Latest DigitalTimes News!
NoImage58. Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း -DigitalTimes
#ASUS (09h ago)
ဖွင့်ရန်။Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။ အလွန်လှပပြီး ကမ္ဘာ့ ခေတ်အမှီဆုံး လက်တော့လို့တောင်ပြောနိုင်ပါတယ်။ ဒီဇိုင်း ZenBook 3 ရဲ့ ဒီဇိုင်းဟာ Asus အင်ဂျင်နီယာများရဲ့ ကျွမ်းကျင်မှုကို ပြသနေပါတယ်။ ၁၁.၉ မီလီမီတာသာ အထူရှိပြီး ကမ္ဘာ့ အကျစ်လစ်ဆုံးလက်တော့ပါ။ အရွယ်အစားပြည့် ကီးဘုတ်ထဲ ထည့်သွင်းဖို့အတွက် အစွန်းဘက်များမှာ ၂.၁ မီလီမီတာ အထူသာ ရှိအောင် ဖန်တီးထားပါတယ်။ စွမ်းရည်မြင့် စပီကာ လေးလုံးပါ အသံစနစ်ကို Harman […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage57. Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ -DigitalTimes
#Mobiles & Tablets (11h ago)
ဖွင့်ရန်။[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845 ကိုသုံးထားမှာဖြစ်ပြီး RAM 4GB, storage 64GB ပါ။ XZ2 ရဲ့ display ကတော့ 5.7-inch ရှိပြီး XZ2 Compact ကတော့ 5-inch ပါ။ ၂မျိုးလုံးမှာ FHD+, 18:9 screen Gorilla Glass 5 ကိုသုံးထားမယ်လို့သိရပါတယ်။ Fingerprint scanner တွေကတော့ ကျောဘက်ကိုရောက်သွားတဲ့အတွက် ဒီဇိုင်းကတော့ပြောင်းသွားပါပြီ။ နားကြပ်ပေါက်ပါမပါတော့မသိရသေးပါဘူး။ ကင်မရာတွေနဲ့ပတ်သတ်ပြီးတော့လည်း […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage56. Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း -DigitalTimes
#Camera (12h ago)
ဖွင့်ရန်။[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့ X-A5 က အသေးဆုံး၊ အပေါ့ဆုံး Mirrorless ဒီဂျစ်တယ်ကင်မရာလေးပါ။ X-A5 မှာ X စီးရီးတွေရဲ့အားသာချက် Color Production နည်းပညာ၊ 24MP ကင်မရာ sensor ၊ ရိုက်ပြီးသားပုံတွေကိုအလွယ်ပြန် share နိုင်ဖို့ Bluetooth, 180 ဒီဂရီထိလှည့်ချိန်နိုင်လို့ ဆယ်လ်ဖီပုံတွေပါရိုက်နိုင်တဲ့ LCD Touch Screen, 15fps ရှိတဲ့ 4K တွေဗီဒီယိုရိုက်ကူးနိုင်စွမ်း၊ တစ်ခါအားသွင်းထားရင် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage55. 4.2 inch Display နဲ့ WWDC ပွဲမှာမြင်တွေ့ရမယ့် iPhone SE 2 -DigitalTimes
#Apple (14h ago)
ဖွင့်ရန်။[Zawgyi] ဒီနှစ်မှာ Apple ဆီက စိတ်ဝင်စားစရာကောင်းနေတဲ့သတင်းက Apple တန်ဖိုးသင့်ဖုန်းတစ်လုံးရဲ့ နောက်ဆက်တွဲဖုန်း ထွက်မထွက်ဆိုတဲ့မေးခွန်းပါ။ အဲ့ဒီဖုန်းလေးမိတ်ဆက်ခဲ့ချိန်က ခုဆိုရင် ၂နှစ်တောင်ပြည့်တော့မှာပါ။ သူ့ရဲ့နောက်ဆက်တွဲဖုန်းလေးဆက်ထွက်လာမယ်လို့ အတွင်းသတင်းတစ်ချို့ကနေသိရပေမယ့်လည်း တချို့က စက်တင်ဘာလမှာထွက်မယ့် ထိပ်တန်း iPhone တွေအတွက်ကြိုးစားဖန်တီးနေဆဲဖြစ်လို့ ထွက်လာမှာမဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။ ခုတော့ iPhone SE 2 လေးကို ဇွန်လအစောပိုင်းလောက်မှာကျင်းပမယ့် WWDC 2018 ပွဲမှာတွေ့မြင်ရတော့မယ်လို့ သတင်းတွေထွက်လာပါပြီ။ အရင် iPhone SE တုန်းက 4-inch display နဲ့ Apple A9 SoC တွေကိုသုံးခဲ့ပြီး ဒီတစ်ခေါက် iPhone SE 2 မှာတော့ 4.2-inch display နဲ့ A10 SoC, RAM 2GB, Second-generation […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage54. Xiaomi ပစ္စည်းတွေကို တကယ်ကြိုက်လို့သုံးစွဲတဲ့ ပဲရစ်စ်ဟီလ်တန် -DigitalTimes
#NEWS (15h ago)
ဖွင့်ရန်။[Zawgyi] သောကြာနေ့ကပဲ New York Fashion Week ကျင်းပခဲ့ပြီး ကိုယ့်အချစ်တော် ဖက်ရှင်ဘုရင်တွေဘုရင်မတွေအများအပြားလည်း ပါခဲ့ပါတယ်။ Paris Hilton ဆိုလည်းဒီဇိုင်နာလက်ရာဝတ်စုံနဲ့ တက်ရောက်ခဲ့ပြီး Bryan Boy ဆိုလည်း အနက်ရောင် vinyl ဘောင်းဘီ၊ စူပါမော်ဒယ်လ် Alla Kostromichova ဆိုလည်း ရွှေရောင် jumpsuit လေးနဲ့တက်ရောက်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာတစ်ခုက သူတို့အားလုံး တိုက်တိုက်ဆိုင်ဆိုင်ပဲ Xiaomi Mi Power Bank Pro နဲ့ဓာတ်ပုံရိုက်ခဲ့ကြတာပါ။ Influencer marketing ဆိုတာက ကုမ္ပဏီကြီးတစ်ခုကနေ သူတို့ကုန်ပစ္စည်းတွေကို နာမည်ကြီးဆယ်လီတွေနဲ့ဓာတ်ပုံရိုက် ကြော်ငြာပြီး  အရောင်းမြှင့်တင်တာမျိုးပါ။ အဲ့ထဲမှာမှ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီး Influencer ဘုရင်မကတော့ Kim Kardashian ပါ။ သူ့ရဲ့ Instagram ပို့စ်တစ်ခုမှာ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage53. Qualcomm Snapdragon 800, 600, 400 နဲ့ 200 စီးရီးတွေရဲ့ကွာခြားချက်များ -DigitalTimes
#Chipset (17h ago)
ဖွင့်ရန်။တကယ်လို့ တက်ဘလက်တစ်လုံး ဒါမှမဟုတ် စမတ်ဖုန်းတစ်လုံးဝယ်ခဲ့လို့ အထဲမှာ Qualcomm Snapdragon chipset ကိုသုံးထားတယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် Snapdragon ထဲမှာမှ Snapdragon 800, 600, 400 နဲ့ 200 ဆိုပြီး စီးရီးတွေကွဲသေးတာမို့ ဒီစီးရီးတွေမှာ ဘာတွေများကွဲပြားသွားလဲ ဘာတွေအားသာသွားလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။ PC တွေ လပ်တော့ပ်တွေလိုပဲ မိုဘိုင်းပစ္စည်းတွေရဲ့အသက်ကလည်း Processor ပါ။ Snapdragon processor စီးရီးတစ်ခုစီတိုင်းက စွမ်းအင်အသုံးပြုမှုနဲ့ စွမ်းဆောင်ရည်ကို အကောင်းမွန်ဆုံးမျှတအောင် ချိန်ကိုက်ပေးထားပါတယ်။ ဒါဆို သူ့ရဲ့စီးရီးတစ်ခုချင်းစီကို နှိုင်းယှဉ်ပြီး ဘယ်လိုဖုန်းတွေ device မျိုးတွေမှာ ဘယ်လိုစီးရီးမျိုးတွေသုံးသွားလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။ Qualcomm Snapdragon 800 series Snapdragon 800 စီးရီးတွေကတော့ Qualcomm ရဲ့ ထိပ်တန်းအကောင်းဆုံး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage52. အမိုက်စား Gaming စမတ်ဖုန်းတစ်လုံးထုတ်မယ့် Xiaomi -DigitalTimes
#Gaming (19h ago)
ဖွင့်ရန်။[Zawgyi] Gaming စမတ်ဖုန်းတွေရဲ့ခေတ်ကိုရောက်လာပြီလို့ပြောရအောင် နည်းနည်းတော့စောနေသေးပေမယ့် မကြာခင်ကာလမှာတကယ်ရောက်လာတော့မှာပါ။ Razor ကနေ Razor ဖုန်းကိုထုတ်လိုက်ပြီး အခုတော့ တရုတ်နိုင်ငံရဲ့စူပါစတားဖြစ်တဲ့ Xiaomi ကလည်း Gaming စမတ်ဖုန်းပိုင်းကိုရောက်လာတော့မှာပါ။ နာမည်ကြီး benchmark စာရင်း AnTuTu မှာပေါက်ကြားလာခဲ့တာတော့ “Blackshark” လို့နာမည်ဝှက်ပေးထားတဲ့ Xiaomi ရဲ့ ဖုန်းတစ်လုံးကတော့ အမှတ် “270,680” တောင်ရထားပါတယ်။ ဒါဆိုရင် Razor ဖုန်းရခဲ့တဲ့အမှတ်ထက် “100,000” တောင်ပိုများနေပြီး benchmark စာရင်းထဲက အမှတ်အများဆုံးတွေထဲက တစ်လုံးလို့တောင် ပြောလို့ရပါတယ်။ Android 8.0 Oreo, Qualcomm Snapdragon 845, Adreno 630, RAM 8GB, Storage 32GB စတဲ့ အသင့်တော်ဆုံး hardware တွေကိုသုံးထားတဲ့အတွက် စွမ်းရည်မြင့်တဲ့ဂိမ်းဖုန်းတစ်လုံးဖြစ်မယ်ဆိုတာတော့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage51. ကမ္ဘာ့ ပထမဆုံး Android မောင်းနှင်တဲ့ Scooter -DigitalTimes
#Android (20h ago)
ဖွင့်ရန်။ပြင်သစ် ကုမ္ပဏီ Archos က စမတ်ဖုန်း၊ တက်ဘလက်နဲ့ ဒရုန်းများအထိတောင် ထုတ်လုပ်ရောင်းချနေတဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပါတယ်။ အခုတော့ သူက ကမ္ဘာ့ ပထမဆုံး Android မောင်းနှင်တဲ့ Scooter ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Citee Connect ဖြစ်ပါတယ်။ Scooter မှာ Multimedia  များကို ကြည့်ရှုခံစားနိုင်တဲ့ Dashboard ပါပါတယ်။ သူ့မှာ စမတ်ဖုန်းမှ ဖန်ရှင်များ အားလုံးပါပါတယ်။ သူက တုန်ခါမှုနဲ့   ဆိုးရွားတဲ့ ရာသီဥတုများကို ခံနိုင်ရည် ရှိပါတယ်။ Citee Connect ရဲ့ စကရင်ဟာ ၅ လက်မ အရွယ်ရှိပြီး Handlebars အကြားမှာ တပ်ဆင်ပေးထားပါတယ်။ သူ့ကို Quad-Core Processor […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage50. Samsung က ကမ္ဘာ့ ပထမဆုံး 30TB SSD ကို ပြသ -DigitalTimes
#HUBS (21h ago)
ဖွင့်ရန်။  လွန်ခဲ့တဲ့ နှစ်နှစ်က ဆမ်ဆောင်းဟာ ပမာဏအလွန်ဝင်ဆန့်တဲ့ 15TB SSD ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ သူ့ထက် နှစ်ဆ ပမာဏ ပိုမို ၀င်ဆန့်တဲ့ SSD ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ PM1643 ဖြစ်ပြီး 30TB အထိ ၀င်ဆန့်ပါတယ်။ သူ့ကို V-NAND Chips နည်းပညာအပေါ် အခြေပြု၍ တည်ဆောက်ထားပါတယ်။   Drive အသစ်ရဲ့ Read Speed မှာ တစ်စက္ကန့်လျှင် 2100MB ဖြစ်ပြီး Write Speed မှာ တစ်စက္ကန့်လျှင် 1700MB ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်မျိုးကို ရရှိဖို့အတွက် ဆမ်ဆောင်းက 40GB DRAM ပါတဲ့ Through Silicon […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage49. Hyperloop အတွက် ခွင့်ပြုချက်ရသွားတဲ့ Elon Musk -DigitalTimes
#NEWS (1d ago)
ဖွင့်ရန်။  SpaceX နဲ့ Tesla တို့ကို တည်ထောင်ထားတဲ့ Elon Musk ဟာ လှိုဏ်ခေါင်းအတွင်းကနေ Tube ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးတဲ့ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေး စနစ် အတွက် Boring Company ကို တည်ထောင်ထားပါတယ်။ အခုတော့ ၀ါရှင်တန် ဒီစီကနေ နယူးယောက် စီးတီးကို ပြေးဆွဲမယ့် Hyperloop အတွက် အာဏာပိုင်များက Boring  Company ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။   ဒါပေမယ့် ကုမ္ပဏီဟာ Hyperloop ကို တည်ဆောက်ဖို့ ခွင့်ပြုချက် မရသေးဘဲ လှိုဏ်ခေါင်းတူးဖို့နဲ့ အစောပိုင်း ပြင်ဆင်မှုများကိုသာ ပြုလုပ်ခွင့်ရထားပါသေးတယ်။ ၀ါရှင်တန် နိုမာဒေသမှ ကားပါကင်အဟောင်းနေရာမှာ Hyperloop ပြေးလမ်းတည်ဆောက်ဖို့အတွက် ပြင်ဆင်မှုများကို ပြုလုပ်မှာ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage48. သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ -DigitalTimes
#FEATURES (1d ago)
ဖွင့်ရန်။  Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက  သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့ Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။   Mozilla Firefox   Firefox မှာ Browser Extensions တွေ ရဲ့ Memory Usage ကိုသိနိုင်ဖို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage47. Xiaomi Redmi Note 5 Pro ရဲ့ အလန်းစား benchmark ရလဒ်များ -DigitalTimes
#Mobiles & Tablets (1d ago)
ဖွင့်ရန်။[Zawgyi] Xiaomi ကနေ Redmi Note 5 Pro ကိုမိတ်ဆက်ခဲ့ပြီး သူ့ရဲ့အဓိကအားသာချက်ကတော့ Qualcomm Snapdragon 636 ကိုပထမဆုံးသုံးထားတဲ့စမတ်ဖုန်းဖြစ်နေတာပါ။ Snapdragon 660 လိုပဲ Snapdragon 636 ကလည်း 14nm process ပေါ်မှာအခြေခံတည်ဆောက်ထားပြီး mid-range ဖုန်းတွေအတွက် Kryo cores တွေကိုသုံးထားပါတယ်။ ဒီ chipset မှာတော့ Kryo 260 core ၈ခုသုံးထားပါတယ်။ Kryo 260 ကတော့ clock-speed 1.8 GHz နဲ့ Cortex A73 core ၄ခု၊ စွမ်းအင်ချွေတာပေးနိုင်တဲ့ clock-speed 1.6 GHz ရှိတဲ့ Cortex A53 core ၄ခု၊ GPU […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage46. ရောင်စုံသက်တန့်ပန်းသီး logo အတွက် trademark တင်လိုက်တဲ့ Apple -DigitalTimes
#Apple (1d ago)
ဖွင့်ရန်။[Zawgyi] Apple ကတော့ USPTO (United State Patent and Trademark Office) မှာ သူ့ရဲ့အနားယူသွားခဲ့ပြီဖြစ်တဲ့ ရောင်စုံသက်တန့်ရောင် ပန်းသီး logo အမှတ်အသားကို ကာကွယ်ဖို့အတွက် trademark တင်ထားပါတယ်။ ဒီ ရောင်စုံပန်းသီးလေးက ပထမဆုံး original Apple iPhone တွေမိတ်မဆက်ခင် အနှစ်၃၀လောက်ကတည်းကဖြစ်တဲ့ 1977 ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ logo လေးပါ။ ၂၂ နှစ်အကြာမှာမြုပ်ကွယ်သွာပြီးတဲ့နောက် အခု ဒီဇင်ဘာကမှ US မှာ trademark အမှတ်အသားကို ကာကွယ်ဖို့အတွက် trademark ပြန်တင်ထားတာပါ။ Apple တင်ထားတဲ့ trademark မှာတော့ ဒီ rainbow logo လေးကို ဦးထုတ်တွေနဲ့ အဝတ်အစားအတွက်သုံးဖို့တင်ထားတာပါ။ ဒါက Apple အနေနဲ့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage45. ဘတ်ဂျတ်ဖုန်း HTC Desire12 ရဲ့ ထွက်ရှိလာတဲ့ specification လေးများ -DigitalTimes
#HTC (1d ago)
ဖွင့်ရန်။[Zawgyi] အရင်တစ်ပတ်ကပဲ HTC ကနေ Desire စီးရီးအတွက် ထွက်ရှိလာနိုင်တဲ့ ဘတ်ဂျတ်ဖုန်းသစ်တစ်လုံးအကြောင်း ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့နာမည်ကိုတော့ HTC Desire 12 လို့နာမည်ထွက်ခဲ့ပြီး အခုတော့ ၁၀၀% လုံးဝအမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပါပြီ။ ဖုန်းရဲ့ ဘူးခွံပေါ်ကနေသိလိုက်ရတဲ့ entry-level စမတ်ဖုန်းရဲ့ specification လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘူးခွံပေါ်မှာပါတဲ့အတိုင်း HTC Desire 12 မှာ 64bit quad-core MediaTek chipset ကိုသုံးထားပြီး RAM 3GB, 32GB storage ကိုသုံးထားမှာပါ။ 5.5-inch, 18:9 aspect ratio display ကိုမှ resolution က 720×1,440 (HD+) သုံးထားပါတယ်။ ကျောဘက် 12MP ကင်မရာက 1080p […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage44. Stock Android နဲ့ Custom ROM တို့ရဲ့အားသာချက်အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်း -DigitalTimes
#FEATURES (1d ago)
ဖွင့်ရန်။[Zawgyi] Stock Android နဲ့ Custom ROM ဘယ်ဟာက ပိုကောင်းတယ် ပိုအားသာတယ်ဆိုတာ ခုချိန်ထိ အငြင်းပွားကြဆဲပါပဲ။ သင်သာဆိုရင်ရော သပ်ရပ်သန့်ရှင်းတဲ့ OS လား? Feature တွေအများကြီးပါတဲ့ OS ကိုရွေးမလား? ပြန်ပြောင်းပြောရရင် ၂၀၁၂ ခုနှစ်ဟာ Google က သူ့ရဲ့ ပထမဆုံးတက်ဘလက် Nexus 7 ကို Android 4.1 Jelly Bean နဲ့မိတ်ဆက်လိုက်တဲ့အချိန်ပါ။ Pure Android ဖြစ်လို့ ရှင်းလင်းတဲ့ OS ဖြစ်ပေမယ့် feature တွေမစုံနိုင်တာနဲ့ တစ်ခုခုဆို setting မှာသွားရှာရတာအချိန်ကုန်တယ်လို့ခံစားမိတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ Google ရဲ့ecosystem တည်ဆောက်ပုံက အကောင်းဆုံးဖြစ်ပေမယ့်လည်း သာမန် user တစ်ယောက်အတွက်တော့ ရှင်းလင်းသပ်ရပ်တာထက် စိတ်ကြိုက်သုံးခွင့်ရှိတဲ့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage43. Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ -DigitalTimes
#Apple (1d ago)
ဖွင့်ရန်။  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့ WhatsApp, Facebook Messenger , Messages တို့ အပါအ၀င် Third-Party Messaging Apps များကို Crash ဖြစ်စေခဲ့ပါတယ်။ တီလူဂါ ဘာသာစကားကို အိန္ဒိယနိုင်ငံရဲ့ အချို့ဒေသများမှာ အသုံးပြုကြပါတယ်။   အဲဒီ Bug ကို ပြီးခဲ့တဲ့ တစ်ပတ်က စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လူတစ်ဦးက သင့် အိုင်ဖုန်းထံကို အဲဒီ အက္ခရာကို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage42. Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ -DigitalTimes
#Google (1d ago)
ဖွင့်ရန်။  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား  ဆရာဝန်များတောင် ပရိုဂရမ်လို  မျက်လုံးကို လေ့လာခြင်းဖြင့် နှလုံးဖောက်မှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။   နှလုံးရောဂါဟာ အသက်အရွယ်၊ လိင်တို့လို အရာများနဲ့ ဆေးလိပ်သောက်ခြင်း၊ သွေးဖိအားနဲ့ အတိတ်မှ နှလုံးရောဂါ အခြေအနေများလို ခန့်မှန်းရခက်တဲ့ အရာများကို ထည့်သွင်းစဉ်းစားရတဲ့အတွက် မလွယ်ကူပါဘူး။ သွေးကြောလို မျက်လုံးမှ ဒေတာများဟာ အလွန်လေ့ကျင့်ပေးထားတဲ့ မျက်လုံးများအတွက်တော့ နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ဥာဏ်ရည်တု နည်းပညာကို အဲဒီလို လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage41. Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+ -DigitalTimes
#Android (1d ago)
ဖွင့်ရန်။လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ Geekbench ၀က်ဆိုက်ကနေ ထွက်ပေါ်လာပါတယ်။ S9 ဟာ Single Core ရမှတ်မှာ ၃၆၄၈ နဲ့ Multi Core ရမှတ်မှာ ၈၈၉၄ မှတ်ရရှိခဲ့တဲ့အတွက် အလွန် စွမ်းဆောင်ရည်မြင့်မားပါတယ်။ S9+ ကတော့ သူ့ထက်တောင် ပိုမိုကောင်းမွန်နေပြီး ၃၇၇၃ နဲ့ ၉၀၂၄ မှတ် အသီးသီး ရရှိထားပါတယ်။ သူ့ရဲ့ ယခင်မျိုးဆက်များနဲ့ နှိုင်းယှဉ် မယ်ဆိုရင်တော့ S8 […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage40. Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။ -DigitalTimes
#FEATURES (2d ago)
ဖွင့်ရန်။Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ် Programs တွေ ကို အမြန်ဆုံးအင်စတောလုပ်ပြီးအသုံးပြုနိုင်မယ့်နည်းတွေကို မျှဝေပါတယ်။ Programs တွေ အများအပြားကို တစ်ပြိုင်နက်အင်စတောလုပ်ဖို့  Ninite ကိုသုံးပါ။ Ninite က Programs တွေ အများအပြားကို တစ်ပြိုင်နက်အင်စတောလုပ်ပေးနိုင်ပါတယ်။ Installer တစ်ခုထဲကိုအသုံးပြုပြီး Programs တွေကိုအင်စတောလုပ်ပေးနိုင်ပါတယ်။Installation Wizard တွေကိုလည်းသင်မြင်တွေ့ ရမှာမဟုတ်တဲ့အတွက်အဆင်ပြေလှပါတယ်။ Programs တွေ နဲ့ အတူပါလာတဲ့ Junk Software တွေ၊ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage39. Nokia 10 နဲ့ပတ်သတ်တဲ့ specification များ -DigitalTimes
#Mobiles & Tablets (2d ago)
ဖွင့်ရန်။[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6 2018 တို့လည်းပါမှာပါ။ Nokia 7 Plus ကတော့ Android One ဖုန်းသစ်တစ်လုံးပါ။ ခုချိန်ကစပြီးတော့ Nokia ရဲ့ 2018 flagship ဖုန်း Nokia 10 နဲ့ပတ်သတ်ပြီး သတင်းတွေထွက်လာပါပြီ။ သူ့ရဲ့ specs လေးတွေ feature လေးတွေကိုကြည့်လိုက်ရအောင်… Nokia 10 specs and features 3D glass design […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage38. Qualcomm Snapdragon 670 အကြောင်း သိသင့်သမျှ -DigitalTimes
#Chipset (2d ago)
ဖွင့်ရန်။[Zawgyi] Qualcomm Snapdragon 660 ရဲ့နောက်ထွက်မယ့် အားလုံးစောင့်မျှော်နေကြတဲ့ chipset လေးကတော့ ထွက်ရှိလာပါပြီ။  Snapdragon 670 လို့ခေါ်ပြီး ၂၀၁၈ နဲ့ ၂၀၁၉ မှာထွက်မယ့် mid-range ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဈေးကွက်ကိုထိုးဖောက်လာမယ့် chipset လို့ဆိုရင်လည်းရပါတယ်။ ၂၀၁၆ မှာတုန်းက Qualcomm ကနေ 14nm FinFET process ကို Snapdragon 820 မှာပြောင်းသုံးလိုက်ပါတယ်။ မနှစ်ကတော့ Snapdragon 630 နဲ့ 660 တို့မှာပါ 14nm process ကိုသုံးလိုက်ပြီး သူ့အရင် chipset တွေထက်တော့ ပိုစွမ်းရည်မြင့်လာပါတယ်။ ၂၀၁၇ ဖုန်းတွေအတွက် Snapdragon 835 မှာတော့ 10nm FinFET […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage37. iPhone X ထုတ်လုပ်မှုလျှော့ချ၍ OLED display ရောင်းချဖို့အခက်တွေ့ရတဲ့ Samsung -DigitalTimes
#Apple (2d ago)
ဖွင့်ရန်။Apple ကနေ iPhone X ထုတ်လုပ်မှုလျှော့ချလိုက်တဲ့အတွက် သူ့အတွက် OLED panel တွေထုတ်ပေးနေတဲ့ Samsung အနေနဲ့အခက်တွေ့ရပါပြီ။ iPhone X တွေမထွက်ခင်မှာကို ဝယ်လိုအားများလွန်းတဲ့အတွက် Samsung က OLED panel တွေထုတ်လုပ်မှုကို ပိုတောင်မြှင့်တင်လိုက်ပေမယ့် အခု iPhone X ထုတ်လုပ်မှုလျှော့ချမယ်ဆိုတော့ ကုန်ပစ္စည်းတွေပိုလျှံသွားပါပြီ။ မနှစ်ကထိ iPhone X တွေအတွက် OLED panel တွေကိုအဓိကထောက်ပံ့ပေးနေတာက Samsung ဖြစ်ပြီး Samsung မှန်းထားတာကတော့ Apple ကသာ OLED panel တွေပြောင်းသုံးရင် တခြားစမတ်ဖုန်းကုမ္ပဏီတွေလည်း လိုက်ပြောင်းပြီးဈေးကွက်ရလာဖို့ပါ။ ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်နဲ့မကိုက်ဘဲ ကုန်ပစ္စည်းတွေပိုလျှံနေတဲ့အတွက် နောက်ထပ်ဝယ်သူအသစ်ကို ရှာဖွေနေပါတယ်။ ရောင်းအားတွေနည်းလာတဲ့အတွက်၂၀၁၈ ပထမသုံးလအတွင်းမှာ Apple ကနေ iPhone X […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage36. Judy လို့နာမည်ဝှက်ပေးထားတဲ့ LG ရဲ့နောက်ထပ် flagship ဖုန်းအသစ် -DigitalTimes
#LG (2d ago)
ဖွင့်ရန်။[Zawgyi] CES 2018 ပွဲအပြီး ဒီနှစ် ဇန်နဝါရီလတုန်းက LG Electronics ကနေ အားလုံးအံ့အားသင့်စေမယ့်သတင်းတစ်ခုကို ချပြလိုက်ပါတယ်။ ထုတ်ကုန်သစ်တစ်ခုကို review လုပ်ဖို့ LG G7 တာဝန်ရှိသူတွေက အလုပ်တွေကိုလက်စသတ်ပြီးတဲ့နောက် ကုမ္ပဏီကိုယ်တိုင်က တစ်နှစ်တစ်ခါစမတ်ဖုန်းတွေပုံမှန်ထုတ်နေတဲ့ပုံစံမျိုးရပ်လိုက်ပြီး ကိုယ့်ကိုယ်ပိုင်ပုံစံနဲ့ ဖုန်းတွေထုတ်သွားမယ်လို့ ကြေညာထားပါတယ်။ ဒီနေ့မှာလည်း စမတ်ဖုန်းတွေအကြောင်း သတင်းတွေပေးတဲ့ Evan Blass ကနေ နောက်ထပ် LG စမတ်ဖုန်းသစ်တစ်လုံးထွက်တော့မယ့်အကြောင်း သတင်းသစ်ပေးလိုက်ပါပြီ။ Judy လို့နာမည်ဝှက်ပေးထားတဲ့ ဒီ flagship ဖုန်းလေးက ဇွန်လမှာထွက်ရှိဖို့ ရက်ချထားပြီဖြစ်ပါတယ်။ စမတ်ဖုန်းသစ်သတင်းတွေနဲ့ပတ်သတ်ရင်တော့ Blass ဆီကသတင်းတွေက ယုံကြည်လို့ရပါတယ်။ ဒါပေမယ့် ပေါက်ကြားချက်သက်သက်ပဲဖြစ်ပြီး LG ဆီကနေ တရားဝင်ကြော်ငြာတာမဟုတ်သေးတဲ့အတွက် ခန့်မှန်းချက်သက်သက်ထက်ပိုမှန်းလို့တော့မရသေးပါဘူး။ Evan Blass ကတော့ နောက်ထပ် flagship […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage35. Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia -DigitalTimes
#NEWS (2d ago)
ဖွင့်ရန်။Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV ထောက်လှမ်းရေး ကင်မရာများမှာ အဲဒီ နည်းပညာကို ထည့်သွင်းနိုင်ပါတယ်။ ဒီနည်းပညာပါတဲ့ ကင်မရာများက လူများစွာကြားထဲကနေ ရာဇ၀တ်သားများ၊ အကြမ်းဖက်သမားများကို ၉၉ ရာခိုင်နှုန်း တိကျမှုဖြင့် ထောက်လှမ်းပေးနိုင်ပါတယ်။ AnyVision က တစ်ရက်လျှင် ၂၄ နာရီ အပြည့် မျက်နှာများကို အာရုံခံပေးနိုင်တယ်လို့ ပြောပါတယ်။ AnyVision ရဲ့ နည်းပညာဟာ ကွန်ပြူတာများ၊ တက်ဘလက်နဲ့ စမတ်ဖုန်းများ စတဲ့ ပလက်ဖောင်းအားလုံးမှာ အလုပ်လုပ်ပါတယ်။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage34. iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို -DigitalTimes
#Mobiles & Tablets (3d ago)
ဖွင့်ရန်။[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို gesture မျိုးတွေနဲ့ သုံးထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဗီဒီယိုလေးမှာက အောက်ပိုင်းလေးကိုပဲပြထားတာဖြစ်လို့ အားလုံးစိတ်ဝင်စားနေတဲ့ ရှေ့ကင်မရာကဘယ်နားမှာရှိမလဲဆိုတာကတော့ မသိရပါဘူး။ ကင်မရာနေရာထားဖို့အတွက် iPhone X မှာထိပ်ဖက် notch လေးထည့်လိုက်ပေမယ့် Mi Mix 2S မှာတော့ ဘယ်နားမှာများထားမှာပါလိမ့်? review ဗီဒီယိုထွက်လာမှပဲ ဖုန်းရဲ့ပုံစံအသေးစိတ်ကို တွေ့မြင်ရတော့မှာပါ။ [Unicode] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage33. iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ -DigitalTimes
#Uncategorized (3d ago)
ဖွင့်ရန်။[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite ဖုန်း၂လုံးကို မိတ်ဆက်လာနိုင်ပါတယ်။ ZenFone 5 မှာတော့ iPhone X လိုထိပ်ဖက် notch (အဟိုက်) ကလေးနဲ့ထွက်ရှိလာမယ်လို့ မှန်းထားပြီး ဒီဒီဇိုင်းကစမတ်ဖုန်းအများစုမှာ ခေတ်စားလာတဲ့ဒီဇိုင်းပါ။ စမတ်ဖုန်းကုမ္ပဏီတစ်ချို့ဆိုလည်း ဒီဇိုင်းတွေကိုပြောင်းလဲတော့မယ့်အချိန်ဖြစ်နေပါပြီ။ Asus ZenFone 5 ကလည်း ပုံတွေပေါက်ကြားလာခဲ့ပြီဖြစ်ပြီး သူ့မှာလည်း ရှေ့ကင်မရာ earpiece နဲ့ sensor တွေထားဖို့အတွက် ထိပ်ဖက်အဟိုက်ကလေးပါတာကိုတွေ့ရပါတယ်။ ဈေးကွက်မှာရနေတဲ့တခြားစမတ်ဖုန်းတွေလိုပဲ ZenFone 5 လည်း […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage32. ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ -DigitalTimes
#FEATURES (3d ago)
ဖွင့်ရန်။လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa ဟာ လေထု အရည်အသွေးနဲ့ ခရမ်းလွန်ရောင်ခြည်တို့ကို တိုင်းတာပေးတဲ့ ကမ္ဘာ့ ပထမဆုံး သဘာဝပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာတဲ့ Gadget လေး ဖြစ်ပါတယ်။ သူ့ရဲ့ ဆန်ဆာ နည်းပညာဟာ အလွန်မြင့်မားပါတယ်။ သူ့ရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် သွားလေရာယူဆောင်သွားနိုင်ပါတယ်။ သူ့ကို အသုံးပြုသူများရဲ့ သဘာဝပတ်ဝန်းကျင် ဒေတာများကိုလည်း အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ပါတယ်။ ဒီလို သိရှိနိုင်ဖို့အတွက် Smartphone App ကို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage31. Google ရဲ့ မောင်းသူမဲ့ တက္ကစီများကို အရီဇိုးနားမှာ ပြေးဆွဲခွင့် ပြုလိုက်ပြီ -DigitalTimes
#Automobiles (3d ago)
ဖွင့်ရန်။အရီဇိုးနားပြည်နယ်က Google ရဲ့ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Waymo ရဲ့ မောင်းသူမဲ့ တက္ကစီများကို ပြေးဆွဲခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ Quartz က ပြောပါတယ်။ အဲဒီအတွက် မကြာခင်မှာ အဲဒီ ပြည်နယ်မှာ Waymo ရဲ့ မောင်းသူမဲ့ တက္ကစီများကို အခကြေးငွေဖြင့် စီးနင်းနိုင်တော့မှာ ဖြစ်ပါတယ်။ ငွေပေးချေမှုကို ကွန်ပြူတာ သို့မဟုတ် Smartphone App ကနေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်နယ် ငါးခုမှာ စမ်းသပ်နေတဲ့ မောင်းသူမဲ့ Chrysler Pacifica Minivans ကားများဖြင့် အရီဇိုးနားမှာ Waymo က ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ယခင်နှစ် ဧပြီလကတည်းက မောင်းသူမဲ့ ကားများကို အရီဇိုးနားမှာ စမ်းသပ်နေခြင်း ဖြစ်ပြီး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage30. ဈေးပေါတဲ့ Windows Laptops တွေ ဘာလို့မဝယ်သင့်သလဲ? -DigitalTimes
#FEATURES (3d ago)
ဖွင့်ရန်။[Zawgyi] အရာရာတိုင်းကတော့ ကိုယ်ပေးသလောက်ပဲပြန်ရတာပါပဲ။ လက်ရှိအချိန်လောက်လေးကိုပဲကြည်ြ့ပီး ဈေးပေါတဲ့ Windows Laptop တစ်လုံးကို ဝယ်လိုက်မယ်ဆိုရင် တစ်ချိန်ချိန်ကျရင် အဲ့အတွက် ပြင်ရ ပြန်အစားထိုးရနဲ့ ငွေပြန်ကုန်မှာပါပဲ။ ဈေးပေါတဲ့ Windows Laptop တွေရှိနေတာကောင်းပါတယ်။ဒါပေမယ့် သုံးရတာတော့ သေချာပါတယ် ကောင်းမယ်လို့ အာမမခံလိုပါဘူး။ လပ်တော့ပ်တစ်လုံးအတွက် တတ်နိုင်တယ်ဆိုရင်တော့ ကောင်းကောင်းပေးဝယ်ဖို့အကြံပေးချင်ပါတယ်။ မတတ်နိုင်ဘူးဆိုရင်တောင် ဈေးပေါတဲ့ Windows Laptop တစ်လုံးအစား ဈေးပေါတဲ့ Chromebook တစ်လုံးကိုဝယ်ဖို့သာ စဉ်းစားလိုက်ပါ။ ဘာလို့ ဈေးပေါတဲ့ Windows Laptop ကို မဝယ်သင့်တာလဲ?? ဈေးပေါတဲ့ Windows Laptop တွေမှာ ပြဿနာတွေအများကြီးရှိတတ်ပါတယ်။ နည်းနည်းလောက်ကိုပဲပြောရရင်- ဈေးပေါတဲ့လပ်တော့ပ်တစ်လုံးရဲ့ touchpad က တော်တော်သုံးလို့အဆင်မပြေတာပါ။ ဒီတော့ ကောင်းကောင်းသုံးလို့ရအောင် external mouse ထပ်ဝယ်တဲ့အခါ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage29. Samsung က ခေါက်ချိုးနိုင်တဲ့ ဖုန်းဒီဇိုင်း အသစ်ကို မှတ်ပုံတင် -DigitalTimes
#Android (3d ago)
ဖွင့်ရန်။ဆမ်ဆောင်းက ယခုတစ်ပတ်အစောပိုင်းမှာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း ဒီဇိုင်း အသစ်တစ်ခုကို World Intellectual Property Organization မှာ မှတ်ပုံတင်လိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ ခေါက်ချိုး စမတ်ဖုန်းနဲ့ ဆင်တူပြီး ဆန့်ထုတ်လိုက်ရင် မျက်နှာပြင်နှစ်ခုကို တစ်ခုထဲ အဖြစ် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ ယခင်ကလည်း ဒီလို ဒီဇိုင်းမျိုး စမတ်ဖုန်းများကို ကမ္ဘာအ၀န်းမှ မူပိုင်ခွင့် အဖွဲ့အစည်းများစွာထံမှာ မှတ်ပုံတင်ထားပါတယ်။ သူ့ရဲ့ မျက်နှာပြင် အချိုးဟာ 18.5:9 ဖြစ်တဲ့အတွက် ဆမ်ဆောင်းရဲ့ လက်ရှိရောင်းချထားတဲ့ စမတ်ဖုန်းများရဲ့ Infinity Display နဲ့ ဆင်တူပါတယ်။ ဆမ်ဆောင်းဟာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို တီထွင်နေတာ ဆယ်စုနှစ်တစ်ဝက်လောက် ရှိနေပါပြီ။ ဒါပေမယ့် အခုထိတော့ အဲဒီ စမတ်ဖုန်းမျိုးကို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage28. ဟယ်လီကော်ပတာ ပျက်ကျမှုဟာ Drone ကြောင့်လားဆိုတာကို စုံစမ်းနေ -DigitalTimes
#Drone (3d ago)
ဖွင့်ရန်။ဒီတစ်ပတ်ထဲမှာ အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားမှာ ဟယ်လီကော်ပတာ တစ်စီး ပျက်ကျခဲ့ပြီး ဒါဟာ အပျော်တမ်းသုံး ဒရုန်းတစ်စီးကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လေယာဉ်မောင်း သင်တဲ့ ဆရာတစ်ဦးနဲ့ ကျောင်းသားတစ်ဦးတို့ဟာ ဟယ်လီကော်ပတာ ဆင်းသက်စဉ်မှာ ပျက်ကျခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။ သူတို့က ဒရုန်းတစ်စီးကို ရှောင်ဖို့အတွက် အောက်ကို ဆင်းလာခဲ့တာလို့ ပြောပါတယ်။ ဟယ်လီကော်ပတာဟာ မြေပြင်သို့ ဆင်းသက်စဉ်မှာ အမြီးဟာ သစ်ပင်နဲ့ ထိမိခဲ့တဲ့အတွက် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပျက်ကျရတာဟာ ဒရုန်းကြောင့်လားဆိုတာကို အာဏာပိုင်များက စစ်ဆေးနေပါတယ်။ ဒရုန်းများဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အလွန် လူသုံးများလာပြီး နည်းမျိုးစုံဖြင့် အသုံးပြုလာကြပါတယ်။ အချို့ကလည်း ဝေဟင် ဓါတ်ပုံများ ရိုက်ကူးဖို့အတွက် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage27. Xiaomi Mi Mix 2s ရဲ့ ဗီဒီယိုထွက်ပေါ်လာ -DigitalTimes
#Android (3d ago)
ဖွင့်ရန်။Bezel-less Smartphone တစ်လုံးဖြစ်တဲ့ Xiaomi Mi Mix 2s ကို ကိုင်တွယ်အသုံးပြုနေတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ OnPhones မှ လူများက အဲဒီ စမတ်ဖုန်းကို ကိုင်တွယ် အသုံးပြုနေတာ ဖြစ်ပြီး အဲဒီ ဗီဒီယိုအတိုကို မျှဝေခဲ့ခြင်း ဖြစ်ပါတယ်။ သူ့မှာ Apple iPhone X မှာလို Navigation Buttons များ မပါတဲ့အတွက် Task Switcher ကို သုံးဖို့လို အလုပ်များအတွက် Gestures များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဗီဒီယိုမှာတော့ ဖုန်းရဲ့ အထက်ပိုင်းကို မပြသထားပါဘူး။ ယခင် ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သူ့ရဲ့ ဓါတ်ပုံများအရ သူ့မှာ iPhone X လို Notch Design […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage26. Asphalt Street Storm Racing ( Android ) -DigitalTimes
#Android (4d ago)
ဖွင့်ရန်။Asphalt Street Storm Racing ကို Android အတွက် ဖန်တီးပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် Game For You ကဏ္ဍမှာ Asphalt Street Storm Racing ကို ရွေးချယ်ပေးချင်ပါတယ်။ သူဟာ ပြိုင်ကားမောင်းရတဲ့ ဂိမ်း ဖြစ်ပြီး ပြိုင်ကားမောင်းရတာကို နှစ်သက်တဲ့ လူများအတွက် ညွှန်းပေးချင်ပါတယ်။ သူ့ကို ကစားရင် ရင်ခုန်စိတ်လှုပ်ရှားစေဖို့ အာမခံလိုက်ပါတယ်။ ဂိမ်းမှာ ကစားသူများဟာ ကားများကို စုဆောင်းရမှာ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက် Sports Car များက မြန်နှုန်းမြင့် စူပါကားများ အထိ မောင်းနှင်နိုင်ပါတယ်။ Ferrari, McLaren, Bugatti, Mercedes- Benz, BMW, Ford, Chevrolet တို့ရဲ့ ကားများကို […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage25. အရောင်အသစ်များ ထွက်လာတဲ့ Essential Phone -DigitalTimes
#Android (4d ago)
ဖွင့်ရန်။Essential Phone အတွက် အရောင်အသစ်များကို ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ Ocean Depths, Stellar Gray နဲ့ Copper Black အရောင် အသစ်များကို အကန့်အသတ်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ပါတဲ့ Halo Gray ကိုတော့ အမေဇုန်ကနေသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Essential Phone ကို မူလက Black Moon နဲ့ Pure White အရောင်နှစ်ခုသာ ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Essential Phone ကို Android ဖန်တီးသူ Andy Rubin က တီထွင်ထားခြင်း ဖြစ်ပြီး ၅.၇၁ လက်မ 2560x1312p Display တပ်ဆင်ထားပါတယ်။ QHD နီးပါး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage24. Honor 7X နဲ့ဆင်တဲ့ Huawei ဖုန်းတစ်လုံးပေါ်လာ -DigitalTimes
#Mobiles & Tablets (4d ago)
ဖွင့်ရန်။[Zawgyi] Huawei ကနေမိတ်ဆက်လာတော့မယ့် ဖုန်းတစ်လုံးအကြောင်းကတော့ အွန်လိုင်းမှာပျံ့နှံ့လာပါပြီ။ resolution  မြင့်မြင့် ၊ အရောင်၂မျိုးနဲ့ထွက်လာမယ့်ဖုန်းတွေပါ။ ဒီဓာတ်ပုံတွေအတွက်တော့ Evan Blass ကိုကျေးဇူးတင်ရမလိုပါပဲ။ ဒါပေမယ့် “Honor 8 Pro” ဆိုပြီးနာမည်ထွက်နေပေမယ့် Huawei Honor 7X နဲ့ပိုတူနေပါတယ်။ Huawei ရဲ့ဖုန်းတွေကိုနာမည်ပေးတဲ့စနစ်ကတော့ တော်တော်ရှုပ်ထွေးသလိုပါပဲ။ တစ်ကမ္ဘာလုံးမှာ ဖုန်းတစ်လုံးကိုပဲ တစ်နေရာနာမည်တစ်မျိုးပေးနေတော့ နည်းနည်းရောပါတယ်။ ခုထွက်လာတဲ့ screen ရှည်ရှည်ဖုန်းမှာ ဘေးဘောင်တွေလည်း သိပ်မပါပါဘူး။ မြင်ရတဲ့ပုံစံကတော့ Honor 7X နဲ့ဆင်သလိုလိုဖြစ်နေပြီး 5.93” 1080p display , mid-range Kirin 659 chip တို့ကိုသုံးထားမယ့်ပုံပါပဲ။ ကျောဘက် dual-camera ကတော့ 16MP+2MP ဖြစ်နိုင်ပြီး Honor 7X spec […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage23. Facebook မှာ quality မြင့်တဲ့ပုံတွေဘယ်လိုတင်မလဲ? -DigitalTimes
#HOW TO (4d ago)
ဖွင့်ရန်။[Zawgyi] ပြီးခဲ့တဲ့နှစ်တွေကတည်းကစမတ်ဖုန်းတွေရဲ့ကင်မရာတွေတဖြည်းဖြည်းကောင်းလာခဲ့ပေမယ့် ဖေ့စ်ဘွတ်ခ်ကိုတင်ရင်တော့ ရုပ်ထွက်နိမ့်တဲ့ဖိုင်တွေအနေနဲ့ပဲ default တင်ပေးပါတယ်။ ဒါပေမယ့် ဒါကို HD အနေနဲ့ ဘယ်လိုပြောင်းတင်မလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။ iPhone မှာဆိုရင် ဖေ့စ်ဘွတ်ခ် app ကိုဖွင့်ပြီး Option ကနေ “Setting” ကိုသွားပါ။ Account Setting ကနေ “Videos and Photos”  ကိုသွားပါ။ ပြီးရင် ၂ခုလုံးကို Upload HD ဖွင့်ပါ။ Android ဖုန်းမှာဆိုရင် ဖေ့စ်ဘွတ်ခ် app ကိုဖွင့်ပြီး Option ကိုသွားပါ။ Help and Setting ရဲ့အောက်မှာ App Setting ကိုရွေးပါ။ Upload Photos in HD နဲ့ Upload Videos in […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage22. Snapdragon 845 ပါလာမယ့် LG G7 ကို ဇွန်လမှာ မိတ်ဆက်မည် -DigitalTimes
#Android (4d ago)
ဖွင့်ရန်။LG က G6 ကို ယခင်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC ပွဲမှာ မိတ်ဆက်ခဲ့ပေမယ့် G7 ကိုတော့ ဇွန်လမှာသာ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယခုလ MWC ပွဲမှာတော့ V30 မော်ဒယ်အသစ်ကိုသာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီသတင်းကို VentureBeats မှ Evan Blass က ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ G7 ရဲ့ လျှို့ဝှက် အမည်က Judy ဖြစ်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် Snapdragon 845 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Plus or […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage21. Xiaomi Redmi Note 5 Pro Review -DigitalTimes
#Mobiles & Tablets (4d ago)
ဖွင့်ရန်။[Zawgyi] အရင်နေ့တွေကပဲမိတ်ဆက်လိုက်တဲ့ Redmi Note 5 ရဲ့ Pro edition လေးကဈေးကွက်မှာမျက်နှာရမယ့်ဖုန်းတစ်လုံးဖြစ်လာဖို့များပါတယ်။ Snapdragon 636 processor အသစ်စက်စက်၊ ရှေ့ဘက် 20MP ကင်မရာနဲ့ dual-camera တွေကတော့ Redmi Note 5 Pro ရဲ့ စွဲဆောင်နိုင်တဲ့အချက်တွေပါ။ ဒါဆိုဒီဇိုင်းကနေစပြီးပြောကြည့်လိုက်ရအောင်… ဒီဇိုင်းနဲ့တည်ဆောက်ပုံ သူကတော့ Redmi Note 5 နဲ့ သိပ်မကွာလှပါဘူး။ 5.99-inch 18:9 display တွေဖြစ်ပြီးကျောဘက် fingerprint sensor တွေထားထားပါတယ်။ အရင် Xiaomiဖုန်းတွေနဲ့မတူတာကတော့ Note Pro ကနည်းနည်းပိုလေးပါတယ်။ 18:9 ratio ဖြစ်သွားလို့ ပိုရှည်သွားပြီး fingerprint sensor နေရာကလည်းထိရအဆင်ပြေတဲ့နေရာမှာပါပဲ။ တခြား 18:9 ဖုန်းတွေနဲ့ဘာမှထူးထူးခြားခြားကြီးမကွာသွားပါဘူး။ iPhone […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage20. Online Accounts တွေကိုကာကွယ်ဖို့ နည်း(၅) နည်း။ -DigitalTimes
#Tips (4d ago)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage19. Huawei က အနီရောင် Honor 7X ကို ရောင်းချ -DigitalTimes
#Android (4d ago)
ဖွင့်ရန်။ချစ်သူများနေ့ ပြီးသွားပေမယ့် ဟွာဝေးက ရိုမန့်တစ်ဆန်ဆန် အနီရောင် Honor 7X ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အကန့်အသတ်ဖြင့်သာ ရောင်းချမှာ ဖြစ်ပါတယ်။ အနီရောင်အပြင် အညိုရောင်ကိုလည်း ရောင်းချမှာ ဖြစ်ပါတယ်။ အရင်က Honor 7X ကို အနက်၊ အပြာနဲ့ ရွှေရောင်သာ ရောင်းချပေးထားခြင်း ဖြစ်ပါတယ်။ အနီနဲ့ အညိုရောင်ကို အလုံးရေ ၂၀ ၀၀၀ သာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Huawei Honor 7X ဟာ ဒေါ်လာ ၁၉၉ ၀န်းကျင် တန်ကြေးရှိပါတယ်။ မြန်မာငွေအားဖြင့် ၂၆၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ သူ့မှာ Huawei Octa-Core Kirin 659 Chipset ထည့်သွင်းထားပါတယ်။ ၅.၉၃ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage18. Meizu Pro 7 ကို ဝေဖန်သုံးသပ်ခြင်း -DigitalTimes
#Android (5d ago)
ဖွင့်ရန်။Meizu Pro 7 ဟာ ၂၀၁၇ ခုနှစ် နှစ်လယ်လောက်မှာ မိတ်ဆက်ခဲ့တဲ့ မီဇူးရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အနောက်ဘက်မှာ ဒုတိယ ထိတွေ့မျက်နှာပြင်ငယ်တစ်ခု အပို ပါပြီး E-ink မဟုတ်ဘဲ အရောင်နဲ့ ဖြစ်နေတာပါ။ သူ့ကို အသေးစိတ်ဝေဖန်သုံးသပ်ထားတာကို အောက်မှာ လေ့လာပါ။ ဒီဇိုင်း သူ့ရဲ့ ဒီဇိုင်းကို Frog Design နဲ့ ပူးပေါင်းဖန်တီးထားတဲ့အတွက် ဆန်းသစ်လှပပါ တယ်။ မျက်နှာပြင်ရဲ့ အောက်မှာ ဆေးတောင့်ပုံသဏ္ဍာန် Home Button ပါပြီး သူ့အောက်မှာ လက်ဗွေရာ ဆန်ဆာကို မြှပ်နှံထားပါတယ်။ ပါဝါနဲ့ အသံခလုတ်များကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ SIM Tray ကို ဘယ်ဘက်မှာ ထည့်ပေးထားပါတယ်။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage17. 18:9 display နဲ့ထွက်လာမယ့် HTC Desire 12 ဘတ်ဂျတ်ဖုန်းအသစ် -DigitalTimes
#HTC (5d ago)
ဖွင့်ရန်။[Zawgyi] ဖုန်းအသစ်တွေ၊ ဖြစ်နိုင်တဲ့ features တွေ အမျိုးမျိုးပြောင်းလဲနေတဲ့ specification တွေ၊ Mobile World Congress 2018 မတိုင်ခင် ဒီလိုကောလဟလသတင်းပေါင်းသောင်းခြောက်ထောင်ကတော့ ထွက်နေဦးမှာပါပဲ။ ဒီထဲကမှ စိတ်ချရတဲ့သတင်းရင်းမြစ်တွေထဲက တစ်ခုက Evan Blass ပါ။ သူရဲ့သတင်းတိုင်းနီးပါက တိကျတာပဲများပါတယ်။ အခုလည်း HTC ကနေ HTC Desire စီးရီးစမတ်ဖုန်းတစ်လုံးမိတ်ဆက်မယ်လို့ ဖော်ပြလိုက်ပါပြီ။ သူ့ရဲ့တွစ်တာအကောင့်မှာ “Breeze” လို့နာမည်ဝှက်ပေးထားတဲ့ entry-level ဖုန်းလေးအကြောင်း တင်ထားပါတယ်။ entry-level ဖုန်းဆိုတော့ သိတဲ့အတိုင်းဘာထူးထူးခြားခြား specification မှမှန်းစရာမရှိပါဘူး။ Mediatek chipset ကိုသုံးထားပြီး RAM 2GB, Storage 16GB, 2730mAh ဘက်ထရီနဲ့ 13MP နောက်ကင်မရာ 5MP ရှေ့ကင်မရာတွေကိုသုံးထားမှာပါ။ ဒါပေမယ့် […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage16. သင့်ရဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာများကို မရောင်းခင် ပြုလုပ်သင့်တဲ့ အချက်များ -DigitalTimes
#FEATURES (5d ago)
ဖွင့်ရန်။သင့် ရဲ့  PC,Tablet,Phone တွေကို တစ်စုံတစ်ယောက်ကို ရောင်းတော့မယ်ဆိုရင် သင့် ရဲ့  Personal Data တွေ ပါမသွားအောင် ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်။သင့်ရဲ့ ဒေတာတွေကို Delete ကီးနှိပ်ပြီးဖျက်ရုံနဲ့  မလုံလောက်ပါဘူး။ဖျက်လိုက်တဲ့ဒေတာတွေကို ပြန်ရှာနည်းတွေ ရှိပါတယ်။အဲဒီအတွက် သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။ Personal Data တွေကို Backup လုပ်ပါ။ သင့် Computer ကို တစ်ခြားသူဆီမရောင်းခင် အရေးကြီးဒေတာတွေကို Backup လုပ်ပါ။Backup Manager ဆော့ဝဲတွေကိုအသုံးပြုနိုင်ပါတယ်။Backup Manager တွေသုံးတော့မယ်ဆိုရင် Incremental , Differential Backup တွေကိုလည်းသင်သိထားဖို့ လို ပါတယ်။Windows 8 နဲ့ 10 ရဲ့ File […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage15. M-ပိုက်ဆံ ကိုယ်စားလှယ် ကောင်တာများ၌ ငွေလွှဲပြီး အပတ်စဉ်ငွေသားဆုများ ရယူလိုက်ပါ -DigitalTimes
#NEWS (5d ago)
ဖွင့်ရန်။[Zawgyi]  အူရီဒူး၏ M-ပိုက်ဆံသည် မြန်မာနိုင်ငံရှိ (M-ပိုက်ဆံဝန်ဆောင်မှုကို စာရင်းသွင်းရယူထားခြင်းမရှိသော) ပြည်သူလူထုအားလုံးအတွက် M-ပိုက်ဆံ ကိုယ်စားလှယ်များထံမှတဆင့် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ စိတ်ချလွယ်ကူစွာ နှင့် ချက်ချင်းငွေလွှဲနိုင်သော နောက်ထပ် ထူးခြားသည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးလိုက်ပါသည်။           M-ပိုက်ဆံကိုယ်စားလှယ်များထံမှတဆင့် ငွေလွှဲပေးပို့ သူများသည် ၅,ဝဝဝ ကျပ်၊ ၁ဝ,ဝဝဝ ကျပ် (သို့) ၅ဝ,ဝဝဝ ကျပ် စသည့် အပတ်စဉ် ငွေသားဆုများရရှိ ကံထူးနိုင်မည့် အခွင့်အရေးကိုရရှိမည်ဖြစ်သည်။ ထိုမျှမက ငွေလွှဲသည့် ဝန်ဆောင်မှုကို ပေးအပ်နေသော M-ပိုက်ဆံကိုယ်စားလှယ်များ အနေဖြင့်လည်း အပတ်စဉ်ငွေသားဆုများဖြစ်သည့် ၂,၅ဝဝ ကျပ် ၅,ဝဝဝ ကျပ် သို့ ၂၅,ဝဝဝ ကျပ် တို့ကို ကံထူးခွင့် ရရှိနိုင်မည့် အခွင့်အရေးရှိမည်ဖြစ်သည်။ ယခုအစီအစဉ်သည် ငွေပို့သူများအတွက်ရော M-ပိုက်ဆံ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage14. Sony ရဲ့ IMX363 ကင်မရာ sensor ကိုသုံးထားမယ့် Xiaomi Mi MIX 2S -DigitalTimes
#Mobiles & Tablets (5d ago)
ဖွင့်ရန်။[Zawgyi] Mi MIX 2S ဖုန်းတွေထွက်မယ်လို့ သတင်းသဲ့သဲ့ကြားခဲ့ရတာက ၂၀၁၇နှစ်ကုန်ပိုင်းလောက်ကတည်းကပါ။ Xiaomi ကနေလည်း နောက်ထပ်ဘေးဘောင်မဲ့စမတ်ဖုန်းသစ်ဖန်တီးနေတယ်ဆိုတဲ့အတွက် အွန်လိုင်းမှာသတင်းတွေပြန့်ခဲ့သလို Mi Mix 2S ဖြစ်နိုင်ပါတယ်။ အခု Mi Mix 2S နဲ့ပတ်သတ်တဲ့ specification လေးတွေ firmware ဖိုင်တွေကနေတစ်ဆင့်သိလိုက်ရပါပြီ။ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ Snapdragon Tech Summit 2017 မှာတုန်းက Xiaomi စီအီးအိုက Xiaomi ရဲ့နောက်ထွက်မယ့် flagship ဖုန်းမှာ Snapdragon 845 ကိုသုံးမယ်လို့ဆိုခဲ့ပါတယ်။ ဒါက ထွက်လာမယ့် Mi 7 ဖုန်းအတွက်ဖြစ်နိုင်တယ်လို့လည်း သတင်းကြားရပေမယ့် Mi 7 မတိုင်ခင်ကို MI MIX 2S တွေထွက်ရှိနိုင်တယ်ဆိုတဲ့အတွက် သူ့မှာအရင်သုံးဖို့ပဲများပါတယ်။ Mi MIX […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage13. စောစောစီးစီးထွက်ရှိလာတဲ့ Galaxy S10 ရဲ့ပထမဦးဆုံး specification -DigitalTimes
#Chipset (5d ago)
ဖွင့်ရန်။[Zawgyi] Samsung က Galaxy S9 ဖုန်းတွေကိုမိတ်ဆက်ဖို့ တစ်ပတ်တောင်လိုသေးတဲ့အချိန်မှာ သူ့ရဲ့နောက်ထွက်မယ့်ဖုန်းရဲ့ specification တစ်ခုကထွက်လာခဲ့ပါပြီ။ Galaxy X လို့မပေးဘူးဆိုရင်တော့ Galaxy S10 လို့ပဲခေါ်နိုင်ချေရှိပြီး Qualcomm ရဲ့နောက် flagship chipset ကလည်း Snapdragon 855 လို့ခေါ်ဖို့များပါတယ်။  လက်ရှိအချိန်မှာ Snapdragon 855 ကိုဖန်တီးနေဆဲဖြစ်ပြီး 7nm FinFET process ကိုသုံးမယ့် ကမ္ဘာ့ပထမဆုံး chipset ဖြစ်လာမှာပါ။ Qualcomm ကတော့ သူ့ရဲ့ကမ္ဘာ့ပထမဆုံး 7nm chipset  Snapdragon X24 LTE modem ကိုထုတ်ဖို့ကြေညာခဲ့ပြီးသားပါ။ ဒီ ၂၀၁၈ flagship ဖုန်းတွေအတွက်တော့ Snapdragon 845 ကိုသုံးမှာဖြစ်ပြီး X24 LTE modem […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage12. “Kung Fury” ဇာတ်လမ်းမှာပါဝင်လာမယ့် အာနိုး -DigitalTimes
#Life Style (5d ago)
ဖွင့်ရန်။[Zawgyi] Kung Fury ဆိုတာကတော့ ၂၀၁၅ ခုနှစ်တုန်းက ဒါရိုက်တာ David Sanberg ရိုက်ကူးခဲ့တဲ့ အတိုက်အခိုက်ဇာတ်လမ်းတိုတစ်ပုဒ်ပါ။ နာမည်ကြီးစတားတွေကိုတောင် အက်ရှင်ဟာသကားထဲကို စွဲဆောင်နိုင်ခဲ့တဲ့ ဒီဇာတ်လမ်းတိုကတော့ Kickstarter campaign မှာစခဲ့တာပါ။ YouTube မှာ ၃၀မိနစ်စာဒီဗီဒီယိုလေးကို တင်ခဲ့ပြီး အဓိက ရုပ်ရှင် streaming service တွေမှာဝင်ရောက်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ အရင် Terminator နဲ့ Arnold Schwarzenegger တို့က ပြန်လည်ရိုက်ကူးမယ့်ရုပ်ရှင်အတွက် ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အရင် ရိုက်ကူးတုန်းက ဘတ်ဂျတ်နည်းပြီး ၁၉၈၅ မီယာမီလို့ထားထားပေမယ့် ဆွီဒင်က Umea မှာပဲရိုက်ကူးခဲ့တာပါ။ Kung Fury နဲ့ဒိုင်နိုင်ဆောတွေပေါင်းပြီ နာဇီတွေကိုတိုက်ခိုက်တဲ့ဇာတ်လမ်းလေးဖြစ်ပြီး စက်ရုပ်၊ အကောင်တွေ၊ နာဇီတွေ၊ စွမ်းအားရှင် စသဖြင့် စုံစီအောင်ရိုက်ကူးထားတဲ့အရင်ဇာတ်လမ်းတိုလေးကို အရင်ကြည့်ကြည့်လိုက်ပါ။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage11. Flagship ဖုန်းဒီဇိုင်းကိုပြောင်းလဲတော့မယ့် Sony -DigitalTimes
#Mobiles & Tablets (5d ago)
ဖွင့်ရန်။[Zawgyi] ဒီလ MWC (Mobile World Congress) ပွဲမှာ Sony ကနေ flagship ဖုန်းအသစ်တစ်လုံးမိတ်ဆက်လာမယ်လို့ မှန်းရပါတယ်။ ဒါပေမယ့် အဲတာထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းက Sony က သူ့ရဲ့ ထိပ်တန်း flagship ဖုန်းရဲ့ဒီဇိုင်းကိုပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့သတင်းပါ။ FCC (Federal Communication Commission) ကိုပို့ထားတဲ့စာမှာတော့ Sony Mobile ကနေ ဒီဇိုင်းပြောင်းလဲဖို့အကြောင်းဖြစ်ပြီး FCC ဆီကခွင့်တောင်းထားတဲ့ ဖုန်းက ဘယ်နိုင်ငံ ဘယ်ဈေးကွက်မှာမှ မရောင်းချရသေးကြောင်း အတည်ပြုချက်ယူထားတာဖြစ်ပါတယ်။ စာကတော့ ဖေဖော်ဝါရီ ၇ရက်နေ့လို့ ရက်စွဲတပ်ထားတဲ့အတွက် flagship ဖုန်းကို အဓိကဒီဇိုင်းကြီးကြီးမားမားပြောင်းလဲဖို့ အချိန်မလောက်ပါဘူး။ Sony အနေနဲ့ သူ့ရဲ့ flagship ဖုန်းကို ဘာတွေများပြောင်းလဲချင်တာလဲ ဘာတွေများပြောင်းမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။ ထိပ်ဖက်မှာ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage10. Design ဆု ရတဲ့ မျက်နှာပြင်နှစ်ခုပါ Meizu Pro 7 -DigitalTimes
#Android (5d ago)
ဖွင့်ရန်။Meizu Pro 7 ဟာ ဂျာမနီမှာ ကျင်းပခဲ့တဲ့ IF Design Award ပွဲမှာ Oscar in Design ဆုကို ချီးမြှင့်ခြင်း ခံရပါတယ်။ သူ့ကို ယခင်နှစ် ဇူလိုင်လမှာ Meizu Pro 7 Plus နဲ့အတူ ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းနှစ်လုံးဟာ ဒီဇိုင်းတူညီကြပေမယ့် Plus မော်ဒယ်က ပိုမို ကြီးမားပါတယ်။ Specifications အနည်းငယ် ကွဲပြားပါတယ်။ Meizu Pro 7 ဟာ ၅၄ နိုင်ငံမှ ပြိုင်ဖက် စမတ်ဖုန်းပေါင်း ၆၄၀၀ ကျော်ထဲကမှ ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။ Meizu က အရှေ့နဲ့ အနောက်ဘက်မှာ Super AMOLED Display တပ်ဆင်ထားတဲ့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage9. FBI , CIA နဲ့ NSA မှ အကြီးအကဲများက Huawei Phone များကို မ၀ယ်ဖို့ သတိပေး -DigitalTimes
#Android (5d ago)
ဖွင့်ရန်။FBI , CIA နဲ့ NSA အပါအ၀င် အမေရိကန် ထောက်လှမ်းရေး အဖွဲ့ ခြောက်ခုမှ အကြီးအကဲများက အမေရိကန်လူမျိုးများ တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ဟွာဝေးထံကနေ ၀န်ဆောင်မှုများ၊ ထုတ်ကုန်များကို မ၀ယ်ယူဖို့အတွက် အင်္ဂါနေ့မှာ Senate Intelligence Committee မှာ တင်ပြခဲ့ကြပါတယ်။ ဟွာဝေး အပြင် အမေရိကန်ဈေးကွက်ကို တိုးဝင်နေတဲ့ ZTE Phone များကိုလည်း စိတ်ပူနေတယ်လို့ သူတို့ ကပြောပါ တယ်။ FBI ဒါရိုက်တာ ဖြစ်သူ Chris Wray က “ အမေရိကန်နဲ့ မသင့်မြတ်တဲ့ နိုင်ငံမှ ကုမ္ပဏီဟာ နိုင်ငံရဲ့ ဆက်သွယ်ရေး ကွန်ယက်ထဲကို ၀င်ရောက်လာမှာကို တကယ့်ကို စိုးရိမ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage8. Screenshot များကို ပေါင်းစပ်ပေးမယ့် Stitch It (Android App) -DigitalTimes
#Android (6d ago)
ဖွင့်ရန်။စမတ်ဖုန်း အသုံးပြုသူများအတွက် မှတ်သားထားလိုတဲ့ သတင်းများ၊ အကြောင်းအရာများကို Screenshot ရိုက်ပြီး သိမ်းဆည်းထားလေ့ရှိပါတယ်။ Screenshot အလွယ်တကူ ရိုက်နိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း ဖုန်းထုတ်လုပ်သူများက သူတို့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် သတင်းများနဲ့ ရှည်လျားတဲ့ အကြောင်းအရာများကို Screenshot ဖမ်းတဲ့အခါမှာ Screenshot တစ်ခုထက် မက ဖမ်းယူကြရပါတယ်။ ဖမ်းယူထားတဲ့ သတင်း Screenshots များကို ဓါတ်ပုံတစ်ပုံထဲ အဖြစ် ပေါင်းစည်းချင်ရင်တော့ Stitch It က ကူညီပေးနိုင်ပါတယ်။ Lucky Bunny LLC က ဖန်တီးထားတာ ဖြစ်ပြီး iOS အတွက် စတင် ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။ iOS Users ပေါင်း ၄ သိန်းဝန်းကျင်ခန့် Stitch It […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage7. Xiaomi Mi A1 ကို ဝေဖန်သုံးသပ်ခြင်း -DigitalTimes
#FEATURES (6d ago)
ဖွင့်ရန်။လတ်တလောမှာဘတ်ဂျတ်ဈေးနှုန်းထဲမှာ နာမည်ကြီးနေတာက Xiaomi ပါ။ အဲ့ထဲကမှ Google ရဲ့ Android One ပရိုဂရမ်နဲ့ပေါင်းစပ်ထုတ်လုပ်လိုက်တဲ့ Mi A1 လေးက လောလောဆယ်လူကြိုက်များနေတဲ့ဖုန်းလေးပါ။ အခုဒီ Mi A1 လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ Mi A1 ဆိုတာကတော့ Mi 5X နဲ့တူတူပဲကိုမှ Pure Android ဖြစ်သွားပြီး တစ်ကမ္ဘာလုံးအတွက်ထုတ်လုပ်ထားတာပါ။ Snapdragon 625, RAM 4GB, storage 64GB, 12MP+12MP dual camera ဒါတွေအားလုံးကို သုံးသိန်းကျော်လောက်နဲ့ရတာက တော်တော်တန်တယ်လို့ ပြောလို့ရပါတယ်။ ဒီဇိုင်း 5.5-inch, FHD LCD screen သုံးထားပြီး ထိပ်ဖက်မှာ ရှေ့ကင်မရာ၊ earpiece ၊ အောက်ဘက်မှာတော့ Menu, […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage6. Android version ပါ ထွက်ရှိလာပြီဖြစ်တဲ့ Messenger Kids -DigitalTimes
#Facebook (6d ago)
ဖွင့်ရန်။[Zawgyi] နည်းပညာမှာ ကလေးတွေပါလာတိုင်း အမြဲတမ်းပြဿနာတစ်ခုခုရှိလာမြဲပါပဲ။ ဒီနေ့ခေတ်လူရွယ်တွေတောင် ငယ်ငယ်က မိဘတွေရဲ့ “တီဗီနဲ့အနီးကပ်မထိုင်နဲ့ မျက်စိပျက်လိမ့်မယ်” ၊ ဗီဒီယိုဂိမ်းတွေအရမ်းမဆော့နဲ့ စတဲ့စကားတွေကို နားထောင်ခဲ့ရတာပါပဲ။ အရင်က နည်းပညာပိုင်းနဲ့ပတ်သတ်ပြီးတော့ မိဘတွေရဲ့ထိန်းချုပ်နိုင်မှု တော်သင့်သလောက်တော့ရှိခဲ့ပေမယ့် ဒီနေ့ခေတ်မှာရော?? ဒီနေ့ခေတ် ကလေးတွေအတွက်စိုးရိမ်စရာကောင်းတာတစ်ခုက ဆိုရှယ်မီဒီယာတွေအသုံးပြုလာကြခြင်းပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကလေးတွေအတွက်ရည်ရွယ်ဖန်တီးထားတဲ့ Facebook ရဲ့ app သစ်တစ်ခုဖြစ်တဲ့ Messenger Kids လေး ထွက်လာခဲ့ပါတယ်။ Messenger app ကိုမှ တော်တော်လေးပြောင်းထားတဲ့ app ဗားရှင်းတစ်ခုဖြစ်ပြီးတော့ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေ မိုဘိုင်းလ်ဖုန်းနဲ့ ဘယ်သူနဲ့ဆက်သွယ်နေတာကစပြီး အပြည့်အဝထိန်းချုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီ Messenger Kids လေး iOS အတွက် ဒီဇင်ဘာလမှာထွက်ရှိခဲ့ချိန်တုန်းက ဒီ app ကို app store […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage5. MWC ပွဲမှာမိတ်ဆက်လာနိုင်တဲ့ 18:9 screen Nokia 7 Plus (Android One) နဲ့ Nokia 1(Android Go) -DigitalTimes
#Mobiles & Tablets (6d ago)
ဖွင့်ရန်။[Zawgyi] ပြီးခဲ့တဲ့ ၂၀၁၇ ရဲ့နောက်ဆုံး ၃လမှာ Nokia brand စမတ်ဖုန်းပေါင်း ၄သန်းရောင်းချနိုင်ခဲ့တဲ့ HMD Global ကတော့ လာမယ့် ၂၀၁၈ မှာလည်း ဖုန်းမော်ဒယ်လ်အသစ်တွေကို မိတ်ဆက်ဖို့ရှိနေပါတယ်။ ဒီနှစ်ထဲမှာပဲ Nokia 7 Plus နဲ့ Nokia 1 ဖုန်းတွေထွက်မယ်လို့ အရင်ကတည်းကသတင်းထွက်ခဲ့ပေမယ့် HMD Global ဆီကနေတော့ ဘာသတင်းမှမကြားရသေးပါဘူး။ Evan Blass ဆီကထွက်လာတဲ့ပုံတွေကြောင့် လာမယ့်ဖုန်းတွေရဲ့ပုံတွေကို မြင်ခွင့်ရခဲ့ပါပြီ။ Nokia 7 Plus (Nokia 7+) ကတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းလာပါပြီ။ Nokia ထဲမှာတော့ screen ထောင့်ဝိုင်းဝိုင်းတွေနဲ့ထွက်လာတဲ့ ပထမဆုံးစမတ်ဖုန်းလို့ထင်ရပါတယ်။ ပြီးခဲ့တဲ့သတင်းတွေအတိုင်းကတော့ 6-inch 18:9 aspect ratio (FHD+) display ဖြစ်ပြီး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage4. FrameRate (FPS) ဆိုတာဘာလဲ? -DigitalTimes
#FEATURES (6d ago)
ဖွင့်ရန်။[Zawgyi]           Framerate ဆိုတာကတော့ မီဒီယာ specification ပိုင်းမှာ တော်တော်များများနားလည်မှုလွဲကြတဲ့ အသုံးလေးပါ။ ဒါလေးအကြောင်းကို DigitalTimes ရဲ့ Features ကဏ္ဍလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ Framerate ဆိုတာကတော့ FPS (Frames Per Second) လို့လည်း သိကြပြီးတော့ တစ်စက္ကန့်မှာ ဗီဒီယို၊ရုပ်ရှင်၊ဂိမ်းတွေကို screen ပေါ်မှာဖော်ပြတဲ့ frames အရေအတွက်ပါ။ Frame များလေလေ animation ပိုချောမွေ့လေလေပါ။ framerate ပေါင်း အမျိုးမျိုးရှိနေပြီး သူတို့ထဲကအနည်းစုကတော့ gaming standard မီတဲ့ framerates တွေနဲ့ယှဉ်လိုက်ရင် framerate နည်းတာကို တွေ့ရပါတယ်။ ဒါဆို framerate standard တွေကြား ဘာတွေကွာဟချက်တွေရှိသလဲဆိုတာ ကြည့်လိုက်ရအောင်… Animation (12 FPS) Animation […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage3. လုံခြုံရေးကင်မရာလိုပါလုပ်ဆောင်ပေးမယ့် LightCam စမတ်မီးသီး -DigitalTimes
#Gadgets (6d ago)
ဖွင့်ရန်။[Zawgyi] ခုခေတ်ဆို ကုမ္ပဏီတွေက စိတ်ဝင်စားစရာကောင်းတဲ့အိုင်ဒီယာတွေနဲ့ ဆန်းသစ်တဲ့ပစ္စည်းတွေကို အပြိုင်အဆိုင်ထုတ်လာကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် LightCam ဆိုတာလေးကတော့ ခုချိန်ထိထွက်ခဲ့သမျှထဲမှာ မမြင်ဘူးသေးတဲ့ပစ္စည်းလေးပါ။ မီးသီးကိုမှ လုံခြုံရေးကင်မရာလိုပါလုပ်ဆောင်ပေးနိုင်မယ့် စမတ်မီးသီးလေးတစ်လုံးပါ။ သူ့တည်ဆောက်ပုံလေးကတော့ ရိုးရှင်းပါတယ်။ မီးလင်းတယ်ဆိုတာမှာလည်း မီးသီးကို app တစ်ခုနဲ့ထိန်းချုပ်နိုင်ပြီး အချိန် schedule ချပြီး မီးအဖွင့်အပိတ်လုပ်လို့ရပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ပိုင်းကတော့ ဒီစမတ်မီးသီးရဲ့ ကင်မရာပါ။ မီးသီးက ဘယ်မီးအိမ်နဲ့မဆို အဆင်ပြေလောက်တဲ့ဆိုဒ်မျိုးဖြစ်ပြီး ပိုရှည်ချင်ရင်အောက်ပိုင်းကိုဆွဲထုတ်လိုက်လို့ရပါတယ်။ ကင်မရာက လှည့်လို့လည်းရသလို အပြင်ကိုဆွဲထုတ်လို့လည်းရပါတယ်။ 1080p ရှိတဲ့ဗီဒီယိုတွေ၊ ညအမှောင်ပိုင်းရိုက်ကူးနိုင်ဖို့နဲ့ motion လှုပ်ရှားမှုတွေ့ရင် အချက်ပြတာတွေ၊ ရာသီဥတုဒဏ်ခံနိုင်တာတွေ စတဲ့ feature တွေရှိပါတယ်။ ကင်မရာကရိုက်တာတွေကို မီးသီးမှာတပ်ဆင်ထားတဲ့ storage မှာသွားသိမ်းပြီးတော့မှ cloud မှာသွားသိမ်းပါတယ်။ ဒိတ်အောက်နေတဲ့နည်းလမ်းကိုသုံးချင်ရင်တော့ ရိုက်ကူးထားတဲ့ဗီဒီယိုမှတ်တမ်းတွေကို ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်တွေမှာ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage2. Apple က ယခုနှစ်မှာ ၆.၁ လက်မ LCD iPhone ပေါင်း သန်း ၁၀၀ ကို ရောင်းချရမည် -DigitalTimes
#Apple (6d ago)
ဖွင့်ရန်။KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ယခုနှစ်မှာ iPhone သုံးလုံး ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ၅.၈ လက်မနဲ့ ၆.၅ လက်မ OLED Phone နှစ်လုံးနဲ့ ၆.၁ လက်မ LCD Phone တစ်လုံးတို့ ဖြစ်ပါတယ်။ အခုလည်း Ming-Chi Kuo က ဒီနှစ်ထဲမှာ ၆.၁ လက်မ LED iPhone အလုံးရေ သန်း ၁၀၀ အထိ ရောင်းချရနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ကနေ ၈၀၀ အကြားမှာ ရှိနိုင်ပါတယ်။ ဒီဈေးနှုန်းအတိုင်း ရောင်းချမယ်ဆိုရင် သူဟာ ဒီနှစ်ထုတ် iPhone များထဲမှာ ဈေးအသက်သာဆုံး […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage1. AnTuTu ကို ရောက်လာတဲ့ Samsung Galaxy S9+ ရဲ့ သတင်းအချက်အလက်များ -DigitalTimes
#Android (6d ago)
ဖွင့်ရန်။Snapdragon 845 Chipset ထည့်သွင်းထားတဲ့ Samsung Galaxy S9+ (SM-G9650) ရဲ့ သတင်းအချက်အလက်များ AnTuTu ၀က်ဆိုက်ကနေ ထွက်ပေါ်လာပါတယ်။ အံ့သြစရာကောင်းတာက အဲဒီ ဗားရှင်းမှာ 6GB RAM ထည့်သွင်းထားပြီး အရင်က Geekbench မှာ ထွက်ပေါ်လာတဲ့ Exynos 9810 Version မှာတော့ 4GB RAM သာ ပါရှိတာကို တွေ့ရပါတယ်။ အခြား Specifications များကတော့ အရင် ထွက်ပေါ်ခဲ့တဲ့ သတင်းများနဲ့ တူညီပါတယ်။ Samsung Galaxy S9+ မှာ 18:9 Screen တပ်ဆင်ထားပြီး Resolution မှာ 1080x2220p ဖြစ်ပါတယ်။ QHD+ Screen ဖြစ်ပါတယ်။ Android 8.0 […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
<< Back