Latest DawnManHon News!

NoImage66. မြောက်ကိုရီးယားနဲ့ ကုန်သွယ်တဲ့ ပြည်ပကုမ္ပဏီတချို့ ကန်ဒဏ်ခတ် အရေးယူ -DawnManHon

#international (02h ago)

ဖွင့်ရန်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Il Sung နဲ့ သားဖြစ် သူ Kim Jong Il တို့ နှစ်ဦး ရုပ်ထု
မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာကို ချိုးဖောက်တယ်လို့ဆိုပြီး တရုတ်၊ ရုရှားနဲ့ စင်္ကာပူကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

တရုတ်အခြေစိုက် Dalian Sun Moon Star နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးကုမ္ပဏီနဲ့ ဒီကုမ္ပဏီရဲ့ စင်္ကာပူ အခြေစိုက် မိတ်ဘက်ကုမ္ပဏီဖြစ်တဲ့ SINSMS လီမိတက်တို့အပေါ် အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူမှု ချမှတ်ပါ တယ်။ အဲဒီကုမ္ပဏီတွေဟာ အထောက်အထား စာရွက်စာတမ်းတွေကို အတုလုပ်ပြီး မြောက်ကိုရီးယားနိုင်ငံကို အရက်နဲ့ စီးကရက်တွေ တရားမဝင်တင်ပို့တာကနေ တနှစ်ကို ဒေါ်လာ သန်း ၁,၀၀၀ ကျော် အကျိုးအမြတ်ရနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက စွပ်စွဲထားပါတယ်။

ရုရှားအခြေစိုက် Profinet လီမိတက်ဟာလည်း ဒဏ်ခတ်အရေးယူထားပြီးဖြစ်တဲ့ မြောက်ကိုရီးယားအလံတင်သင်္ဘောတွေ ရုရှား နိုင်ငံအရှေ့ပိုင်းက ဆိပ်ကမ်းသုံးခုမှာ ရေနံတင်တဲ့ကိစ္စ ဆိပ်ကမ်းဝန်ဆောင်မှုပေးတာမှာ ပါဝင်ပတ်သက်ပြီးတော့ ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုတွေကို ချိုးဖောက်ခဲ့တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဌာနကပြောပါတယ်။ အဲဒီ Profinet လီမိတက်ရဲ့ ညွှန်ကြားရေးမှူးချုပ်ကိုလည်း အမည်မည်းစာရင်း သွင်းထားပြီးဖြစ်ပါတယ်။

ဒီ ဒဏ်ခတ်အရေးယူမှုတွေအရ အဲဒီကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံမှာ ရှိနေတယ်ဆိုရင် ထိန်းချုပ်ခံရမှာဖြစ်ပြီး အဲဒီကုမ္ပဏီတွေနဲ့ အမေရိကန်နိုင်ငံသားတွေကြား စီးပွားရေးလုပ်တာကိုလည်း ပိတ်ပင်တားမြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage65. ASIAN GAMES ဘော်လုံး မြန်မာ-မြောက်ကိုရီးယား ၁ ဂိုးစီ သရေ -DawnManHon

#sports (02h ago)

ဖွင့်ရန်။
Asian Games ဘောလုံးပြိုင်ပွဲဝင် မြန်မာ U-23 ဘောလုံးအသင်း။ (ဓာတ်ပုံ MFF) ၁၅ သြဂုတ် ၂၀၁၈။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု F ပွဲစဉ်တွေကို သြဂုတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားတာမှာ မြန်မာနဲ့ မြောက်ကိုရီးယားတို့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

မြန်မာအသင်းအတွက်ဂိုးကို ပထမပိုင်းပြီးခါနီး မိနစ်ပိုင်းအလိုမှာ တိုက်စစ်မှူး အောင်သူ ပေးပို့လိုက်တဲ့ ဘောလုံးကနေတဆင့် နောက်ထပ် တိုက်စစ်မှူးတဦးဖြစ်တဲ့ မောင်မောင်လွင်က နောက်တန်းလူတယောက်နဲ့ ဂိုးသမားတို့ကို ဖြတ်ကျော်ပြီး သွင်းယူ လိုက်တာပါ။

ဒုတိယပိုင်းစအပြီး ၁၄ မိနစ်ကျော်ကျော်လေးမှာတော့ မြောက်ကိုရီးယားက ချေပဂိုးရသွားပြီး နောက်ထပ် ဂိုးမသွင်းနိုင်ကြတော့တဲ့ အတွက် တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

အုပ်စု F ကပဲ နောက်နှစ်သင်းဖြစ်တဲ့ ဆော်ဒီ အာရေးဘီးယားနဲ့ အီရန်တို့ပွဲမှာ ဂိုးမရှိသရေကျသွားတဲ့အတွက် တပွဲစီကစားပြီးတဲ့ နောက် လေးသင်းစလုံး တမှတ်စီရထားကြပါတယ်။

မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၁၇ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဆော်ဒီ အာရေးဘီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲဟာ မြန်မာအသင်း အုပ်စုအဆင့်ကနေ ကျော်နိုင်ဖို့အတွက် အထူးအရေးပါတဲ့ ပွဲတပွဲဖြစ်ပါတယ်။ မြန်မာအသင်းအတွက် အုပ်စုနောက်ဆုံးပွဲကိုတော့ သြဂုတ်လ ၂၀ တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ အီရန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage64. ကန် ထိုင်ဝမ် ဆက်ဆံရေး တိုးမြှင့် -DawnManHon

#international (1d ago)

ဖွင့်ရန်။

ထိုင်ဝမ်သမ္မတဟာ အခုသီတင်းပတ်အတွင်း Los Angeles မြို့ကို ရောက်နေပြီး ဒါဟာ ၁၅ နှစ်အတွင်း ထိုင်ဝမ် သမ္မတ တဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် အများပြည်သူရှေ့မှာ စကား ပြောကြားခြင်း ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ ထိုင်ဝမ်အကြား ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ Tsai Ing-Wen ဟာ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး တနင်္လာနဲ့ အင်္ဂါနေ့တွေမှာလည်း ထိုင်ဝမ်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေနဲ့ တွေ့ဆုံတာကြောင့် တရုတ်အစိုးရရဲ့ တရားဝင် ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်တို့က ထိုင်ဝမ်ကျွန်းဟာ ပြည်မကြီးက ခွဲထွက်သွားတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာပါ။

အမေရိကန် အစိုးရထဲက ရာထူးကြီးငယ်မရွေး အရာရှိတွေ ထိုင်ဝမ်ကို တရားဝင် သွားရောက်ခွင့်နဲ့ ထိုင်ဝမ်က အဆင့်မြင့် အရာရှိတွေ အမေရိကန်ကို လာရောက်ကို လာရောက်ခွင့်ပြုတဲ့ ထိုင်ဝမ် ခရီးသွားခွင့်ဆိုင်ရာ ဥပဒေကို အမေရိကန်လွှတ်တော်က အခုနှစ်အတွင်း တညီတညွတ်ထဲ အတည်ပြု ပြဌာန်းလိုက်ပြီးတဲ့နောက် တရုတ်နဲ့ အမေရိကန်အကြား သဘောထား ကွဲပြားမှုတွေ ကြီးထွားလာပါတယ်။

သမ္မတ Tsai Ing-Wen အခုလာရောက်တဲ့ ခရီးစဉ်ဟာ အဲဒီ ခရီးသွားခွင့် ဥပဒေကို သမ္မတ Donald Trump က လက်မှတ်ထိုး အတည်ပြုပြီး နောက်ပိုင်း ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်ရေး အမေရိကန် လွှတ်တော် အမတ်တွေရဲ့ ထောက်ခံ အားပေးမှုတွေလည်း ရှိနေပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မီတီ ဒုဥက္ကဋ္ဌ Brad Sherman ကတော့ - သူ့အနေနဲ့ ထိုင်ဝမ်သမ္မတကို အနာဂတ်မှာ ၀ါရှင်တန်ကို ဖိတ်ကြားလိုကြောင်း ဗွီအိုအေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage63. အဆိုတော်နှစ်ဦးအပါအဝင် သုံးဦးဆီက မူးယစ်ဆေးပြားတွေဖမ်းမိ -DawnManHon

#LocalNews (1d ago)

ဖွင့်ရန်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉လမ်းX၅၀လမ်းကြား မှာရှိတဲ့ နန်းထိုက်ပန် အအေးခန်းဧည့်ရိပ်မွန်မှာ သြဂုတ်၁၄ရက် ညနေ ၃နာရီ က အဆိုတော် ရသ ပါ သုံးဦးနဲ့ အတူ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။မူးယစ် သတင်းရရှိတဲ့အတွက် အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း)က ရဲအုပ် လင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ အသိသက်သေတွေနဲ့ အတူနန်းထိုက်ပန်အအေးခန်းဧည့်ရိပ်မွန် ကအခန်းအမှတ်(၂၀၅)အတွင်းဝင်ရောက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။


အခန်းအတွင်းမှာ ရဲမင်းသိန်း(ခ)ရသ (အဆိုတော်) ၊ မျိုးတင့် ၊ ခေမီ(ခ) မဗျာတားမီး (အဆိုတော်) တို့သုံးဦးကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေ ခဲ့ကြပါတယ်။ဒီလိုရှာဖွေရာမှာ အဝါရောင်နဲ့ အနီရောင်အအေးစုတ် ပိုက်တစ်ချောင်းစီမှာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၃၀ ပြား ပါတဲ့ ပိုက်နှစ်ပိုက်၊ အနီရောင်ပိုက် အတွင်းမှာ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၆၅ ပြား စုစုပေါင်းဆေးပြား၉၅ ပြား နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေတွေ့ရှိခဲ့တယ် လို့ သိရပါတယ်။ ထပ်မံပြီး အခန်းအတွင်းက အိမ်သာရေချိုးခန်းကို ရှာဖွေရာမှာ မှန်တင်ခုံပေါ်က အပြာရောင်ပလတ်စတစ်ကပ် ခွာအိတ် တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁၅၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။

 ဒီလို စိတ်ကြွမူးယစ်ဆေးပြားတွေဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းက မူးယစ်(ပ)၁၁/၂၀၁၈ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ နဲ့ ရဲမင်းသိန်း(ခ)ရသ မျိုးတင့်၊ခေမီ(ခ)မဗျာတားမီးတို့သုံးဦးကို ဖမ်းဆီးအမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ခင်ကို(ကျောက်တံခါး)
One News Myanmar
https://www.facebook.com/onenewsmyan/
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage62. မြန်မာအလုပ်သမားတွေကို ကာကွယ်ဖို့ ထိုင်းဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ပြော -DawnManHon

#LocalNews (1d ago)

ဖွင့်ရန်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်း တို့ ၂၀၁၈ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံစဉ်/ Photo: Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်းနဲ့ မနေ့က တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့ အတွက် ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးနဲ့ မြန်မာနဲ့ ထိုင်း သံတမန် ဆက်သွယ်မှု နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဝန်ကြီး မွတ်ဝီနိုင်းနဲ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ပါတယ်။ အဲဒီ အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံဟာ သန်းနဲ့ချီတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်နဲ့ အတွေ့အကြုံတွေ ပေးအပ်နေသလို အပြန်အလှန်အားဖြင့် မြန်မာ အလုပ်သမားတွေကလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage61. အီတလီ တံတားကျိုးကျမှု သေဆုံးသူတိုးလာ၊ ညလုံးပေါက် ရှာဖွေကယ်ဆယ်ခဲ့ရ -DawnManHon

#international (1d ago)

ဖွင့်ရန်။
ညလုံးပေါက် ရှာဖွေကယ်ဆယ်ခဲ့ရ
အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ဂျီနိုအာမြို့မှာ အဓိက အမြန်လမ်းပေါ်ချိတ်ဆက်ထားတဲ့ ကြိုးတံတား ကျိုးကျခဲ့လို့ သေဆုံးသူ ၂၆ ဦး ရဲ့ အလောင်းကို ရှာဖွေထားနိုင်ပြီး နောက်ထပ် ၁၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကျိုးကျစဉ် တံတားပေါ်မှာ ကား အစင်း ၃၀ ကျော်လောက် မောင်းနှင်နေတာဖြစ်ပြီး အဲဒီထဲက ကားဒါဇင်နဲ့ ချီပြီးတော့လည်း တံတားပေါ်က ထိုးကျခဲ့ရပါတယ်။

ကြိုးတံတားအောက်က ရထားလမ်းပေါ် နဲ့ လူနေအိမ်တွေပေါ် တံတား အပိုင်းအစတွေ ပြုတ်ကျခဲ့တဲ့ အပြင်၊ အနီးအနား က လမ်းသွားလမ်းလာ နဲ့ ကားတွေပေါ်ကိုလည်း အပျက်အစီး အပိုင်းအစတွေ ကျခဲ့တာကြောင့် သေဆုံး ထိခိုက်မှုတွေ ပိုများရတာလည်း ဖြစ်ပါတယ်။

ကျိုးကျပျက်စီးခဲ့တဲ့ တံတားရဲ့ အပျက်အစီးပုံတွေအောက်မှာ ပိမိသေဆုံးသူတွေ နဲ့ ဒဏ်ရာရသူတွေကို ညလုံးပေါက် ရှာဖွေ ကယ်ဆယ်မှုတွေကို အနံ့ခံခွေးတွေ သုံးပြီး မီးသတ်သမားတွေ နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေခဲ့ရပါတယ်။

လောလောဆယ်မှာတော့ လူရာနဲ့ချီ ကယ်ဆယ်ထားနိုင်တယ်ဆိုပေမယ့် မကျိုးပဲ ကျန်နေသေးတဲ့ တံတားပိုင်း ဆက်ပြီးကျိုးမှာကို စိုးရိမ်နေကြတာပါ။
ကျန်နေသေးတဲ့ တံတားပိုင်း ဆက်ပြီးကျိုးမှာကို စိုးရိမ်နေကြ
ဒီတံတားဟာ မြစ်ကူးတံတားဆိုပေမယ့် လူနေအိမ်ခြေတွေ လူသွားလမ်းပေါ် ဖြတ်သန်း ဆောက်လုပ်ထားတာမို့ ဒေသခံတွေကတော့ မကျိုးပဲ ကျန်နေသေးတဲ့ တံတားပိုင်းက ဆက်ပြီးကျိုးလာမှာကို စိုးရိမ်နေကြပါတယ်။

အာဏာပိုင်တွေကတော့ တံတားကျိုးရတဲ့ အကြောင်းရင်းကို တိတိပပ မပြောသေးပါဘူး။

ပြည်ထဲရေးဝန်ကြီး မာတီယိုဆဲလ်ဗာနီကတော့ ဒီအပေါ် တာဝန်ရှိသူကို တာဝန်ခံခိုင်းမယ်လို့ ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများ
ကျိုးကျခဲ့တဲ့ မိုရန်ဒီတံတားဟာ ၁၉၆၀ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်တာကြောင့် တံတားရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ် ပြောဆိုမှုတွေ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage60. Development Media Group (DMG) ရုံး ဖောက်ထွင်းခံရ -DawnManHon

#LocalNews (1d ago)

ဖွင့်ရန်။

သြဂုတ် ၁၅၊ ခင်သရဖီဦး

စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ပန်းခြံလမ်းရှိ အိမ်အမှတ် ၁၅၃ တွင် ဖွင့်လှစ်ထားသော Development Media Group (DMG) ရုံး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ မနက်အာရုံတွင် ဖောက်ထွင်းခံရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

DMG ရုံးမှ တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်က “ ဒီကနေ့ အာရုံလောက်မှာ ကျနော်တို့ DMG ရုံး ဖောက်ထွင်းခံလိုက်ရပါတယ်။ ကွန်ပျူတာတွေ၊ ရုံးဖုန်းတလုံး၊ ကင်မရာတစ်လုံးနဲ့ ဆိုင်ကယ်တွေ ပါသွားပါတယ်။ ဘယ်လို ခိုးသွားလဲဆိုတာ အတိအကျမသိရဘူး။ အောက်က ရုံးတံခါးတွေ ပိတ်ထားတာပါ။ ဒါပေမဲ့ ဝရံတာ တံခါးပေါက်တစ်ပေါက် ပွင့်နေတယ်။ အဲဒီကနေ ကျော်တက်ပြီး ပစ္စည်းတွေခိုး၊ ရုံးတံခါးဖွင့်ပြီး ယူသွားတာထင်တယ်။ ” ဟု ပြောသည်။

အခိုးခံရသော ပစ္စည်းများမှာ - Apple ကွန်ပျူတာ တစ်လုံး၊ Acer ကွန်ပျူတာ နှစ်လုံး၊ Hp ကွန်ပျူတာ တစ်လုံး၊ iPad Tablet တစ်လုံး၊ Kenda Motorcycle ဆိုင်ကယ် အပြာ တစ်စီး၊ Kenda Motorcycle ဆိုင်ကယ် အနီ တစ်စီး (ဆိုင်ကယ်နံပါတ် - ၆၀ယ/၄၄၈၉၆)၊ ကျောပိုးအိတ် နှစ်လုံး၊ ဆိုင်ကယ်သော့ တစ်ခု (Stream အမျိုးအစား)၊ သော့ခလောက် တစ်ခု (ရုံးသော့)၊ Video Camera (Canon အမျိုးအစား) တစ်လုံး၊ ဖုန်းတစ်လုံး (Touch - MPT ဖုန်းအမျိုးအစား)၊ ဦးထုပ်နှစ်လုံး (ရိုးရိုး)နှင့် ဖိနပ် နှစ်ရံ ပါဝင်သွားကြောင်း ကိုမိုးဇော်မြင့်က ပြောသည်။
အဆိုပါ ဖောက်ထွင်းအခိုးခံရမှုနှင့် ပတ်သက်ပြီး အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ပစ္စည်းဆုံးရှုံးတန်ဖိုး ကျပ်သိန်း ၅၀ ခန့် ရှိသည်။

အလားတူ ယနေ့ အာရုံတွင် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်၊ ငပိန်းလမ်းရှိ အိမ်အမှတ် ၃၄ Development Media Group (DMG) အယ်ဒီတာချုပ် ဦးအောင်မင်းဦး နေအိမ်၌လည်း ခြံစည်းရိုးတံခါး ဖျက်ဆီးခံရပြီး ဆိုင်ကယ်များ ခိုးယူရန် ပြင်ဆင်နေသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက “ ခြံစည်းရိုးတံခါးပါ၊ သော့ခလောက်ပါ ဖျက်စီးခံရတယ်။ ဆိုင်ကယ် ခိုးယူဖို့လုပ်နေကြတယ်။ ကျနော်တို့ နေအိမ်က ဝန်ထမ်းတစ်ယောက် တွေ့လို့ သူခိုးလို့ အော်လိုက်တာနဲ့ ထွက်ပြေးသွားတယ်။ ကျနော်တို့ အိမ်က ဘာမှတော့ ပါမသွားဘူး။ မနက်မိုးလင်းတာနဲ့ ကျနော်တို့ DMG ရုံးဖောက်ထွင်းခံရတယ်လို့ ပြောတယ်။ ဒါက တိုက်ဆိုင်မှု မဟုတ်တော့ဘဲ ကျနော်တို့ကို ဦးတည်ပြီး ခိုးယူတယ်လို့ ယူဆရတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦး စီးနင်းနေသော suzuki smash အမျိုးအစား ဆိုင်ကယ်တစ်စီးလည်း နေအိမ်ရှေ့တွင် အခိုးခံခဲ့ရကြောင်း ဦးအောင်မင်းဦးက ပြောသည်။

Development Media Group
https://www.facebook.com/dmgnewsagency
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage59. တရုတ်လုပ်တဲ့ ကျွန်းကိစ္စ ဖိလစ်ပိုင် ဝေဖန် -DawnManHon

#international (1d ago)

ဖွင့်ရန်။

သူပိုင်-ငါပိုင် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက လုပ်ပြီးစ လူလုပ်ကျွန်းတွေအထက်ကို တရုတ်နိုင်ငံက လေကြောင်းပိုင်နက်အဖြစ် သတ်မှတ်တာဟာ မှားယွင်းတယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မနေ့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်မယ့် အလားအလာကို ရှောင်ရှားနိုင်အောင် ဒီနေရာတွေကနေ ထွက်ခွာသွားကြဖို့ တခြားနိုင်ငံတွေကို မပြောသင့်ဘူးလို့ ပြောပါတယ်။

အမေရိကန်သံအမတ်အပါအဝင် တခြားနိုင်ငံခြားသား ဧည့်သည်တော်တွေပါရှိတဲ့ ပရိသတ်ကို မိန့်ခွန်းပြောချိန်မှာ အဲဒီလိုပြောကြားတာပါ။ ဒါဟာ အနီးကပ်ဆက်ဆံရေးကို ကာကွယ်ဖို့ တရုတ်ကို ရန်ဘက်မပြုတတ်တဲ့ ဒူတာတေးက ရှားရှားပါးပါးဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။
လူလုပ်တာမို့ တရုတ်နိုင်ငံဟာ ကျွန်းတကျွန်းဖန်တီးလို့ မရပါဘူးလို့ ပြောတဲ့အပြင် ဒီ လူလုပ်ကျွန်းတွေအထက်က လေပိုင်နက်ကိုပိုင်တယ်လို့လည်း တရုတ်က ပြောနေတယ်လို့ ဒူတာတေးက ပြောပါတယ်။

ဖိလစ်ပိုင် သင်္ဘောတွေနဲ့ အငြင်းပွားနေတဲ့ ရေပြင်မှာရှိတဲ့လူလုပ်ကျွန်းတွေပေါ် ပျံသန်းတဲ့ လေယာဉ်တွေကို ကျွန်းတွေနားမလာဖို့ တရုတ်အသံလွှင့်စက်တွေက သတိပေးတာတွေ ပိုများလာတာကို စိုးရိမ်ပူပန်တဲ့အကြောင်း ဖိလစ်ပိုင်က ထုတ်ဖော်ပြောကြားတယ်လို့ အေပီ သတင်းက လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ဖော်ပြခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage58. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပခုက္ကူမြို့နယ်၊ ချောက်ကန်ရွာမှာ ၂၀၁၈ သြဂုတ် ၉ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားရောက်ခဲ့စဉ် -DawnManHon

#LocalNews (1d ago)

ဖွင့်ရန်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပခုက္ကူမြို့နယ်၊ ချောက်ကန်ရွာမှာ ၂၀၁၈ သြဂုတ် ၉ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားရောက်ခဲ့စဉ်
Photo: Htet Arkar/ RFA
နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်တွေမှာ နစ်နာချက်တွေ၊ တိုင်ကြားစာတွေ ပေးဖို့ ကြိုးစားတာတွေဟာ လုံခြုံရေးကို ထိခိုက်စေတာကြောင့် တိုက်ရိုက်မပေးဖို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ရက်စွဲနဲ့ ပြည်သူတွေကို ပန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေကပေးပို့တဲ့ တင်ပြစာတွေ၊ တိုင်ကြားစာတွေကို နိုင်ငံတော်သမ္မတရုံး တိုင်ကြားစာဌာနက လက်ခံပြီး ခိုင်လုံတဲ့စာတွေကိုစိစစ်ကာ သက်ဆိုင်ရာဌာနတွေကို ပေးပို့ဆောင်ရွက်ပြီး ဆောင်ရွက်ချက်တွေကို နိုင်ငံတော် အကြီးကဲတွေဆီ ပေးပို့တာတွေ လုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံတော်အကြီးအကဲ ခရီးစဉ်တွေမှာ နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားတဲ့ တိုင်ကြားစာအဖွဲ့က ပြည်သူတွေ တင်ပြလိုတဲ့ စာတွေ၊ တင်ပြချက်တွေကို ပျောက်ပျက်မှုမရှိဘဲ စနစ်တကျလက်ခံကာ နိုင်ငံတော်အကြီးကဲတွေထံ တင်ပြပေးဖို့ စီစဉ်ထားတယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘားအံ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ကြည့်ရှုရာမှာ လုံခြုံရေးတွေက တားတဲ့ကြားကနေ ပြည်သူတစ်ဦးက စာပေးခဲ့တာနဲ့ အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့က မဟာမုနိဘုရားသွားရောက်ဖူးမျှော်ရာမှာ ပြည်သူ တစ်ယောက်က တိုင်စာ ပစ်ပေးတာတွေ ရှိခဲ့ပြီး လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။

RFA Burmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage57. ဗြိတိန်ပါလီမန်အဆောက်အဦးအပြင်ဘက်နံရံ ကားနဲ့ဝင်တိုက်သူကို ဖမ်းဆီး -DawnManHon

#international (1d ago)

ဖွင့်ရန်။
ဗြိတိန်နိုင်ငံမှာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အမျိုးသားတဦးက ကားနဲ့ဝင်တိုက်ခဲ့ပြီး၊ နောက်ဆက်တွဲ လွှတ်တော် အဆောက်အအုံ အပြင်ဘက်က အတားအဆီးတွေကိုပါ ကားနဲ့ဝင်တိုက်ခဲ့ရာက လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်မောင်းကိုတော့ အကြမ်းဖက်သမားအဖြစ် မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းလည်း အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။ ၀င်တိုက်ခဲ့တဲ့ ကားထဲမှာတော့ တခြားသူဘယ်သူမှမပါပဲ၊ လက်နက်တစုံတရာ မတွေ့ရကြောင်းနဲ့ ဖမ်းဆီးထားသူဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကားနဲ့တမင်သက်သက် ၀င်တိုက်ခဲ့တာ သေချာသလောက် ရှိနေပေမဲ့ ဘာကြောင့်လုပ်ရသလဲ ဆိုတာတော့ မပြောနိုင်သေးကြောင်းလည်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး Neil Basu က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဖမ်းဆီးထားသူဟာ စစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ဘယ်သူဘယ်ဝါ ဆိုတာကိုရော၊ ဘာကြောင့်လုပ်တယ် ဆိုတာကိုရော မသိရပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ လတ်တလော စုံစမ်းမှုတွေအရ သံသယရှိသူဟာ ဗြိတိသျှ တန်ပြန်အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ထောက်လှမ်းရေး အသိုင်းအ၀န်းက သိရှိထားသူတဦး မဟုတ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း လန်ဒန်မှာ နောက်တကြိမ် အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှု ခံခဲ့ရကြောင်း Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေးလိုက်သလို၊ ဒီလို လူမဆန်တဲ့လူစားတွေကို ခပ်ကြမ်းကြမ်း နှိမ်နင်းဖို့ လိုကြောင်းလည်း ပြောဆိုခဲ့တာပါ။ လန်ဒန်အရေးပေါ်ဌာနကတော့ ဒဏ်ရာရသူ ၂ ယောက်ကို ပြုစုပေးပြီး၊ ဆေးရုံကို ပို့သပေးခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိကြောင်းလည်း ပြောပါတယ်။ ကားတိုက်မှုဟာ အကြမ်းဖက်ဝါဒီတွေနဲ့ ဆက်နွယ်မှု ရှိ-မရှိ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခင်းဖြစ်ပွားပြီးနောက် ကားနဲ့တိုက်မိတဲ့နေရာ အနီးတ၀ိုက် သာမက၊ ပါလီမန်အဆောက်အအုံ အနီးက မြေအောက်ရထား ဘူတာကိုပါ အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။ လွှတ်တော်ကတော့ လတ်တလောမှာ ရပ်နားထားတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းက လွှတ်တော်အနီးမှာရှိတဲ့ Westminster တံတားပေါ်မှာ အမျိုးသား တယောက်က ကားနဲ့တလကြမ်း ၀င်တိုက်ခဲ့ရာမှာတော့ လူ ၄ ဦး သေဆုံးခဲ့ရပြီး၊ နောက်ဆက်တွဲ လွှတ်တော်ရှေ့မှာ ရဲအရာရှိ တယောက်ကိုလည်း ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။ တိုက်ခိုက်သူကိုတော့ ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
https://burmese.voanews.com/a/british-parliament-car-crush-arrested-/4527744.html
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage56. ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်မည့် ဗြိတိသျှလူမည်းသရုပ်ဆောင် အီတရစ်စ်အယ်လ်ဘာ -DawnManHon

#international (2d ago)

ဖွင့်ရန်။
ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ ဗြိတိသျှလူမည်းသရုပ်ဆောင် အီတရစ်စ်အယ်လ်ဘာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အဆိုပါအကြောင်းကို ဗြိတိသျှလူမည်းသရုပ်ဆောင် အီတရစ်စ်အယ်လ်ဘာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၄င်းရဲ့ တွစ်တာစာမျက်နှာမှာ “ကျွန်တော့်နာမည်က အယ်လ်ဘာ၊ အီတရစ်စ်အယ်လ်ဘာ။ နာမည်က ဘွန်း၊ ဂျိမ်းစ်ဘွန်း။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားအသစ်မှာ ဒန်နီယယ်ခရိတ်အစား အီတရစ်စ်သရုပ်ဆောင်မယ့် အကြောင်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် အီတရစ်စ်ဟာ Luther ရုပ်ရှင်ကားမှာ စုံထောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၄င်းရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကားစက်ရုံအလုပ်သမားတစ်ဦးရဲ့ သားဖြစ်တဲ့ အီတရစ်စ်ဟာ လက်ရှိအချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လို့နေပါပြီ။

အီတရစ်စ်ဟာ Thor၊ Pacific Rim နဲ့ Star Trek ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး အနုပညာရှင်ဖြစ်သလို Mandela: Long Walk to Freedom ဇာတ်ကားနဲ့လည်း ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိမယ့် James Bond 007 ရုပ်ရှင်ကားမှာ ဒန်နီယယ်ခရိတ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ခရိတ်အနေနဲ့ ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/42278
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage55. မန္တလေးသေနတ်ပစ်ခတ်မှုတွင် ကျူးလွန်သူမှာတစ်ဦးတည်းဖြစ်ပြီး လုယက်ရန် ပစ်ခတ်ခဲ့ခြင်းဟု ဆို -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။
မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် သေနတ်သမားမှာ တစ်ဦးတည်းဖြစ်ပြီး လုယက်ရန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

ယမန်နေ့ သြဂုတ်လ ၁၃ ရက်၊နေ့လည် ၁၂ ခန့်က ချမ်းမြသာစည်မြို့နယ်၊၅၅လမ်း၊နှင်းဆီလမ်းနှင့် ရွာလယ် ကြားတွင် သေနတ် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစက ကျူးလွန်သူမှာ ၂ ယောက်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

သေနတ်ပစ်ခတ်တဲ့သူဟာ ဆိုင်ကယ်နဲ့ နှစ်ယောက် လာတယ်ဆိုတာ မဟုတ်ဘူး။ တစ်ယောက်တည်း လာတာဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး ရင်အုံတွင် ဒဏ်ရာရရှိခဲ့သည့် အမျိးသားမှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေဆဲဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်ဖြင့် ဘဏ်တစ်ခုမှ ငွေထုတ်ပြန်လာသူနှစ်ဦး၏ လက်ကိုင်အိတ်ကို လုယက်၍ သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်ခံရသူများမှာ မြရည်နန္ဒာရပ်ကွက်အတွင်းတွင် ခေါင်ရည်ဆိုင်ဖွင့်လှစ်ထားသည့် လီလျှီချမ်း(ခ)ဇော်လင်းနှင့် မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်း တို့ဖြစ်ကြောင်းသိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခဲ့သူသည် ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာတွင် နေထိုင်သူဖြစ်ကာ ပန်းရန်လုပ်ငန်း လုပ်သူ ခွန်ကောလာ(၃၇ )နှစ်ဖြစ်ပြီး ၎င်းထံမှ စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ပွိုင့် 32 ကျည်နှင့် 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်အိတ်နှစ်ခုတို့သိမ်းဆည်းရမိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးရမိထားသည့် သေနတ်သမားကို အောင်ပင်လယ်ရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၁၉(စ)၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၂ တို့ဖြင့် အမှုဖွင့်ထားပြီး မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/42285
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage54. မမီးမီးအတွက် အမှတ်တရစာအုပ်ထုတ်ဝေမည် -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။
သြဂုတ်လ ၁၃ ရက်နေ့က ယာဉ်မတော်တဆဖြစ်မှုဖြင့် ရုတ်တရက် ကွယ်လွန်းသွားသော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ မသင်းသင်းအေး (ခ) မမီးမီးအတွက် ရည်စူးကာ အမှတ်တရ စာအုပ် ထုတ်ဝေမည်ဟု ဦးဂျင်မီက The Ladies News သို့ ပြောကြားသည်။

အဆိုပါစာအုပ်တွင် မမီးမီးသည် ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘ်ာတစ်ဦး သာမက စွမ်းဆောင်ရည် မြင့်မားသည့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ကိုပါ သူမနှင့် ရင်းနှီးခဲ့သော မိတ်ဆွေများက ၀ိုင်းဝန်ရေးသားကြ လိမ့်မည်ဟု ဆိုသည်။

`မီးမီးနဲ့ ပတ်သက်ပြီး ရင်နှီးခဲ့တဲ့သူတွေ ကျွမ်းဝင်ခဲ့တဲ့သူတွေ သိတဲ့သူတွေ အဲဒီလူတွေကနေပြီးတော့ သူနဲ့ ပတ်သက်ပြီး တစ်ကြောင်းနှစ်ကြောင်းပေါ့ အဲလိုဝင်ရေးကြမယ်။ မီးမီးနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ၀င်ရေးကြမယ်။ အဲဒီရေးထားတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ စုစည်းပြီးတော့ထုတ်မယ်။ ရုံးမှာလည်း စာအုပ်ထားထား တယ်။ နောက်ပြီး Facebook တွေမှာ မီးမီးနဲ့ပတ်သက်ပြီး ရေးထားကြ တဲ့အကြောင်းတွေ ရှိတယ်။ အဲဒီလူတွေဆီကလည်း ကျွန်တော်တို့ ခွင့်ပြုချက်တောင်းမယ်။ အဲဒါတွေကို စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်မယ်။ ဆိုလိုချင်တဲ့သဘောက မီးမီးဆိုတာက ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်တစ်ယောက်သက်သက် မဟုတ်ဘူး၊ စွမ်းဆောင်ရည်မြင့်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်တာ ဆိုတာကို သူနဲ့ရင်းနှီးခဲ့တဲ့သူတွေက သူတို့အတွ့အကြုံတွေ ၀ိုင်းရေးကြလိမ့်မယ်` ဟု ဦးဂျင်မီက ပြောကြားသည်။

မမီးမီးသည် သြဂုတ်လ ၁၃ ရက်နေ့က ပုသိမ်းမြို့ရှိ ကဗျာဆရာ မောင်အောင်ပွင့်၏ အမျိုးသမီးနာရေးသို့ လိုက်ပါ ပို့ဆောင်ပြီး ရန်ကုန်သို့အပြန် ကျောင်းကုန်းမြို့နယ်အလွန် မိုင်တိုင် ၇၁/၇ တွင် ယာဉ်မတော်တဆ ဖြစ်ပွားကာ ပုသိမ်ဆေးရုံးသို့ ပို့ဆောင်စဉ် ကန်ကလေးလမ်းဆုံ၌ အသက်ဆုံးပါးသွားခြင်းဖြစ်သည်။

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း၊ လက်ရှိ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ဒု-တာဝန်ခံ မမီးမီး၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန်တွင် သြဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

အောင်ရဲနောင်
The Ladies News
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage53. စစ်အစိုးရလက်ထက် ပညာရေးအမှောင်ခေတ်ဟု ပြောဆိုမှု ကြံ့ခိုင်ရေးအမတ်ကန့်ကွက် -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။
တပ်မတော်အစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ပညာရေး အမှောင်ခေတ်ဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်ရဲ့ ပြောဆိုမှုကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က ကန့်ကွက်လိုက်ပါတယ်။

သြဂုတ် ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တောင်တွင်းကြီး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်က အခြေခံပညာရေးကဏ္ဍမှာ အမျိုးသားဆရာ ဦးရေ သိသာစွာကျဆင်းနေတဲ့အတွက် အမျိုးသားဆရာဦးရေ တိုးချဲ့ခန့်ထားဖို့ သင့်လျော်တဲ့ အစီအစဉ်တွေ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

မေးခွန်ရှင်ရဲ့ အဆိုအရ လက်ရှိကာလ ကျောင်းသားလူငယ်တွေဟာ လေးစားအတုယူ ရမယ့် ဆရာအင်အား နည်းပါးနေတဲ့အတွက် ရဲရင့်မှု၊ သတ္တိရှိမှုနည်းပါးလာပြီး ပျော့ညံ့မှုတွေ ရှိလာနေတဲ့အတွက် မေးမြန်းရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ် နောက်ပိုင်းကာလမှာ ပညာရေးအမှောင်ခေတ်ဖြစ်ခဲ့တဲ့ အတွက် ကျောင်းဆရာအများစုဟာ ပညာရေး ဝန်ထမ်းဘဝကနေ ထွက်ခွာသွားသူ အများအပြားရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီပြောဆိုမှုအပေါ်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးမောင်မြင့်က မေးခွန်းရှင်အနေနဲ့ လွှတ်တော်ရဲ့ ဥပဒေနည်း ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ တပ်မတော် အစိုးရကာလအတွင်းမှာ ပညာရေး အမှောင်ခေတ်လို့ သုံးနှုန်းသွားတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရအပေါ်မှာ ပြတ်ရယ်ပြုတဲ့ အသုံးအနှုန်း၊ ရှုတ်ချတဲ့အသုံးအနှုန်းတွေကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမောင်မြင့် ကန့်ကွက်ခဲ့တဲ့ ပညာရေးအမှောင်ခေတ်ဆိုတဲ့ အသုံးအနှုန်းကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းမေးမြန်းတာ၊ အဆိုတင်သွင်းဆွေးနွေးတာတွေ ပြုလုပ်တဲ့အခါမှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပြောဆိုသုံးနှုန်းကြဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အသိပေးပြောဆိုခဲပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်း မေးမြန်း၊ အဆိုတင်သွင်း ဆွေးနွေးတဲ့အခါမှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဖြစ်စေဖို့အတွက် ပါတီ စိစစ်ရေးအဖွဲ့ကို တင်ပြပြီးမှသာ မေးမြန်းဆွေးနွေးကြဖို့ သြဂုတ် ၁၃ ရက်က ပါတီရဲ့ စီအီးစီ အဖွဲ့က အစည်းအဝေးပြုလုပ်ပြီး ပြောဆိုထားပါတယ်။
http://burmese.dvb.no/archives/285336
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage52. သမ္မတထရမ့်က အမေရိကန်ကာကွယ်ရေးအသုံးစရိတ် ၇၁၆ ဘီလီယံကို လက်မှတ်ရေးထိုး -DawnManHon

#international (2d ago)

ဖွင့်ရန်။
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)
ဝါရှင်တန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း(NDAA) အတွက် အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံကို ခွင့်ပြုကြောင်း သြဂုတ် ၁၃ ရက်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

အဆိုပါ ကာကွယ်ရေးအသုံးစရိတ်သည် ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ရီပတ်ဗလီကန်ပါတီ သမ္မတလောင်းတစ်ဦးဖြစ်ခဲ့သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ထရမ့်၏ ဦးဆောင်မှုအပေါ် ပါတီအတွင်း အဓိက ဝေဖန်ထောက်ပြခဲ့သည်။

နယူးယောက်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သော Fort Drum ၌ ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲမတိုင်မီ သမ္မတထရမ့်က မိန့် ခွန်းပြောကြားခဲ့သော်လည်း ကန့် ကွက်မှုပြုလုပ်ခဲ့သော လွှတ်တော်အမတ် နာမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါ အသုံးစရိတ်တွင် ပင်တဂွန်စစ်ဌာနချုပ်အတွက် ဘက်ဂျက်ငွေ ၆၁၆.၉ ဘီလီယံကျော် ၊ နျူကလီးယားလက်နက်များအတွက် ၂၁.၉ ဘီလီယံ နှင့် စစ်ရံပုံငွေအတွက် ၆၉ ဘီလီယံ ပါဝင်ကြောင်းသိရသည်။

ထို့ ပြင် စစ်မှုထမ်းများအတွက် လစာငွေ ၂.၆ ရာခိုင်နှုန်းတိုးမြှင့်ပေးခြင်းလည်း ပါဝင်ပြီး အမြဲတမ်းတပ်ဖွဲ့ ဝင် ၁၅,၆ဝဝ ဦးကို အဆင့်တိုးမြှင့်ပေးခြင်း၊ စစ်သင်္ဘောသစ် ၁၃ စင်း နှင့် F-35 ဂျက်တိုက်လေယာဉ် ၇၇ စင်း ဝယ်ယူခြင်းတို့ လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အသုံးစရိတ်ဥပဒေကြမ်းကို အိမ်ဖြူတော်၏ အတည်ပြုချက်ဖြင့် ဆီးနိတ်လွှတ်တော်၌ သြဂုတ် ၁ ရက်က ထောက်ခံမဲ ၈၇ မဲ ကန့် ကွက်မဲ ၁ဝ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း အိမ်ဖြူတော် နှင့် ဆီးနိုတ်လွှတ်တော်တို့ သည် အမျိုးသားကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းအတွက် အတူတကွ လုပ်ဆောင်ကြရပြီး ၄င်းဥပဒေသည် သက်ဆိုင်ရာ ကော်မတီများကသတ်မှတ်မည့်  ရံပုံငွေအသုံး ပြုခြင်းဆိုင်ရာ မူဝါဒပိုင်းကို ချမှတ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage51. အာဖဂန်မှာ တာလီဘန်တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံး -DawnManHon

#international (2d ago)

ဖွင့်ရန်။
အာဖဂန်မှာ တာလီဘန်တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံး
အာဖဂန်နစ်စတန်နိုင်ငံ အရှေ့တောင်ပိုင်းက Ghazni မြို့တွင်းနဲ့ ဝန်းကျင်တဝိုက် တာလီဘန်တွေနဲ့ ဖြစ်ပွါးတဲ့ ၄ ရက်ကြာ တိုက်ပွဲတွေ အတွင်း သေဆုံးရသူ ၃၀၀ ကျော်နေပြီဖြစ်ပြီး အဲဒီထဲမှာ သေဆုံးရတဲ့ အာဖဂန်တပ်သား ၁၀၀ နဲ့ အရပ်သားက ၃၀ ရှိနေတယ်လို့ အာဖဂန်အာဏာပိုင်တွေက တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။

မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အကူညီကိုယူပြီး အာဖဂန်အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အာရပ်၊ Chechen နဲ့ ပါကစ္စတန် နိုင်ငံသားတွေ ပါဝင်တဲ့ သူပုန် ၂၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Tariq Shah Bahrami ကပြောပါတယ်။ ရက်သိပ်မကြာခင်မှာပဲ တာလီဘန်တွေကို မြို့ထဲကနေ နှင်ထုတ်ပြီး ခရိုင်မြို့တော်ကို ပြန်လည် ထိန်းချုပ်နိုင်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် တာလီဘန် ပြောခွင့်ရ Zabihullah Mujahid ကတော့ ဒါဟာ မဖြစ်နိုင်ကြောင်းနဲ့ မြို့ရဲ့ တချို့နေရာတွေမှာ တာလီဘန်တွေက အစိုးရတပ်တွေကို ဝိုင်းထားတယ်လို့ ပြောပါတယ်။ တိုက်ပွဲမှာ ဘယ်သူအသာစီးရနေတယ် ဆိုတဲ့ အခြေနေကို ခုထိ သီးခြား အတည်မပြုနိုင် သေးပါဘူး။

အမေရိကန်စစ်တပ်ကတော့ ဒီမြို့ဟာ အာဖဂန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပဲလို့ တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို ပါတယ်။ အာဖဂန်တပ်တွေကို အမေရိကန်အကြံပေးတွေက အကူအညီပေးနေကြောင်းနဲ့ သောကြာနေ့က စပြီး အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တာလီဘန် ၁၄၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒီမြို့ကို အာဖဂန်အစိုးရက ထိန်းချုပ်ထားကြောင်းနဲ့ တကွဲတပြား ဖြစ်နေတဲ့ တာလီဘန်တွေကြောင့် မြို့ဟာစိုးရိမ်စရာမရှိသလို တာလီဘန်တွေကို တိုက်ထုတ်နေဆဲဖြစ်ပြီး ကြိုကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ အထူးသဖြင့် မြို့ပြင်မှာ ဆက်ဖြစ်ပွါးနေတယ်လို့ အမေရိကန် စစ်တပ်ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီး Martin O’Donnel ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage50. ဘင်္ဂလာဒေ့ရှ် ဓါတ်ပုံသတင်းသမား Alam ကို ဆန္ဒပြပွဲ လှုံ့ဆော်သူအဖြစ် စွဲချက်တင် -DawnManHon

#international (2d ago)

ဖွင့်ရန်။
(ဓါတ်ပုံသတင်းသမား Alam ကို တရားရုံးအပြင်မှာ တွေ့ရစဉ်)
ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဆုရ ဓါတ်ပုံသတင်းသမားတစ်ဦး ကျောင်းသား ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အယ်လ်ဂျာဇီးရား သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းအပြီး ဆန္ဒပြပွဲ လှုံ့ဆော်သူအဖြစ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

သူ့ကို အများဆုံး ထောင်ဒဏ် ၁၄နှစ် အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူထားတာဖြစ်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဓါတ်ပုံသတင်းသမား Alam ကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ဖမ်းထားတာဖြစ်ပြီး တနင်္လာနေ့က ထောင်ကို ပို့လိုက်ပါတယ်။ ဖမ်းဆီးစဉ်မှာ ရိုက်နှက်ခံခဲ့ရတာကြောင့် ဆေးရုံမှာ ပြသခဲ့ရပါတယ်။ အဲဒီနောက် တရားရုံးချုပ်ကို ပို့ခဲ့ပြီး အောက်တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

သူ့ကို မမှန်သတင်းဖြန့်မှု၊ မြှောက်ထိုးပင့်ကော်လုပ်မှုတွေနဲ့ စွပ်စွဲထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။ သူနဲ့ အယ်လ်ဂျာဇီးရား သတင်းဌာန မေးမြန်းခန်းကို လူမှုရေးကွန်ရက်မှာ ထုတ်လွှင့်ခဲ့သလို သူကိုယ်တိုင်ကလည်း ဆန္ဒပြပွဲဓါတ်ပုံတွေ တင်ခဲ့ပါတယ်။

ကျောင်းသားဆန္ဒပြပွဲဟာ ရွေးချယ်တင်မြောက်မခံရတဲ့ အစိုးရအပေါ် မျိုသိပ်ထားတဲ့ ဒေါသတွေ ပေါက်ကွဲတာ ဖြစ်တယ်လို့ အယ်လ်ဂျာဇီးရား သတင်းဌာနကို ပြောခဲ့သလို ဆန္ဒပြသူတွေကို အစိုးရရဲ့ အကြမ်းဖက်နိမ်နှင်းခဲ့ပုံတွေကိုလည်း ပြောဆိုခဲ့ပါတယ်။

သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် HRW အဖွဲ့၊ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့ က တောင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage49. ဖွဲ့စည်းပုံအသစ် ပြင်နေတဲ့ ကျူးဘား -DawnManHon

#international (2d ago)

ဖွင့်ရန်။
 ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ဆွဲဖို့ ဆွေးနွေး
ကျူးဘား နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် နဲ့ ပတ်သက်လို့ လူထု ဆွေးနွေးဖို့ အချိန်သုံးလ ပေးလိုက်ပါတယ်။

ပထမ မူကြမ်းကို အမျိုးသား လွှတ်တော်မှာပြီးခဲ့တဲ့ လက အတည်ပြုခဲ့ပြီး ထောင်နဲ့ချီတဲ့ ရုံးဌာန တွေနဲ့ ပြည်ပမှာ နေထိုင်သူတွေ အတွက် အင်တာနက် ပေါ်က တဆင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နောက်ဆုံး အချောသတ် ကို လာမယ့် ဖေဖော်ဝါရီမှာ လူထု ဆန္ဒ ခံယူမှာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံသစ်မှာ ကွန်မြူနစ် လူ့အဖွဲ့အစည်း ထူထောင်ဖို့ ရည်ရွယ်မယ့် အစား ဆိုရှယ်လစ် စံနစ်ကို အဓိက ထား ဖို့ ရည်ရွယ်တာ တွေ့ရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားပြီး ၊ လိင်တူ ချစ်သူတွေ လက်ထပ်မှုကိုလည်း ခွင့်ပြုထားပါတယ်။
ဖွဲ့စည်းပုံသစ်ကို ဆွေးနွေးဖို့ လူထုကို သုံးလ အချိန်ပေး
ကျူးဘားနိုင်ငံ မှာ အစိုးရ ကနေ အခြေခံ ဥပေဒ ကို ပြောင်းလဲ ပြင်ဆင်ရေးဆွဲ မယ် လို့ ပြောတဲ့ အထဲမှာ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေး ဆိုင်ရာ အသင့်အတင့် ပြုပြင် ပြောင်းလဲမှု ပြုမယ် ဆိုတဲ့ အချက်တွေ ပါဝင်လာပါတယ်။

စီးပွားရေး အနေနဲ့တော့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်တွေ ကို အသိအမှတ် ပြုမယ် လို့ ဆိုထားတဲ့ အတွက် ကွန်မြူနစ် စနစ် ကနေ မသိမသာ ဆိုရှယ်လစ် စနစ်ဆီ ကူးပြောင်းလာတဲ့ အသွင် ဆောင်လာ

ပါတယ်။

နိုင်ငံရေးပိုင်း ပြောင်းလဲမှုမှာ ဆိုရင်လည်း သမ္မတ ၅ နှစ် သက်တမ်း ကိုလည်း အများဆုံး နှစ်ကြိမ် ပဲ ထမ်းဆောင်ခွင့်ရှိ မှာ ဖြစ်ပြီး တပါတီ စနစ် နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံ မှာ ဝန်ကြီးချုပ်ရာထူး လည်း ဖေါ်ဆောင်မှာ ဖြစ်ပါတယ်။

နောက်တဆင့် အနေနဲ့ ဒေသခံ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ် ခန့်အပ် မှာလည်း ဖြစ်ပါတယ်။

သာမန် ပြည်သူတွေ အနေနဲ့ သိလိုတာကတော့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ဆိုတဲ့ နေရာမှာ သူတို့ အနေနဲ့ ဘယ်လို အကျိုးအမြတ်တွေ ရစေနိုင်မှာလည်း ဆိုတာ ကို စိတ်ဝင်စားနေကြပါတယ်။

နောက်ထပ် အပြောင်းအလဲ လုပ်ပေးမယ် ဆိုတဲ့ ကိစ္စရပ် ကတော့ အငြင်းပွားစရာ ဖြစ်နေတဲ့ လိင်တူချစ်သူ တွေ ကို လက်ထပ်ခွင့် ပြုမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဒီ အချက် ကို သမ္မတဟောင်း Raul Castro ရဲ့ သမီး Mariela Castro က လိင်ကျန်းမာရေး သိပ္ပံ ကို ဦးဆောင် နေသူဖြစ်တဲ့ အတွက် ထောက်ခံအားပေးမှု ပြုတာ ဖြစ်ပါတယ်

ဒါပေမဲ့ ဘုရားကျောင်း တွေ ကရော တခြား ဘာသာရေး အဖွဲ့အစည်းတွေ ကပါ အခု ကတည်း က သတိပေး စာရွက်တွေ ဖြန့်ဝေနေပြီး ကန့်ကွက်နေကြပါပြီ။ သင်းအုပ်ဆရာ တွေ ကဆိုရင် အခြေအတင် ဆွေးနွေးပွဲ တွေ ကျင်းပပြီး ဆန့်ကျင် ကြဖို့ အမိန့်ထုတ်ထားပါတယ်။

ဒါပေမဲ့ ဘယ်အတိုင်းအတာ ထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် အတည်ပြုနိုင်မလည်း ဆိုတာ ကတော့ ဥပဒေ မူကြမ်း ကို ရှေ့လာမဲ့နှစ် မှာ လူထု သဘောထား ဆန္ဒ ကောက်ယူပွဲ ကျရင် အဖြေ ပေါ်လာဖွယ်ရှိပါတယ်။

BBC Burmese
https://www.bbc.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage48. သီရိလင်္ကာရဲ့ ရေကြောင်းလုံခြုံရေးအတွက် ကန်က ကူညီမယ်လို့ ကြေညာ -DawnManHon

#international (2d ago)

ဖွင့်ရန်။
Photo: www.pexels.com
သီရိလင်္ကာနိုင်ငံရဲ့ရေကြောင်းလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃၉ သန်း ကူညီမယ်လို့ ကြေညာလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြား စစ်ရေးအကူအညီ ရန်ပုံငွေအဖြစ် ထောက်ပံ့မှာဖြစ်တယ် လို့ ကိုလံဘိုမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။

ဒီရန်ပုံငွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဘင်္ဂလားပယ်လယ်အော် အစီအစဉ်၊ သိရိလင်္ကာ ရဲ့ လူသားချင်းစာနာ ရေး အကူအညီ နဲ့ သဘာဝဘေးဒဏ် ကူညီရေးတွေနဲ့ ပတ်သက်ပြီး သီရိလင်္ကာအစိုးရနဲ့ ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

သိရိလင်္ကာမှာ တရုတ်က ရေနက်ဆိပ်ကမ်းတွေနဲ့ တခြားစီမံကိန်းတွေ ဆောင်ရွက်နေတာပါ။ တရုတ်ရဲ့ စင်္ကြန်နဲ့ ပတ်လမ်း အစီအစဉ်မှာ သီရိလင်္ကာက အရေးကြီးတဲ့နေရာတွေထဲမှာ ပါဝင်ပါတယ်။

၂၀၀၉ ခုနှစ်က သီရိလင်္ကာမှာ တမီ ခွဲထွက်ရေးသူပုန်တွေကို နှိမ်နင်းခဲ့စဉ်အတွင်း အမေရိကန်က သိရိလင်္ကာကို လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage47. ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့တန်းကပါခဲ့သူရဲ့ နောက်ဆုံးခရီး -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။
 ကြွေလွင့်သွားပြီ ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသူ မမီးမီး
၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ဒုတာဝန်ခံ မမီးမီး ခေါ် မသင်းသင်းအေးဟာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနီးမှာသူတို့လိုက်ပါလာတဲ့ ယာဉ်တိမ်းမှောက်မူကြောင့် သြဂုတ်လ ၁၃ရက်နေ့ က ကွယ်လွန်သွားပါတယ်။

ကဗျာ ဆရာ အောင်ပွင့် ရဲ့ ဇနီးဖြစ်သူ နာရေး ကို လိုက်ပါပို့ဆောင်ခဲ့ ပြီး အပြန်မှာ မမီးမီး လိုက်ပါလာတဲ့ ကားဟာ ဧရာဝတီ တိုင်း ကျောင်းကုန်း မြို့ အနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

၈၈ အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ် ၊ နိုင်ငံရေး အကျဉ်းသူဟောင်းလည်းဖြစ်တဲ့ မမီးမီး ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၇နှစ် ရှိပါပြီ။

သူ့ဈာပနကို သြဂုတ်လ ၁၇ ရက်နေ့ သောကြာနေ့မှာ ရေဝေးသုဿာန်မှာ ကျင်းပသွားမှာ ဖြစ်ပြီး အသုဘရှု အခမ်းအနားကို နေ့လယ် ၂ နာရီ ကနေ ၄ နာရီ အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ခင်ပွန်းသည် ကိုလှမိုး နဲ့ သမီးတယောက် ၊ သားတယောက် အပြင် မြေးမလေး နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
စစ်အာဏာရှင် လက်ထက် ကုန်ဈေးနှုန်း တိုးမြှင့်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ကွယ်လွန်သူ မမီးမီးရဲ့ အထင်ကရ ဓါတ်ပုံ
မမီးမီး ဟာ ရုက္ခဗေဒ ဂုဏ်ထူးတန်း ဒုတိယနှစ် တက်နေစဉ် ကတည်းက နိုင်ငံရေးမှုတွေနဲ့ ထောင်အကြိမ်ကြိမ် ကျခဲ့ဖူးသူ တယောက် ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်း က စက်သုံးဆီ ဈေးနှုန်း ကျဆင်း ရေး လှုပ်ရှား တောင်းဆိုမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

၈၈ ကျောင်းသူ ဟောင်း မမီးမီးဟာ ဆယ်ကျော်သက် အရွယ် ကတည်း က နိုင်ငံရေး ကို စိတ်ပါဝင်စားခဲ့သူ ဖြစ်ပြီး သူ့ဘဝ တခု လုံး ကို နိုင်ငံရေး ထဲမှာ မြှုပ်နှံခဲ့သူ တယောက် ဖြစ်ပါတယ်။

လက်ရှိ အချိန် အထိလည်း အများပြည်သူ ကို ကူညီပေးဖို့ အတွက် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှာ အမျိုးသမီး ဌာန ဒုတိယ တာဝန် ခံ အဖြစ် ပါဝင်ခဲ့ပြီး ကြက်ခြေနီ အဖွဲ့ ထဲမှာလည်း ပါဝင် လှုပ်ရှား ဆောင်ရွက် လျက် ရှိပါတယ်။

အခုလို ဒီမိုကရေစီ အရေးမှာ ရှေ့တန်းက ပါဝင်ခဲ့သူတယောက် ဆုံးရှုံးရတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အထူး ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage46. မမီးမီးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ် -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။

ကျောင်းကုန်း၊ သြဂုတ် ၁၃ ။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနီး ယာဉ်တိမ်းမှောက်မူကြောင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဌာန ဒုတာဝန်ခံ မမီးမီးသည် ယနေ့ သြဂုတ်လ ၁၃ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်ခဲ့ကြောင်း၊ ဒဏ်ရာရှိထားသည့် မမီးမီးအား ပုသိမ်ဆေးရုံသို့ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်းမြို့ရှိ AHN သတင်းထောက်က ယနေ့ ညနေပိုင်းတွင် သတင်းပေးပို့သည်။


မမီးမီးတို့ကားက ပုသိမ်ကနေ ရန်ကုန်ကို ပြန်လာတာပါ။ ကျောင်းကုန်းမြို့အထွက် TS ဆီဆိုင်အနီး မိုင်တိုင်အမှတ် ၇၁/၇ နဲ့ ၇၂/၀ ကြားမှာတိမ်းမှောက်ခဲ့တာပါ။ အခြားယာဉ်တစ်စင်းကိုကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းညာဘက်ကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ ရဲမှတ်တမ်းအရသိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် မမီးမီးမှာ လက်မောင်းနှစ်ဖက်ကျိုး၊ လက်ဖျံနှစ်ဖက်ထိခိုက်၊ နှာခေါင်းသွေးထွက်ဒဏ်ရာတွေရခဲ့ပါတယ်။ မမီးမီးကို ပုသိမ်ဆေးရုံကို ပို့ဆောင်စဉ် ကျောင်းကုန်းမြို့ အထွက်မှာပဲသေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကားပေါ်မှာ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ ကို နန္ဒစစ်အောင်၊ ကိုအောင်ကျော်ကျော်တို့ ပါတယ်လို့သိရပါတယ်။ ကျန်တဲ့ လူတွေကတော့ အနည်းငယ်ပဲထိခိုက်မှုရှိပြီး စိုးရိမ်ရမှုမရှိဘူးလို့သိရပါတယ်။ လောလောဆယ်တော့ သတင်းက ဒီလောက်ပဲ စုံစမ်းလို့ရပါသေးတယ် ဟု ၄င်းကပြောသည်။

လင်းခေတ်ဇော် (AHN – KK)
PHOTO - AHN
The Asia Heart News
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage45. မန္တလေးမြို့မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။

မန္တလေး-သြဂုတ် ၁၃

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း မနော်ဟရီနှင့် မြတ်လေးလမ်းကြားမှာ ယနေ့ နံနက် ၁၁ နာရီခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အောင်ပင်လယ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။

အဆိုပါပစ်ခတ်မှုတွင် ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ဦးအား လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်းသိရသည်။ အမျိုးသားဖြစ်သူမှာ နားထင်တွင်ပစ်ခတ်ခံရပြီး အမျိုးသမီးဖြစ်သူမှာ ရင်အုံတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။


‘စစ်ဆေးနေတုန်းဖြစ်တာမလို့ တိကျတဲ့အချက်အလက်တွေ ဘာမှမသိရသေးဘူး။ တစ်ယောက်သေသွားတယ်လို့ကြားတယ်။ တရားခံကစစ်နေတုန်းမို့ ဖြစ်စဉ်အတိအကျပြောလို့ မရသေးဘူး’ဟု အောင်ပင်လယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

သေနတ်ဒဏ်ရဖြင့် အမျိုးသမီးမှာ ဆေးရုံတွင်သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူမှာ ဒဏ်ရာပြင်းထန်ကြောင်း မျက်မြင်တစ်ဦးမှပြောသည်။ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ပေးမှုကြောင့် သေနတ်ဖြင့်ပစ်ခတ်သူနှစ်ဦးမှ တစ်ဦးအား ဖမ်းဆီးမိကြောင်းသိရသည်။

အိမို့မို့ခိုင်
Photo- ရဲတပ်​ဖွဲ့
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage44. ၈၈ မျိုးဆက် ကျောင်းသူ၊ ပွင့်လင်း လူ့ အဖွဲ့ အစည်း က မမီးမီး ကွယ်လွန် -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။
 ၈၈ မျိုးဆက် ကျောင်းသား မမီးမီး
သြဂုတ်လ ၁၃ ရက်နေ့မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က အမျိုးသမီးဌာန ဒုတိယ တာဝန်ခံ မမီးမီးဟာ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကွယ်လွန် သွားပါတယ်။

ကဗျာ ဆရာ အောင်ပွင့် အမျိုးသမီး ရဲ့ နာရေး ကို လိုက်ပါပို့ဆောင်ခဲ့ ပြီး အပြန် ဧရာဝတီ တိုင်း ကျောင်းကုန်း မြို့ အနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့တာပါ။

မတော်တဆမှု ဖြစ်ပွား ခဲ့တဲ့ ကားပေါ်မှာ ၈၈ မျိုးဆက် ကျောင်းသား တွေ ဖြစ်ကြတဲ့ မနီလာသိန်း၊ ကိုဇော်ဝမ်းမောင်၊ မခက်ခက်တို၌လည်း လိုက်ပါ ခဲ့ကြပါတယ်။

မမီးမီးကို အရေးပေါ် ဆေးရုံတင် ဆေးကုသမှု ခံယူရာ ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုနန္ဒာစစ်အောင်တို့က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

မမီးမီးရဲ့ ရုပ်အလောင်းကို ရန်ကုန် မြို့ကို ပြန်လည် သယ်ဆောင်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက သူတို့ရဲ့ လူမှု ကွန်ရက်မှာ ရေးသား ပြောဆို နေကြပါတယ်။

BBC Burmese
https://www.bbc.com/burmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage43. မန္တလေးတွင်ဖြစ်ပွားသည့် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုမှ တရားခံကို ၅ နာရီဝန်းကျင်ကြာ စစ်ဆေးလျှက်ရှိသော်လည်း အမှုနှင့်ပက်သတ်၍ တစုံတရာမပြောနိုင်သေးကြောင်း စခန်းမှ တာဝန်ရှိသူများ ပြော -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။
မန္တလေးမြို့တွင် သြဂုတ် ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်က လင်မယား ၂ဦးကို သေနတ်ပစ်ခတ်လုပ်ကြံမှုမှ ဖမ်းဆီးရမိထားသည့်တရားခံကို အောင်ပင်လယ်ရဲစခန်းတွင် ၅ နာရီဝန်းကျင်ကြာ စစ်ဆေးနေသော်လည်း အမှုနှင့်ပက်သတ်၍ မည်သည့်အကြောင်းအရာကိုမျှ ဖြေဆိုနိုင်ခြင်းမရှိသေးကြောင်း စခန်းမှတာဝန်ရှိသူများက ပြောသည်။

ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနှင့် ရွာလယ်လမ်းနှင့် နှင်းဆီလမ်းကြားတွင် ဆိုင်ကယ်စီးလာသည့် လင်မယား ၂ ဦးတို့ကို အခြား ဆိုင်ကယ်ပေါ်မှ အမျိုးအသား ၂ဦးအနက် ၁ ဦးက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါပြစ်မှုမှ တရားခံ ၂ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီခဲ့ရာ ၁ ဦးကိုဖမ်းဆီးမိပြီး ကျန် ၁ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

“အမှုနဲ့ပက်သတ်ပြီး ဘာဆိုဘာမှဖြေဆိုနိုင်မှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့လည်း ဘာမှမသိသေးဘူး။ သေဆုံးသူအမည်၊ သေနတ်နဲ့ပစ်တဲ့သူအမည်၊ နေရပ်လိပ်စာ အမှုပနံပါတ် ဘာမှမဖြေနိုင်သေးဘူး”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီးမျိုးအောင်က ပြောသည်။

ဖမ်းဆီးရမိသည့်တရားခံကို အောင်ပယ်လယ်ရဲစခန်းတွင် စစ်ဆေးနေပြီး မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် တာဝန်ရှိသူများ လာရောက်ခဲ့ပြီး လုံ/နယ် ဝန်ကြီးကလည်း အမှုနှင့်ပက်သတ်ပြီး မည်သည့်အကြောင်းအရာကိုမျှ ဖြေဆိုမည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

“ကျွန်တော့်ကို ဖုန်းဆက်တာနဲ့ ကျွန်တော် ချက်ချင်းသွားတယ်။ ဟိုရောက်တော့ အမျိုးသမီးက မလှုပ်တော့ဘူး။ သတိမေ့နေတဲ့အခြေအနေမှာ ရှိတယ်။ ဆေးရုံရောက်မှ သေသွားတယ်။ ယောက်ျားကတော့ ခုလက်ရှိဆေးရုံမှာ။ တရားခံကိုတော့ ပြည်သူတွေကဝိုင်းဖမ်းထားလို့ တဦးမိလိုက်တယ်။ ၄ ချက်ပစ်တယ်။ ၂ချက် မှန်တယ်။ ထပ်ပစ်သေးတယ်။ သေနတ်ဂျမ့်ဖြစ်သွားလို့ ကျည်ထပ်မထွက်တော့တာလို့ ပြောကြတယ်”ဟု ၄င်းသေနတ်ဖြစ်မှုဖြစ်ပွားခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကံလှိုင်ကပြောသည်။

ပစ်ခတ်ခံရသူ ၂ဦးမှာ မန္တလေးမြို့တွင် ၅၅ လမ်း x ၅၆ လမ်းကြား၊ ဗ(၂၃)၊ ထွန်တုံးရပ်ကွက်တွင် ခေါင်ရည်ဆိုင်ဖွင့်နေသည့်လင်မယား၂ဦးဖြစ်ပြီး ဖမ်းဆီးရမိသူမှာ အုန်းချောတွင် နေထိုင်သူဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

လင်းထက်(မန္တလေး)
News Watch
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage42. ၈၈ ငြိမ်း/ပွင့် မမီးမီး ရုတ်တရက်ကွယ်လွန် -DawnManHon

#LocalNews (2d ago)

ဖွင့်ရန်။

Mie
Mie Mie
၈၈ မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီး ခေါ် မသင်းသင်းအေး ဟာ အခု ညနေပိုင်းမှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ၈၈ ငြိမ်းပွင့်အဖွဲ့ရဲ့ ဧရာဝတီခရီးစဉ်အတွင်း ကျောင်းကုန်းမြို့အနီးမှာ ကားတိမ်းမှောက်ပြီး၊ ဆေးရုံအရောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦး အခုလို သတင်းပေးပို့ထားပါတယ်။

မမီးမီး ခေါ် မသင်းသင်းအေး အပါအ၀င် ၈၈ အဖွဲ့သား ၄ ယောက်လိုက်ပါလာတဲ့ကား ဧရာဝတီခရီးစဉ်အတွင်း ကျောင်းကုန်းမြို့အနီးမှာ ကားတိမ်းမှောက်ပြီး မမီးမီးကတော့ ကွယ်လွန်သွားခဲ့တဲ့အကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်တွေက အတည်ပြုပြောဆိုပါတယ်။ ဧရာဝတီတိုင်း လျပ်စစ်စွမ်းအင် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက VOA ကိုအခုလိုပြောဆိုပါတယ်။

ကျောင်းကုန်းကနေ ပုသိမ်ဆေးရုံကို ရွှေ့ဖို့လုပ်နေတဲ့အချိန်မှာ လမ်းမှာတခုခုဖြစ်မှာစိုးလို့ ကျောင်ကုန်းကနေပြီးတော့ ဆရာဝန်က ညှိညှိနှိုင်းနှိုင်းအဆင်ပြေအောင်လုပ်ဖို့ လုပ်နေရင်း ဆုံးသွားတာပါ။

မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူတဦးဖြစ်ပြီး ၁၉၈၈ကနေ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ် နှစ်ရှည် ၃ ကြိမ် အကျခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ရန်ကုန်မှာ လမ်းလျောက် ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ၂၀၀၈ ခုအတွင်းမှာ တရားမ၀င်အသင်းဖွဲ့စည်းမှု ၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပျားစေမှု ၊ အီလက်ထရောနစ်ပုဒ်မတို့အပါအ၀င် ပုဒ်မအနည်းဆုံး၅ ခုနဲ့ ထောင်ဒဏ် ၆၅နှစ်ချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အကျဉ်းထောင်က လွှတ်မြောက်ခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ သားတဦး သမီးတဦးနဲ့ မြေးတဦး ကျန်ရစ်ပါတယ်။

ကားပေါ်မှာ လိုက်ပါသွားခဲ့တဲ့ မနီလာသိန်းအပါအ၀င် တခြားသူတွေကတော့ ထိခိုက်ဒဏ်ရာရမှု တချို့ကြောင့် ဆေးရုံမှာ ကုသခံနေဆဲပဲလို့လည်း စုံစမ်းသိရှိပါတယ်။

===========

VOA Burmese News
https://burmese.voanews.com/a/4525999.html
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage41. ၁၃ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသားထံရောင်းချခဲ့သည့် သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ -DawnManHon

#LocalNews (3d ago)

ဖွင့်ရန်။

သြဂုတ် ၁၂

အသက် တစ်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသားထံရောင်းချခဲ့သည့် သူများကို ဖမ်းဆီးရမိရေးအတွက် လူကုန်တားရဲတပ်ဖွဲ့ နှင့် နယ်မြေခံရဲများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည် ။

ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာနေ ၁၃ နှစ် အရွယ် မိန်းကလေးအား ဇူလိုင်လ (၁၀) ရက်နေ့က အဖွားဖြစ်သူ ဒေါ်မြမြ က မူဆယ်သို့ အဖော်အဖြစ်ခေါ်သွားခဲ့ကာ ဇူလိုင်လ (၁၆) ရက်နေ့တွင် ဒေါ်မြမြ မှာ တစ်ဦးတည်း ပြန်လာခဲ့ကြောင်း သိရသည် ။

ထို့နောက် ၁၃ နှစ် အရွယ် မိန်းကလေး၏ အမေတူ အဖေကွဲ အမတော်စပ်သူ မခင်ဆွေလင်း (၂၈) နှစ် က မေးမြန်းရာ လူကုန်ကူးခံရသည့် မိန်းကလေးမှာ မမြသီတာထွန်း၊ လှအောင်တို့နှင့်အတူ မန္တလေးမြို့ထဲတွင်ရှိနေကြောင်း ၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ရွာသို့ပြန်လည်ပို့ဆောင်ပေးခဲ့၍ ဇူလိုင်လ (၁၈) ရက်နေ့တွင် မမြသီတာထွန်းနှင့် လှအောင်တို့မှ မည်သူ့ ကို မျှအသိမပေးဘဲ အသက်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးအား လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည် ။

ထို့အတွက်ကြောင့် ဒေါ်မြမြ ၊ မမြသီတာထွန်းနှင့် လှအောင်တို့ကို အုန်းချောနယ်မြေခံရဲစခန်းတွင် (ပ)၁၄၆/၂၀၁၈ လူကုန်တားဥပဒေပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ခဲ့ရာ ဒေါ်မြမြအားဖမ်းဆီးရမိခဲ့သော်လည်း မမြသီတာထွန်း နှင့် လှအောင် တို့မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိခဲ့ပေ ။

``လူကုန်ကူးတဲ့ သူတွေကို ဖမ်းဖို့လုပ်နေတယ် ။ ခုတော့ တစ်ယောက်ပဲမိသေးတယ် ။ ကလေးမလေးကို ပေါင်းသင်းနေထိုင်တဲ့ တရုတ်လူမျိုးကိုတော့ ဖမ်းဆီးရမိထားတယ် ။ ကျန်တဲ့သူတွေကို နယ်မြေခံနဲ့ ကျွန်တော်တို့ လူကုန်တားရဲ နဲ့ ပူးပေါင်းပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမယ်။´´ ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ(မန္တလေး) က ရဲမှူးမျိုးဇင် က ပြောသည် ။

ထို့နောက် လူကုန်ကူးခံရသည့် အသက်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးမှာ သြဂုတ်လ ၉ ရက်နေ့က ရွာသို့တစ်ဦးတည်း ပြန်လည်ရောက်ရှိလာသဖြင့် သက်ဆိုင်ရာက မေးမြန်းခဲ့ရာ ၄င်းအား မမြသီတာထွန်း နှင့် လှအောင်တို့မှ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ သို့ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသား အားချန်(ခ)အားထန်(ခ)ထွန်းထွန်း (၃၆) နှစ် နှင့် လက်ထပ်ပေးစားရန်လုပ်ဆောင်ခဲ့ကြောင်း ၊ ထို့နောက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ထထ-၃ ရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသားနှင့် လင်မယားအဖြစ် ၁၉ ရက်ပေါင်း သင်းနေထိုင်ခဲ့ကြောင်း ထွက်ဆိုပြောကြားခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ်လ (၁၁) ရက်နေ့က ၁၃ နှစ် အရွယ် မိန်းကလေး၏ အမေတူ အဖေကွဲ အမတော်စပ်သူ မခင်ဆွေလင်း က တရုတ်နိုင်ငံသား အာချန်(ခ)အားထန် (ခ) ထွန်းထွန်း၊ ဒေါ်မြမြ၊ မမြသီတာထွန်းနှင့် လှအောင်(ခ)ကျော်ကျော်တို့အား စက်မှု နယ်မြေခံရဲစခန်းတွင် (ပ) ၃၉၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့်ခဲ့သည် ။

ယင်းအမှုတွင် တရုတ်နိုင်ငံသားအား သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ဒေါ်မြမြမှာလည်း လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံရစဉ်က ဖမ်းဆီးရမိထားပြီးဖြစ်ကာ လွတ်မြောက်နေသည့် မမြသီတာထွန်းနှင့် လှအောင် တို့အား ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရသည် ။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage40. နယ်စပ်မျဉ်းပေါ် ခိုလှုံသူတွေကို အကူအညီရပ်ဖို့ မြန်မာတိုက်တွန်း -DawnManHon

#LocalNews (3d ago)

ဖွင့်ရန်။
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် (ဓါတ်ပုံ- MOI)
ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ ထောင်ကို ဘင်္ဂလားဒေရှ့်ဘက်က အထောက်အကူ ပေးနေတာတွေ ရပ်ဖို့ မြန်မာဘက်က ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်တယ်လို့ AFP သတင်းက ပြောဆိုပါတယ်။

ဒီလူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဘင်္ဂလားဒေရှ့်ဘက်က ပေးနေတာတွေ ရပ်ပြီး မြန်မာဘက်ကနေ ပေးဖို့ ကမ်းလှမ်းတဲ့ အကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့ စနေနေ့ နှောင်းပိုင်းမှာ ပြောဆိုပါတယ်။ ဒီ ကမ်းလှမ်းချက် အပေါ် ဘင်္ဂလားဒေရှ့်ဘက်က မှတ်ချက်ပေး ပြောဆိုခဲ့တာ မရှိကြောင်း၊ ဒါပေမယ့် အဲဒီ နှစ်နိုင်ငံ နယ်စပ်မှာ စစ်တမ်းတခုကောက်ယူဖို့ မြန်မာဘက်က အဆိုပြုချက်ကိုတော့ အပြုသဘောဆောင် တုံ့ပြန်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဒီလူတွေက ဘင်္ဂလားဒေရှ့်ဘက်ကိုလည်း ၀င်ရောက်ခွင့် မရဘဲ နှစ်နိုင်ငံနယ်စပ်မှာ ပိတ်မိနေကြသူတွေပါ။ ဘင်္ဂလားဒေရှ့်ဘက်က ပို့ပေးတဲ့ နိုင်ငံတကာ အထောက်အကူတွေကို မှီခိုနေရသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီး A.H. Mahmood Ali နဲ့ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေတို့ ပြီးခဲ့တဲ့ သောကြာနေ့ နေပြည်တော်မှာ ဆွေးနွေးမှု အတွင်း မြန်မာဘက်က အခုလို တောင်းဆိုတာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီး Abul Hassan Mahmood Ali က မနေ့ စနေနေ့တုန်းကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာ အစိုးရဲ့ ဆောင်ရွက်ချက် တစိတ်တပိုင်းဖြစ်တဲ့ ရခိုင်မြောက်ပိုင်းက အဆောက်အအုံ ဆောက်လုပ်မှု အခြေအနေကို သွားကြည့်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage39. ဆီးရီးယား လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် အရပ်သားတွေ သေဆုံး -DawnManHon

#international (3d ago)

ဖွင့်ရန်။
ထိခိုက်ဒဏ်ရာ ရကြသူတွေထဲ ကလေးငယ်တွေပါဝင်
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက သူပုန်တွေထိန်းချုပ်ရာ အစ်ဒလစ်ပြည်နယ် မှာရှိတဲ့ လက်နက်သိုလှောင်ရုံပေါက်ကွဲပြီး အဆောက်အဦးပြိုကျလို့ ကလေး ၁၂ ယောက် အပါအဝင် လူ ၃၉ ဦး သေဆုံးခဲ့ရပါတယ်။

ပေါက်ကွဲမှုကြောင့် အခုလို သေဆုံးမှုတွေအပြင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပြီး လူဒါဇင် နဲ့ ချီ ပျောက်ဆုံးနေပါတယ်။

ဆာမာဒါမြို့က ပေါက်ကွဲခဲ့တဲ့ ဒီသိုလှောင်ရုံမှာ စက်လက်နက်ပစ္စည်းတွေ ထားရှိထားတာဖြစ်ပြီး အဲ့ဒီ လက်နက် ခဲယမ်းမီးကျောက် တွေဟာ လက်နက်မှောင်ခိုသမားတယောက် သိုလှောင်ထားတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုပြီး ပြောဆိုမှုတွေရှိနေပါတယ်။

လောလောဆယ်မှာတော့ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
 ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အစ်ဒလစ်ပြည်နယ်
ဆီးရီးယား အရပ်သားကာကွယ်ရေးလူမှုအဖွဲ့အရာရှိ ဟတ်တမန်အာဘူးမာဝန် ကတော့ အဆောက်အဦးပျက်အောက်မှာ လူသေအလောင်းတွေ အများအပြား တွေ့ရတယ် လို့ ပြောပါတယ်။

တချို့သတင်းတွေမှာတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

အခုတော့ ပြိုကျခဲ့တဲ့ အဆောက်အဦးပျက်ကို ဘူဒိုဇာတွေနဲ့ ရှင်းနေပြီး အဆောက်အဦးအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်မှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

အစ်ဒလစ်ဘ်ပြည်နယ်ဟာ ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတာ ဖြစ်ပြီး ဒါဟာ ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်တယ်ဆိုပြီးတော့လည်း မှန်းဆမှုတွေ ရှိနေပါတယ်။

ဆီးရီးယားအစိုးရဟာ ရုရှားနဲ့ အီရန် ကျောထောက်နောက်ခံပေးထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေတုန်းကတော့ နိုင်ငံတဝန်းက သူပုန်တွေနဲ့ အစွန်းရောက် ဂျီဟတ် ဘာသာရေးအဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage38. ပေါင်မြို့နယ်၌ ထူးကဲဒီရေကြောင့် အိမ် ၃၇ လုံး ပြိုကျပျက်စီး -DawnManHon

#LocalNews (3d ago)

ဖွင့်ရန်။

သထုံ သြဂုတ် ၁၂

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် သြဂုတ် ၁၂ ရက် ညနေ ၃ နာရီက ထူးကဲဒီရေ တက်သဖြင့် အိမ် ၃၇ လုံး ပြိုကျပြီး လူ ၂ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

ယင်းအပြင် အလှပ်တိုက်နယ်ဆေးရုံအတွင်း ရေများ ဝင်ရောက်မှုကြောင့် ဆေးရုံမှလူနာ ၂၅ ဦးအား အလှပ်ဘုန်းတော်ကြီးကျောင်းသို့ပြောင်း ရွှေ့ထားရကြောင်းနှင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အဖွဲ့အစည်းများက သွားရောက်ကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage37. တူရကီစီးပွားရေးအကြပ်အတည်း အမေရိကန်ကို အပြစ်တင် -DawnManHon

#international (3d ago)

ဖွင့်ရန်။
တူရကီ သမ္မတRecep Tayyip Erdogan
တူရကီရဲ့ စီးပွားရေး ပြသနာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေ အပေါ် တူရကီ သမ္မတက မနေ့ စနေနေ့က ပြစ်တင် ပြီး တူရကီနိုင်ငံ အပေါ် စီးပွားရေးအရ စစ်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်း ၂ ပတ် အတွင်း အမေရိကန်ဘက်က တူရကီ သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တပြိုင်တည်း ဆောင်ရွက်လာပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ တူရကီ ငွေကြေးတန်ဖိုး ကျဆင်းလာမှုကို တူရကီ သမ္မတRecep Tayyip Erdogan က တုံ့ပြန်ခဲ့တာပါ။

တဖတ်သက်ဝါဒနဲ့ မထေမဲ့မြင်လုပ်တဲ့ လမ်းကြောင်းကို မပြောင်းတာကြောင့် တူရကီ အနေနဲ့ မိတ်ဆွေသစ်၊ မဟာမိတ်သစ်တွေ ရှာဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့ New York Times သတင်းစာမှာ သမ္မတ Erdogan က အတွေးအမြင်ဆောင်းပါး ရေးသားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲ စွဲချက်နဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းရင်း နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အမေရိကန် ခရစ်ယာန် သင်းအုပ်ဆရာ Andrew Brunson ကို တူရကီဘက်က လွှတ်မပေးတဲ့ အပေါ် ပြီးခဲ့တဲ့ သတင်ပတ်တွေ အတွင်း အမေရိကန်နဲ့ တူရကီကြား မပြေမလည် ဖြစ်ခဲ့တာပါ။

တူရကီ အစိုးရက အကြမ်းဖက်ဝါဒီတွေလို သတ်မှတ်ထားတဲ့ အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Brunson ကို ထိန်းသိမ်းထားတာ လပေါင်း ၂၀ ရှိခဲ့ပါပြီ။ Brunson ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးရေး တူရကီဘက်က မလိုက်လျောတာကြောင့် တူရကီ အရာရှိကြီး ၂ ဦး အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ကို တင်သွင်းနေတဲ့ တူရကီရဲ့ သံမဏိနဲ့ အလူမီနီယံ တွေ အပေါ် အခွန်တိုးမြှင့်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာ သမ္မတ Donald Trump က တွစ်တာမှာ ရေးသားခဲ့တာပါ။ အခုအချိန်မှာ အမေရိကန်နဲ့ တူရကီ ဆက်ဆံရေးက မကောင်းဘူးလို့လည်း သမ္မတ Trump က ရေးသားခဲ့ပါတယ်။ တူရကီရဲ့ အလူမီနီယံ သွင်းကုန် အပေါ် အခွန် ၂၀ ရာခိုင်နှုန်း၊ သံမဏိ အပေါ် အခွန် ၅၀ ရာခိုင်နှုန်းကျော် တိုးသွားမယ်လို့ သမ္မတ Trump က ပြောခဲ့တာပါ။ တူရကီ ငွေကြေးတန်ဖိုးကလည်း လွန်ခဲ့တဲ့နှစ်ကထက် ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage36. မန္တလေးတွင် သေနတ် ပစ်ခတ်မှုဖြစ်ပွား -DawnManHon

#LocalNews (3d ago)

ဖွင့်ရန်။

သြဂုတ် ၁၃
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း နှင့် ရွာလယ်လမ်းအနီးတွင် သြဂုတ်လ ၁၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်က သေနတ် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုတွင် ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ယောက်အား လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်၍ ပစ်ခတ်ခြင်းဖြစ်ပြီး ယောက်ျားဖြစ်သူမှာ နားထင် နှင့် မိန်းမဖြစ်သူမှာ ရင်အုံတို့ကို ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာတွင် ရှိနေသူများထံက သိရသည်။

ပစ်တာကတော့ နှစ်ချက်ပဲ ။ တစ်ယောက်တစ်ချက်ပစ်ခံရတာ ။ စိုးရိမ်ရလောက်တယ် ။ ခု စခန်းမှာတွေ့ခဲ့တယ်။ သေနတ်သမား တစ်ယောက်ကို ဖမ်းမိထားတယ် ဟု မျက်မြင်တစ်ဦးဖြစ်သည့် ဦးဝင်းစိုး က ပြောသည်။

သေနတ်ဖြင့် ပစ်သွားသူတစ်ဦးအား အများပြည်သူနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးသည့်နေရာတွင်လည်း ပစ်ခတ်မှုဖြစ်ခဲ့ကာ ဒဏ်ရာရသူမရှိကြောင်း ကနဦး သိရသည်။

The Fifth Wave News
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage35. နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော် အတိုင်ပင်ခံရုံး)
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

    လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် (မန္တလေးမြို့ )ကို မန္တလေးတက္ကသိုလ်အတွင်း၌ ယနေ့ နံနက်ပိုင်း တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းစာပေစကားဝိုင်းတွင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ  တက္ကသိုလ်များမှ  ကျောင်းသူကျောင်းသား နှစ်ဆယ်ကျော် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်က “စာပေကိုချစ်မြတ်နိုးတာက စာအုပ်ကိုချစ်မြတ်နိုးတာပဲ။ စာအုပ်မရှိရင် စာပေမရှိနိုင်ဘူး။ကိုယ့် အတွက် ၊ကိုယ့်နိုင်ငံအတွက် ဘယ်လို အကျိုးရှိနိုင်တယ်လို့ မြင်လဲ လို့ သိချင်ပါတယ်။ ဒါကြောင့် စာပေဘာကြောင့် မြတ်နိုးတယ် ဆိုတာ သိချင်တယ်။ ကောင်းတဲ့စာတွေဖတ်ခြင်းအားဖြင့် ကောင်းတဲ့စာတွေ ရေးနိုင်လာမယ်။ ကျွန်မတို့ နိုင်ငံမှာ စာအုပ်ဆိုင် တွေ လုံလုံလောက်လောက်မရှိဘူး။ စာကြည့်တိုက်တွေလုံလုံလောက်လောက်မရှိဘူး။’’ ဟုပြောကြားခဲ့သည်။


အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ စာပေစကားဝိုင်းများ ကျင်းပခြင်း၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများ၊ မြန်မာ ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ လူငယ်ဆိုင်ရာ ဆွေးနွေးပွဲများ၊အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ ပညာပေးပြခန်းများ၊ စာအုပ်အရောင်း ပြခန်းများ ဟောပြောပွဲ များ နှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်ခဲ့သည်။

ထို့ပြင် ဝူရှူးအားကစားနည်းသရုပ်ပြခြင်း၊ ကျွမ်းဘားအားကစားနည်းသရုပ်ပြခြင်း၊ ကရာတေးဒိုအားကစားနည်း သရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုအားကစားနည်းသရုပ်ပြခြင်း၊ ခြင်းလုံးအားကစားနည်းသရုပ်ပြခြင်း၊ Myanmar Fitness Dance သရုပ်ပြကစားခြင်းတို့ လည်း ပါဝင်ပြသခဲ့သည်။လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကို သြဂုတ်လ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage34. ပရီးမီးယားလိဂ် ပွဲဦးထွက်ရလဒ်များ -DawnManHon

#sports (4d ago)

ဖွင့်ရန်။
ဘောလုံးယှဉ်လုနေသည့် မန်ယူအသင်းခေါင်းဆောင် Paul Pogba နှင့် လက်စတာစီးတီးမှ Ricardo Pereira ။ သြဂုတ် ၁၁၊ ၂၀၁၈။
အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေကို သြဂုတ်လ ၁၁ ရက် စနေနေ့က စတင် ယှဉ်ပြိုင်ကစားကြတာမှာ မန်ချက်စတာ ယူနိုက်တက်က လက်စတာစီးတီးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး၊ စပါးက နယူးကက်ဆယ်လ်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး၊ ချယ်လ်ဆီးက ဟတ်ဒါစ်ဖီးလ်ဒ်ကို အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိ၊ ဘုန်းန်မောက်သ်က ကားဒစ်ဖ်စီးတီးကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ ဝတ်တ်ဖို့ဒ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ ခရစ္စတယ်လ်ပဲလေ့စ်က ဖူလ်ဟမ်းမ်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိ အသီးသီး အနိုင်ရ သွားကြပါတယ်။

ဝို့ဗ်စ်နဲ့ အဲဗာတန်တို့ပွဲမှာတော့ တဘက် ၂ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်တွေအဖြစ် ဆောက်သမ်ပ်တန်နဲ့ ဘန်လေ၊ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းမ်၊ အာဆင်နယ်လ်နဲ့ ပြီးခဲ့တဲ့ပြိုင်ပွဲရာသီ ချန်ပီယံ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage33. ဓာတ်ပုံသက်သေရှာ ကရိယာသစ် AI အသုံးပြု -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
Archer Meta အာချာ မီတာ ဆိုတဲ့ ကရိယာကိုတီထွင်တဲ့ အမေရိကန် တက္ကသိုလ်ကျောင်းသားတွေကို တွေ့ရစဉ် / Photo: AP
အမေရိကန် တက္ကသိုလ်တစ်ခုက ကျောင်းသားတွေတည်ထွင်ခဲ့တဲ့ ကွန်ပြူတာနည်းပညာသုံး ခွဲခြမ်းစိတ်ဖြာ ကရိယာတစ်ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ချေမှုန်းခဲ့မှုနဲ့ ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အသုံးပြုနေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ပြင်သစ်နိုင်ငံ Nice နီးစ်မြို့ပင်လယ်ကမ်းစပ်မှာ အကြမ်းဖက်သမားတစ်ဦးက လူတွေကို ကုန်တင်ကားတစ်စီးနဲ့ လိုက်လံတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရာသူတွေထဲမှာ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ပါဝင်ခဲ့ပါတယ်။ ဒီကျောင်းသားတွေထဲက တချို့ဟာ အဲဒီတိုက်ခိုက်မှုဖြစ်ပွားလို့ ကစင့်ကလျှားပြေးလွှားကြစဉ်က ဒေသတဝိုက်ရှိခဲ့တဲ့ လူတွေထံကရရှိတဲ့ ဓာတ်ပုံတွေ တခြားအချက်အလက်တွေကို ကွန်ပြူတာမှာ စုဆောင်းထည့်သွင်းပြီး အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံကာ သက်ဆိုင်ရာတွေကို ကူညီခဲ့ပါတယ်။ ဒီနည်းပညာကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ဆဲဖြစ်ပေမယ့် လတ်တလောမှာ လန်ဒန်အခြေစိုက် AI အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ချေမှုန်းမှုနဲ့ပတ်သက်ပြီး ရရှိတဲ့ဓာတ်ပုံတွေကနေ သက်သေအထောက်အထား ဖော်ထုတ်ရာမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အဲဒီနည်းပညာမှာ အသုံးပြုတဲ့ Archer Meta အာချာ မီတာ ဆိုတဲ့ ကရိယာဟာ ဓာတ်ပုံ ၅ဝ ခန့်ကို  တပြိုင်နက်မှာ ခွဲခြမ်းစိတ်ဖြာပြီး ဒီဓါတ်ပုံတွေကို ဘယ်အချိန်က ဘယ်နေရာမှာ ရိုက်ကူးခဲ့တယ်ဆိုတာ ပြောပြနိုင်တယ်လို့ သိရပါတယ်။ AI အဖွဲ့ရဲ့ သုတေသနပညာရှင်တစ်ဦးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ ထံက မိမိတို့ ဓာတ်ပုံတွေ တပုံတပင်ရရှိထားပြီး အတုအစစ် သိရှိအောင် အရင်က တပုံချင်း လေ့လာဆုံးဖြတ်ရတဲ့ အတွက် အချိန်များစွာကုန်ခဲ့ရကြောင်းနဲ့ အခုတော့ များစွာမြန်ဆန်လွယ်ကူသွားကြောင်း ပြောပါတယ်။

အဲဒီနည်းပညာနဲ့ ကရိယာတွေကို ကမ္ဘာ့ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ငွေမဲခဝါချမှုစတာတွေနဲ့ ပါဝင်ပတ်သက်သူတွေ ကုမ္ပဏီအဖွဲ့အစည်းတွေကို ခြေရာခံထောက်လှမ်းရေးအတွက် ကျယ်ကျယ်ပျံ့ပျံ့ သုံးစွဲနိုင်ပါတယ်လို့ ကယ်လီဖိုးနီး ယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage32. အိန္ဒိယ အမျိုးသမီးတစ်ဦး ၎င်း၏ မိခင်ဖြစ်သူ သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် အောင်မြင်စွာ ကလေးမွေးဖွားနိုင်တော့မည် -DawnManHon

#international (4d ago)

ဖွင့်ရန်။
အိန္ဒိယနိုင်ငံတွင် သားအိမ်အစားထိုး ကုသမှုဖြင့် ကလေးမွေးဖွားတော့မည့် အိန္ဒိယ အမျိုးသမီးအား တွေ့ရစဉ် (ဆင်ဟွာ)
 နယူးဒေလီ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

မကြာသေးမီက သားအိမ်အစားထိုးမှု အောင်မြင်စွာ ဆောင်ရွက်ပြီးသည့် အိန္ဒိယ အမျိုးသမီးသည် အာရှတွင် ပထမဆုံး သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် ကလေးမွေးဖွားတော့မည် ဖြစ်ကြောင်း မဟာရက်ရှ်ထရာပြည်နယ် အနောက်တောင်ပိုင်း Pune မြို့ရှိ ပုဂ္ဂလိကဆေးရုံရှိ ဆရာဝန်များက ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးထံသို့ အစားထိုးပေးခဲ့သည့် သားအိမ်မှာ ၎င်း၏ မိခင်ဖြစ်သူသားအိမ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးမှာ ယခုအခါ ကိုယ်ဝန် ရက်သတ္တပတ် ၂၀ သို့ရောက်ရှိနေပြီဖြစ်သည်။

“သားအိမ်အစားထိုးခြင်းက အလွန်ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ ခွဲစိတ်မှုက ကိုးနာရီကြာခဲ့တယ်။ သိပ်လွယ်ကူတဲ့ ခွဲစိတ်မှုတော့မဟုတ်ပါဘူး။ သန္ဓေသားက အမျိုးသမီးရဲ့ သားအိမ်ထဲမှာ ကောင်းမွန်စွာနဲ့ သန္ဓေတည်နေပါပြီ” ဟု ဒေါက်တာ Puntambekar က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် သြဂုတ်လ ၁၀ ရက်က ပြောကြားခဲ့သည်။

“ဒါက ကျွန်မအမေရဲ့ သားအိမ်ပါ။ ကျွန်မရဲ့ ကလေးကို ကျွန်မမွေးဖွားလာခဲ့ရတဲ့ သားအိမ်ထဲကနေပဲ မွေးဖွားခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်” ဟု အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးက ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage31. အင်ဒိုနီးရှား ငလျင်ထိကျွန်း တပေနီးပါးမြင့်တက် -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၄၀၀ နီးပါး သေဆုံးခဲ့တဲ့ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး နောက်မှာ Lombok ကျွန်း ဟာ ၁၀ လက်မလောက်ထိ မြင့်တက်လာတယ်လို့ သိပ္ပံ ပညာ ရှင်တွေက ပြောပါတယ်။ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အေဂျင်စီ က ငလျင်အတွင်း သေဆုံးသူ ၃၂၁ ယောက်ရှိတယ်လို့ သတင်း ထုတ်ပြန်ပြီးနောက် တရက် ဒီကနေ့မှာတော့ သေဆုံးသူ ၃၈၇ ယောက်ထိ ရှိပြီလို့ ဆိုပါတယ်။

အခုအချိန်ထိတော့ ကယ်ဆယ်ရေးတွေဟာ အပျက်အစီးပုံတွေထဲမှာ အသက်ရှင် ကျန်နေ သူတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး တချို့ကိုလည်း သင်္ဂြိုဟ်ပြီးပါပြီ။ သြဂုတ်လ ၅ ရက် နေ့က ငလျင်လှုပ်ခတ်အပြီး ဂြိုဟ်တုက ရိုက်ကူးခဲ့တဲ့ Lombok ကျွန်းရဲ့ပုံတွေကို NASA နဲ့ ကယ်လီဖိုးနီးယား နည်းပညာအင်စတီကျူက သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး အဖြေရှာခဲ့ရာမှာ ကျွန်းဟာ နဂိုရှိခဲ့တဲ့အနေအထားထက် ၁၀ လက်မလောက် ပိုမြင့်လာ တာကို တွေ့ရတာပါ။

ငလျင်ဗဟိုချက်မနဲ့ နီးတဲ့ ကျွန်းရဲ့အနောက်မြောက်အရပ်မှာ အခုလိုမြင့်တက်လာ တာ ဖြစ်ပြီး တခြားနေရာတွေ မှာတော့ ၂ လက်မကနေ ၆ လက်မထိ နိမ့်ဆင်းသွားပါတယ်။ ငလျင်ကြောင့် လူနေအိမ်ပေါင်း ၆,၈၀၀ လောက် ပျက်စီးသွားတဲ့အတွက် Lombok ကျွန်း မှာနေထိုင်သူ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၄ သိန်းနီးပါးဟာ အခုအခါမှာ အိုးအိမ်မဲ့ဖြစ် နေပါတယ်။

Laombok ကျွန်းမြောက်ပိုင်းက ခရိုင် ၃ ခုမှာ ခုချိန်ထိ အကူအညီတွေ မရောက်သေးဘူး လို့ ကယ်ဆယ်ရေး အေဂျင်စီ အရာရှိတွေကပြောဆိုပါတယ်။ အနောက် Nusa Tenggara ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း အရေးပေါ်ကာလကို သြဂုတ်လ ၂၅ ရက်နေ့အထိ ၂ ပတ်ကြာ ရက်တိုးသတ်မှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်နီးပါက လှုပ်ခတ်ခဲ့တဲ့ ၇ ရစ်ခ်ျတာစကေးရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ဒေသခံတွေဟာ ဘေးဒုက္ခတွေ ရင်ဆိုင်နေရတဲ့ကြားကပဲ ဒီကနေ့မှာတော့ ဈေးဆိုင်တချို့ပြန်ဖွင့်လှစ်ပြီး အစားအသောက်တွေ ရောင်းချပေးပါတယ်။

အနီးနားက Bali အပန်းဖြေကျွန်းလောက် လာရောက်လည်ပတ်သူ သိတ်မများလှတဲ့ Lombok ကျွန်းမှာ သီတင်းတပတ်ကျော်ကာလအတွင်း အင်အားပြင်း ငလျင် ၃ ကြိမ် လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင် အကြိမ် ၅၀၀ ခန့်လှုပ်ခတ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage30. ဟိုချီမင်းကိုယ်ရံတော် ဘွေတင် ပဲရစ်မှာ ကွယ်လွန် -DawnManHon

#international (4d ago)

ဖွင့်ရန်။
ဇူလိုင် ၂၇ ရက်မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ဗီယက်နမ် အာဇာနည်နေ့မှာ စစ်ပွဲအတွင်း သေဆုံးသူတွေကို ဂုဏ်ပြု ဆုတောင်းနေ
၁၉၇၅ တုန်းက တောင်ဗီယက်နမ်မှာ လက်နက်ချခဲ့တဲ့ မြောက်ဗီယက်နမ်က တပ်မှူးဟောင်း ဘွေတင် ဟာ သြဂုတ်လ ၁၁ ရက်နေ့က အသက် ၉၀ အရွယ်မှာ သူခိုလှုံနေထိုင်ရာ ပဲရစ်မြို့မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၅၀ ကိုလိုနီ ဆန့်ကျင်တဲ့ စစ်ပွဲ အတွင်း ဟိုချီမင်းရဲ့ ကိုယ်ရံတော် အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

နောက်နှစ်နှစ်ဆယ် အကြာမှာတော့ ဆိုင်ဂုံမြို့က သမ္မတ နန်းတော်ထဲ ပထမဆုံး တင့်ကားနဲ့ ထိုးဖောက် ဝင်ရောက် တိုက်ခိုက် ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ သူဟာ ထိပ်တန်း အရာရှိ တယောက် ဖြစ်နေပြီး နောက်ပိုင်းမှာ လက်နက် ချခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ် စစ်ပွဲ အတွင်း ပါဝင် ဆင်နွှဲခဲ့ဖူးတဲ့ အမေရိကန် ဆီနိတ်တာ ဂျွန်မက်ကိန်းကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိစဉ်မှာ ဘွေတင်က စစ်မေးခဲ့
အခု အမေရိကန် ဆီနိတ်တာ ဖြစ်နေတဲ့ ဂျွန်မက်ကိန်းတယောက် ဗီယက်နမ် စစ်ပွဲ အတွင်း စစ်သုံ့ပန်း အဖြစ် ဖမ်းခံထားရစဉ် သူက စစ်ဆေး မေးမြန်းခဲ့ဖူးပါတယ်။

ဗီယက်နမ်မှာ ကွန်မြူနစ်တွေ အုပ်စိုးလာခဲ့ပြီးနောက် ၁၉၉၀မှာ သူဟာ ပြင်သစ်မှာ စတင် ခိုလှုံနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage29. Myanmar Idol Season 3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့်ရရှိ -DawnManHon

#LocalNews (4d ago)

ဖွင့်ရန်။

Myanmar Idol Season 3 Grand Final ကို သြဂုတ်(၁၁)ရက်၊ညပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းအတွင်းက HEXAGON COMPLEX မှာ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ဦးထဲကမှ ချမ်းမြေ့မောင်ချိုဟာ ကျန်းမာရေး အခြေအနေ အရ ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့အတွက် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်နဲ့ Winner ဆုကို ရရှိခဲ့ပါတယ်။

Voting စနစ်အရ နှစ်ဦးရှိမှ ပေးလို့ရတာဖြစ်ပေမယ့် ချမ်းမြေ့မောင်ချို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့ အတွက် ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်း အရ ကျန်တဲ့တစ်ယောက်ကို winner ပေးခဲ့တာဖြစ်ပါတယ်။

 ပြိုင်ပွဲမှာ Grand Final ကို တက်ရောက်နိုင်ခဲ့တဲ့ ဖြိုးမြတ်အောင် က မြန်မာအိုင်ဒေါရဲ့ အစီအစဉ်အတိုင်းRound(3)ခုနဲ့ တေးသီချင်းသုံးပုဒ် သီဆိုယှဉ်ပြိုင်ဖျော်ဖြေရတာဖြစ်ပါတယ်။

 Myanmar Idol Season 3 ရဲ့ Finalist ပြိုင်ပွဲဝင် အဆိုရှင် ချမ်းမြေ့မောင်ချိုဟာ အာသီးရောင်၊
တုပ်ကွေးရောဂါနဲ့ လေးဖက်နာ (ASO) ရောဂါ တွေကြောင့် သြဂုတ် (၉) ရက်က စတင်ကာ သုခကမ္ဘာဆေးရုံမှာ တက်ရောက် ကုသနေရတာ ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ရဲမင်းထွန်းပေးပို့တာဖြစ်ပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage28. လူမျိုးရေးခွဲခြားမှု Donald Trump ရှုတ်ချ -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လူမျိုးရေးခွဲခြားမှုကို ပြစ်တင် ရှုတ်ချပြီးတော့ အားလုံးညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့အားလုံး နိုင်ငံတခုအဖြစ် စုစည်း ညီညွတ်ကြရပါမယ်၊ လူမျိုးရေးခွဲခြားမှုပုံစံ အားလုံးနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျနော် ပြစ်တင်ရှုတ်ချပါတယ်၊ အမေရိကန် နိုင်ငံသား အားလုံး ငြိမ်းချမ်းပါစေ” လို့ နယူးဂျာစီပြည်နယ်က သူပိုင်ဂေါက်ကွင်းမှာ အပန်းဖြေနေတဲ့ သမ္မတထရမ့်ပ်က Twitter မှာရေးပါတယ်။

လူဖြူ လူမျိုးရေးအစွန်းရောက်ဝါဒီတွေ (ဒီကနေ့) တနင်္ဂနွေနေ့ ဝါရှင်တန် ဒီစီနဲ့ ဗာဂျီး နီးယား ပြည်နယ်တို့မှာ စုဝေးဆန္ဒပြကြဖို့ ရှိနေချိန်မှာပဲ သမ္မတထရမ့်ပ်က အဲဒီလို တိုက် တွန်းလိုက်တာပါ။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ဗာဂျီးနီးယားပြည်နယ်၊ Charlottesville မြို့မှာ လူဖြူ လူမျိုးရေးဝါဒီ ဆန္ဒပြသူတွေနဲ့ တန်ပြန်ဆန္ဒပြသူတွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူအများအပြား ရှိခဲ့သလို ကားတစီးက လူအုပ်ထဲကို ဝင်တိုက်တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ ရပါတယ်။ အဲဒီဆန္ဒပြပွဲ တနှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်ထားကြ တာပါ။

ဝါရှင်တန် ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့က ကားလမ်းနဲ့ တဘက်ခြမ်းမှာရှိတဲ့ Lafayette ပန်းခြံမှာလုပ်မယ့် ဆန္ဒပြပွဲ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရေးပေါ် လုပ်ဆောင်ဖွယ်ရာတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အမိန့်တရပ်ကို လက်မှတ်ထိုး ထုတ်ပြန် ထားတယ်လို့ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser က ကြာသပတေးနေ့မှ ပြောပါတယ်။

အဲဒီပန်းခြံတွင်းနဲ့ အနီးနားကနေရာတွေမှာပါ တန်ပြန်ဆန္ဒပြပွဲတွေလုပ်ဖို့ ခွင့်တောင်း ထား တာကိုလည်း ခွင့်ပြုထားပါတယ်။

ဝါရှင်တန်မြို့တော်အပြင်ဘက် ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းက Charlottesville မြို့နဲ့ ပြည်နယ်တွင်း နေရာတချို့မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Ralph Northam နဲ့ Charlottesville မြို့ တာဝန်ရှိသူတွေက အရေးပေါ်အခြေအနေ ကြေညာထားပါ တယ်။

ရုန်းရင်းဆန်ခတ် အခြေအနေတွေဖြစ်လာရင် ထိန်းသိမ်းဖို့ ဗာဂျီးနီးယား ပြည်တွင်း ကာ ကွယ် ရေး အရန်တပ်ဖွဲ့ကို အသုံးပြုနိုင်ဖို့အပါအဝင် တခြား လုပ်ဆောင်ဖွယ် နည်းလမ်း တွေကို အလျင်အမြန် စုစည်းနိုင်ဖို့ “အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်း” တခုအဖြစ် အရေးပေါ် အခြေအနေ ကြေညာရတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Northam ကပြောပါတယ်။

 ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage27. ကားအသစ်ထပ်မံဝယ်ယူဖို့နဲ့ ကားပြင်ဆင်စရိတ်ကို ကျပ်ငွေ ဘီလျံနဲ့ချီ တောင်းခံ -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
ယာဉ်ကြောပိတ်ဆို့မှု တဖြည်းဖြည်း ကြီးထွားလာနေ
မော်တော်ယာဉ် ပြုပြင်စရိတ်နဲ့ အသစ်ထပ်မံ ဝယ်ဖို့ တောင်းခံလာတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဗဟိုစာရင်းအင်းနဲ့ စစ်ဆေးရေး ဦးစီးဌာနအနေနဲ့ လာမဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကားအသစ်ထပ်မံဝယ်ယူဖို့နဲ့ ကားပြင်ဆင်စရိတ်ကို ကျပ်ငွေ ဘီလျံနဲ့ ချီပြီး တောင်းခံထားပါတယ်။

ဝန်ကြီးဌာန ကတောင်းခံထားတဲ့ ငွေပမာဏဟာ များနေတာရယ် အမှန်တကယ် ဒီကားတွေရှိမရှိ သိရှိ နိုင်ဖို့ ကားတွေထားရှိတဲ့ ဂိုဒေါင်တွေကို သွားရောက် စစ်ဆေးခဲ့ရတယ်လို့ လွှတ်တော်ရငွေသုံးငွေ ပူးပေါင်းစီစစ်မှု ကော်မတီ ၆ က သွားရောက်စစ်ဆေးရာမှာ ပါဝင်တဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလွန်စံခန့် က ပြောပါတယ်။

ဝန်ကြီးဌာနက တင်ပြလာတဲ့ ပြုပြင်ထိန်းသိမ်းစရိတ်အတွက် တင်ပြတောင်းခံလာတဲ့ ကားအစီးအရေမှာ စုစုပေါင်း ၁ ထောင်ကျော်ရှိပြီး အဲဒီကားတွေအတွက် ပြုပြင်စရိတ် တောင်းခံခြင်းဖြစ်ပါတယ်။

ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ ကားအများစုဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက် လာတဲ့ နိုင်ငံ တကာခေါင်းဆောင်တွေ စီးနင်းဖို့ ဝယ်ယူထားတဲ့ အမျိုးအစား ကောင်းမွန်တဲ့ ကားတွေပါဝင်သလို ပဲခူးနဲ့ ရှမ်း ပြည်နယ် ဖက်က ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေလဲ ပါဝင်ပါတယ်။

    နယ်ခြားစောင့်စခန်းထဲ တပ်မတော် ဝင်စစ် လိုင်စင်မဲ့ ကားတွေသိမ်း
    လိုင်စင်မဲ့ကားတွေကို အရေးယူတော့မယ်

အဲဒီကားတွေထဲကမှာ မာစီဒီးကားတွေကို မကြာသေးခင်ကပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ စီးနင်းဖို့ အတွက် နိုင်ငံတော်သမ္မတက ပေးအပ်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကားတွေထဲမှာ လပ်ဇပ်ကားလို ဈေးကြီးကားတွေလည်း ပါဝင်နေပါတယ်။

အဲဒီလို ကားအကောင်းစားတွေ အများကြီးရှိရဲ့သားနဲ့ ကားထပ်ဝယ်ဖို့ တောင်းခံလာတဲ့ အပေါ်မှာတော့ အံသြမိတယ်လို့ သွားရောက်စစ်ဆေးခဲ့တဲ့ ကိုယ်စားလှယ်တွေ ကပြောပါတယ်။

ရန်ကုန်က လမ်းတွေပေါ်မှာ အရင်တုန်းကထက် မော်ဒယ်မြင့် ကားတွေ တွေ့လာရပြီ
ဒါ့အပြင် ဝန်ကြီးဌာနက အဲဒီကားတွေ ပြင်ဆင်ဖို့ အတွက် လာမဲ့ဘတ်ဂျက်မှာ အသုံးစရိတ်တောင်းခံထားတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်ကလည်း ဒီကားတွေနဲ့ ပတ်သက်လို့ ပြုပြင် ထိန်းသိမ်းတဲ့ စရိတ် တောင်းခံတဲ့အပေါ် သံသယရှိခဲ့ပေမဲ့ ဘဂျက် စစ်ဆေးဖို့ အချိန် ၃ ရက်သာ ပေးထားတဲ့အတွက် မစစ်ဆေးပဲ တောင်းသလောက်ပေးခဲ့ရပေမဲ့ ဒီနှစ်မှာတော့ ၂ ပတ်ကျော်အချိန်ရတဲ့အတွက် အခုလို စစ်ဆေးရတာဖြစ်တယ်လို့ ဦးစိုင်းလွန်စံခန့် က ပြောပါတယ်။

ဒီစစ်ဆေးတွေ့ရှိချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး မကြာမီ ပြည်ထောင်စု လွှတ်တော်ကနေ ကော်မတီရဲ့ တွေ့ရှိ ချက်ကိုဖတ်ကြားပြီး ဖြတ်တောက်သင့်တာတွေကို ဖြတ်တောက်ဖို့ အဆုံးအဖြစ် ရယူမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage26. ပါကစ္စတန်ကို ရုရှား စစ်သင်တန်းပေးမည် -DawnManHon

#international (4d ago)

ဖွင့်ရန်။
(ရုရှားနိုင်ငံ စစ်တက္ကသိုလ်တစ်ခုမှာ သင်တန်းသရုပ်ပြ လေ့ကျင့်နေတာကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်) / Photo: Varvara Gert\'e / Sputnik
ပါကစ္စတန် စစ်တပ်အရာရှိတွေကို ရုရှားနိုင်ငံက စစ်တက္ကသိုလ်တွေမှာ လေ့ကျင့်သင်တန်းပေးဖို့အတွက် သဘောတူညီချက်တစ်ခုကို ရုရှားနဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ ဒီအပတ်အတွင်း လက်မှတ်ထိုးခဲ့တယ်လို့ မနေ့ကရတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးဆိုးဝါးနေချိန်မှာ ရုရှားနဲ့ ဆက်ဆံရေး တိုးတက်လာနေတာကို သက်သေပြနေပါတယ်။

အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်စစ်တပ်အတွက် သင်တန်းပေးကူညီမှုတွေ လျှော့ချခဲ့ပြီးနောက်ပိုင်း အခုလို ရုရှားက ကူညီခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage25. အလွတ်ကျက်ပညာရေးစနစ် ပြုပြင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
ဒေါ်အောင်ဆန်းစုကြည့်နဲ့ မန္တလေးလူငယ်စကားဝိုင်း (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဖဘ)
မြန်မာနိုင်ငံမှာ အလွတ်ကျက် ပညာရေးစနစ်ကို ပြောင်းလဲပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့ လေ့လာသင်ယူတဲ့ စနစ်မျိုးကို ပြုစုပျိုးထောင်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စနေနေ့ သြဂုတ်လ (၁၁) ရက်နေ့က မန္တလေးမြို့မှာကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနဲ့ စာပေ စကားဝိုင်းမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အလွတ်ကျက်မှတ်မှ အမှတ်ရတယ်ဆိုတဲ့စနစ်ကို ပြောင်းရမှာ ဖြစ်ပြီး ကိုယ့်အတွေးအခေါ်ကို ကိုယ်သုံးပိုင်ခွင့်ပေးတဲ့ စနစ်မျိုးကို ပြုစုပျိုးထောင်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါ့အပြင် စာအုပ်၊ စာပေချစ်မြတ်နိုးပြီး စိတ်ပိုင်း ဆိုင်ရာ တိုးတက်အောင်တည်ဆောက်ဖို့အတွက် စာများများ ဖတ်ကြဖို့ လူငယ်တွေကို တိုက်တွန်းသွားပါတယ်။

သူ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေကို လည်း အားပေးသွားဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တချိန်တည်းမှာပဲ တက္ကသိုလ်ပညာရေးကို အဆင့်မြှင့်တဲ့နေရာမှာ သုတေသနလုပ်တာတွေကို အားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တဲ့ လူငယ်များနဲ့ စာပေစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဘာသာရပ်နယ်ပယ်ပေါင်းစုံက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၂၀ ယောက် ပါဝင်ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ မန္တလေးတိုင်းခရီးစဉ် မတိုင်ခင် မကွေးတိုင်း ကိုလည်း သွားရောက်ခဲ့ပြီး ပခုက္ကူမြို့မှာ ဒေသခံပြည်သူများနဲ့ စကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage24. မောင်တောမြို့နယ်တွင် ပုဒ်မ၁၄၄ နောက်ထပ်၂ လ တိုးမြှင့်ထုတ် -DawnManHon

#LocalNews (4d ago)

ဖွင့်ရန်။

နိရဉ္စရာ၊ သြဂုတ် ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်သည်။

၎င်းအမိန့်ကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က လက်မှတ် ထိုးပြီး သြဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မောင်တောဒေသသည် တရားဥပဒေ စိုးမိုးစေရေးအတွက် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဥပဒေနှင့် အညီဆက်လက် ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် ပုဒ်မ ၁၄၄ ကို ဆက်လက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ပြစ်မှုဆိုင်ရာကျင်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို သြဂုတ် ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ ညနေ ၁၀ နာရီကနေ နံနက် ၅ နာရီ အထိ ညမထွက်ရ အမိန့် ဖြစ်ပါတယ်။ အရင်အတိုင်းပါဘဲ” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းအမိန့်ကို ယခင်နှစ်လက ထုတ်ပြန်ခဲ့သည့်အတိုင်း ပုံမှန်ထုတ်ပြန်ခြင်းဖြစ်ပြီး အမိန့်ထုတ်ပြန်ထားသည့် အချိန်အတွင်း အများပြည်သူများ သွားလားရာလမ်းမများပေါ်နှင့် လမ်းကြိုလမ်းကြားများနှင် ဥယျာဉ်၊ ဗလီ၊ ကျောင်းနေရာတို့ တွင် လူ ၅ ဦးနှင့် ၅ ဦး အထက် ပိုသော လူများ စုဝေးခြင်း မပြုလုပ်ရန်လည်း အမိန့် ကြေညာချက်တွင် ပါဝင်သည်။

မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂၀၁၆ ခုနှစ်သြဂုတ်လကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage23. ပြင်သစ် က ပန်းခြံကြီး တခုမှာ အမှိုက်တွေ လိုက်ကောက်ပေးမယ့် ကျီးကန်းလေးတွေရှိ -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
ကျီးကန်းတွေ က လိမ္မာပါးနပ်တဲ့ အသိဉာဏ် ရှိကြ
ပြင်သစ်နိုင်ငံ အနောက်ပိုင်း ဗွန်ဒီ (Vendee)အရပ်ရဲ့ အချက်အချာနေရာ တခုမှာ ရှိတဲ့ ပီဒီဖူး (Puy du Fou) ပန်းခြံကြီးမှာ ကျီးကန်း ၆ ကောင် က အမှိုက်တွေ ကောက်သိမ်းပေးတဲ့ အလုပ်ကို စလုပ် နေပါပြီ။

လေ့ကျင့်သင်တန်းပေးထားတဲ့ ကျီးကန်းတွေ ဟာ ပန်းခြံထဲမှာ လူတွေ အမှိုက်ပုံးထဲ မထည့်ပဲ အပြင်မှာ စွန့်ပစ်ထားခဲ့တဲ့ စီးကရက် ဖင်စီခံ တွေ၊ အမှိုက်အစ လေးတွေ ကို သူတို့ လိုက်လံ သိမ်းဆည်းပေးပြီး သီးသန့် လုပ်ပေးထားတဲ့ အမှိုက်ပုံးလေးတွေ ထဲကို ထည့်ပေးကြပါတယ်။

သူတို့အမှိုက်လာထည့်ရင် အဲဒီပုံးလေးတွေကနေ သူတို့အကြိုက်တွေ့စေမယ့် အစာလေးတွေ ကို သူတို့ နှုတ်သီးနဲ့ အပြည့် ယူနိုင်တဲ့ အခွင့်အရေးကို ဆုကြေးအဖြစ် ရကြမှာပါ။

ဉာဏ်ထက်တဲ့ ဒီငှက်လေးတွေ ဟာ အဲဒီ စနစ်ကို ခပ်မြန်မြန်ပဲ နားလည်သွားကြကာ ပန်းခြံဝင်း ထဲ က အမှိုက်တွေကို လိုက်ရှာ ယူ ကြပါတော့တယ်။

ပီဒီဖူး ပန်းခြံကြီး က လူတွေ အနားယူ အပန်းဖြေ စရာ ပန်းခြံကြီး ဖြစ်တဲ့အပြင် ပျော်စရာ၊ ရွှင်စရာ၊ ဗဟုသုတ ရစရာ ကြည့်ချင်ပွဲ အစီအစဉ်တွေလည်း လက်ခံကျင်းပပေးလေ့ရှိတဲ့ ပန်းခြံကြီးပါ။

အဲဒီပန်းခြံကြီး ကို တနှစ် တနှစ် လာလည်သူ ပေါင်း ၂ သန်းကျော် ရှိပြီးတော့ ပြင်သစ်မှာ ဒစ်စနေလန်း (Disney Land) ပန်းခြံ ပြီးရင် ခရီးသွားတွေ အလာအများဆုံး ပန်းခြံလည်း ဖြစ်ပါတယ်။

အခုတော့ ကျီးကန်း ၆ ကောင် လောက်နဲ့ ဒီအမှိုက်ကောက် အစီအစဉ် စနေပေမယ့် နောက်သီတင်းပတ်ဆိုရင် ဒီထက်များတဲ့ ကျီးကန်းတွေ ကို ဒီအစီအစဉ် ထဲ ထည့်သွင်းတော့မှာ ပါ။
ဥရောပ၊ မြောက်အမေရိက၊ အာရှ စတဲ့ အရပ် က မြင့်မားတဲ့တောင်တန်းတွေ ပေါ်မှာလည်း ကျီးကန်းတွေ ကျက်စားလေ့ရှိ
ကျီးကန်း မျိုးတွေ ထဲက ကယ်ရီရွန် (Carrion)၊ ဂျက်ဒေါ(Jackdaw)၊ ရက်ဗင်(Raven) စတဲ့ မျိုးတွေ အပြင် ရုခ်(Rooks) ကျီးကန်းမျိုးတွေ က သိပ်ကို လိမ္မာ ပါးနပ်တဲ့ ကျီးကန်းမျိုးတွေ ဖြစ်ပါတယ်။

ပီဒီဖူး ပန်းခြံကြီး ရဲ့ အကြီးအကဲဖြစ်သူ နီကိုလပ်စ် ဒီ ဒဗြီလီယေ က ဝန်းကျင်အခြေအနေကောင်းတခုကို ဖန်တီးပေးနိုင်မယ်ဆိုရင် ကျီးကန်းငှက် လေးတွေ က လူသားတွေနဲ့ ဆက်သွယ်ဆက်ဆံဖို့ လိုလား ကြတယ်လို့ AFP သတင်းဌာန ကို ပြောပြပါတယ်။

ပန်းခြံကိုလာလည်တဲ့ သူတွေအနေနဲ့ ပန်းခြံကြီးရဲ့ သန့်ရှင်း သပ်ရပ်မှု ကို ဂရုစိုက်ကြတာ များပါတယ်၊ ကျနော်တို့ အခု အစီအစဉ် ရည်ရွယ်ချက် က သန့်ရှင်းဖို့တင် မဟုတ်ပါဘူး၊ သဘာဝ ကိုယ်တိုင် ကပဲ ပတ်ဝန်းကျင်ကို စောင့်ရှောက်တာကိုလည်း ပြသချင်တာ လို့ သူ က ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage22. အယ်လ်ဘေးနီးယားနိုင်ငံတွင် အမျိုးသားတစ်ဦးက ဆွေမျိုး ၈ ဦးအား သေနတ် ဖြင့်ပစ်သတ် -DawnManHon

#international (4d ago)

ဖွင့်ရန်။

    တီရာနာ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

 အယ်လ်ဘေးနီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ Resulaj ကျေးရွာတွင် သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပိုင်ဆိုင်မှုအငြင်းပွားမှုတစ်ခုအတွင်း ၎င်း၏ ဆွေးမျိုးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၈ ဦးသေဆုံးသွားခဲ့ကြောင်း အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သေဆုံးသူများအားလုံးသညိ Zykaj မိသားစု နှစ်စုမှဖြစ်ပြီး တစ်ရွာတည်းနေသူများ ဖြစ်ကြောင်း သိရသည်။

Kalashnikov ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသော အသက် ၂၄ နှစ်အရွယ် Ridvan Zykaj သည် ၎င်း၏ အဘိုး၊ အဘွားများ နေအိမ်သို့ ပထမဆုံး ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏ ဦးလေး မိသားစုဝင်များအား ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်၃၀ မီတာဝေးသည့် ၎င်း၏ အခြား ဦးလေး၏ နေအိမ်သို့ ထပ်မံသွားရောက်ခဲ့ကာ နောက်ထပ် လူ ၄ ဦးကို ပစ်သတ်ခဲ့သည်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ Ridvan Zykaj သည် အခင်းဖြစ်နေရာမှ အလျင်အမြန်ထွက်ပြေးခဲ့ပြီး ရဲတပ်ဖွဲ့က Vlors မြို့မှ Tirana မြို့အထိ လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ၎င်းသည် လက်နက်ကိုင်ထားပြီး အလွန်အမင်း အန္တရာယ်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ Resulaj ကျေးရွာသို့ အယ်လ်ဘေးနီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Fatmir Xhafaj နှင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Ardi Veliu တို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage21. ဗလီဖြိုဖျက်ရေး တရုတ် ဆိုင်းငံ့ -DawnManHon

#international (4d ago)

ဖွင့်ရန်။
(တရုတ်နိုင်ငံမြောက်ပိုင်း နင်ရှီယာခရိုင် ဝေ့ကျိုးမြို့မှာရှိတဲ့ ဗလီကျောင်းကြီးကို ၂ဝ၁၈ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်)/ Photo: Johannes EISELE / AFP
တရုတ်နိုင်ငံမြောက်ပိုင်း နင်ရှီယာခရိုင် ဝေ့ကျိုးမြို့မှာရှိတဲ့ ဗလီကျောင်းကြီးတစ်ကျောင်းကို ဖျက်ပစ်ဖို့လုပ်ဆောင်နေတာကို ရပ်ဆိုင်းလိုက်ဖို့ ထောင်နဲ့ချီတဲ့လူထုက ဆန္ဒပြပြီးတဲ့နောက် အာဏာပိုင်တွေက ဗလီကြီးကိုဖြိုမယ့်ကိစ္စ မနေ့က ဆိုင်းငံ့လိုက်ပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံတဝန်းမှာ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အာဏာပိုင်တွေက ကန့်သတ်ဖို့ကြိုးစားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဗလီကြီးကိုဖျက်ဖို့ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် ဒီလ ၉ ရက်နေ့ကတည်းက ဆန္ဒပြသူတွေ စတင်စုဝေးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတွေရှိနေတဲ့ကြားက ဆန္ဒပြသူတွေက အဆောက်အဦရှေ့မှာ မကြာခင်ရက်တွေက စုဝေးလာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

အစိုးရက ပြောတဲ့အတိုင်း ဗလီဟာတရားမဝင် အဆောက်အဦဖြစ်တယ်ဆိုတာ မဟုတ်ပါဘူးလို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ နှစ်ရာနဲ့ချီပြီး သမိုင်းရှိတဲ့ ဗလီဖြစ်တယ်လို့ ပြောပါတယ်။

ရပ်ဝေးမွတ်စလင်ဒေသက လူတွေကလည်း ဒီဆန္ဒပြပွဲကို ထောက်ခံတဲ့အကြောင်း ပြသတဲ့အနေနဲ့ ဝေ့ကျိုးက လူတွေအတွက် စားသောက်ဖွယ်ရာတွေ သယ်ယူလာကြပါတယ်။

RFA Burmese
https://www.facebook.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage20. UNHRC အကြီးအကဲသစ်ကို အထွေထွေညီလာခံ အတည်ပြု -DawnManHon

#international (4d ago)

ဖွင့်ရန်။
(ချီလီနိုင်ငံ သမ္မတဟောင်း Michelle Bachelet ကို တွေ့ရစဉ်)
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီနိုင်ငံ သမ္မတဟောင်း Michelle Bachelet ကို ကုလသမဂ္ဂ အထွေထွေညီလာခံက မနေ့က ခန့်အပ်လိုက်ပါတယ်။

ဒီလို ခန့်အပ်မယ့်အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီလ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ လေးနှစ်သက်တမ်းပြည့်သွားလို့ ဒီလကုန်မှာ တာဝန်က အနားယူတော့မယ့် ဂျော်ဒန်မင်းသား Zeid Ra’ad al-Hussein နေရာကို Michelle Bachelet က ဆက်ခံမှာပါ။

သူဟာ ချီလီအာဏာရှင်ဟောင်း Augusto Pinochet လက်ထက်မှာ ညှင်းပန်း နှိပ်စက်ခံခဲ့ရပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ လည်းဖြစ်ပါတယ်။

ကလေးအထူးကုသမားတော်လည်းလုပ်ခဲ့ပြီး ၂၀၀၆ ကနေ ၂၀၁၀ ထိ သမ္မတ တာဝန်ယူချိန် အတွင်း သူချမှတ်တဲ့ အစိုးရ လူမှုဖူလုံရေး မူဝါဒတွေကို လူထုက ကြိုက်နှစ်သက်ကြရုံမက နိုင်ငံ့ စီးပွားရေးကလည်း ပုံမှန် တိုးတက်ခဲ့ပါတယ်။

၂၀၁၀ ကနေ ၂၀၁၃ မှာ ကျားမတန်းတူရေးနဲ့ အမျိုးသမီးစွမ်းရည်မြင့်မားရေးဆိုင်ရာ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ကို ဦးဆောင်ပြီးတဲ့နောက် ချီလီနိုင်ငံကို ပြန်သွားပြီး ၂၀၁၄ ကနေ ဒီနှစ် မတ်လထိ သမ္မတ တာဝန် တကျော့ပြန် ထမ်းဆောင်ပါတယ်။

တာဝန်က အနားယူတော့မယ့် ဂျော်ဒန်မင်းသား Zeid Ra’ad al-Hussein ကတော့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားအပါအ၀င် အင်အားကြီးနိုင်ငံတွေက သူ့ကို ထောက်ခံမှာ မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး ဒုတိယသက်တမ်း တာဝန် ထပ်ယူဖို့ မကြိုးစားဘူးလို့ ဒီလ အစောပိုင်းက ပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage19. အမေရိကန် နဲ့ တရုတ် ကုန်သွယ်စစ်ပွဲ ဆက်လက်ဖြစ်ပွား -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
(တရုတ် သမ္မတ Xi Jinping နဲ့ အမေရိကန် သမ္မတ Donald Trump တို့ကို တွေ့ရစဉ်)
သမ္မတ ထရမ့်က တရုတ်ပြည်အပေါ် ပြင်းထန်တင်းမာတဲ့ ကုန်သွယ်ရေးမူဝါဒ ချမှတ်ခဲ့တာကို အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် အမတ် Mitch McConnell မစ်ခ်ျ မက်ကွန်းနဲလ် က သောကြာနေ့ မနေ့က ထောက်ခံလိုက်ပါတယ်။ ကင်တပ်ကီပြည်နယ်က စက်ရုံတစ်ခုကို သွားရောက်စဉ် မက်ကွန်းနဲလ် က တရုတ်တွေဟာ ကျနော်တို့ရဲ့ နေ့လည်စာတွေကို စားသောက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီလို့ ပြောကြားရင်း တရုတ်ပြည်က တင်ပို့မယ့် ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ပစ္စည်းတွေအပေါ် သမ္မတ ထရမ့် အစိုးရက အခွန်ငွေ ၂၅ % ကောက်ခံမယ်လို့ ဒီအပတ်အတွင်း ကြေညာခဲ့တာကို ထောက်ခံကြောင်း ပြောဆိုပါတယ်။

တရုတ်နိုင်ငံကလည်း အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုက တင်ပို့မယ့် ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်မယ်လို့ ပြောကြားထားပါတယ်။ တရုတ်အစိုးရ ဒုတိယ စိုက်ပျိုးရေးဝန်ကြီး Han Jun ဟန်ဂျွန်းက အဲဒီလို အခွန်ကောက်တာနဲ့ တပြိုင်နက် အမေရိကန်ပြည်ထောင်စုက တင်ပို့တဲ့ ပစ္စည်းပမာဏ သိသိသာသာ ကျဆင်းသွားမှာဖြစ်ကြောင်းနဲ့ ကုန်သွယ်စစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုကသာ ပိုမို နစ်နာမှာဖြစ်ကြောင်း မနေ့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံကို ပဲဗိဇပ် တန်ချိန် သန်း ၉ဝ နှစ်စဉ် တင်သွင်းနေပါတယ်။ ပြည်တွင်းလိုအပ်ချက်တွေကို အမေရိကန်ပြည်ထောင်စုထက် ဈေးသက်သာမယ့် ဘရာဇီးလ်လို နိုင်ငံတွေက မိမိတို့ ပြောင်းလဲဝယ်ယူမယ်လို့ သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ် နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးရေးသုတေသနဌာန အကြီးအကဲတစ်ဦးက အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်စစ်ပွဲမှာ တရုတ်စီးပွားရေး တည်ငြိမ်ဖို့အတွက် နိုင်ငံခြားကို ပစ္စည်းတင်ပို့ရောင်းချတဲ့ တရုတ်ကုမ္ပဏီတွေကို အစိုးရက အခွန်ငွေလျှော့ပေးခြင်းနဲ့ ငွေကြေးထောက်ပံ့ခြင်းတွေ ပြုလုပ်ဖို့ မနေ့က အကြံပေးလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage18. ဗုဒ္ဓဓမ္မ ပရဟိတ အဖွဲ့ကို ထောက်ခံကြိုဆိုပွဲ -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မ၀ံသာနုရက္ခိတအဖွဲ့က ဦးဆောင်ပြီး ဗုဒ္ဓဓမ္မ ပရဟိတ အဖွဲ့ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောက်ခံကြိုဆိုခဲ့စဉ်/ Photo: Thant Zin Oo/RFA
ဗုဒ္ဓဓမ္မ ပရဟိတ အဖွဲ့ကို ထောက်ခံကြိုဆိုပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မ၀ံသာနုရက္ခိတအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတ အဖွဲ့ကို ထောက်ခံသင့်လို့ ကြွရောက်လာတာဖြစ်ကြောင်း ဆရာတော် ဦးသောမန က မိန့်ပါတယ်။

ဒီဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ဟာ တရားမဝင် အဖွဲ့အစည်းဖြစ်တယ်ဆိုပြီး နိုင်ငံတော်သံဃာ့မဟာနာယက မဟန အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ကာ ဖျက်သိမ်းခိုင်းထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ဝ ရက်နေ့က ကမ္ဘာအေးကုန်းမြေမှာ မဟန ၄၇ ပါး စုံညီအစည်းအဝေးကနေ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့အနေနဲ့ မဟနရဲ့ လမ်းညွှန်မှု တောင်းခံထားတာကို ပယ်ဖျက်ဖို့နဲ့ အဖွဲ့အမည်သုံးပြီး မည်သည့်ကိစ္စကိုမှ ဆောင်ရွက်တာမလုပ်ဖို့လည်း မဟနက ထုတ်ပြန်ထားပါတယ်။

မဟနရဲ့ဆုံးဖြတ်ချက်တွေထဲမှာ ဆုံးဖြတ်ချက်ချပြီး တစ်လခွဲအတွင်း မြန်မာနိုင်ငံအနှံ့စိုက်ထူးထားတဲ့ ဗုဒ္ဓဓမ္မပရဟိ တဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်တွေကို ဖြုတ်ချဖို့၊  ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ရဟန်းဖြစ်ပါက သံဃအဖွဲ့ အစည်းဆိုင်ရာ ဥပဒေ ၂ဝ/၉ဝ နဲ့ အရေးယူမှာဖြစ်သလို လူပုဂ္ဂိုလ်ဆိုရင်လည်း တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်ဆိုတဲ့ အချက်တွေလည်းပါဝင်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage17. လေယာဉ်စက်ပြင်ဆရာ လေယာဉ်ကြီးကို ခိုးမောင်း -DawnManHon

#ပြည်တွင်း (4d ago)

ဖွင့်ရန်။
Seattle-Tacoma နိုင်ငံတကာ လေဆိပ်ကနေ ခိုးယူမောင်းနှင်သွားတဲ့ လေယာဉ်ပျက်ကျရာက ထွက်လာတဲ့ မီးခိုးနဲ့ မီးညွန့်များ။
ဝါရှင်တန်ပြည်နယ် Seattle မြို့မှာ လေယာဉ်စက်ပြင်တဦးဟာ လေယာဉ်တစီးကို ခိုးယူပြီး လေယာဉ်ကို စတန့်ထွင် မောင်းနှင်ခဲ့ပြီးနောက် တောင် Puget Sound ဒေသတွင်းက လူနေကြဲပါးတဲ့ Ketron ကျွန်းပေါ် ပျက်ကျခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် လေယာဉ်ထိန်းသိမ်းပြင်ဆင်ရေးဌာန ၀န်ထမ်းတဦးဟာ Horizon လေကြောင်းလိုင်းက Q400 ပန်ကာ ၂ လုံးတပ် လေယာဉ်ကို Seattle Tacoma နိုင်ငံ တကာ လေဆိပ်ကနေ ခိုးယူမောင်းနှင်ခဲ့တာလို့ Pierce ခရိုင် ရဲဌာနက တွိတာမှာ ရေးသားပါတယ်။ လေယာဉ်ထိန်းသိမ်းရေးမျှော်စင်နဲ့ ပြောကြားတဲ့ အသံဖိုင် ထဲမှာတော့ လေယာဉ်မောင်းသူကို Rich ဆိုပြီး ခေါ်ဆိုတာကို ကြားခဲ့ရပါတယ်။ အဲဒီနောက် လေယာဉ်မောင်း သူက သူဟာ အခက်အခဲတွေရင်ဆိုင်နေရသူတဦးဖြစ်ပြီး ခပ်ကြောင်ကြောင်ဖြစ်နေတယ်လို့ ပြောကြား တာကို လည်း ကြားကြရပါတယ်။

Horizon လေကြောင်းလိုင်း တာဝန်ခံတဦးဖြစ်သူ Constance vo Muehlen က လေယာဉ် ပျက်ကျရာမှာ သေဆုံးခဲ့သူရဲ့ မိသားစုနဲ့အတူ ထပ်တူကြေကွဲမိပါတယ်လို့ ပြောပါတယ်။ အခုလို လေယာဉ်ပျက်ကျရာမှာ သေဆုံးသူရဲ့နာမည်ကိုတော့ လေကြောင်းလိုင်းက ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။

လေယာဉ်ကို ခိုးယူမောင်းနှင်ခဲ့ပြီးနောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးကိုလည်း အနီး ကနေ လိုက်ပါ ကြည့်ရှု စေခဲ့ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်ပျက်ကျ တာမှာတော့ ဂျက်တိုက်လေယာဉ်တွေနဲ့ ပတ်သက်ခြင်း မရှိဘူးလို့ ရဲဌာနကပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ အနေအထား မျိုးလည်း မတွေ့ရကြောင်းနဲ့ လေယာဉ်ကို စိတ်ထင်တိုင်းမောင်းရာကနေ ပျက်ကျခဲ့တာလို့ Pierce ခရိုင် ရဲအရာရှိ Paul Pastor က ပြောပါတယ်။ လေယာဉ်ပျက်ကျချိန်မှာ လေယာဉ်ပေါ်မှာ တခြားဘယ်သူမှ ရှိမနေခဲ့ပါဘူး။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...

<< Back