အလိုက် အခမဲ့ ခွဲဝေပေးတယ်။ ခန့်မှန်းခြေ မျိုး စပါး တင်း ၇,ဝဝဝ လိုမယ်။ လိုအပ်မယ့်မျိုးစေ့တွေကို ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရ၊ ဆန်စပါး အသင်း ထံ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...

<< Back