☞ Go to DVB Website!

NoImage256. တရုတ်သွင်းကုန်အပေါ် အမေရိကန် အခွန်တိုးမြှင့်မှု ASA အဖွဲ့ ကန့်ကွက် -DVB

#Lead Story (13h ago)

ဖွင့်ရန်။

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်အစိုးရရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုဟာ အလွန်အမင်း စိတ်ပျက်စရာကောင်းတယ်လို့ အမေရိကန်ပဲပုတ် အဖွဲ့အစည်း ASA အဖွဲ့က ဇူလိုင် ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီကြေညာချက်အတွင်း ဒေါ်လာဘီလျံ ၂ဝဝ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် ပစ်မှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ နောက်ထပ်ကြေညာချက်အသစ်ဟာ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုကို ပိုဆိုးစေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပဲပုတ်စိုက်ပျိုးတဲ့ ပြည်နယ်ပေါင်း ၃ဝ လောက်ရှိပြီး ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မကြီးထံ ပဲပုတ်တန်ချိန် ၃၃ သန်း တင်ပို့ခဲ့ပါတယ်။ ဒါဟာ အမေရိကန်တနိုင်ငံလုံးကနေ ပြည်ပကိုတင်ပို့တဲ့ ပဲပုတ်တန်ချိန် စုစုပေါင်းရဲ့ ၆၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

လက်ရှိတင်းမာနေတဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ပြည်မကြီးကနေ ပဲပုတ်ဝယ်လို အားကျဆင်းသွားမှာကို အမေရိကန်ကုန်သည်တွေက စိုးရိမ်နေကြောင်း CCTV သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage255. ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်က ရာဖယ်နဒါးကို အနိုင်ယူပြီး ဗိုလ်လုပွဲတက် -DVB

#Lead Story (14h ago)

ဖွင့်ရန်။

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးခြင်း ဆီမီးဖိုင်နယ်မှာ နိုဗက် ဂျိုကိုဗစ်က နာမည်ကြီး ရာဖယ်နဒါးကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

နာမည်ကြီး တင်းနစ်သမား နှစ်ယောက် ဆုံတာဖြစ်လို့ အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ ဂျိုကိုဗစ်က အပြန်အလှန် အကွက်ချ ရိုက်ချက်တွေမှာ အသာစီးယူနိုင်ခဲ့ပါတယ်။  လက်ရည်မကွာတဲ့ နှစ်ယောက်တွေ့တာဖြစ်လို့ ၅ ပွဲ အပြည့် ရိုက်ခဲ့ပြီး ၅ နာရီနဲ့ ၁၆ မိနစ်ကြာ ရိုက်ခဲ့ပါတယ်။

ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဒုတိယအကြာဆုံး ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ၅ ကြိမ်မြောက်အဖြစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။

ဒီပွဲနိုင်လို့ ဂျိုကိုဗစ်ဟာ ၂ဝ၁၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂရန်းစလန်းဆုဖလားရဖို့ နီးစပ်သွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage254. ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် အန်ဂျလီက စရီနာကို အနိုင်ယူဗိုလ်စွဲ -DVB

#Lead Story (14h ago)

ဖွင့်ရန်။

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးခြင်း ဗိုလ်လုပွဲမှာ ဂျာမန် တင်းနစ်မယ် အန်ဂျလီ ကာဘာက နာမည်ကြီး အမေရိကန် တင်းနစ်သမား စရီနာ ဝီလျံစ်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။

ကမ္ဘာ့အဆင့် ၁၁ ဖြစ်တဲ့ ကာဘာက ဂရန်းစလန် ဆုဖလား ၂၃ ခု ရထားတဲ့ စရီနာကို အနိုင်ရခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် စရီနာဟာ ဝင်ဘယ်ဒန် ပြိုင်ပွဲမှာ ချန်ပီယံ ၇ ကြိမ် ဖြစ်ဖူးထားပါတယ်။

ဂျာမန်သူ ကာဘာက လက်စွမ်းပြပြီး နှစ်ပွဲစလုံးကို ၆ – ၃နဲ့ အနိုင်ရသွားတာပါ။ ကာဘာအတွက်တော့ ဝင်ဘယ်ဒန် ဂရန်းစလန်း ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

ချန်ပီယံ ကာဘာဟာ ဂျာမဏီနိုင်ငံသူတွေထဲကနေ စတက်ဖီ ဂရပ်ပြီးရင် ၁၉၉၆ နောက်ပိုင်းမှာ ဝင်ဘယ်ဒန်ဆုဖလားကို ပထမဆုံး ဆွတ်ခူးနိုင်တဲ့သူလည်း ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage253. ပျောက်ဆုံးနေသည့် အီရန်နိုင်ငံလှုပ်ရှားသူ အသတ်ခံရခြင်းဖြစ်နိုင်ဟု ရှေ့နေပြော -DVB

#Lead Story (14h ago)

ဖွင့်ရန်။

အာမခံနဲ့ပြန်လွတ်လာပြီးနောက် ပျောက်ဆုံးနေတဲ့ အီရန်နိုင်ငံရေး လှုပ်ရှားသူ မာယမ် ဖာရာဂျီဟာ အသတ်ခံရတာဖြစ်နိုင်တယ်လို့ သူ့ရဲ့ရှေနေက ဇူလိုင် ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ အီရန်နိုင်ငံရေးလှုပ်ရှားသူ မာယမ်ဟာ ဇူလိုင် ၅ ရက်နေ့က မြို့တော် တဟီရန်ရှိ သူ့ရဲ့နေအိမ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဘယ်လိုမှ ရှာမတွေ့တော့ဘဲ ပျောက်ဆုံးနေတာဖြစ်ပြီး အသတ်ခံရတာ ဖြစ်နိုင်တယ်လို့  သူ့ရဲ့ ရှေ့နေက VOA-Persian ရေဒီယိုကို ပြောကြားလိုက်တာပါ။

ဘဏ္ဍရေးနဲ့စီမံခန့်ခွဲမှု ပညာနဲ့ ဘွဲ့ရထားတဲ့ မာယမ် ဖာရာဂျီဟာ မြို့တော်တဟီရန်ရှိ ပုဂ္ဂလိက ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။

သူဟာ အခုနှစ် ဇန်နဝါရီလက တပတ်ကြာဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒီ့အတွက် အီရန်အစိုးရက သူ့ကိုဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။ တိုင်းပြည်ကနေ ထွက်ခွာခွင့်ကိုလည်း ၂ နှစ် ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတော့ မာယာက ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တဲ့အတွက် အပြီးသတ်အမိန့်ကို စောင့်ဆိုင်းနေစဉ် တရားရုံးက သူ့ကိုအာမခံနဲ့ ပြန်လွှတ်ပေးပြီးတဲ့နောက် ပျောက်ဆုံးနေတာဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage252. ဖားကန့်မြေစာပုံပြိုကျမှုကြောင့် ၁၅ ဦးသေဆုံး၊ ပျောက်ဆုံးသူစာရင်း ပေးကြရန် တာဝန်ရှိသူ ပြော -DVB

#Lead Story (16h ago)

ဖွင့်ရန်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ၄၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေတယ်လို့  ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံ မနေ့မွန်းလွဲ ၂ နာရီကျော်က ပြိုကျခဲ့တပြိး အမျိုးသားအလောင်း ၁၄ လောင်း အမျိုးသမီးအလောင်း ၁ လောင်းနဲ့ ဒဏ်ရာရရှိသူ ၄၅ ဦးအထိ တူးဖော်ရ ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီဗွီဘီကို ပြောပါတယ်။

မြေစာပုံအောက် ပိတ်မိနေသူတွေအား ရှာဖွေမှုကို မနေ့က ညနေ ၅ နာရီခွဲမှာ ရပ်နားထားလိုက်ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေနေပါတယ်။

မိမိတို့ ပတ်ဝန်းကျင်မိသားစုတွေဆီက လူပျောက်ခြင်း ရှိမရှိ လာရောက်သတင်းပို့ပေးဖို့ကို ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကိုင်နေတဲ့နေရာတွေ အကုန်လုံးကို လိုက်လံ အသိပေးထားမှုတွေပြုလုပ်နေပါတယ်။

အခု ကမ်းပါးပြိုတဲ့နေရာဟာ ဧပြီလအတွင်းက သက်တမ်းကုန်နေတဲ့လုပ်ကွက်ဖြစ်ပြီး အန္တရာယ်သတိပေး ဆိုင်းဘုတ်တွေလည်း စိုက်ထူထားပြီး အခုဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို လူမှုရေးအရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဦးဆောင်ပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဖားကန့်မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ၂ဝ၁၈ ခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။

အခုကမ်းပါးနံရံပြိုကျမှုဟာ အနီးနားက ကုမ္ပဏီတခုက မိုင်းဖောက်ခွဲပြီး သိပ်မကြာခင် ပြိုကျခဲ့တာလို့ လွတ်မြောက်လာသူတဦးကပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage251. ပင်လယ်ဒီရေလှိုင်းကြောင့် ဖျာပုံတွင် နေအိမ် ၁၁ လုံး ပြိုကျပျက်စီး -DVB

#Lead Story (16h ago)

ဖွင့်ရန်။

ပင်လယ်ဒီရေလှိုင်း မြင့်တက်တိုက်စားမှုကြောင့် ဖျာပုံမြို့နယ်မှာ နေအိမ် ၁၁ လုံး ပြိုကျ ပျက်စီးသွားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ ဒေါ်ညိမ်းကျေးရွာ အုပ်စုအတွင်းက ကျေးရွာတွေမှာ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီလောက်က ပင်လယ်ဒီရေလှိုင်း မြင့်တက်တိုက်စားမှုကြောင့် အခုလို ပြိုကျ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဘုရားလေးစု ကျေးရွာမှာ နေအိမ် ၂ လုံး၊ အောင်လှိုင်ကျေးရွာမှာ နေအိမ် ၆ လုံး၊ သရက်ပင်ဆိပ်ကျေးရွာမှာ နေအိမ် ၂ လုံးနဲ့ ခါးပြတ်ကျေးရွာမှာ နေအိမ် ၁ လုံး စုစုပေါင်း ၁၁ လုံး ပြိုကျပျက်စီးခဲ့တာပါ။

ပြိုကျပျက်စီးတဲ့ နေအိမ် ၁၁ လုံးက လူဦးရေ ၅ဝ လောက်ဟာ အခုလောလောဆယ် ဆွေမျိုးတွေ နေအိမ်မှာ ပြောင်းရွှေ့နေထိုင်နေပါတယ်။ ဒီရေလှိုင်းကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage250. ဆိုမာလီ သမ္မတအိမ်တော်အနီးတွင် ကားဗုံးဖောက်ခွဲမှု ၂ ကြိမ်ဖြစ်၊ ၆ ဦးသေ -DVB

#Lead Story (16h ago)

ဖွင့်ရန်။

ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့က သမ္မတအိမ်တော်အနီးမှာ ဇွန်လ ၁၄ ရက်နေ့က ကားဗုံးဖောက်ခွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲ က ၅ ဦးဟာ တိုက်ခိုက်သူတွေဖြစ်ပါတယ်။ အခင်းဖြစ်ချိန်မှာ အနီးနားမှာ ရှိနေသူတွေကတော့ သေနတ်သမားနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ အရှိန်နဲ့မောင်းလာတဲ့ ကားတစင်းဟာ ငြိမ်းချမ်းရေးပြည်သူ့ ပန်းခြံအဝင်ဝမှာ ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။

နောက်ထပ်ကားဗုံးတလုံးကတော့ ငြိမ်းချမ်းရေးပန်းခြံနဲ့ SYL ဟိုတယ် အနီးနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

SYL ဟိုတယ်ဟာ အစိုးရအရာရှိတွေ တည်းလေ့ရှိတဲ့ ဟိုတယ်တလုံးဖြစ်တယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage249. မကွေးတိုင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့ ကုသပေး -DVB

#Lead Story (16h ago)

ဖွင့်ရန်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဆယ်စုနှစ်တခုအတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ပပျောက်စေဖို့အတွက် ရောဂါကာကွယ်ရေးဆေးခန်း ဖွင့်လှစ်ပြီး အခမဲ့ စမ်းသပ်ကုသပေးနေပါတယ်။

မကွေးဆေးတက္ကသိုလ်က ပါမောက္ခဌာနမှူး သားဖွားနှင့်မီးယပ်ဌာန တာဝန်ခံ ဒေါက်တာ ခင်မေသင်းက “ကျမတို့ မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာဟာ ဒုတိယအဖြစ်အများဆုံးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း WHO ကဆို တနှစ်ကို ၄ဝဝဝ ကျော်ဖြစ်ပွားပြီး ၃ဝဝဝ ကျော် သေဆုံးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ အထက်မြန်မာပြည်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်း လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆေးခန်းလေးကို စတင် ဖွင့်လှစ်ရခြင်းဖြစ်တယ်၊ နဂိုက မီးယပ်ဌာနရဲ့ ပြင်ပ OPD မှာ ရောနှောလုပ်ပြီး၊ ကာကွယ်ဆေးကတော့ ပေါ်နေပြီ၊ ဈေးအရမ်းကြီးတယ်။ သားအိမ်ခေါင်း ကင်ဆာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်နိုင်ရန် အခုလို သီးသန့် ခွဲထွက်လိုက်တာ” လို ဒီဗွီဘီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာရောဂါ မရှိသလောက် ရှားပါးသွားအောင် ရည်ရွယ်ပြီး အခုလို ဖွင့်လှစ်တာလို့ ပြောပါတယ်။

“ရောဂါစဖြစ်တဲ လူတွေကို ရှာဖွေတာမဟုတ်ဘဲ နောင် ၁ဝ နှစ်၊ ၁၅ နှစ်လောက်မှာ ရောဂါဖြစ်ပွားနိုင်တဲ့ အမျိုးသမီးတွေ ကြိုအဆင့်ကို ရှာဖွေတာပါ။ ဆိုလိုတာက ဒီအမျိုးသမီးတွေမှာ ရောဂါလက္ခဏာမရှိဘူး၊ မရှိသေးတဲ့ အိမ်ထောင်သည် အမျိုးသမီး ကလေးမွေးထားတဲ့ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေထဲက စစ်ချင်တဲ့သူမှန်သမျှ စစ်ပေးပါတယ်။ စစ်လိုက်ခြင်းအားဖြင့် သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဧရိယာလေးတွေ တွေ့ရတဲ့ အခါစောစီးစွာ ကာကွယ်ကုသလို့ရတယ်။ ကုသနည်းကတော့ အအေးဓာတ်နဲ့ကုသနည်း၊ လျှစ်စစ်ဓာတ်နဲ့ ခွဲခန်းထဲမှာ ဖြတ်ထုတ်တဲ့နည်း တွေဖြစ်ပါတယ်။ စောစီးစွာ သိရပြီး သားအိမ်ကို ဖြတ်ထုတ်လိုက်တော့ နောင် ၁ဝ နှစ်လောက်ကြာတဲ့အခါ အဲဒီရောဂါ မဖြစ်ပွားတော့ဘူးပေါ့။”

သား/သမီးလိုချင်တဲ့ စုံတွဲတွေအတွက် စစ်ဆေးမှုတွေ ပြုလုပ်ပေးတယ်လို့ ဒေါက်တာ ခင်မေသင်းက ပြောပါတယ်။

“ကလေးရအောင်ပြုလုပ်ပေးတဲ့ စင်တာကြီးတော့ မဟုတ်ဘူး။ အခြေခံကျကျပ်လုပ်ဆောင်ပေးတဲ့အနေနဲ့ အမျိုးသားရဲ့ သုတ်ပိုးတွေကို ဓာတ်ခွဲခန်းမှာစစ်မယ်၊ အမျိုးသမီးကို အယ်ထရာဆောင်း ရိုက်မယ်၊ ရာဇဝင်လေးတွေကိုမေးမယ်၊ ရေအိပ်တွေဘာတွေရှိသလား၊ အလုံးတွေရှိသလား တခုခု လက္ခဏာတွေ့လိုရှိရင် တိုင်းဆေးရုံကြီးမှာရော သင်ကြားရေးဆေးရုံးကြီမှာပါ မှန်ပြောင်းနဲ့ ခွဲစိတ်ကုသပေးဖို့ စီစဉ်ထားတယ်” လို့ ပြောပါတယ်။

အပတ်စဉ် ဗုဒ္ဓဟူးနေ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီ အချိန်တို့မှာ အခမဲ့စမ်းသပ်ကုသပေးနေပြီး တပတ်ကို ၂ ရက်ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မကွေးတိုင်းဒေသကြီးပြည့်သူ့ဆေးရုံမှ သိရပါတယ်။

သတင်း-မင်းထီး


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage248. ကမ္ဘာ့ဖလား တတိယလုပွဲ ဘယ်ဂျီယံ ၂-ဝ အင်္ဂလန် (ရုပ်သံ) -DVB

#Lead Story (16h ago)

ဖွင့်ရန်။


မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ဘယ်ဂျီယံက အင်္ဂလန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ပွဲအစ ၄ မိနစ်မှာပဲ ဘယ်ဂျီယံအတွက် ဦးဆောင်ဂိုးကို နာဆာ ချပ်လ်ဒီရဲ့ ဖြတ်တင်ဘောကနေ မူနီယာက သွင်းယူပါတယ်။ ဒီပွဲမှာ အင်္ဂလန် ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ဘယ်ဂျီယံက တန်ပြန် တိုက်စစ် တွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်က ကွင်းလယ်က ဒိုင်ယာရဲ့ အပိုင်နီးပါးရတဲ့ ကန်ချက်ကို ဘယ်ဂျီယံနောက်တန်းက အယ်ဒါဝီ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘယ်ဂျီယံ တန်ပြန် တိုက်စစ် တွဲလုံးတွေကို အင်္ဂလန်က မထိန်းနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန် ဂိုးသမား ပစ်ဖို့ဒ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ဘယ်ဂျီယံအတွက် ဒုတိယအနိုင်ဂိုးကို ကွင်းလယ်သမား ဟာဇက်က သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ ဟာဇက် အကောင်းဆုံး ကစားသမားသမားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

ဘယ်ဂျီယံဟာ ကမ္ဘာ့ဖလားမှာ ၁၉၈၆ မှာ စတုတ်ထရပြီး နောက်ပိုင်းမှာ တတိယဆုကို

ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage247. ပါကစ္စတန် အသေခံဗုံးခွဲမှုများကြောင့် သေဆုံးသူ ၁၃၃ ဦးအထိ ရှိပြီ -DVB

#Lead Story (16h ago)

ဖွင့်ရန်။

ပါကစ္စတန်နိုင်ငံမှာ ဇူလိုင်လ ၁၃ ရက်နေ့က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သီးခြား ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုအတွင်း သေဆုံးသူဦးရေဟာ  ၁၃၃ ဦးအထိ ရှိလာခဲ့ပြီး ၂၃ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဘာလူချီစတန်ပြည်နယ် ကေတာမြို့မှာ မဲဆွယ်ပွဲလုပ်နေတဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲသမားတဦးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂၈ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်နှစ်များအတွင်း လူအသေပျောက်အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လာမယ့် ဇူလိုင် ၂၅ ရက်မတိုင်မီ ဝန်ကြီးချုပ်ဟောင်း နဝပ်ရှရစ် ပြည်တော်ပြန်လာမှာနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေတဲ့ ကာလအတွင်း ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage246. ပင်လုံလာတက်သည့် မြောက်ပိုင်းအဖွဲ့ ပြန်လည်ထွက်ခွာ -DVB

#Lead Story (16h ago)

ဖွင့်ရန်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအစည်းအဝေးကို လာတက်တဲ့ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဟာ မနေ့က နေပြည်တော်ကနေ ပြန်လည် ထွက်ခွာသွားပါတယ်။

သူတို့အဖွဲ့ဟာ တရုတ်အစိုးရ စီစဉ်ပေးမှုနဲ့ လာရောက်တာ ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ကို ပြန်ကြတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ရှမ်းပြည်တမ်မတော်မြောက်ပိုင်း SSPP နဲ့ မိုင်းလာအဖွဲ့တို့ကတော့ ပြည်တွင်းကနေပဲ နေရပ်ကို ပြန်သွားတာပါ။

ကျန်းမာရေး မကောင်းလို့ နေပြည်တော်မှာ ဆေးကုသမှု ခံယူနေတဲ့ uwsa အဖွဲ့ ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိနဲ့ ဦးကျောက်ကော်အန်းတို့လည်း သက်သာလာတာကြောင့် တရုတ်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

ဝအဖွဲ့ ခေါင်းဆောင်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။  မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံခဲ့ပြီး နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage245. အာဆီယံယူ-၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာက ဒုတိယဖြင့် ကျေနပ်ခဲ့ရ (ရုပ်သံ) -DVB

#Lead Story (16h ago)

ဖွင့်ရန်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မနေ့ညနေ ၆း၃ဝ မှာ ယှဉ်ပြိုင်ကစားရာမှာ မြန်မာက မလေးရှားအသင်းကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပထမပိုင်း ပွဲစပြီး သိပ်မကြာခင်မှာ မလေးရှားက ဦးဆောင်ဂိုး ၂ ဂိုး အရင်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းခံရပြီးနောက် မြန်မာအသင်းပြန်လည် ဖိအားပေးကစားနိုင်ခဲ့ကာ ဝင်းနိုင်ထွန်း ၁ ဂိုးနဲ့ မြတ်ကောင်းခန့်က ထောင့်ကန်ဘောက တိုက်ရိုက်သွင်းယူတာအပါအဝင် ၂ ဂိုးနဲ့ စုစုပေါင်း ၃ ဂိုးသွင်းယူပြီး ပြန်လည်ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၇ဝ နောက်ပိုင်းမှာ မလေးရှားအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး ဗိုလ်စွဲသွားခဲ့တာလည်းဖြစ်ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ မြန်မာက လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိ၊ မလေးရှားက အိမ်ရှင် အင်ဒိုနီးရှားကို ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြတာပါ။

မြန်မာနဲ့ မလေးရှားတို့ဟာ အုပ်စုတခုတည်းမှာ ကျရောက်ခဲ့ပြီး အုပ်စုတွင်း ယှဉ်ပြိုင်ခဲ့ရာမှာတော့ မလေးရှားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ မြန်မာနဲ့ မလေးရှားတို့ဟာ အရင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂ဝဝ၃ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ မြန်မာက ၄ ဂိုး ဂိုးမရှိ၊ ၂ဝဝ၅ အာဆီယံ ယူ-၂ဝ ပြိုင်ပွဲမှာ မြန်မာကပဲ ၁ ဂိုး ဂိုးမရှိနဲ့ နှစ်ကြိမ်လုံး အနိုင်ရခဲ့တာဖြစ်ပြီး အခု တတိယအကြိမ်မှာတော့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage244. ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၂၆ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၁၁ဝဝ ကျပ်ဈေးတက်သွားပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ အဟောင်း  တအိတ်ကို ၄ဝဝဝဝ ကနေ ၄၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ  ကျပ် ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆ဝဝ  ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၄၆၆ဝဝ   ပေါက်ဈေးရှိပြီး တအိတ်ကို ၁၃ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန် သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃၁ဝဝ  ကျပ် ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာ ဝင် တအိတ်ကို ၆၅ဝဝဝ ကနေ ၆၆ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၄၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅ဝဝ  ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာ ဝင် တအိတ်ကို ၁၃ဝဝဝဝ ကနေ ၁၅၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၄ဝဝဝ ဈေးကွာခြားမှုရှိပါတယ်။

ပန်းနှမ်း

မန္တလေးကုန်စည်ဒိုင်မှာ ပန်းနှမ်းက တအိတ်ကို ၅၃ဝဝဝ ကနေ ၅၄ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာလည်း တအိတ်ကို ၄၉၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၄၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၄၂၅ ကနေ ၅၁၅ ကျပ်ပေါက်ဈေးရှိပြီး တပိဿာကို ၁ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄ဝဝ ကနေ ၅၂၅ ကျပ်ပေါက်ဈေးရှိပြီး ဈေး အပြောင်းအလဲ မရှိပါဘူး။

ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း – AMIA


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage243. ဖားကန့်တွင် ကမ်းပါးနံရံပြိုကျ၊ လူအမြောက်အမြား သေဆုံးနိုင် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှု ဒီနေ့မွန်းလွဲ ၂ ကျော်က ဖြစ်ပွားခဲ့လို့ လူအမြောက်မြား သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ပြိုကျတဲ့တွင်းမှာ ကိုယ်တိုင်သွားရောက်ရှာဖွေနေခဲ့သူ တယောက်က “အနားက ကုမ္ပဏီတခုက မိုင်းခွဲနေတယ်။ ခုပြိုတာကလည်း မိုင်းခွဲပြီး သိပ်မကြာခင်မှာပဲ။ တွင်းတူး ရှာနေသူ ၂ဝဝ ကျော်ရှိတယ်။ အားလုံးနီးပါး ပါသွားတာလေ။ ဘက်ဟိုးတစီးလည်း ပါသွားတယ်။ သေတဲ့သူ ၁၅ဝ လောက်တောင် ရှိနိုင်တယ်” လို့ ပြောပါတယ်။

ဆန်ခါကျေးရွာ Green Land မှ ကိုနောင်လတ်က  “ဒဏ်ရာရတဲ့လူက ခုလေးဆယ်ကျော်ပြီ။ အလောင်းက ခု ဆယ်လောင်းတွေ့ပြီ ဖော်နေတုန်းပဲ။ လူက တော်တော်သေနိုင်တယ်” လို့ ကိုနောင်လတ်က ပြောပါတယ်။

ခုလို ပြိုရတာဟာ ကျောက်တူးဖော်ရေး ကုမ္ပဏီတွေ ဖြစ်တဲ့ တစ်သုံးလုံး၊ တောက်ပကြယ် အလင်း၊ ရတနာအဓိပဓိ၊ ကြွယ်ဝဆုံး၊ မြန်မာဝင်ဂိတ် စတဲ့ ကုမ္ပဏီတွေရဲ့ မိုင်းဖောက်ခွဲမှုတွေကြောင့်လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က “လုံးခင်းဘက်က မဟာအစပထမ လုပ်ကွက်ထဲမှာ နေ့လယ် ၂ နာရီနဲ့ ၁ဝ မိနစ်လောက်ဖြစ်တာပါ။ ဒဏ်ရာရသူတွေကတော့ သုံးဆယ်ကျော်ပြီ။ သေဆုံးသူအလောင်းကတော့ လောလောဆယ် သုံးလောင်းတော့ရှိပြီ” လို့ ပြောပါတယ်။

ဆက်သွယ်ရေးအခက်အခဲကြောင့် နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒီတွင်းနေရာမှာပဲ မနှစ်ကလည်း ပြိုကျပြီး လူ ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ၂ဝ၁၈ ခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။

 


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage242. ပြည်နယ်လွှတ်တော်နေရာအများစု ရခိုင်ပါတီများ ပိုင်ဆိုင်သင့်၍ ဝင်မပြိုင်ဟု ကြံ့ခိုင်ရေးပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ရခိုင်လွှတ်တော်မှာ ရခိုင်တိုင်းရင်းသားပါတီအများစု ပိုင်ဆိုင်သင့်တာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ဝင်မပြိုင်တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီက ပြောပါတယ်။

အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂ နေရာ လစ်လပ်နေပါတယ်။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ပြယ်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်နေရာ အများစု ရခိုင်တိုင်းရင်းသားပါတီတွေကပဲ ပိုင်ဆိုင်သင့်တယ်။ ဒါမှလည်း ဒီဒေသနဲ့ အင်ဝင်ခွင်ကျဖြစ်မယ်ဆိုပြီးတော့ ကျနော်ဆုံးဖြတ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အများစု လွှတ်တော်မှာ ဖြစ်စေချင်တဲ့သဘောနဲ့ ကျနော်တို့ ကြားဖြတ်မှာ ဝင်မပြိုင်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်” လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပုံမှန်ဝင်ရောက်ပြိုင်နေကျ တိုင်းဒေသကြီးတွေမှာ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာတွေမှာ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။

အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ပါတီ ၃ ခုကနေ ဝင်ပြိုင်ဖို့ အမည်စားရင်း တင်းသွင်းထားပြီးတော့ အဲ့ဒီမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတဦးအပါအဝင် စုစုပေါင်း ၄ ဦးဝင်ရောက် ယှဉ်ပြိုင်မယ်လို့ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးခင်မောင်ဦးကပြောပါတယ်။

“ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်းတင်သွင်းပါတယ်။ အဲ့ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်ရယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခင်သန်းမောင်၊ တသီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့ဖြစ်ကြပါတယ်။ အမည်စာရင်းတွေကို ၁၆ ရက်နေ့ကနေ ၂၂ ရက်နေအထိ စိစစ်ပါမယ်။ အဲ့လိုစိစစ်ပြီး အောင်မြင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်သွားပါမယ်” လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာပါ။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေအတွက် မဲဆန္ဒပြည်သူ ၅ သောင်းကျော်လောက်ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage241. ဌာနအသုံးစရိတ် တောင်းခံမှု ပိုများနေဟု သမ္မတပြော -DVB

#သတင်း (1d ago)

ဖွင့်ရန်။

ဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ အသုံးစရိတ်တွေ တောင်းခံရာမှာ ထုတ်လုပ်မှုတိုးတက်ဖို့နဲ့ တိုက်ရိုက်မဆိုင်တဲ့ ဌာနအသုံးစရိတ်တွေ တောင်းတာက ပိုများနေတယ်လို့ နိုင်ငံတော် သမ္မတက ပြောပါတယ်။

မနေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောခဲ့တာပါ။

ဌာနတွေအနေနဲ့ ရုံးသုံး စက်ကိရိယာဝယ်ယူတာ၊ ပရိဘောဂဝယ်ယူတာ စတဲ့ ဌာနအသုံးစရိတ်နဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေမယ့် စီမံကိန်းလုပ်ငန်း အသုံးစရိတ်တွေထဲမှာ ဌာနအတွက် အသုံးစရိတ် တောင်းခံတာ ပိုများနေတာကို တွေ့ရပြီး အတတ်နိုင်ဆုံး လျှော့ချသုံးစွဲဖို့ ပြောပါတယ်။

မနေ့က အစည်းအဝေးမှာ ၂၀၁၈-၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းနဲ့ ၂၀၁၈-၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ ဥပဒေကြမ်းတွေကို ဆွေးနွေးအတည်ပြုခဲ့တာပါ။

လာမယ့် ဘဏ္ဍာရေးနှစ်ဟာ ဘဏ္ဍာရေးနှစ်သစ်ပြောင်းလဲတဲ့ ပထမဦးဆုံး ဘတ်ဂျက်နှစ်ဖြစ်ပြီး ပြောင်းလဲသတ်မှတ် ဆောင်ရွက်တဲ့အတွက်ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ ပြောင်းလဲလုပ်ဆောင်ဖို့ သုံးစွဲရမယ့် ကုန်ကျစရိတ်တွေထက် အဆများစွာသာလွန်နိုင်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ကို ပိုမိုေ ဆောင်ကျဉ်းပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ သမ္မတက ပြောပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းမှာ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းတွေကိုအတွက် လျာထားတောင်းခံဖို့နဲ့ ဆောင်ရွက်ဆဲ ကိစ္စတွေအတွက် ဦးစားပေး ရေးဆွဲဖို့၊ တည်ဆောက်ရေးလုပ်ငန်းတွေအတွက်  မြေနေရာ ရရှိပြီးမှပဲ ရန်ပုံငွေတင်ပြ တောင်းခံကြဖို့၊ ဒီဇိုင်းပုံစံတွေရှိပြီး ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါ ခေါ်ယူပြီးစီးနိုင်မယ့် လုပ်ငန်းတွေအတွက်ပဲ တင်ပြတောင်းခံကြဖို့ ပြောပါတယ်။

ပြီးတော့ အသုံးစရိတ်တွေ တောင်းခံရာမှာ ပြည်ထောင်စုက တောင်းခံမယ့် အသုံးစရိတ်တွေနဲ့ တိုင်းနဲ့ ပြည်နယ်တွေက တောင်းခံမယ့် အသုံးစရိတ်တွေ ထပ်မနေစေဖို့ ပြည်ထောင်စု အဆင့်နဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတို့ ပေါင်းစပ်ညှိနှိုင်းဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အခု ဘဏ္ဍာရေးကော်မရှင်က အတည်ပြုထားတဲ့ ၂၀၁၈-၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းမှာပါဝင်တဲ့ ရငွေနဲ့ အသုံး စရိတ်တွေနဲ့  ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ လွှတ်တော် ကော်မတီအသီးသီးက စိစစ် မေးမြန်းတာတွေကို ခံယူရမှာ ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းတွေ အနေနဲ့လည်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေရဲ့ စိစစ်မေးမြန်းတာ၊ ဆွေးနွေးသုံးသပ်တာတို့ကို ခံယူရမှာ ဖြစ်လို့ ကိုယ့်ဌာနရဲ့ ရငွေ/ သုံးငွေတွေကို အသေးစိတ် ပြည့်ပြည့်စုံစုံနဲ့ ခိုင်ခိုင်မာမာ ရှင်းလင်းတင်ပြနိုင်အောင် ပြင်ဆင်ထားကြဖို့ကိုလည်း မှာကြားပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း လာမယ့် အောက်တိုဘာမှ စတင်မယ့် ၂၀၁၈-၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက်  ရတာထက် ပိုသုံးထားတဲ့ လိုငွေ ကျပ်သန်းပေါင်း ၅ သန်းလောက် ရှိမယ်လို့ ပြောပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ သေသေချာချာ အချိန်ပြည့်ပြည့်ဝဝ ဆွေးနွေးခွင့်ပေးမှပဲ အများပြည်သူတွေကလည်း ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အကောင်းအဆိုး၊ အကျိုးအကြောင်းကို နားလည်မှာ ဖြစ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လွှတ်တော်တွေ အနေနဲ့ လေးလေးနက်နက် စဉ်းစားသင့်တယ်လို့ ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage240. ရေလွှမ်းမှုဒဏ် အကြီးအကျယ်ခံနေသည့် တရုတ်တွင် ကယ်ဆယ်ရေး ဆောင်ရွက် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ရေလွှမ်းမှုဒဏ် အကြီးအကျယ်ခံနေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

စီချွမ်ပြည်နယ် မင်ကျီအန်း မြစ်ရေလျှံတာကြောင့် ရေလွှမ်းမိုးခဲ့တဲ့ဒေသတွေမှာ ဇူလိုင်လ ၁၃ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပ်ြင် အဲဒီနေ့အစောပိုင်းက တောင်ပေါ်က ကျောက်တုံးကြီးတွေ လိမ့်ဆင်းခဲ့တာကြောင့် လီရှင်းစီရင်စုမှာ ယာဉ်အသွားအလာထိခိုက်ခဲ့ရပါတယ်။ အဲဒီအတွက် လမ်းပိတ်ဆို့နေပြီး တန် ၁ဝဝဝ ကျော်လေးတဲ့ ကျောက်တုံးကြီးကို ဖောက်ခွဲခဲ့ရပါတယ်။

“ကျနော်တို့ ကျောက်တုံးပြိုကျရာနေရာကို လေ့လာပြီးတော့ လွန်ပေါက်အနက်ကို တိုင်းပါတယ်။ ပြီးတော့ ပေါက်ကွဲမယ့် ပမာဏကို ချိန်ဆပြီး ကျောက်တုံးကို ဖောက်ခွဲပစ်တာပါ။ ကျောက်တုံးဖောက်ခွဲမှု အောင်မြင်ပါတယ်။ လွင့်စင်ကျောက်တုံး မီတာ ၂ဝ အတွင်းမှာရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” လို့ မောက်ရှန်းစီရင်စု ရထားလမ်းပိုင်း တာဝန်ရှိသူ  ယန်ကျောင်းယူ က ပြောပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ကလည်း ရှီဟုန် စီရင်စုမှာ တံတားတစင်း ကျိုးကျခဲ့ပါတယ်။ ဒီအတွက် ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

“အစောပိုင်းက ကျနောတို့ ဒေသခံ ၄ဝဝ ကို အောင်အောင်မြင်မြင်နဲ့ ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ ရေဘေးမှာ သောင်တင်နေသူတွေ ၄၆ဝ လောက်ရှိပါတယ်။” လို့လည်း ကျင်းဟွာမြို့ အုပ်ချုပ်ရေး အကြီးအကဲ ဟယ်ကွေရှန်း-က ပြောခဲ့ပါတယ်။

ဇူလိုင် ၁၂ နေ့မှာ ရေစီးနှေးသွားခဲ့တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေဟာ ကယ်ဆယ်ရေးကို အမြန်ဆုံးပြန်လည်စတင်နေပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ရဟတ်ယာဉ်တွေနဲ့ လှေတွေ အသုံးပြုပြီး ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ပို့ဆောင်ပေးလျက်ရှိပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage239. ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုး ပြုစုရေးသားခဲ့တဲ့ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်အကြောင်း မြန်မာဘာသာပြန်စာအုပ်ကို ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ဝေလိုက်ပါတယ်။
စာအုပ်ကို မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်နဲ့ သွေး (စစ်ကိုင်း) က ဘာသာပြန်ဆိုပြီး ထုတ်ဝေဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
မူရင်းစာရေးဆရာ ဆိုဖီဟာ မြန်မာပြည်ကို တိတ်တခိုး ၀င်ရောက်ပြီး ဘဘဦးဝင်းတင်အပါအ၀င် အတိုက်အခံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီး အခုစာအုပ်ကို ပြုစုထုတ်ဝေခဲ့တာပါ။
အခုစာအုပ်ဟာ အမှတ်တရ များစွာနဲ့အတူ ပြင်သစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တအုပ်ဖြစ်ပြီး ဒီစာအုပ်ထုတ်ဝေခြင်းကြောင့် စာရေးဆရာဆိုဖီကို မြန်မာပြည် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ် မိတ်ဆက်ပွဲနဲ့ ဘဘဦးဝင်းတင် အမှတ်တရပွဲကို ရန်ကုန်ဘုတ်ပလညဇာမှာ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး ဦးဝင်းတင်နဲ့အတူ တိုက်ပွဲဝင်ဖြတ်သန်းခဲ့ကြသူတွေက အမှတ်တရ စကားတွေ ပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် ငါတို့စာပေကနေ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံစာအုပ်ကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းချပေးခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage238. ၇၁ နှစ်​​မြောက်​ အာဇာနည်​​နေ့အကြို ဂုဏ်​ပြု​သွေးလှူ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့ အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေကို ​သတိရ​အောင့်မေ့ပြီး ၇၁ နှစ်​​မြောက် ​အာဇာနည်​​နေ့အကြိုအ​နေနဲ့ စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​​ကျောင်းသား/သူ​တွေက ဂုဏ်​ပြုပြီး ​သွေးအိပ်​​ ၁၅၀ ​ကျော်​ကို ဒီနေ့ လှူဒါန်းခဲ့ကြပါတယ်​။

“ကျမငယ်​ငယ်​​လေးကတည်းက ဗိုလ်​ချုပ်​​အောင်​ဆန်းကို ​လေးစားမိတာပါ။ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ အမူ

အကျင့်အ​ပြောအဆို အ​နေအထိုင်​ကို ​လေးစားမိလို့ အခုလို​သွေးလှူဖြစ်​တာပါ။ ​နောင်​လာမယ့် မောင်​ငယ်​ညီမငယ်လေး​တွေလည်း ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့အာဇာနည်ခေါင်း​ဆောင်​ကြီး​တွေကို အမှတ်​ရပြီး ​လေးစားအတုယူ​စေချင်​တယ်။ အာဇာနည်​​နေ့ကိုလည်း ကမ္ဘာတည်​​နေသမျှမ​မေ့​စေချင်​ဘူး​လေ။ အဲဒါ​ကြောင့်လည်း ကျမတို့က​ သွေး​ဖောက်​လှူဖြစ်​ရတာ” လို့ စစ်​ကိုင်းပညာ​ရေးတက္က သိုလ်​​ BED စတုတ္ထနှစ်​​ကျောင်းသူ မငြိမ်းငြိမ်း​ဆွေက​ ပြောပါတယ်​။

“အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေအတွက် အမှတ်​တရာကြိုဆိုဂုဏ်​ပြုချင်​လို့ ကူညီ​ပေးပါဆိုလို့ ကျမတို့က ​သွေးလှူဘဏ်​ကို ချိတ်​ဆက်​​ပေးပြီး ​သွေးလှူကြမယ့် ကျောင်းသူ/​ကျောင်းသား​တွေကို ကျမတို့ကွန်​ရက်​အ​နေနဲ့ ထမင်း​ကျွေးဖြစ်​ခဲ့ပါတယ်​။ အာဇာနည်​​တွေဟာ ဂုဏ်​ပြုထိုက်​တဲ့ ပုဂ္ဂိုလ်​​တွေ​လေ။ ဒါမှလည်း​ နောက်​တက်လာမယ့် လူငယ်​​လေး​တွေအ​နေနဲ့​ အောက်​​မေ့သတိရပြီး ​နောင်​နှစ်​​တွေမှာလည်း အညဇာနည်နေ့ဆိုတာကို မ​မေ့သင့်တဲ့​နေ့ဆိုတာ သိ​စေချင်​လို့အခုလို ကူညီ​ပေးခဲ့တာ” လို့ မြင့်မြတ်​ဧရာဝတီလူငယ်​ လူမူကွန်​ရက်​တည်​​ထောင်​သူ ​ဒေါ်သင်းနွဲ့နွဲ့​ဖေက ​ပြောပါတယ်​။

အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့တကွ ကျဆုံးခဲ့သူ​တွေကိုရည်စူးပြီး ၇၁ နှစ်​​မြောက်​ အာဇာနည်​​နေ့အကြို​ ဂုဏ်​ပြု​သွေးလှူပွဲတဲ့​ ကျောင်းသား​ကျောင်းသူ​တွေနဲ့အတူ ပါ​မောက္ခဆရာမကြီး တက်​​ရောက်​ခဲ့ပါတယ်​။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage237. စပိန်နိုင်ငံက ရိုးရာနွားရိုင်းပွဲတော် လာရောက်ဆင်နွှဲသူများဖြင့် စည်ကား -DVB

#Lead Story (1d ago)

ဖွင့်ရန်။

စပိန်နိုင်ငံ ပမ်ပလိုနာမြို့မှာ နှစ်စဉ်ကျင်းပနေကျ ရိုးရာနွားရိုင်းပွဲတော် ကျင်းပနေပြီး ကမ္ဘာတဝှမ်းက လာရောက်ဆင်နွှဲသူတွေနဲ့ စည်ကားနေပါတယ်။

ဒီပွဲတော်ကို နှစ်စဉ် ဇူလိုင် ၆ ရက်ကနေ ၁၄ ရက်အထိ ၉ ရက်ကြာ ကျင်းပနေကျမို့ ဒီကနေ့ နောက်ဆုံးနေ့လည်းဖြစ်ပါတယ်။

၉ ရက်ကြာပွဲတော်အတွင်း လူတွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ မမြင်နိုင်တဲ့ကံကြမ္မာကို စမ်းသပ်ဖို့အတွက် အလုအယက် စာရင်းပေးသွင်းနေကြပါတယ်။

အဖြူရောင်တီရှပ်၊ အနီရောင်လည်စီးနဲ့ အနီရောင်ခါးပတ်တွေ ဝင်ဆင်ထားတဲ့ ပြိုင်ပွဲဝင်တွေဟာ ဒေသစံတော်ချိန် မနက် ၈ နာရီကစလို့ အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။

မကြာခင်မှာဘဲ ဒေါသထွက်နေတဲ့ နွားရိုင်း ၆ ကောင်နဲ့အတူ အပြေးပြိုင်ရင်း ပွဲတော်နောက်ဆုံးရက်ကို ရိုးရာမပျက် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage236. ဂီတပညာရှင် ဦးရဲလွင် (ပန်းရဲ့လမ်း) ၏ ဈာပနာ မြင်ကွင်း -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ကွယ်လွန်သူ  ဂီတပညာရှင် တေးရေး ဦးရဲလွင်ရဲ့ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ်က  ကျင်းပခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ပန်းရဲ့လမ်းအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့ လိုက်လံဖော်ျဖြေ ရန်ပုံငွေ ရှာဖွေခဲ့တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁ဝ ရက် ညနေပိုင်းက အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ်မှာ  “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage235. ရော်နယ်ဒို နာမည်ပါဂျူဗင်တပ်အသင်း ဝတ်စုံရောင်းရမှု စံချိန်တင်မြင့်တက် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ဂျူဗင်တပ်အသင်းကို    စီရော်နယ်ဒိုရောက်လာပြီး ၂၄ နာရီအတွင်း သူ့နာမည်ပါတဲ့ ဂျူဗင်တပ်အသင်းတီရှပ် ရောင်းရမှုဟာ အဆမတန်မြင့်တက်လာခဲ့တယ်လို့ Sport Bible သတင်းမှာဖော်ပြပါတယ်။

အီတလီထပ်သီးဂျူဗင်တပ်အသင်းဟာ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုကို ရီးရဲမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၉၉ ဒသမ ၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။

အသင်းဘက်က ရော်နယ်ဒိုကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းက စတင်ကြေညာတဲ့ ၂၄ နာရီကြာ ကာလအတွင်း ရော်နယ်ဒိုဝတ်ဆင်မယ့် ကျောနံပါတ် ၇ ပါရှပ်အင်္ကျီပေါင်း ၅၂၀,၀၀၀ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

အွန်လိုင်းကနေရော စတိုးဆိုင်တွေကပါ ရော်နယ်ဒိုရဲ့အင်္ကျီကို ပရိသတ်တွေက အလုအယက်ဝယ်ယူခဲ့ကြတာပါ။ ဒါဟာ Ballon d’Or ဆုကို ငါးကြိမ်တိုင်တိုင်ရရှိထားတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ရော်နယ်ဒိုကြောင့် ဂျူဗင်တပ်အသင်းရရှိတဲ့ အကျိုးအမြတ်တွေထဲက တခုလည်း ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ရော်နယ်ဒိုရဲ့ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်ကြောင့် ဂျူဗင်တပ်အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း အားပေးသူပရိသတ်အရေအတွက်ဟာ စံချိန်တင်မြင့်တက်လာနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကိုးရာသီကြာ ကစားပြီး အီတလီမြေကို ပြောင်းရွှေ့လာတဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ ယူရိုသန်း ၃၀ ရရှိမှာဖြစ်ပြီး သူ့ရဲ့တရားဝင် မိတ်ဆက်ပွဲအခမ်းအနားကို လာမယ့်သီတင်းပတ် အစောပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

စီရော်နယ်ဒိုရဲ့ နံပါတ်ပါတဲ့ ဂျူဗင်တပ်အင်္ကျီတထည်ကို ၁၀၅ ယူရိုနဲ့ ရောင်းချနေတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage234. လိင်ပိုင်းအနိုင်ကျင့်မှုကြောင့် ဖခင်ကိုသတ်ခဲ့ကြောင်း ၁၂ နှစ်ကျော်ကြာမှ သမီးဖြစ်သူ ဝန်ခံ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ကာလရှည်ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးတဦး ဟာ သူ့အဖေကို ဂေါ်ပြားနဲ့ရိုက်သတ်ပြီး ဒီလူသတ်မှုကို ဆယ်စုနှစ်တခုကျော်ကြာ ဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းမှာဖော်ပြပါတယ်။

ဒီအမှုဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ် ဇန်န ဝါရီလက ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ဘာဘရာကွန်းဘတ်စ်ဆိုတဲ့ အမျိုးသမီးဟာ ကလေးဘဝကတည်းက ဖခင်ဖြစ်သူ ဒုတိယကမ္ဘာစစ်ပြန်ကြီးရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

ဘာဘရာကို သူ့အဖေက အကြိမ်ပေါင်းများစွာ အဓမ္မမှုကျူးလွန်ခဲ့ရုံတင်မဟုတ်ဘဲ ကလေးငယ်တွေနဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကိုရှာဖွေတဲ့ ကလပ်တွေဆီကို ခေါ်ဆောင်သွားခဲ့ပြီး သူမကို ကိုယ်လုံးတီးအနေအထားနဲ့ဓာတ်ပုံ ရိုက်ခြင်းတွေကို ပါပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ဘာဘရာရဲ့ ငယ်ဘဝရဲ့အခြေအနေတွေပဲဖြစ်ပြီး အသက်ကြီးချိန်မှာတော့ သူမဟာ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်ခဲ့ပါတယ်။

သူမအိမ်ထောင်ရေးပြိုကွဲသွားချိန်မှာ သူမရဲ့မိခင်ဖြစ်သူလည်း သေဆုံးခဲ့တာကြောင့် ဘာဘရာနဲ့သူ့ရဲ့ ၁၈ နှစ်အရွယ်သမီးဖြစ်သူဟာ သူ့ဖခင်အိမ်ကိုပြန်ရောက်လာခဲ့ပါ တယ်။

အဲဒီအချိန်မှာလည်း သူ့ဖခင်က သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ထပ်လုပ်ခဲ့ပြန်ပါတယ်။

ဒီအချိန်မှာတော့ သည်းမခံနိုင်တော့တဲ့ ဘာဘရာဟာ သူ့အဖေကို ဂေါ်ပြားနဲ့ရိုက်ခဲ့ပြီး ဂေါ်ပြားရဲ့ ချွန်ထက်တဲ့အပိုင်းနဲ့ လည်ပင်းကိုပါလှီးဖြတ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဘာဘရာဟာ အလောင်းကို ကော်ဇောနဲ့ထုပ်ပြီး ခြံထဲမှာ တင် မြုပ်နှံခဲ့ကာ အဲဒီအပေါ်က မြေကြီးတွေဖုံးလွှမ်းပြီး အလောင်းကို ဖျောက်ခဲ့ပါတယ်။

ဘာဘရာဟာ သူ့ဆွေမျိုး တွေနဲ့မောင်ဖြစ်သူကို သူ့အဖေက နှလုံးရောဂါနဲ့ သေပြီးလို့သတင်းလွှင့်ခဲ့ပြီး အလောင်းမြုပ်နှံထားတဲ့အိမ်မှာပဲ နေထိုင်ကာ သူ့အဖေရဲ့ ပင်စင်နဲ့အခြားခံစားခွင့်တွေကို ထုတ်ယူသုံးစွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေအပြီး ၁၂ နှစ်ကျော်အကြာ ၂ဝ၁၈ ဇန်နဝါရီလမှာမှ ဘာဘရာက ဒီပြစ်မှုကို ဝန်ခံခဲ့တာပဲဖြစ်ပါတယ်။

ဘာဘရာရဲ့အမှုကို မန်ချက်စတာ တရားရုံးက စစ်ဆေးနေပြီး အခုချိန်မှာအသက် ၆၄ နှစ်ရှိပြီးဖြစ်တဲ့ ဘာဘရာဟာ ငယ်စဉ်အချိန်က ဖခင်ရဲ့ ပိတ်လှောင်ကာ လိင်ကျွန်ပြုမှုကို ခံခဲ့ရသူဖြစ်ပြီး မွေးမွေးချင်းသေဆုံး သွားတဲ့ သူမရဲ့ပထမဆုံး ကလေးဟာလည်း သူ့အဖေကြောင့် ရရှိခဲ့တာဖြစ်တယ်လို့ တရားရုံးက ဆိုပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage233. ရေးမြို့နယ်အတွင်း ရာဘာအစေးခြစ်လုပ်သား ၆ သောင်းခန့် အလုပ်လက်မဲ့ဖြစ်နေ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရော်ဘာအစေးခြစ် လုပ်ငန်းရပ်နားချိန်မှာ အစေးခြစ်လုပ်သားပေါင်း ၆ဝဝဝဝ နီးပါးလောက် အလုပ်လက်မဲ့ဖြစ်ပြီး အများဆုံးက ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လာရောက်လုပ်ကိုင်တဲ့သူတွေ ဖြစ်ပါတယ်။

မြို့နယ်ရာဘာလုပ်ငန်းရှင်မှ ဥက္ကဋ္ဌ ဦးမောင်ဟင်းက “ရာဘာအစေးခြစ် ပင် ၁ဝဝဝ ဆိုရင် အစေးခြစ်အလုပ်သမား ၂ ဦး လောက်အစေးခြစ်ရတယ်။ အစေးခြစ်တဲ့သူတွေ တနေ့ဝင်ငွေက ၉ဝဝဝ ကျပ် လောက်ရကြတယ်။ နေရပ်ကိုမပြန်ဘဲ ခြံရှင်မှာ မှီခိုပြီးနေတဲ့ လုပ်သားတွေကို ကြိုတင်ငွေထုတ်ထားပေးရသလို ရာဘာ ဈေးကလည်းမကောင်းတော့ တခြားအလုပ်တွေမှာ ပြောင်းပြီးလုပ်ကိုင်ရသလို တဖက်နိုင်ငံတွေမှာလည်း ထွက်ခွာတော့ လာမယ့်ရာဘာအစေးခြစ် ချိန်မှာ လုပ်သားရှားပါးမှာကို စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ရာဘာခြံအလုပ်သမ မလှလှရီက “ကျမတို့က ရန်ကုန်ကနေလာပြီးတော့ ဒီမှာလုပ်နေတာ။ ကြာတော့ကြာပြီ ၁ဝ နှစ်လောက်ရှိပြီ။ အရင်တုန်းက စလုပ်ခါစ လေးငါးနှစ်လောက်ကတော့ ရာဘာဈေးကကောင်း နေတယ်။ လင်မယားနှစ်ယောက် လုပ်တယ်ဆိုရင် တနေ့ကို တသောင်း တသောင်းကျော်ရ တယ်။ အဲလိုဆိုရင်တော့ အဆင်ပြေတယ်။ အခုဟာက လေးနှစ်လောက်ရှိပြီထင်တယ်။ ဈေးက ငါးရာ ခြောက်ရာကနေ ပိုတက်မလာတော့ဘူး။ အဲလိုဆိုတော့ အလွန်ဆုံးရမှ ငါးထောင် ခြောက်ထောင်ဆိုတော့ မိသားစုက အဆင်မပြေဘူးပေါ့။ မိုးတွင်းဘက်ဆိုတော့ ရာဘာကလည်း ပိတ်တော့။ နွေဘက်လည်း အဆင်မပြေဆို စီးပွားရေးက တော်တော် ကြပ်တည်းတယ်။ ကလေးတွေကလည်းရှိတယ်လေ။ အဲဒီတော့ တခြားအလုပ်တွေ လိုက်လုပ်နေရတာပဲ။ ဒီဈေး အတိုင်းဆိုရင်တော့ နောက်နှစ်လုပ်ဖို့ စိတ်ကူးမရှိတော့ဘူး။” လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ရာဘာဈေးကလည်း မကောင်းဘူး၊ ဒီလာမယ့်နှစ်ကလည်း ဈေးကမကောင်းခဲ့ရင် အစေးခြစ်လုပ်သား ရှားပါးတဲ့ပြဿနာတွေပါ ရှိလာနိုင်သလို ပြီးခဲ့နှစ်က ခြံရှင်နဲ့အစေး ခြစ်လုပ်သားတွေပါ ဝင်ငွေမကောင်းကြသလို အပေးအယူကမမျှတဘူး။ အခုလာမယ့်နှစ်လည်း အလုပ်သမားကိစ္စ ပြဿနာရှိလာနိုင်တယ်” လို့ ရာဘာခြံရှင် ဦးအောင်မြင့်က ပြောပါတယ်။

ရေးမြို့နယ်တွင် ပြီးခဲ့တဲ့နှစ်ရာဘာပေါက်ဈေးအဖွင့်မှာ ၁ ပေါင်လျှင် ကျပ် ၈ဝဝ က နေ အပိတ်ဈေး ၆ဝဝ ကျပ်သာ ဖြစ်ပြီး အခုနှစ်ရာဘာရာသီမှာ ရာဘာအဖွင့်ဈေး တွေကောင်းဖို့ မျှော်လင့်ထားကြသလို အစိုးရဲ့ ကူညီပံ့ပိုးမှုဖြင့် ဈေးကွက်ရယူဖို့ ဆန္ဒတွေရှိနေပြီး ရာဘာအစေးခြစ်စိုက်ဧက ပေါင်းမှာ ၁ သိန်းခွဲလောက်ရှိနေလို့ ဆိုပါတယ်။

နေမျိုးထွဋ် (ရေး)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage232. သဘာဝဘေးကြောင့် ပြည်နယ်နယ်နှင့်တိုင်းအချို့ ပျက်စီးဆုံးရှုံးမှုများ ရှိ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာနဲ့ မြစ်ရေတက်တာတွေကြောင့် ပြည်နယ်နဲ့ တိုင်းတချို့မှာ ပျက်စီး ဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ သစ်ပင်လဲကျပိမိလို့ ဓာတ်ကြိုးတွေ ပြုတ်ကျ ပျက်စီးပြီး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တာဝိုင်းရွာမှာတော့ ဧရာဝတီမြစ်ရေဝင်လို့ မူလတန်းကျောင်း တကျောင်းကို ခဏ ပိတ်ထားခဲ့ရသလို ကျွဲ နွား အကောင် ၁၀၀ လောက်ကိုလည်း မြင်းမူမြို့နယ်၊ ကံဖျားရွာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကျောက်ရပ်ရွာနဲ့ ရှမ္မတွင်းရွာကြား လမ်းမပေါ်က နေရာ ၃ ခုလောက်မှာ ရေ အမြင့် ၄ ပေလောက်အထိ ကျော်နေလို့ ကားတွေ သွားလို့မရဘဲ စာသင်ကျောင်း ၂ ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲတဲကုန်းရွာမှာတော့ သစ်ပင်လဲကျလို့ အိမ်တလုံး ပြိုကျပြီး အိမ်ရှင်ဖြစ်သူ ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ဆည်သည်(တောင်) ရွာမှာ လွန်ခဲ့တဲ့ ၃ နှစ်က ဆောက်ခဲ့တဲ့ အုတ်နံကပ် ကျေးလက်ကျန်းမာရေးဌာနခွဲဟာ ဧရာဝတီမြစ်ကမ်းပါးနဲ့ ၃ ပေလောက်ပဲ ကွာတော့တာကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကုလားမချောင်ရွာမှာလည်း မြစ်ကမ်းပါးပြိုတာကြောင့် ကမ်းနဲ့နီးတဲ့ အိမ် ၇ လုံးကို ဖျက်ပြီး ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါ့အပြင် မော်လမြို့ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းရွာမှာ လေပြင်းတိုက်လို့ အိမ်တလုံး ပျက်စီးခဲ့ပါသေးတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage231. ၂၁ ရာစုပင်လုံ ကျင်းပနေချိန် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပနေချိန်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကေအိုင်အေ တပ်မဟာ ၉ နယ်မြေဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်နေတဲ့ ကေအိုင်အေ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က အတည်ပြုပြောပါတယ်။

ဖားကန့်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှိလဆိုင်းက “ဖားကန့်နဲ့ ကာမိုင်းကြားလမ်းမကြီးရဲ့ဘေး အတွင်းဘက်ပေါ့။ ကေအိုင်အေ တပ်ရင်း ၆ ရဲ့ လက်အောက်ခံ ခွဲ ၄ ရှိတဲ့နေရာ။ အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ရောက်သွားတော့ တိုက်ပွဲတွေ ဖြစ်တယ်။ မနက် ၇ နာရီကျော်လောက်က ဖြစ်တယ်။ လောလောဆယ် အခြေအနေကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာပါ။

ညီလာခံကို ကေအန်ယူအပါဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အန်စီအေ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့  ဝ၊ ကိုးကန့်နဲ့ ကချင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့လည်း တက်ရောက်နေပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage230. မြေမြှုပ်မခံရခင် အချိန်အနည်းငယ်အလိုမှာ ပြန်လည်အသက်ရှင်ခဲ့သည့် အိန္ဒိယနိုင်ငံသား -DVB

#Lead Story (1d ago)

ဖွင့်ရန်။

သေပြီလို့ ယူဆကာ ဂူထဲမြှုပ်နှံကာနီးမှ ပြန်လည်အသက်ရှင်လာတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တခု အိန္ဒိယနိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့ Indian Times သတင်းမှာဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနာတာကာ ပြည်နယ်မှာဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
သေရွာပြန် အမျိုးသားနာမည်က အက်ရှ်ဝါပါဗက်ဖြစ်ပြီး သူဟာ အသက် ၃၄ နှစ်ရှိပါပြီ။ ပါဗက်ဟာ သူ့အလောင်းကို မြှုပ်နှံတော့မယ့်ဆဲဆဲမှာ အချိန်မီ အသက်ရှူခဲ့လို့ အရှင်လတ်လတ်မြေမြှုပ်ခံရမယ့်အရေးမှ ကင်းလွတ်ခဲ့တာပါ။

ပါဗက်ရဲ့အလောင်းကို သင်္ချိုင်းကုန်းမှာရှိတဲ့ တူးထားတဲ့ ကျင်းတခုဘေး ချထားချိန်မှာ ပါဗက် အသက်ရှူနဆဲဆိုတာကို သူ့ဆွေမျိုးတဦးက သတိပြုမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ ပါဗက်ဟာ မျက်လုံးပါဖွင့်လာခဲ့ပြီး သူ့ကို ဆေးရုံအမြန်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းသတင်းတွေအရ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပါဗက်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကနာတာကာကို ရွှေ့ပြောင်းလာခဲ့သူဖြစ်ပြီး မကြာသေးခင်က အဖျားရောဂါကို ခံစားခဲ့ရသူပဲဖြစ်ပါတယ်။ ဒီအဖျားရောဂါကြောင့် သူ့မိသားစုက ပါဗက်ကို နီးစပ်ရာ ပုဂ္ဂလိက ဆေးရုံတခုကိုတင်ပို့ခဲ့ပြီး ဆရာဝန်တွေက သေဆုံးသွားခဲ့ပြီလို့ သတ်မှတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ပါဗက်ရဲ့မိသားစုဝင်တွေက သေဆုံးခဲ့ပြီလို့ အတည်ပြုတဲ့ ဆရာဝန်နဲ့ဆေးရုံကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံမှာဒီလိုဖြစ်ရပ်မျိုး မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ကလေးတဦးဟာ သူ့အသုဘအခမ်းအနားမှာပဲ ပြန်လည်အသက်ရှင်လာတဲ့ ဖြစ်ရပ်တခု ဒေလီမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage229. ဝန်​ထမ်း​လေးဦးအား ပါးရိုက်​ခဲ့သည့် လုံခြုံ​ရေးအရာရှိကို အရေးယူပေးရန် တိုင်ကြား -DVB

#Lead Story (1d ago)

ဖွင့်ရန်။

မ​ကွေးတိုင်း​ဒေသကြီး မန်း​ရေနံ​မြေမှာ ဝန်​ထမ်း​ ၄ ဦးကို ပါးရိုက်​ခဲ့တဲ့ လုံခြုံ​ရေးအရာရှိကို အ​ရေးယူ​ပေးဖို့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံ၊ သမ္မကြီးနဲ့ တိုင်း​ဒေသကြီးအစိုးရ ဝန်​ကြီးဌာနနဲ့ ​ရေနံ​မြေတာဝန်​ရှိသူတွေထံ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က တိုင်​ကြားစာ ပေးပို့လိုက်​​ကြောင်း အဖွဲ့အစည်းတာန်​ရှိသူတဦးက ပြောပါတယ်။

ဒီနေ့ ရက်​စွဲနဲ့ တိုင်​ကြားစာ​ပေါင်း ၁၅ ​စောင် ပေးပို့လိုက်​​ကြောင်း ​ရွှေရည်​​မြေလတ်​ ​ရေနံ​မြေ အလုပ်​သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဦး​လေးနိုင်​က ပြောပါတယ်။

“အခုက တိုင်စာပို့ရတာ ဆိုဒ်​က နှစ်​ခုဗျ။ ​ရေနံနဲ့​ပတ်​သက်​တဲ့ ဌာန​တွေရယ်​၊ အစိုးရဌာန​တွေရယ်​ နှစ်​ခုသွား​နေရတယ်​။ ဖြစ်​စဉ်​သ​ဘောအရဆိုရင်​ ​ရေနံနဲ့သက်​ဆိုင်​တဲ့ ဝန်​ကြီးဌာနကပဲ တိုင်​ကြား​ဖြေရှင်း​ပေးသင့်​တာ၊ အခုလိုရိုက်​တဲ့ အရာရှိက စစ်​တပ်​က​နေ အရပ်​ဘက်​​ပြောင်းလာတဲ့ အရာတန်းဖြစ်​​နေတာရယ်​၊ ကျနော်တို့ ဝန်​ကြီးဌာန​တွေမှာ လက်​ရှိ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူးတို့ ညွှန်​ကြား​ရေးမှူးတို့ကလည်း အခုလိုပဲ စစ်​ဘက်​ဆိုင်​ရာက​နေပဲ ပြောင်းလာတဲ့ လူ​တွေဖြစ်​​နေတာဆို​တော့ ထိ​ရောက်​တဲ့ အ​ရေးယူမှု တကယ်​ရှိပါမလားဆိုတာရယ်​။ အခုကျူးလွန်​တဲ့ အရာတန်း ဦးဝင်းနိုင်​ချိုဟာလည်း ​ကျောက်​ခွက်​၊ လက်​ပံတို​ရေနံ​မြေမှာ တာဝန်​ကျစဉ်​က စာ​ရေး ဝန်​ထမ်းတယောက်​ကို တ​ကြိမ်​၊​ ထောက်​ရှာပင်​ ​ရေနံ​မြေမှာလည်း ​ရေနံထုတ်​လုပ်​​ရေး ဝန်​ထမ်းတဦးကို တ​ကြီမ်​ အခုလို ရိုက်​ခဲ့တာ​တွေ ရှိ​နေ​တော့၊ ကျနော့်အ​တွေးအရ သူဟာ အ​ရေးယူမခံခဲ့ရဘူးလား။ ဒီတ​ခါ​ကော အဲလိုထပ်​ဖြစ်​ဦးမှာလား၊ ထိ​ရောက်​တဲ့ အပြစ်​​ပေးခြင်းဖြစ်​မှာလား ဆိုတာ​တွေ​ကြောင့်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံနဲ့ သမ္မတ​တွေအထိပါ တိုင်​ကြားရတဲ့ အ​ခြေ​နေ​တွေ ဖြစ်​လာတာပါ” လို့ ပြောပါတယ်။

မန်း​ရေနံမှ နစ်​နာသူ ဝန်​ထမ်း​လေးဦး ရှိ​ပေမယ့် နှစ်​ဦးသာ တိုင်​ကြားအကူညီ ​တောင်းခံရတာဟာ ကျန်​နှစ်​ဦးက ယာယီ ​နေ့စားဝန်​ထမ်းတွေ ဖြစ်​​နေလို့ အ​ကြောက်​တရား စိုးရိမ်​စိတ်​​တွေ ရှိ​နေလို့ မတိုင်​ကြားတာလို့ ဆိုပါတယ်။

ဇွန်​လ ၃ဝ ရက်​ ည​က​ မန်း​ရေနံထုတ်​လုပ်​​ရေးဌာနမှ ဝန်​ထမ်း ၁ ဦးနဲ့ လုံခြုံ​ရေးဌာန ဝန်​ထမ်း ၃ ဦးတို့ကို မန်း​ရေနံ​မြေလုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်ခဲ့တဲ့အတွက် ဝန်​ထမ်းတွေရဲ့ လူ့ဂုဏ်​သိက္ခာကျဆင်း​စေပြီး စိတ်​ပိုင်းဆိုင်​ရာ ထိခိုက်ခဲ့တာကြောင့် မန်းရေနံမြေ ဇူလိုင်​က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်​အရ သမဂ္ဂအားလုံးက ကန့်​ကွက်​ရှုတ်ချ​ကြောင်း ထုတ်​ပြန်​ချက်​တွေကိုလည်း ဇူလိုင်​ ၉ ရက်​​နေ့က ​ရေနံ​မြေ သမဂ္ဂအဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုလင်း(​ချောက်​)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage228. ၂ဝ၁၈-၁၉ -DVB

#ပြည်တွင်း (1d ago)

ဖွင့်ရန်။...
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage227. တရုတ် ယန်ဇီမြစ်ဝှမ်းဒေသတွင် ဆိုးရွားသည့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွား -DVB

#Lead Story (1d ago)

ဖွင့်ရန်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယန်ဇီမြစ်ဝှမ်းဒေသတွေမှာ ဇူလိုင် ၁၂ နဲ့ ၁၃ ရက်နေ့တွေက ဆိုးရွားတဲ့ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီ့အတွက် အနီးဝန်းကျင် မြို့ရွာတွေက လမ်းတွေ ရေကြီးနစ်မြုပ်ခဲ့ပြီး လျပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် သောင်းချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ချုံကျင်း- စည်ပင်သာယာနယ်မြေက တုန်နန်-ခရိုင်ဟာ ဇူလိုင်လ ၁၂ ရက်နေ့က ဖူကျန်းမြစ်ရေ အကြီးအကျယ်လျှံတက်မှုကို ကြုံတွေ့ခဲ့ပါတယ်။

အဆိုပါ မြစ်ရေ မြင့်တက်မှုဟာ ၂၄၅ မီတာအထိ ရောက်ရှိခဲ့ပြီး သတိပေးချက်ထက် ၇ မီတာ ကျော် မြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင်  ဇူလိုင်လ ၁၃ ရက်နေ့အထိ ချုံကျင်း စည်ပင်သာယာဒေသမှာ ဒေသခံ ၈ သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ စီစီတီဗွီသတင်းအရ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage226. ရွေးကောက်ပွဲဝင်စွက်ဖက်မှုဖြင့် ရုရှားစပိုင် ၁၂ ဦးကို စွဲချက်တင်မည်ဟု အမေရိကန်ပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

အမေရိကန်တရားရေးဌာနက ရုရှားနိုင်ငံသား ၁၂ ယောက်ကို “၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှု” နဲ့  စွဲချက်တင်မယ်လို့ ဇူလိုင် ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒါဟာ ရောဘတ်မူလာရဲ့ အထူးစုံစမ်းရေးကောင်စီ စစ်ဆေးချက်အရ ထွက်ပေါ်လာတဲ့ ရလဒ်လည်းဖြစ်ပါတယ်။ သူတို့ ၁၂ ယောက်စလုံးဟာ ရုရှထောက်လှန်းရေးအေဂျင်စီ-GRU အဖွဲ့ဝင်တွေဖြစ်ပြီး ဒီမိုကရက်တွေရဲ့ အီးမေးလ်အကောင့်တွေနဲ့ ကွန်ပျူတာကွန်ရက်ကို ဟက်လုပ်ဖို့ အဆက်မပြတ် ကြိုးစားခဲ့တယ်လို့လည်း အမေရိကန်တရားရေးဌာနက ပြောပါတယ်။

ရုရှားစပိုင်တွေဟာ ရုရှားစပိုင်တွေဟာ ၂ဝ၁၆ ရွေးကောက်ပွဲ မဲဆွယ်ကာလက  သမ္မတလောင်း ကလင်တန်၊ ဒီမိုကရက်အမျိုးသားကော်မတီနဲ့ ဒီမိုကရက် လွှတ်တော်ကမ်ပိန်းကော်မတီတို့ရဲ့ အီးမေးလ်တွေကို အဓိကထား ဖောက်ထွင်းခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မှုနဲ့ ရုရှားစပိုင်တွေကို စွဲချက်တင်ဖို့ ကြေညာလိုက်ပေမယ့် မကြာခင်ပြုလုပ်မယ့် သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ရဲ့ တွေ့ဆုံပွဲကိုတော့ ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ဇူလိုင် ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်လ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ဟာ လာမယ့် တနင်္လာနေ့ ဖင်လန်နိုင်ငံမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီမိုကရက်တွေကတော့ အခုလိုအချိန်မျိုးမှာ ပူတင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ သမ္မတထရမ့်ကို ဖိအားပေးတောင်းဆိုနေကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage225. ပါကစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် နိုင်ငံရေးသမား ၂ ဦးအပါအဝင် ၁၂၈ ဦး သေဆုံး -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ပါကစ္စတန်နိုင်ငံမှာ ဒီသီတင်းပတ်အတွင်း  အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ထင်ရှားတဲ့ နိုင်ငံရေးသမား ၂ ဦးအပါအဝင် အနည်းဆုံးလူ ၁၂၈ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ နိုင်ငံရေးသမား ၂ ဦးဟာ ခိုင်ဘာ ပတ်တန်ဂွါနဲ့ ဘာလိုချီစတန် ပြည်နယ်တွေက ဖြစ်ပြီး သူတို့ မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်လူထုစည်းဝေးပွဲ တက်ရောက်စဉ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တဦးကတော့ ဘာလိုချီစတန်အဝါမီ ပါတီက ဆာရက်ရိုင်ဆန်နီ ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့က အသေခံတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာပါ။

ဇူလိုင် ၁ဝ ရက်နေ့ကလည်း အဝါမီ အမျိုးသားပါတီက ဟာရွန်းဘီလာဆိုသူ ထင်ရှားတဲ့ နိုင်ငံရေးသမား တဦးဟာ ပက်ရှ်ဝါပြည်နယ်မှာ မဲဆွယ်နေစဉ် အသေခံဗုံးခွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။

အဲဒီအသေခံတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၁၂ ရက်အလိုမှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပါ။

ဒီအတွက် အစိုးရရဲ့ လုံခြုံရေး အစီအမံတွေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် လုံခြုံရေးအာမခံနိုင်စွမ်းကို ကိုယ်စားလှယ်လောင်း တချို့က မေးခွန်းထုတ်နေကြတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage224. ရွှေတူးဖော်ရေး ရပ်ဆိုင်းထားသဖြင့် ရွှေလုပ်သားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

စဥ့်ကူမြို့နယ်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေး ကုမ္ပဏီတွေကို သတ္ထုတွင်း နည်းဥပဒေအသစ် အတည်ပြု မထုတ်ပြန်ချိန်အတွင်း ရွှေတူးဖော်ခွင့်ပိတ်ထားလို့ စဥ့်ကူးမြို့နယ် အတွင်းရှိ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ကံတောင်၊ ဒိုးနွယ်၊ ငါးပြားပေး ကျေးရွာတွေက ရွှေလုပ်သားတွေ အလုပ်လုပ်ကိုင်စရာ မရှိဘဲ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ရွှေတူးဖော်ခွင့် ပိတ်သိမ်းထားတာကြောင့် နားရပေမယ့် မထိခိုက်ပေမယ့် ရွှေတွင်းလုပ် သားတွေအဖို့မှာ တနေ့လုပ်တနေ့စားတွေ ဖြစ်လို့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိတယ်လို့ ရွှေလုပ်သားတဦးက  ပြောပါတယ်။

သတ္ထုတွင်းဝန်ကြီးဌာနအနေနဲ့ ရွှေတူးဖော်ခွင့် လိုင်စင်ချထားပေးမည်ဆိုပါက ဒေသခံ တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီတွေကို တရားဝင်ခွင့်ပြုချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားကြပြီးဖြစ်ရာ လိုင်စင်ချပေးမယ်ဆိုရင် အများပိုင်ကုမ္ပဏီတွေကိုသာ ဦးစားပေးပြီး ချထားပေးစေလိုတယ်လို့ ဆိုပါတယ်။

သပိတ်ကျင်း စဥ့်ကူးနယ်မှာ နှစ်နယ်အရပ်ရပ်မှ လာရောက်မှီခို လုပ်ကိုင်နေကြသူဖြစ်ပြီး တချိန်က ရွှေလုပ်သားတွေက ရွှေရှိမယ့်နေရာကို လက်မျောလေးတွေနဲ့ တနိုင်တပိုင် ရှာဖွေနေကြပေမယ့် ချမ်းသာတဲ့ ငွေရှင်ကြေးရှင် ကုမ္ပဏီတွေက သတ္ထုတွင်းဝန်ကြီးဌာနကို တရားဝင်တူးဖော်ခွင့်တင်ကာ လိုင်စင်ရပြီး ရွှေလုပ်ကွက်တွေ လုပ်ကိုင်ကြလို့ မူလရှာဖွေတွေ့ရှိသူ ရွှေလုပ်သားတွေမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်လို့ ရွှေလုပ်သားတဦးက ပြောပါတယ်။

ရွှေလုပ်သားတွေ တခြားနေရာ ပြောင်းလဲလုပ်ကြလို့ ရွှေကြောတွေ့ရှိပါကလည်း ထုံးစံအတိုင်း ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ် လုယူခဲ့တာကြောင့် ရွာနားမြက် ရွာနွားမစားရ အဖြစ်မျိုး ရောက်ရှိနေကြရသလို ကုမ္ပဏီတွေလည်း ဒေသခံရွှေလုပ်သားတွေကို ဦးစားပေး အလုပ်ခန့်တာ မရှိဘူးလို့ ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ သဘာဝသယံဇာတကို ခွဲဝေသုံးစွဲရာ ဒေသခံလုပ်သားတွေကိုလည်း အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးစေလိုနေကြပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က အများပိုင်ကုမ္ပဏီတွေ အလုပ်အကိုင်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ ရွှေလုပ်သားတထောင်ကျော်လောက် ကုမ္ပဏီတွေ ပိတ်သိမ်းထားလို့ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲလျက်ရှိနေကြပါတယ်။

မင်းခန့်ကျော်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage223. သဘာဝဘေးဒဏ်ခံ ဂျပန်နိုင်ငံကို သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဂျပန်နိုင်ငံမှာ သဘာဝဘေး ကျရောက်မှုအတွက် ဝမ်းနည်းစာနာထောက်ထားကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်စဉ်တွေ ဖြစ်ပွားပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးထိခိုက်မှုတွေနဲ့ အိုးအိမ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် သမ္မတ ဦးဝင်းမြင့်က ဂျပန်ဧကရာဇ် အာခီဟီတိုနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့ထံ ဝမ်းနည်းစာနာထောက်ထားကြောင်း သဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂ဝဝ ကျော်သွားပြီလို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။ ရေလွှမ်းမိုးရာ ဒေသတွေမှာ လူ ၆ဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဝန်ထမ်းပေါင်း ၇ဝ,ဝဝဝ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage222. ဘောလုံးပွဲများကို 3D ပုံရိပ်ဖြင့်ကြည့်ရှုနိုင်ရေး ပညာရှင်များ ကြိုးပမ်း -DVB

#Lead Story (1d ago)

ဖွင့်ရန်။

အနာဂတ်မှာ ဘောလုံးပွဲတွေကို 3D ပုံရိပ် နဲ့ ရှုစားနိုင်မယ့် လေ့လာမှုတရပ်ကို ပညာရှင်တွေ ပြုလုပ်နေကြပါတယ်။

ဒီပုံရိပ်ယောင်မျက်မှန်ဟာ ကြည့်ရှုသူ ပရိသတ်တွေကို တကယ့်ဘောလုံးပွဲမှာ သွားကြည့်ရသလို ထူးခြားတဲ့ အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ဘောလုံးပွဲတွေကို 3D ပုံရိပ် နဲ့ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ဖီဖာဗွီဒီယိုဂိမ်းတွေကိုလေ့လာပြီး ဘောလုံးပွဲတွေကို ရှုထောင့်ပေါင်းစုံကနေ မြင်တွေ့အားပေးနိုင်အောင် ဖန်တီးနေကြတာပါ။

“အရင်ဆုံး ကျနော်တို့ဟာ ဘောလုံးသမားတဦးစီနဲ့ ကိုယ်နေဟန်ထားနဲ့ ကစားပုံကို လေ့လာပြီး ပုံရိပ်ယောင်အဖြစ် ဖန်တီးတာပါ။” လို့ 3D ပုံရိပ်ဖော် ပညာရှင်တဦးက ဆိုပါတယ်။

ဒါပေမယ့် ကောင်းမွန်တဲ့ ကစားကွက်တင်ဆက်မှု ရရှိဖို့ကတော့ ကျော်လွှားရမယ့် အခက်အခဲတွေ ရှိနေဆဲပါပဲ။ ဒါ့အပြင် ပုံရိပ်တခုနဲ့တခု ထိတွေ့ရာမှာ ပျောက်သွားမယ့် အလားအလာကလည်း ရှိနေပါတယ်။

“ပိုပြီး ရှည်ကြာတဲ့ ကစားပွဲတွေ အတွက် ဘယ်လို ဖန်တီးမလဲပေါ့လေ။ ဥပမာ ၂ နာရီလောက်ကြာတဲ့ ကစားပွဲမျိုးပေါ့။ နောက်ပြီးဘောလုံးပွဲ မဟုတ်တဲ့ တင်းနစ်တို့ ဘတ်စကတ်ဘောတို့ ဆိုရင်ကော ဘယ်လို ဖန်တီးမလဲပေါ့လေ။” လို့  3D ပုံရိပ်ဖော် ပညာရှင် နောက်တဦးက ဆိုပါတယ်။

ပုံရိပ်ယောင် အားကစား ဖန်တီးမှုဟာ အစပထမဖြစ်ပြီး နောင်မဝေးလှတဲ့ အနာဂတ်မှာတော့ သူတို့ဟာ ဂီတနဲ့ ဖျော်ဖြေရေးလိုကဏ္ဍတွေမှာပါ 3D ပုံရိပ်ဖော် နည်းပညာနဲ့ ချဲ့ထွင်ဖန်တီးမယ်လို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage221. ယူဂန္ဓာတွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ယူဂန္ဓာနိုင်ငံမှာ အင်တာနက်လူမှုကွန်ရက်နဲ့ မိုဘိုင်းဖုန်းကနေတဆင့် ငွေကြေးလွှဲပြောင်းသုံးစွဲမှုတွေအပေါ် အခွန်ကောက်မယ့် အစိုးရအစီအစဉ်ကို နိုင်ငံသားတွေက မြို့တော် ခမ်ပါလာမှာ ဇူလိုင် ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ အင်တာနက်လူမှုကွန်ရက်အများဆုံး သုံးစွဲတဲ့ ယူဂန္ဓာ လူငယ်တွေ အများဆုံး ပါဝင်ပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့လို့ တွန်းထိုးမှုတွေရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ အင်တာနက်လူမှုကွန်ရက် သုံးစွဲခွန်ကောက်ခံတာဟာ ကုမ္ပဏီတွေနဲ့ နိုင်ငံရေးသမားတွေ အိတ်ထဲ ငွေရောက်စေတဲ့ လုပ်ရပ်ဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အစိုးရဘက်က ကန့်သတ်နေတာလို့ ပြောကြပါတယ်။

အင်တာနက်လူမှု ကွန်ရက်နဲ့ မိုဘိုင်းဖုန်းကနေတဆင့် ငွေကြေးလွှဲပြောင်းတဲ့ ၀န်ဆောင်ဆောင်မှုတွေအတွက် လျှီလင် ၂၀၀ အထိ ကောက်ခံသွားမယ့်ဥပဒေကို ယူဂန္ဓာ လွှတ်တော်က မေလမှာ အတည်ပြုခဲ့တာပါ။

ဒါပေမယ့် ဆန္ဒပြမှုတွေဖြစ်ပွားနေတာကြောင့် ဒီဥပဒေကို ပြန်လည်သုံးသပ်သွားမယ်လို့ ယူဂန္ဓာဝန်ကြီးချုပ်က လွှတ်တော်မှာ ပြောကြားထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage220. ကာချုပ်နှင့် တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး -DVB

#Lead Story (1d ago)

ဖွင့်ရန်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်တို့ မနေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေး ကျင်းပနေတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်  အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့  မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်တေံကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးနဲ့ စစ်သံမှူးတို့လည်း တက်ရောက်ကြတယ်လို့ ဆိုပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage219. တရုတ်သမ္မတ ယူအေအီးနှင့်အာဖရိကနိုင်ငံများကို သွားရောက်မည် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ အာဖရိကနိုင်ငံတွေကို ဇူလိုင်လလည်မှာ သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ကောင်ချွင့်ယုံက ဇူလိုင်လ ၁၃ ရက်နေ့မှာပြောကြားပါတယ်။

သမ္မတရှီဟာ ယူအေအီး၊ ဆီနီဂေါ၊ ရ၀မ်ဒါ၊ တောင်အာဖရိကနိုင်ငံတို့ကို ဇူလိုင် ၁၉ ကနေ ၂၄ ရက်နေ့အတွင်း နိုင်ငံတော်အဆင့် ခရီးစဉ်သွားရောက်မှာဖြစ်ပြီး ချစ်ကြည်ရေးမြှင့်တင်ဖို့ မရေးရှပ်စ်ကျွန်းနိုင်ငံကိုပါ ဇူလိုင် ၂၇-၂၈ ရက်မှာ သွားရောက်မယ်လို့ ကောင်ချွင့်ယုံက ပြောပါတယ်။

ဒီခရီးစဉ်ဟာ မတ်လမှာ တရုတ်သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့ သမ္မတ ရှီကျင့်ပင်ရဲ့ပထမဆုံးနိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်တယ်လို့ သူကပြောပါတယ်။

အခုခရီးစဉ်ဟာ တရုတ်နဲ့ အဲဒီနိုင်ငံတွေကြား ဆက်ဆံရေး တိုးတက်လာဖို့နဲ့ ဘေကျင်းမြို့မှာ စက်တင်ဘာလအတွင်း ကျင်းပဖို့ရှိတဲ့ အာရှ-အာဖရိက ထိပ်သီးဆွေးနွေးပွဲမှာ ဘုံသဘောတူညီချက်တွေ ပိုတည်ဆောက်နိုင်လိမ့်မယ်လို့ ကောင်ချွင့်ယုံက ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage218. အင်းတော်တွင် ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါန အခမဲ့ သင်တန်းဖွင့် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါန အခမဲ့သင်တန်းကို မြို့မဈေး အနောက်ဘက်တိုက်တန်းမှာ ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ် ၁ ရက်နေ့အထိ စတင်ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ရွှေချည်ထိုး ပညာဒါန အခမဲ့သင်တန်း ဖြစ်မြောက်ရေး ကူညီပေးသူ ကိုကျော်ကိုစံက “ကျနော်က နှစ်တိုင်းလည်း ဒါမျိုး ပရဟိတလုပ်ငန်းပေါ့နော်။ မိတ်ကပ် ပညာဒါနအခမဲ့သင်တန်း၊ ပန်းအလှပြင် အခမဲ့သင်တန်း နှစ်တိုင်း ဖွင့်ဖြစ်ပါတယ်။ ဒီက ညီမငယ်တွေက ကျနော် ရွှေချည်ထိုးလုပ်ငန်း လုပ်တယ်ဆိုတော့ သူတို့က စိတ်ဝင်စားတယ် သင်ပေးပါဆိုလို့ ကျနော်က ဒီသင်တန်းကို စပြီး ဖွင့်ဖြစ်တာပါ။ မနှစ်က တခါ ဖွင့်တယ်။ ဒီနှစ်က ဒုတိယအကြိမ်ပါ။ ပညာဒါန အခမဲ့သင်တန်းပါ။ ဒီသင်တန်းမှာ သူတို့ လိုအပ်တဲ့ ပစ္စည်းအားလုံးကို ကျနော်ကပဲ တာဝန်ယူပြီး ကူညီပေးပါတယ်။ အမျိုးသမီးရေးရာအဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်တာပါ။ ဒီသင်တန်းပြီးရင် ပညာဒါန မိတ်ကပ်အခမဲ့သင်တန်း၊ ပန်းအလှပြင်သင်တန်း ကျနော်တို့ ဖွင့်သွားဦးမှာပါ”လို့ ပြောပါတယ်။

မန္တလေးက လာရောက်ပြီး ရွှေချည်ထိုးပညာ လာရောက် သင်ပေးနေသူ မဖြိုးအိခိုင်က “အခုက သင်တန်းသူ အားလုံးပေါင်း ၂၈ ယောက် ရှိပါတယ်။ ဒါကတော့ ပထမ အသုတ်မှာပါ။ မနှစ်ကလည်း သင်ဖြစ်တယ်။ ဒီလောက် မသိဘူး။ မနှစ်က လူနည်းတယ်။ ဒီနှစ်တော့ အားလုံး ပေါင်းရင် အယောက် ၅၀ ကျော်လောက် ဖြစ်နေပါတယ်။ ၁၅ ရက် တဆိုင်းခွဲပြီးတော့ နှစ်သုတ် သင်ပေးပါတယ်။ ဒီသင်တန်းကနေ ပန်းချီဆွဲတာက အစ ဒီဝတ်စုံမှာ စပြီးထိုးတာ အသေးစိတ်က အစ သင်ပေးပါတယ်။ ဖိနပ်ထိုးတာတို့၊ ပိုက်ဆံအိတ်မှာ ထိုးတာတို့အစ အကုန်သင်ပေးပါတယ်။ သင်တန်းသူလေးတွေ ကိုယ့်အင်္ကျီမှာ ကိုယ်ထိုးတတ်အောင် အသေးစိတ် သင်ပေးထားပါတယ်”လို့ ပြောပါတယ်။

ရွှေချည်ထိုးပညာ လာရောက်သင်ကြားနေသူ အောင်မင်္ဂလာရပ်ကွက်မှ မမီမီခိုင်က “ဒီသင်တန်းဖွင့်တာ အရမ်းကောင်းပါတယ်။ ဖွင့်ပေးတဲ့ ဆရာကျော်ကိုစံ၊ ဆရာဒေါ်ဖြိုးအိခိုင် တို့ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ညီမလေးတွေ အားလုံးလည်း စိတ်မလေတော့ဘူးပေါ့နော်။ ကိုယ်ကိုယ်တိုင်ထိုးတဲ့ ဝတ်စုံလေးနဲ့ ကိုယ် ကိုယ်တိုင် အလှူလှည့်လိုက်မယ်ဆိုရင် အရမ်းကို ဂုဏ်ယူမိမှာပဲပေါ့နော်။ ဒီမှာက ပေါ်ထွက်လာတော့မှာပေါ့နော်။ ဒီဇိုင်းဆန်းလေးတွေနဲ့ သူထိုးတာ တမျိုး၊ ကိုယ်ထိုးတာ တမျိုး လှလှပပလေးတွေနဲ့ပေါ့။ အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

အင်းတော်မြို့ မြို့မဈေး အနောက်ဘက်တိုက်တန်းတွင် ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါနအခမဲ့ သင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့အထိ ၁ လကြာ အခမဲ့ ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းချိန်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ် ဖွင့်လှစ်သင်ကြားပေးနေတာပါ။ စိတ်ပါဝင်စားသူ အမျိုးသမီး သင်တန်းသား ၅၀ လောက် တက်ရောက်သင်ကြားနေပါတယ်။

ကိုကိုလင်း(အင်းတော်)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage217. တိုင်းရင်းသားလက်နက်ကိုင်များ စိုက်ပျိုးမွေးမြူရေးအတွက် ငွေကြေး အခက်ကြုံ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ငြိမ်းချမ်းရေးရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ရေရှည်လုပ်ကိုင်နိုင်ဖို့ နည်းပညာနဲ့ အကူအညီတွေရရှိပေမယ့် ငွေကြေးပံ့ပိုးမှု မရရှိတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဇူလိုင် ၁၃ ရက် မနက် ၁၀ နာရီက ဒီဗွီဘီကို ပြောပါတယ်။

ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ​ငွေချေးရာမှာ မြေပိုင်ဆိုင်မှု လန ၃၀ ဂရမ်မရှိတဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ ဒီကေဘီအေ၊ အမှတ် ၉၀၃ တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအေ၀မ်းက ပြောပါတယ်။

“ကျနော်က ထပ်စိုက်ဖို့ဆိုတာ ငွေအင်အားလည်း လိုတယ်လေ။ လုပ်ထားတဲ့ဟာ တချို့အပိုင်းလေးတွေမှာ အသီးအနှံ မထွက်သေးတဲ့အတွက်ကြောင့် အခက်အခဲတွေရှိတယ်။ ရင်းရတဲ့ငွေ တနေ့တနေ့ မနည်းဘူးလေ။ ဟိုတလောက ငွေသွားချေးတယ်။ ငွေက ကျနော်တို့လိုချင်တဲ့ အတိုင်းအတာလေးကို အစိုးရသတ်မှတ်တဲ့နှုန်း ပြန်ပေးမယ်။ ထောင်ဂဏန်းနဲ့ အခါကျတော့ ကျနော်တို့က ရိုးရိုးဂရမ်နဲ့ မရတော့ဘူး။ သူတို့က လန ၃၀ ဂရမ် တောင်းတယ်။ ကျနော်တို့က လန ၃၀ ဂရမ်က မရှိဘူး။ အဲဒီအခက်အခဲလေးတွေ ရှိတယ်” လို့ ပြောပါတယ်။

ငွေရေးကြေးရေးက စိုက်ပျိုးရေးမှာ အရေးကြီးဆုံးဖြစ်သလို လက်နက်ကိုင် အဖွဲ့အစည်းတွေက ဖြစ်ဖြစ်မြောက်မြောက်လုပ်ပြရင် ကူညီလာနိုင်တယ်လို့ ကရင်ပြည်နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန နယ်စပ်တာဝန်ခံ၊ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်တော့ ငွေရေးကြေးရေးက လိုမှာပဲ။ ရင်းနှီးမြှုပ်နှံမှုအရ စိုက်ပျိုးရေးမှာ အရေးကြီးဆုံးပဲ။ အဲအတွက်ကတော့ အစိုးရကလည်း အများကြီး ထောက်ပံ့ပေးထားတာ မရှိဘူး။ ကရင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်ဖြစ်မြောက်မြောက်လုပ်နေပြီးဆိုရင် ဘာပဲပြောပြော ကူညီချင်တဲ့ စိတ်ပေါ်လာမှာပဲ။ လုပ်မပြဘဲနဲ့ ဒီအတိုင်းကြီး တောင်းမယ့်အစား ကိုယ်တိုင်လည်း လုပ်ပြရမယ်။ တတ်နိုင်သလောက်ပေါ့။ တဖြည်းဖြည်းတိုးတက်သွားမယ်ဆိုရင် တိုးတက်မှုက အရင်းခံစားရမှာ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ ABSDF တပ်ဖွဲ့တို့ NCA လက်မှတ်ရေးထိုးထားတာဖြစ်ပြီး KNU၊ KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်တွေက မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိက လုပ်ကိုင်နေကြတာပါ။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စိုက်ပျိုးရေးလုပ်ကိုင်နိုင်ဖို့ ပြည်နယ်အစိုးရက မြေလွတ်မြေရိုင်းတွေမှာ လုပ်ကိုင်ခွင့် နှစ်ကာလသတ်မှတ်စာချုပ်နဲ့ လုပ်ကိုင်ခွင့်ပြုထားတာရှိသလို့ ဒေသခံတွေဆီကနေတဆင့် မြေ၀ယ်ယူလုပ်ကိုင်တာတွေလည်း ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေမြင့်က ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးဒေသတွေမှာ ဖွံ့ဖြိုးစေလိုပြီး၊ ထိုင်း-မြန်မာနယ်စပ်မှာ စိုက်ပျိုးနေတဲ့ အစေ့ထုတ်ပြောင်း ဈေးကွက်ခိုင်မာအောင်နဲ့ တိရစ္ဆာန်အစာစက်ရုံ ရင်းနှီမြှုပ်နှံဖို့၊ ဒေသ နွားမွေးမြူရေးကို ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E Mr.Chugg Daniel Patrick Brindon နဲ့ ဇွန် ၂၈ ရက် မနက် ၁၁ နာရီက ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာမှာ တွေ့ဆုံစဉ်က အကူအညီတောင်းခံခဲ့ပါတယ်။

ရဲမင်းခေါင်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage216. ပြင်သစ်အသင်း အနိုင်ရဗိုလ်စွဲမည်ဟု ကြက်တူရွေး နယူတန် ခန့်မှန်း (ရုပ်သံ) -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်အသင်း အနိုင်ရလိမ့်မယ်လို့ ကြက်တူရွေး နယူတန်က ခန့်မှန်းလိုက်ပါတယ်။

မနက်ဖြန် ပြင်သစ်နဲ့ ခရိုအေးရှားတို့ ကစားမယ့် ဗိုလ်လုပွဲအပေါ် ပြင်သစ်နိုင်ငံ ပဲရစ်ရှိ ဥယျာဉ်ထဲက ကြက်တူရွေးကို ခန့်မှန်းမှုတွေ ပြုလုပ်ခိုင်းခဲ့တာပါ။

ဘောလုံးကွင်း အသေးစား ပုံစံလုပ်ထားတဲ့အထဲကို ဘောလုံးထည့်ပြီး ကြက်တူရွေးနဲ့ ခန်းမှန်းတာ ဖြစ်ပါတယ်။

ကြက်တူရွေး နယူတန်က ပြင်သစ်အလံ အမှတ်တံဆိပ်ရှိတဲ့ ဂိုးပေါက်ထဲ ဘောလုံးကို ထည့်လိုက်တဲ့အတွက် ပြင်သစ်နိုင်မယ်လို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

နယူတန် ကြက်တူရွေးဟာ ခန့်မှန်းရာမှာ မှန်တာ ရှိသလို လွဲခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage215. ၀င်ဆာရဲတိုက်ကို သမ္မတထရမ့်နှင့်ဇနီးဖြစ်သူတို့ သွားရောက်လေ့လာ -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ဗြိတိန်နိုင်ငံကို အလည်အပတ် ခရီးရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ထရမ့်နဲ့ ဇနီးတို့ဟာ ဇူလိုင် ၁၃ ရက်နေ့က လန်ဒန်မြို့ရှိ  ၀င်ဆာရဲတိုက်ကို သွားရောက်လေ့လာခဲ့ပြီးနောက် ဆင်းဟတ်စစ်တက္ကသိုလ်နဲ့ လက်ရှိ ၀န်ကြီးချုပ်ရဲ့ ၁၆ ရာစု လက်ရာ ချက်ကာ အိမ်တော်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။

အဲဒီလို သွားရောက်လည်ပတ်ရာမှာ သမ္မတ ထရမ့်အနေနဲ့ ခရီးစဉ် ထိရောက်မှု ရှိစေဖို့ လည်ပတ်ရာနေရာတိုင်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့တယ်လို့ အမေရိကန်သံအမတ်ကြိး ၀ူဒီ ဂျွန်ဆင်က ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ ပထမဆုံး ဗြိတိန်ခရီးစဉ်မှာ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြ အဖွဲ့တဖွဲ့ဟာ “ဒိုင်ယာပါ ၀တ်ထားတဲ့ ထရမ့်ပုံတူ” လေသင်္ဘောငယ်ကို ပါလီမန် ရင်ပြင်ထက် လွှတ်တင်ခွင့် ရရှိခဲ့ပါတယ်။

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ဆန္ဒပြပွဲတွေဟာ အမေရိကန်ဆန့်ကျင်ရေး မဟုတ်ဘဲ “အကြောက်တရားနိုင်ငံရေး” ကို ဆန့်ကျင်တဲ့ ထင်ဟပ်မှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ ၁၆ ရာစုလက်ရာ ချက်ကာအိမ်တော်မှာ သမ္မတ ထရမ့်နဲ့ ၀န်ကြီးချုပ် ထရီဆာမေတို့ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage214. နေမာကို ကမ်းလှမ်းမည်မဟုတ်ဟု ရီးရဲလ်ပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ဘရာဇီး တိုက်စစ်မှူး နေမာကို ကမ်းလှမ်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းက ပြောပါတယ်။

တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရီးရဲလ်က ထပ်မံ ငြင်းဆိုလိုက်တာပါ။

ရီးရဲလ်အသင်း တာဝန်ရှိသူကတော့ အသင်းအနေနဲ့ ဘယ်ကစားသမားကိုမှ ကမ်းလှမ်းဖို့ ရွယ်ရည်ချက် မရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေခြင်တယ်လို့ ဆိုထားပါတယ်။

တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာတာပါ။

စပိန်ကလာတဲ့ သတင်းတွေမှာတော့ ရီးရဲလ်က နေမာကို ပြောင်းရွှေ့ကြေး စံချိန်တင် ပေါ့င် ၂၇၅ သန်းပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ခန့်မှန်းထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage213. တရုတ် အဝေးပြေးလမ်းမကြီးတခုတွင် တောင်ပေါ်မှ ကျောက်တုံးများပြိုကျပြီး လမ်းပိတ် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီး တနေရာမှာ ဇူလိုင် ၁၃ ရက်နေ့က တောင်ပေါ်ကနေ ကျောက်တုံးတွေ ပြိုကျခဲ့တာကြောင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ကျောက်တုံးတွေ ပြိုကျခဲ့တာ ဖြစ်နိုင်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြခဲ့ပြီး ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒေသန္တရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဟာ လမ်းကို ချက်ချင်းပိတ်ခဲ့ပြီး ယာဉ်မောင်းတွေကို တခြားလမ်းကနေ မောင်းဖို့နဲ့ သတိရှိရှိမောင်းကြဖို့ အကြံပြုခဲ့ပါတယ်။

ရာသီဥတု ဆိုးရွားနေတာကြောင့် လမ်းပြန်ပြင်နိုင်မယ့်အချိန်ကို အာဏာပိုင်တွေက တိတိကျကျ မပြောနိုင်သေးပါဘူး။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage212. ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကစားသမားများ တားမြစ်ဆေးသုံးစွဲခြင်း မရှိဟု ဖီဖာပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

၂၀၁၈ ကမ္ဘာဖလားပြိုင်ပွဲအတွင်း ကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုမရှိခဲ့ဘူးလို့ ဖီဖာက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီနဲ့ ယှဉ်ပြိုင်နေစဉ်ကာလအတွင်း တားမြစ်ဆေး စစ်ဆေးမှု  ၃၀၀၀ ကျော်မှာ ဆေးကျတဲ့ ကစားသမားမရှိခဲ့ဘူးလို့ ဖီဖာက ပြောကြားခဲ့တာပါ။

ဖီဖာဟာ ပြိုင်ပွဲမစတင်မီ တားမြစ်ဆေးစစ်ဆေးမှု ၂၇၈၁ ကြိမ်ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကာလမှာ ၆၂၆ ကြိမ်စစ်ဆေးခဲ့သလို ပြိုင်ပွဲရပ်နားထားတဲ့ကာလမှာ ၁၀၈ ကြိမ် စစ်ဆေးခဲ့ပေမယ့် ကစားသမားတွေ တားမြစ်ဆေးသုံးစွဲတာ မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။

ပြင်ပကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖီဖာရဲ့ ကစားသမားပတ်စ်ပို့စီမံခန့်ခွဲရေးအဖွဲ့ဟာ ကစားသမားတွေရဲ့ အချက်အလက်တွေကို စစ်ဆေးပြီး စွမ်းဆောင်ရည်မြင့်မားစေတဲ့ တားမြစ်ဆေးဝါး သုံးစွဲတယ်လို့ သံသယရှိတဲ့ ကစားသမားတိုင်းကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage211. အင်းတော်မြို့နယ်တွင် ရထားတွဲဘီးချော်မှု ဖြစ်ပွား -DVB

#Lead Story (1d ago)

ဖွင့်ရန်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဘူတာနဲ့ နန့်စီးအောင်ဘူတာကြား မီးရထားတိုင်းအမှတ် ၂ နယ်မြေအတွင်း သံလမ်း ၉ ချောင်းဆက်ပေါ်မှာ မြစ်ကြီးနား-မန္တလေး (၅၆) အစုန်အထူးအမြန်ရထားတွဲဘီးချော်ကျမှု ဇူလိုင် ၁၃ ရက်ညနေ ၃ နာရီအချိန်လောက်က ဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားကနေ မန္တလေးဘက်ကို ရထားစက်ခေါင်းအမှတ် DF-1377၊ ဦးရန်မျိုးအောင်၊ လက်ထောက် ဦးဖိုးဇော်၊ ရထားထိန်း ဦးလှနွယ်တို့ မောင်းနှင်လာတဲ့ အမှတ် ၅၆ အစုန်အထူးအမြန်ရထားဟာ နန့်စီးအောင်ဘူတာမှ ၃ နာရီ ၁၄ မိနစ်အချိန်က ထွက်ခွာလာခဲ့ရာ ရထားမိုင်တိုင်အမှတ် 611/10 နဲ့ 611/8 ကြားအရောက် စက်ခေါင်းရဲ့နောက် ရိုးရိုးတန်းတွဲ ၄ တွဲပ၊ ထမတန်း ၁ အထက်တန်းအိပ်စင်တွဲ ၁ တွဲ၊ အထက်တန်းတွဲ ၂ တွဲ၊ စုစုပေါင်း ၇ တွဲ ဘီးချော်ကျခဲ့တာပါ။

ဖြစ်စဉ်ကြောင့် ရထားပေါ်ပါ ဝန်ထမ်းတွေနဲ့ ခရီးသည် တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူး လို့ သိရပါတယ်။

ရထားလမ်းပိုင်းပွင့်နိုဖို့အတွက် တာဝန်ရှိသူတွေက အချိန်မီပြင်ဆင်နေပြီး ဘယ်အချိန် ပြင်ဆင်ပြီးမလဲဆိုတာ ခန့်မှန်းလို့ မရသေးကြောင်း မော်လူးဘူတာမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းပေးပို့


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage210. ကွယ်လွန်သူ ဂီတပညာရှင် ဦးရဲလွင်အတွက် ဂီတာပုံစံခေါင်းတလား ပြုလုပ်ပေး -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ကွယ်လွန်သူ  ဂီတပညာရှင် တေးရေး ဦးရဲလွင်အတွက် အမေရိကန်နိုင်ငံသား ဂီတပစ္စည်းဒီဇိုင်နာ Matthew Burch က ဂီတာပုံစံ ခေါင်းတလား ပြုလုပ်ပေးခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ပန်းရဲ့လမ်းအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့ လိုက်လံဖော်ျဖြေ ရန်ပုံငွေ ရှာဖွေခဲ့တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁၀ ရက် ညနေပိုင်းက အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ  “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။

ဦးရဲလွင်ကို သူ့ရဲ့ အင်းစိန်နေအိမ်ကနေ ရေဝေးသုသာန်ကို ဒီနေ့ နေ့လယ် ၁ နာရီမှာ  ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – တိုက်ဂါး ဂယ်လာရီ


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage209. ပြင်သစ်အသင်းနှင့်ရင်ဆိုင်ရန် အင်အားအလုံအလောက်ရှိဟု ရာကစ်တစ်ပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ဖို့ ခရိုအေးရှားအသင်းမှာ လုံလောက်တဲ့ အင်အားတွေ ရှိသေးတယ်လို့ ခရိုအေးရှား ကွင်းလယ်သမား ရာကစ်တစ်က ပြောပါတယ်။

ခရိုအေးရှားအသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲစလုံးမှာ အချိန်ပိုအထိ ကစားခဲ့ရတာကြောင့် ပွဲပန်းနေတယ်ဆို ထောက်ပြမှုတွေ ရှိနေပါတယ်။

ကွင်းလယ်သမား ရာကစ်တစ်က “ဗိုလ်လုပွဲက သမိုင်းဝင် ပွဲတပွဲ ဖြစ်တာကြောင့် အဲဒီပွဲအတွက် စွမ်းအားတွေက ပိုတောင်နေပါတယ်။ အဲဒီအတွက် မေးခွန်းထုတ်စရာတောင် မလိုဘူး” လို့ ပြောပါတယ်။

ခရိုအေးရှားအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားမှာတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ခဲ့ဖူးပါတယ်။

ဘာစီလိုနာ ကွင်းလယ်သမား ရာကစ်တစ်ကတော့ ကွင်းထဲမှာ ကစားသမား ၁၁ ယောက်တည်းနဲ့ ကစားတာ မဟုတ်ဘဲ လူဦးရေ ၄ သန်းကျော်အတွက် ကစားပေးတာလို့ ဆိုပါတယ်။

ခရိုအေးရှားအသင်းဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်လာတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage208. ပင်လုံညီလာခံပြီးပါက မြောက်ပိုင်း ၇ ဖွဲ့နှင့် အလွတ်သဘော ဆက်တွေ့မည် သမ္မတရုံးပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

တတိယအကြိမ် ပင်လုံညီလာခံပြီးရင် မြောက်ပိုင်း ၇ ဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံတာတွေ ဆက်လုပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဇွန် ၁၃ ရက်နေ့ တတိယအကြိမ် ပင်လုံညီလာခံ တတိယနေ့အစည်းဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာပါ။

“ကျနော်တို့က အခုဘာသွားမလဲဆိုရင် ဒီညီလာခံပြီးရင် ဒီအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးမယ့် မူတွေလည်း ကျနော်တို့မှာ ရှိထားတယ်။ အခုအချိန်မှာတော့ အသေးစိတ်ပြောလို့မရဘူး။ ဆွေးနွေးမယ်၊ ဆက်ပြီးဆွေးနွေးမယ်။ တဖက်နဲ့ တဖက် အကျေအလည် နားလည်အောင်၊ ကျနော်တို့ လုပ်နေတာ ဘာအတွက်လုပ်နေတယ်။ သူတို့အတွက် ဝင်လာနိုင်တဲ့ အခင်းအကျင်း ဘယ်လိုဖန်တီးပေးရမလဲ။ နှစ်ဖက်တော့ ပြန်ပြီးညှိနှိုင်းရမှာတွေ ရှိပါတယ်။ ညှိတာ ညှိနှိုင်းရမယ်၊ အဲညှိနှိုင်းတဲ့အပေါ်မှာလည်း အလွတ်သဘော တွေ့ဆုံမှုတွေ၊ တချို့လည်း ထုတ်ပြန်ချင်မှ ထုတ်ပြန်မယ်၊ အလွတ်သဘော တွေ့ဆုံမှုတွေကတော့ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်”

၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေတာပါ။

နေပြည်တော်မှာ ရောက်ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၂ ရက်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage207. ဝ တင်ပြသည့် ပြင်ဆင်ခွင့်နှင့်နုတ်ထွက်ခွင့်ကိစ္စ နှစ်ဖက်ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော -DVB

#Lead Story (1d ago)

ဖွင့်ရန်။

ဝ ဘက်ကတင်ပြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးပြီး ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ခွင့်ကိစ္စ နှစ်ဘက်ကျေလည်အောင် ညှိနှိုင်းနေကြောင်း ဦးဇော်ဌေးကပြောပါတယ်။

ဇွန် ၁၃ ရက်နေ့ တတိယအကြိမ် ပင်လုံညီလာခံ တတိယနေ့အစည်းဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည် ဖြေကြားတာပါ။

“အန်စီအေမှာ နံပါတ် တစ် ပြင်ဆင်ဖို့ ထွက်လို့ရတယ်ဆိုတာ မပါဘူး။ နံပါတ် နှစ် ထွက်လို့ မရဘူးဆိုတာလည်း မပါဘူး။ နံပါတ်သုံး အန်စီအေ ပုဒ်မ ၂၇ မှာ ဘာပါလဲဆို အန်စီအေက လွှမ်းခြုံနိုင်ခြင်းမရှိတဲ့ ကိစ္စတွေ ပေါ်ပေါက်လာရင် ဆိုလိုရင်တော့ သဘောတူညီချက်တွေမှာ အကယ်လို့ အန်စီအေ မှာမပါဘူး။ တိတိကျကျမပါတဲ့ ဟာတွေဖြစ်လာရင် နှစ်ဖက် လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ အစိုးရဘက်နဲ့ နှစ်ဖက်ညှိနှိုင်းပြီးဆောင်ရွက်သွားမယ်ဆိုတဲ့ ဟာလေးပါတယ်။ အဲဒါကို ကျေကျေလည်လည် ဖြစ်အောင်တော့ ရှင်းပြနေတယ်။ ဘာလဲဆိုတော့ ၀ ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အတိုင်း လက်မှတ်ထိုးပြီးပြီး အကယ်လို့ အဆင်မပြေရင် နုတ်ထွက်မယ်ဆိုတဲ့ ကိစ္စက အန်စီအေမှာ မပါဘူး။ ဘယ်လိုနုတ်ထွက်ရမယ်ဆိုတာမပါဘူး။ အန်စီအေ ထိုးထားတဲ့လူတွေ မနုတ်ထွက်နဲ့ ဆိုတာလည်း မပါဘူး။ အဲတော့ အန်စီအေက လွှမ်းခြုံနိုင်ခြင်း မရှိတဲ့ ကိစ္စဖြစ်နေတယ်။ အဲဒါ အန်စီအေ ပုဒ်မ ၂၇ အရ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်နေတယ်။ အန်စီအေ ပုဒ်မ ၂၇ မှာပါတယ်။ အဲအတိုင်း ညှိနှိုင်းဆောင်ရွက်သွားလို့ရ တယ်။ ၀ ပြောတဲ့ဟာကို တကယ်လို့ လက်မှတ်ထိုးပြီးသွားရင် အဆင်မပြေလို့ ပြန်ထွက်ချင်တယ်ဆိုတဲ့ကိစ္စက ပုဒ်မ ၂၇ နဲ့ သွားရမယ့် ကိစ္စ၊ အဲဒါကို ကျေလည်အောင် ပြန်ပြီးတော့ ရှင်းပြနေတယ်။ အဓိကကတော့ အန်စီအေထဲ ၀င်လာရင် တကယ်လို့ အဆင်မပြေရင် ထွက်ဆိုတော့ ဥပမာ တခြားနိုင်ငံတွေမှာတော့ သဘောတူညီချက်က ပျက်ပြယ်တယ်ဆိုရင်တော့ မလုပ်တော့ဘူးဆိုရင် ပျက်ပြယ်တယ်။ သို့သော် ကျနော်တို့က စနစ်တကျနဲ့ လုပ် ချင်တယ်ဆိုရင် အန်စီအေအရပဲ သွား ရမှာပေါ့။ အဲအတိုင်းပဲ ပြန်ညှိပါမယ်။ ဆက်လက်ပြီးတော့လည်း ဆွေးနွေးမှာဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးမှာ ၀ ပြည်နယ်ရဲ့ ဆွေးနွေးချက်ဆိုတဲ့ ထုတ်ပြန်မှာ အစိုးရနဲ့ တပ်မတော်ဘက်က အန်စီအေဟာ ပြင်လို့ရတယ်၊ သဘောမကျရင် နုတ်ထွက်လို့ ရတယ်လို့ဆိုတာကြောင့် NCA ကို လက်မှတ်ထိုးပြီးမှ ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ သဘောထားကို အစိုးရနဲ့ တပ်မတော်ဘက်က စာနဲ့ ကတိခံခဲ့ရင် ၀ ပြည်အနေနဲ့ လက်မှတ်ထိုးဖို့ စဉ်းစားပေးမယ်လို့ ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။

ဒါပေမယ့် အခုအခါမှာ အစိုးရနဲ့ တပ်မတော်က ဒီကိစ္စဟာ အရင်ကပြုလုပ်ခဲ့တဲ့ အန်စီ ပြင်ဆင်လို့ မရဘူးဆိုတဲ့ လမ်းစဉ်ပေါ် ပြန်လည်ရောက်ရှိသွားပြီး ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးဖို့အတွက် မကောင်းတဲ့ အကျိုးသက် ရောက်မှုဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage206. အာဆီယံယူ-၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲ မြန်မာနှင့်မလေးရှား ယနေ့ညနေ ယှဉ်ပြိုင်မည် -DVB

#Lead Story (1d ago)

ဖွင့်ရန်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ မလေးရှားတို့ ဒီနေ့ ညနေ ၆း၃၀ မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ မြန်မာက လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိ၊ မလေးရှားက အိမ်ရှင် အင်ဒိုနီးရှားကို ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြတာပါ။

မြန်မာနဲ့ မလေးရှားတို့ဟာ အုပ်စုတခုတည်းမှာ ကျရောက်ခဲ့ပြီး အုပ်စုတွင်း ယှဉ်ပြိုင်ခဲ့ရာမှာတော့ မလေးရှားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ မြန်မာနဲ့ မလေးရှားတို့ဟာ အရင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂ဝဝ၃ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ မြန်မာက ၄ ဂိုး ဂိုးမရှိ၊ ၂ဝဝ၅ အာဆီယံ ယူ-၂ဝ ပြိုင်ပွဲမှာ မြန်မာကပဲ ၁ ဂိုး ဂိုးမရှိနဲ့ နှစ်ကြိမ်လုံး အနိုင်ရပြီး ဗိုလ်စွဲထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage205. Rise of robots fuels slavery threat for Asian factory workers: analysts -DVB

#Labour Issues (2d ago)

ဖွင့်ရန်။

The rise of robots in manufacturing in Southeast Asia is likely to fuel modern slavery as workers who end up unemployed due to automation face abuses competing for a shrinking pool of low-paid jobs in a “race to the bottom,” analysts said on Thursday.

Drastic job losses due to the growth of automation in the region — a hub for many manufacturing sectors from garments to vehicles — could produce a spike in labour abuses and slavery in global supply chains, said risk consultancy Verisk Maplecroft.

More than half of workers in Cambodia, Indonesia, Thailand, Vietnam and the Philippines — at least 137 million people — risk losing their jobs to automation in the next two decades, the United Nations’ International Labour Organization (ILO) says.

The risk of slavery tainting supply chains will spiral as workers who lose their jobs due to increased robot manufacturing will be more vulnerable to workplace abuses as they jostle for fewer jobs at lower wages, said Alexandra Channer of Maplecroft.

“Displaced workers without the skills to adapt or the cushion of social security will have to compete for a diminishing supply of low-paid, low-skilled work in what will likely be an increasingly exploitative environment,” she said.

“Without concrete measures from governments to adapt and educate future generations to function alongside machines, it could be a race to the bottom for many workers,” the head of human rights at Britain-based Maplecroft said in a statement.

Farming, forestry and fishing, manufacturing, construction, retail and hospitality are the sectors in Southeast Asia where workers are most likely to be replaced by robots, Maplecroft said in an annual report, with Vietnam the country at most risk.

Workers in the garment, textile and footwear industry — mostly women in countries such as Cambodia and Vietnam — face the biggest threat from automation in the region, Maplecroft said.

The five countries the report lists are already considered high-risk for modern slavery as labour abuses are rife, wages low and the workforce dependent on low-skilled jobs, the firm said, with automation set to make things worse.

“Automation has always posed a risk to low-skilled jobs, but governments and business can determine how it impacts on workers,” said Cindy Berman of the Ethical Trading Initiative, a group of unions, firms and charities promoting workers’ rights.

“Technology can be disrupting, but it can also be part of the solution by creating opportunities for better jobs,” its head of slavery strategy told the Thomson Reuters Foundation.


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား English ဘာသာ သတင်းများ ဖတ်ရန်...

NoImage204. ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးရန် ‘ဝ’တိုက်တွန်း -DVB

#Lead Story (2d ago)

ဖွင့်ရန်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးမရသေးတဲ့ အဓိကကြောင်းအရင်းမှာ မြန်မာ့တပ်မတော်အနေနဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ကို အသိအမှတ်မပြုဘဲ ရန်သူလို သဘောထားမှုကြောင့် ဖြစ်တယ်လို့ (UWSA)  ‘ဝ’တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ပြောပါတယ်။

ဇူလိုင် ၁၁ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံတတိယအစည်းအဝေးမှာ ဝ ပြည်နယ်ရဲ့ ဆွေးနွေးတင်ပြချက်ထဲ ဦးကျော်ကော်အန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အဆိုပါ လက်နက်ကိုင်တိုင်းရင်းသား ၃ ဖွဲ့ကို ရန်သူလို သဘောထား အပြုတ်တိုက်ဖို့ လမ်းစဉ်ကိုင်နေမှုကြောင့် နှစ်ဖက်နှစ်ပေါင်းများစွာ တိုက်ခိုက်လာပြီး ဘယ်သူမှ အနိုင်မရခဲ့ကြောင်း ပြောပါတယ်။

တိုက်ပွဲကြောင့်  ငြိမ်းချမ်းရေးရရှိထားတဲ့ ဒေသကို ထိခိုက်နိုင်တဲ့အတွက် မြန်မာနိုင်ငံ မြောက်ပိုင်း ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မြန်မာ့တပ်မတော်အနေနဲ့ လက်တွေ့အခြေ အနေကို ရြှုမင်ပြီး အားလုံးပါဝင်ရေးကို အကောင်အထည်ဖော်ပြီး အဆိုပါသုံးဖွဲ့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်စေဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ် အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ခွင့်ကို အစိုးရနဲ့ တပ်မတော်ဘက်က စာအားဖြင့် ကတိခံရင် အန်စီအေမှာ လက်မှတ်ထိုးဖို့ တက်ကြွစွာ စဉ်းစာပေးမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့အနေနဲ့ အရင်က ပြုလုပ်ခဲ့တဲ့ အန်စီအေ ပြင်ဆင်လို့ မရဘူးဆိုတဲ့ လမ်းစဉ်အပေါ် ပြန်လည်ရောက်ရှိသွားတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးဖို့အတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးဟာ အခက်အခဲများစွာ ရှိနေပေမယ့် ဝ ပြည်အနေနဲ့ သဘောရိုးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်သွားမယ်၊ နှစ်ဖက် ဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ တွေ့ဆုံမှု စတဲ့ ထိတွေ့ဆက်ဆံမှု တံခါးကို ဘယ်တော့မှ ဦးစွာ တဖက်သတ် ပိတ်လိုက်မှာ မဟုတ်ကြောင်းလည်း  ဦးကျောက်ကော်အန်းက ပြောပါတယ်။

Photo : Cincds


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage203. နမ့်ဆန်တွင် မိုင်းပေါက်ကွဲ၊ လူငယ် ၂ ဦး ဒဏ်ရာရ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ ဒီကနေ့ မနက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားလို့ လူငယ် ၂ ဦး ဒဏ်ရာရသွားပါတယ်။

နမ့်ဆန်မြို့အပေါ်ဘက် ၂ မိုင်ကျော်အကွာ ဇယန်းမြောက်လို့ခေါ်တဲ့ နမ့်ခေးကျေးရွာအနီးမှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးမှာ ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်ပေါ်က လူ ၂ ယောက်ကို မိုင်းစတွေ ထိမှန်ခဲ့တာလို့ နမ့်ဆန်မြို့ခံ ကိုမှန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

မိုင်းစကြောင့်  နမ့်​ဆန်​မြို့ မြို့လယ်​ရပ်​ကွက်​​နေ ​မောင်​ဇင်​လင်းကို  (၁၉ နှစ်) မှာ မျက်စိ တဖက်ပျက်စီးသွားပြီး မန်​တုံမြို့နေ မအီ​လောင်း (​၁၉ နှစ်​) မှာလည်း  သွေးထွက်လွန်ကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ဒဏ်ရာရသူတွေကို နမ့်ဆန်မြို့ သံသရာခရီးသည် နာရေးကူညီမှုအသင်းက ဆေးရုံ ပို့ပေးခဲ့တယ်လို့ ကိုမှန်ကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်က အဆိုပါဒဏ်ရာရသူ ၂ ဦးမှာ ဘုန်းကြီးပျံပွဲကိုအလာ မိုင်းထိမိတာဖြစ်ကြောင်း၊ သူတို့ကို နမ့်ဆန်ဆေးရုံကနေတဆင့် လားရှိုးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးလိုက်ပြီလို့ ဆိုပါ တယ်။

နမ့်ဆန်မှာ တိုက်ပွဲတွေ မရှိပါဘဲနဲ့ အခုလို မိုင်းတွေ ထောင်ထားတဲ့အပေါ် စဉ်းစားလို့ မရကြောင်း၊ အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနေချိန် တဖက်က ခုလို မိုင်းထောင်တာတွေလုပ်တာကို ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ရှုတ်ချတယ်လို့ ဦးသိန်းဇော်က ပြောသွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage202. အန်စီအေ လက်မှတ်ထိုးနိုင်ရေးကိစ္စ ကေအန်ပီပီနဲ့  တပ်မတော်ဆွေးနွေး -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ တပ်မတော်ကိုယ်စားလှယ်တို့ ဒီကနေ့ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ   တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေး ထိုးနိုင်ရေးကိစ္စနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကေအန်ပီပီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပြောခွင့်ရသူ နဲနယ်ပလိုးက ပြောပါတယ်။

အစောပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ တောင်းခံထားခဲ့ပေမယ့် ကာကွယ်ရေးဦးစီးချုပ်က မအားတဲ့အတွက် တပ်မတော် ကိုယ်စားလှယ်နဲ့သာ တွေ့ဆုံခဲ့ရတယ်လို့ လည်း ပြောပါတယ်။

Photo : KnIC


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage201. ကလေးခရိုင်တွင် ၆ လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄ဝ ကျော်ရှိ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ကလေးမြို့ ကလေးဝမြို့နဲ့ မင်းကင်းမြို့ ပေါင်းထားတဲ့ ကလေးခရိုင်မှာ အခု ၂ဝ၁၈ ခုနှစ် ဇွန်လထိ ယာဉ်တိုက်မှုတွေမှာ သေဆုံးသူ ၄ဝ ကျော် ရှိနေပြီလို့ ကလေးခရိုင်ရဲတပ်ဖွဲ့ တပ်ကြပ်အဆင့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ယာဉ်တိုက်မှုတွေ စာရင်းအရ လအလိုက် မှတ်တမ်းမှာ သေဆုံးသူက ခြောက်လ အတွင်း ၄၄ ဦး ရှိတယ်။ ကျားမ စာရင်းကတော့ ပြုစုနေဆဲ” လို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ် ခင်ဇော်သိန်းဦးက ဆိုပါတယ်။

၂ဝ၁၈ ပထမ ခြောက်လအတွင်း ကလေးခရိုင်မှာ သေဆုံးသူ ၄၄ ဦးအပြင် ထိခိုက် ဒဏ်ရာ ရရှိသူအနေနဲ့လည်း ၁ဝ၂ ဦးထိ ရှိနေပြီး ၂ဝ၁၇ ခုနှစ်ထက် များပြားလာတာကို တွေ့ရပါတယ်။

“ဖြစ်တာ များတာက လူလတ်ပိုင်းတွေ များတယ်။ မူးလို့ ဖြစ်တာများတယ်။ တတ်နိုင်ရင် မြို့တွင်း ရှုပ်ထွေးနေရာတွေနဲ့ လမ်းဖြတ်တဲ့ နေရာသတိထားပြီး အရှိန်လျော့မောင်းကြဖို့ လိုတယ်” လို့ ကလေးမြို့မှာ နာရေးကူညီမှု လုပ်နေတဲ့ ကာယကံမေတ္တာနာမှုကူညီရေးအသင်းက ကိုဆောင်းသက်လယ်က ပြောပါတယ်။

ကလေးခရိုင်တွင်း သက်ဆိုင်ရာ တာဝန်ရှိ ဌာနတွေအနေနဲ့လည်း ယာဉ်လမ်း စည်းကမ်းနဲ့ ပတ်သက်ပြီး ပညာပေး၊ အရေးယူတာတွေ အဆက်မပြတ် ဆောင်ရွက်နေပါတယ်။

ခုလို ယာဉ်မတော်တဆမှုကြောင့် ပထမ ၆ လအတွင်း သေဆုံးသူ ပမာဏဟာ ၂ဝ၁၈ ခုနှစ်အတွင်း များပြားတဲ့ ကိန်းဂဏန်းတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage200. ကြားဖြတ်ရွေးကောက်ပွဲ ရှိသည်ကို မဲပေးခွင့်ရှိသူဦးရေ၏ ထက်ဝက်သာသိရှိ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ကြားဖြတ်ရွေးကောက်ပွဲ ကနဦးစစ်တမ်းတွေအရ နိုဝင်ဘာလမှာ ကြားဖြတ်ရွေးကောက်ပွဲ ရှိတာကို မဲဆန္ဒနယ် ၁၂ နေရာက မဲပေးခွင့်ရှိသူ လူဦးရေရဲ့ တဝက်လောက်ကပဲ သိရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကနဦးစစ်တမ်း အစီရင်ခံစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က အခုလို ပြောဆိုသွားတာပါ။

ရွေးကောက်ပွဲအကြိုကာလ စစ်တမ်းကို ဇွန်လ နောက်ဆုံးပတ်က မဲဆန္ဒနယ် ၁၂ နေရာမှာ ကောက်ယူခဲ့ပြီး မဲန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲရှိတာကို သိမသိ၊ မဲစာရင်းကြေညာတာကို သိမသိ၊ မဲပေးချင်စိတ် ရှိမရှိတို့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်တမ်းကို စစ်တမ်းကောက်ယူသူ ၁၂၂ ဦး၊ တွေ့ဆုံမေးမြန်းမှုပါင်း ၁၂၂ဝ ခုနဲ့ ကောက်ယူခဲ့ပြီး စစ်တမ်းကောက်ယူတဲ့ မဲဆန္ဒနယ် ၁၂ နေရာမှာ မဲပေးခွင့်ရှိသူ ၇၈၄၂ဝဝ ကျော် ရှိပါတယ်။

ကနဦးစစ်တမ်းတွေအရ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု နည်းပါးနေတဲ့အပေါ် ရွေးကောက်ပွဲကော်မရှင်အပြင်၊ နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အသိပညာပေး လုပ်ငန်းစဉ်တွေကို အရှိန်မဟုန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က အကြံပြုထားပါတယ်။

ကနဦးစစ်တမ်းကို မဲဆန္ဒနယ် ၁၃ နေရာထဲက မန္တလေးတိုင်းဒေသကြီးမှာ ပြုလုပ်မယ့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနေရာကလွဲပြီး ကျန်နေရာတွေမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒီလို စစ်တမ်းတွေကို မဲဆွယ်စည်းရုံးခွင့်ကာလ ကြေညာပြီးရင်လည်း ဆက်လုပ်သွားမယ်လို့  ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမှာဖြစ်ပြီး မဲဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မဲစာရင်းတွေကို ဇူလိုင် ၉ ရက်နေ့ကနေ ၂၂ ရက်အထိ ကြေညာထားမှာဖြစ်ပြီး ပြည့်စုံ၊ မှန်ကန်မှု ရှိ၊ မရှိကို လာရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage199. တူးမြောင်းပေါ် ဖြတ်ကျော်ဆောက်ထားသည့် တံတားတစင်း ပြိုကျမည့်အန္တရာယ်ရှိနေ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအတွင်း ရွာမကြီးနဲ့ တောင်ဘက်ကမ်းရပ်အကြား တူးမြောင်းကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ ပေ ၁ဝဝ ကျော်လောက်ရှိတဲ့ တံတားတစင်းဟာ ရေစီးအားကြောင့် ပြိုကျမယ့်အန္တရာယ် ဖြစ်ပေါ်နေပါတယ်။

ရေးမြို့မြစ်ကမ်းပါးပြိုမှုနဲ့ ရေနစ်မြုပ်မှုဘေးမှ ကာကွယ်ဖို့အတွက် ၂ဝ၁၅ ခုနှစ်က ရေလွှဲမြောင်းအဖြစ် အဲဒီတူးမြောင်းကို ဖောက်လုပ်ခဲ့တာဖြစ်ပြီး တူးမြောင်းကြောင့် ချောင်းတောင်ကျေးရွာ ရွာမကြီးနဲ့ အဲဒီရပ်ကွက်ကိုဆက်သွယ်ဖို့ ပေ ၁၃ဝ တံတားတစင်းကို တည်ဆောက်ခဲ့တာပါ။

ချောင်းတောင်ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးဖေသန်းက “တံတားရဲ့အနေအထားက အခုလို သဘာဝဘေးကြောင့်ဖြစ်သွားတော့ နောင်ထပ်ဖြစ်လာမယ်ဆိုရင် ပျက်စီးသွားနိုင်တဲ့ အနေအထားရှိနေတယ်။ အဲလိုဖြစ်သွားရင် ဒီဘက်ကမ်းကလူတွေ ရွာမကြီးကို သာရေးနာရေး လာဖို့အတွက် အခက်အခဲအများကြီး ဖြစ်သွားမယ်။ လူကြီးတွေက ကွင်းဆင်း လေ့လာသင့်ပါတယ်။ ကြံ့ခိုင်မှုက အားနည်းလာလို့ ရေလယ်တိုင်က ခါတိုင်းထက် နိမ့်ကျသွားတယ်။ အခုကတည်းက အမြန်ဆုံး ပြုပြင်ပေးဖို့ လိုအပ်နေပြီ” လို့ ပြောပါတယ်။

လက်ရှိအနေနဲ့ ရေလယ်တိုင်တချောင်းနိမ့်ကျမှုဖြစ်ပေါ်နေပြီး တံတားကြမ်းခင်းနှစ်ခုမှာ ဟနေကြောင်း၊ အခြေအနေမဆိုးခင် အချိန်မီပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာတွေကို တွန်းအားပေး သွားမယ်လို့ ရေးမြို့နယ်မဲဆန္ဒနယ် ၈ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

“ဒီတိုင်ဟာ ဒီလိုပဲ ဆက်ပြီးနိမ့်သွားမယ်ဆိုရင် တောင်ဘက်ကမ်းရွာဘက်အခြမ်းက ဘောင်တဘောင်က တော်တော်လေးအက်နေပြီ။ တံတားပေါ်မှာတင်နေတာ ၁ ပေလောက်ပဲ ရှိတော့တယ်။ အဲဒီဟာ ပိုဆိုးလာမယ်။ ပိုဆိုးလာလို့ ဘောင်ကပဲ့သွားမယ်ဆိုရင် တံတားက ခက်ခက်ခဲခဲ ပြန်လုပ်ရမယ့် အနေအထားဖြစ်နေတယ်။ တူးမြောင်းက တဖြည်းဖြည်း ကျယ်လာတဲ့အတွက် ကမ်းကပ်ခုံပြိုကျရင် တံတားက အသစ်ပြန်လုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ သက်ဆိုင်ရာကျေးလက်ဦးစီးဌာနနဲ့ ဆောက်တဲ့ ကုမ္ပဏီကို ဆက်သွယ်ဆောင်ရွက်ပါ့မယ်” လို့ ပြောပါတယ်။

အဲဒီတံတားကို ကျေးလက်ဒေသဖွံ့ ဖြိုးရေးဦးစီးဌာနဘတ်ဂျက်နဲ့ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်က ငွေကျပ်သိန်းပေါင်း ၁၇၄ဝ နဲ့ ပြည့်ဇာနည်ကုမ္ပဏီက တည်ဆောက်ခဲ့တာပါ။

ဝင်းနိုင်သက်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage198. အသင်းခေါင်းဆောင် ၅ ဦးအထိ ထားချင်ဟု အာဆင်နယ်နည်းပြ အမ်မရီ ပြော -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက သူ့အသင်းမှာ အသင်းခေါင်းဆောင် ၅ ဦးအထိ ထားချင်တယ်လို့ ဆိုပါတယ်။

အသင်းရဲ့ အဝတ်အစားလဲခန်းထဲမှာ ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့ ကစားသမားတွေကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်လို့လည်း အမ်မရီက ပြောပါတယ်။

အသက် ၄၃ နှစ်အရွယ် အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့ မေလကမှ နည်းပြ အာစင်ဝင်းဂါးဆီကနေ တာဝန်တွေ လွှဲပြောင်း ရယူခဲ့တာပါ။

လောလောဆယ်မှာတော့ အသင်းခေါင်းဆောင်အဖြစ် နောက်တန်းကစားသမား ကိုစီရယ်နီကို ပေးအပ်ထားပါတယ်။

နည်းပြက သူ့ရဲ့ ပထမဆုံးစိတ်ကူးကတော့ အသင်းမှာ အသင်းခေါင်းဆောင် ၅ ဦးထားဖို့ ဖြစ်ပြီး လတ်တလောမှာတော့ ဘယ်သူတွေကို ပေးရမလဲဆိုတာ မသိသေးဘူးလို့ ဆိုထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage197. အဖော်အချွတ်ကလပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အပြာမင်းသမီး ဒန်နီယယ် ပြန်လွတ် -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပျော်ပါးခဲ့ဖူးတယ်လို့ ပြောကြားထားပြီး ဇူလိုင် ၁၂ ရက်နေ့က အဖော်အချွတ် ကလပ်တခုမှာ အဖမ်းခံခဲ့ရတဲ့ အပြာရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီယယ်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

စတော်မီ ဒန်နီယယ်ဟာ ဇူလိုင် ၁၂ ရက်နေ့က အိုဟိုင်းယိုးပြည်နယ်က အဖော်အချွတ် ကလပ်တခုမှာ ကပြနေစဉ် ကလပ်ကို လာရောက်သူ အမျိုးသား ၃ ဦးနဲ့ ထိတွေ့ ကိုင်တွယ်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတာပါ။

အိုဟိုင်းယိုးပြည်နယ် ဥပဒေအရ ဝစ်လစ်စလစ် သို့မဟုတ် တစိတ်တပိုင်း ဝတ်လစ်စလစ်နဲ့ ကပြပွဲမှာ ကပြသူကိုယ်တိုင်ကရော ကြည့်ရှုသူကပါ မိသားစုဝင်မဟုတ်တဲ့ တခြားသူစိမ်းတွေကို ထိကိုင်ခွင့်မရှိလို့ ပြဋ္ဌာန်းထားတာပါ။

အဲဒီလူ ၃ ဦးဟာ ထောက်လှမ်းရေး ဖြစ်နေတာကြောင့် ဒီအမှုဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကွက်ဆင်ဖန်တီးတာ ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောကြားခဲ့တာလည်းဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage196. အာဇာနည်နေ့တွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန်နှင့် ဥသြဆွဲရန် ညွန်ကြား -DVB

#Lead Story (2d ago)

ဖွင့်ရန်။

လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် (၇၁) နှစ်မြောက် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့  နိုင်ငံတဝန်းလုံးမှာ တိုင်ဝက်လွှင့်ထူသွားကြဖို့နဲ့ ဥသြဆွဲကြဖို့ နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာနတွေ အားလုံးကို ညွန်ကြားထားပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်  မနက် ၁ဝ နာရီ ၃၇ မိနစ် အချိန်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဥသြဆွဲအချက်ပေးဖို့ လမ်းခရီးမှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တွေ ခေတ္တရပ်ပြီး ဟွန်းတီးဖို့လည်း အစိုးရက အသိပေး ကြေညာထားပါတယ်။

ဒါ့အပြင် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်မှာ နိုင်ငံတော်အဆင့် အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့ရှိလို့ အာဇာနည်လမ်းအပါဝင် ရွှေတိဂုံဘုရားအနီးတဝိုက် လမ်းအချို့ကို ခေတ္တပိတ်ထားမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ အခမ်းအနား ကျင်းပမယ့် မနက် ဝ၄းဝဝ နာရီကနေ အခမ်းအနား ပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းနဲ့ လင့်(ခ်)လမ်းဆုံ၊ ဓမ္မစေတီလမ်းနဲ့ အင်းလျားလမ်းဆုံ၊ အနောက်ရွှေဂုံတိုင်လမ်းနဲ့ ဦးဝိစာရလမ်းဆုံတို့ကနေ လမ်းလွှဲစနစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အာဇာနည်လမ်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတွေကိုတော့ ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်ကြည့်ရှုသူ ပြည်သူတွေ သွားလာရေး အဆင်ပြေဖို့ ဗိုလ်ချုပ်ပြတိုက်လမ်းကို မနက် ၅ နာရီကနေ ပြတိုက်ပိတ်ချိန်အထိ မော်တော်ယာဉ်တွေ သွားလာခွင့်မပြုဘဲ ခေတ္တလမ်းပိတ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage195. အမျိုးသားလေကြောင်း လေယာဉ်တစီး တံခါးနည်းပညာပိုင်း ချို့ယွင်းမှုကြောင့် ပြန်ဆင်းခဲ့ရ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ရန်ကုန်လေဆိပ်မှာ လေယာဉ် ၁ စီး Cargo တံခါးနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြါတယ်။

ဇူလိုင် ၁၂ ရက်၊ မနက် ၈ နာရီ ၃၅ မိနစ်အချိန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-စင်ကာပူ-ရန်ကုန်ပြေးဆွဲတဲ့ ခရီးစဉ်အမှတ် 8M-231၊ လေယာဉ်အမှတ် XY-AGU ၊ အမျိုးအစား A-319 ဟာ ခရီးသည် ၁၀၄ ဦး တင်ဆောင်၍ ရန်ကုန်လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ထွက်ခွာလာတာပါ။

စတင်ထွက်ခွာပြီး လေပေါ်အရောက် လေယာဉ်ရဲ့ Cargo တံခါးနည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်ကို ပြန်လည်ဆင်းသက်ပြီး Terminal-1 Tube-9 မှာ အင်ဂျင်နီယာ စည်သူဝင်း အပါအဝင် ၃ ဦးက ပြုပြင်ခဲ့ရာ မနက် ၉ နာရီ ၅၀ အချိန်မှာ ပြီးစီးခဲ့လို့ စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage194. ကမ္ဘာ့ဖလားတွင် ပေါ့ဂ်ဘာ၏ ကစားဟန်ကို မော်ရင်ဟို ချီးကျူး -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ကမ္ဘာ့ဖလားပြိုင်ပွဲကစားရင်း ရင့်ကျက်လာတဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရဲ့ ကစားဟန်အတွက် မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ချီးကျူး ပြောဆိုလိုက်ပါတယ်။

ပြင်သစ်က ဘယ်လ်ဂျီယံကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ ကစားပုံကိုလည်း မော်ရင်ဟိုက ချီးကျူးခဲ့တာပါ။

ဒါ့အပြင် မော်ရင်ဟိုက ပြင်သစ်နဲ့ ရီးရဲလ် နောက်တန်းကစားသမား ဗာရာနီရဲ့ ကစားဟန်ကိုလည်း ချီးမွမ်းသွားပါတယ်။

သူတို့တတွေ ပွဲအပေါ်မှာ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဗာရာနီနဲ့ ပေါ့ဂ်ဘာတို့ ကစားပုံ အရမ်းကောင်းတယ်လို့လည်း ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ပြင်သစ်ရဲ့ အဓိက ကစားသမားဖြစ်သလို ပွဲတိုင်း ကစားခွင့်ရထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage193. အိုင်အက်စ်ကြောင့် ပျက်စီးသွားသည့် မိုဆူးမြို့ နံရံများတွင် နံရံဆေးပန်းချီ ရေးဆွဲ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အီရတ် လူငယ်အနုပညာရှင်တဖွဲ့ဟာ အိုင်အက်စ်တွေကြောင့် ပျက်စီးသွားတဲ့ မိုဆူးမြို့ထဲက နံရံတွေမှာ နံရံဆေးပန်းချီတွေ ရေးဆွဲနေကြပါတယ်။

ဒီနံရံဆေးပန်းချီတွေက မြို့ပြန်လည်အသက်ဝင်လာစေဖို့ စွမ်းဆောင်နိုင်မယ်လို့ သူတို့ မျှော်လင့်နေကြပါတယ်။

ပန်းချီတွေထဲမှာ အိုင်အက်စ်အဖွဲ့ကြောင့် မြို့မပျက်ခင်တုန်းက ပုံရိပ်တွေ အဓိက ပါဝင်ပါတယ်။

မြို့ကို အိုင်အက်စ်အဖွဲ့ စသိမ်းတဲ့ အချိန်ကနေစပြီး အီရတ်တပ်ဖွဲ့တွေက ပြန်သိမ်းတဲ့ အခြေအနေ အဆင့်ဆင့် ပြကွက်တွေကို ရေးဆွဲထားတယ်လို့ ပန်းချီရေးဆွဲရာမှာ ပါဝင်နေသူတဦးက ပြောပါတယ်။

မြို့ခံတွေဟာ အိုင်အက်စ်အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့လည်း လူငယ်အနုပညာရှင်တွေက ပြောပါတယ်။

အီရတ်တပ်သားတဦးက အိုင်အက်စ်အဖွဲ့နှိမ်နင်းရေး မြို့သိမ်းတိုက်ပွဲမှာ မြို့ခံတွေကို ကူညီခဲ့တဲ့ ပြကွက် ပါဝင်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage192. ကလေးသူငယ် လိင်ပိုင်းညှဉ်းပန်းမှုဖြင့် ဘုရားကျောင်း တာဝန်ရှိသူတဦးကို ချီလီရဲ ဖမ်းဆီး -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ချီလီရဲတပ်ဖွဲ့ဟာ ရိုမန်ကက်သလစ် ဘုရားကျောင်း တာဝန်ရှိသူဟောင်းတဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့တယ်လို့ အစိုးရရှေ့နေက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဆန်တီယေဂိုဂိုဏ်းချုပ် သာသနာနယ်မြေ အကြီးအကဲအဖြစ် အမှုထမ်းခဲ့တဲ့  အော်စကာ မိုနော့ ဆိုသူဟာ ကလေးသူငယ် ၅ ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ  ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝန်ခံခဲ့ပြီးနောက် အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း ချီလီရဲတပ်ဖွဲ့ဟာ စုံစမ်းရေး တစိတ်တဒေသအနေနဲ့ ဆန်တီယေဂိုနဲ့ ရန်ကာဂွါမြို့ရှိ ဘုရားကျေင်း ရုံးခန်းတွေကို ဝင်ရောက်စီးနင်းပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့တယ်လို့ ဗွီအိုအေသတင်းအရ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage191. မလေး မူးယစ်ဆေးဝါးမှု တရားခံပြေး မမိသေး၍ ဇူလိုင် ၂၆ ရက်နေ့ ထပ်မံချိန်းဆို -DVB

#Lead Story (2d ago)

ဖွင့်ရန်။

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲထားသူ ၃ ဦးကို ရုံးထုတ်ခဲ့ပေမယ့် တရားခံပြေးတွေ မမိသေးတာကြောင့် အမှုကို ဇူလိုင် ၂၆ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

မူးယစ်ဆေးဝါးမှုမှာ အဓိကပါဝင်ပတ်သက်တယ်လို့ ယူဆပြီး ဖမ်းဆီးထားတဲ့ ဦးမောင်မောင် (ခ) ဟာဂျီယာဆင်း၊ ဇေယျာ(ခ)ဇေယျာဟိန်းနဲ့ ဦးမင်းနိုင်တို့ကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

အဒီအမှုကို တွဲဖက်ခရိုင်တရားသူကြီး (၁) ဒေါ်မိုးမိုးအေးက စစ်ဆေးခဲ့ပြီး ထွက်ပြေးတဲ့ တရားခံတွေကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် လောလောဆယ် အမှုကို မစစ်ဆေးနိုင်သေးကြောင်း၊ နောက်တပတ် ရုံးချိန်းကို ဇူလိုင် ၂၆ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး နောက်ထပ်ရုံးချိန်းတွေကိုလည်း အဂါင်္နေ့တိုင်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က လက်ဖက်ခြောက်အိတ်တွေထဲမှာ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ဒေါ်လာ ၁၈ သန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး မလေးနိုင်ငံသား ၃ ဦးနဲ့ မြန်မာ ၃ ဦးကို ဖမ်းမိခဲ့ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းကနေ ကွန်တိန်နာနဲ့ တင်ပို့လိုက်တယ်ဆိုပြီး မလေးရှားနိုင်ငံက ထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံဘက်ကနေ ဇွန် ၂ ရက်နေ့မှာ ဦးမင်းနိုင်ကို စတင်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဦးမောင်မောင် (ခ) ဟာဂျီယာဆင်းနဲ့ ဦးဇေယျာ (ခ) ဦးဇေယျာဟိန်းတို့ကို ဆက်လက် ဖမ်းဆီးလိုက်တာပါ။

လက်ရှိမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ၃ ဦးရှိနေပြီး ထွက်ပြေးတိမ်းရှောင်သူ ၂ ဦးရှိနေတာကြောင့် အမှုကို ပြန်လည်ချိန်းဆိုလိုက်တာလို့ တရားခံရှေ့နေက ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage190. အီရတ်နှင့် အာဖဂန်သို့ နေတိုးတပ်ဖွဲ့များ ပိုမိုစေလွှတ်ရန် သဘောတူ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေကို ရင်ဆိုင်နေရတဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေဆီ တပ်ဖွဲ့တွေ ပိုစေလွှတ်သွားဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ သဘောတူလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ဇူလိုင် ၁၂ ရက်နေ့မှာ နေတိုးအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေ အခုလို သဘောတူလိုက်တာပါ။

နေတိုးတပ်ဖွဲ့ဝင်တွေဟာ အီရတ်တပ်ဖွဲ့တွေကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ သင်တန်းပေးမှာဖြစ်ပြီး ဒီသင်တန်းကို အီရတ်ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး အရာရှိတွေ၊ အီရတ်စစ်တပ် နည်းပြတွေကို မနှစ်ကတည်းက စပေးနေတဲ့ သင်တန်းနဲ့ ပေါင်းကူးမှာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကိုတော့ ၂ နှစ်ကြာ သင်တန်းပေးဖို့ စီစဉ်ထားပြီး နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ ကာတာနဲ့ ယူအေအီးနိုင်ငံတွေက တပ်ဖွဲ့တွေကိုလည်း စေလွှတ်သွားမယ်လို့ နေတိုးခေါင်းဆောင်တွေက ပြောပါတယ်။

နေတိုးခေါင်းဆောင်တွေဟာ ကာတာနဲ့ ယူအေအီးတို့ရဲ့ ပါဝင်မှုကို ချီးကျူးထားပြီး တခြားနိုင်ငံတွေ အနေနဲ့လည်း အခုလိုပါဝင်ဖို့ တိုက်တွန်းပါတယ်။

အီရတ်ကိုပေးမယ့် သင်တန်းအသစ်မှာ တပ်ဖွဲ့ ၅ဝဝ ပါဝင်မှာဖြစ်ပြီး သူတို့ထဲက ပထမအသုတ်ဟာ လာမယ့်လတွေအတွင်း ရောက်ရှိမယ်လို့ အီရတ်မှာရှိတဲ့ နေတိုး ထိပ်ပိုင်းအရာရှိ ပေါလ်စမစ်ကို ကိုးကားပြီး The Wall Street Journal က သတင်းဖော်ပြပါတယ်။

ကနေဒါဝန်ကြီးချုပ်ကတော့ သူ့အစိုးရဟာ တပ်ဖွဲ့ဝင်အသစ်တွေရဲ့ တဝက်နီးပါးကို စေလွှတ်သွားမယ်လို့ ပြောထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage189. ဆေးရုံတက်နေရသည့် ‘ဝ’တပ်ဖွဲ့ ဒုခေါင်းဆောင်ကို ကာချုပ် တွေ့ဆုံအားပေး -DVB

#Lead Story (2d ago)

ဖွင့်ရန်။

၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ လာရောက်စဉ်​ ရုတ်တရက် နေမကောင်းဖြစ်ပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က ရောဂါအခြေအနေနဲ့ ဆေးဝါးကုသမှု အခြေအနေတွေကို မေးမြန်းခဲ့ရာမှာ နှလုံးရောဂါအထူးကု ပါရဂူကြီးတွေက ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်က အားပေးစကားပြောကြားကာ အားဖြည့်ငှက်သိုက်ရည်နဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ ၆ ရက်ကြာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို တက်ရောက်လာတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိဟာ ကျန်းမာရေး အခြေအနေကြောင့် မနေ့ နေ့လယ်ပိုင်းက နေပြည်တော် ဆေးရုံကို အရေးပေါ် တက်ရောက်ကုသမှုခံယူခဲ့ရတာပါ။

‘ဝ’တပ်အဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးဆမ်လော့ကတော့ “အသက်ကြီးတော့ ပင်ပန်းတဲ့အခါ ဒဏ်မခံနိုင်လို့ ဖြစ်သွားတာပါ။ စိုးရိမ်စရာ မရှိပါဘူး။ အအေးမိလို့ ဖြစ်သွားတာ။ အခုတော့ ကောင်းသွားပါပြီ။ ဆရာဝန်က အနားယူဖို့ ခိုင်းထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ-CINCDS


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage188. လွှတ်တော်ကိုယ်စားလှယ်ခရီးစဉ် ကျောင်းသားနှင့်ဆရာများကို ကြိုဆိုခိုင်းမှုအပေါ် ဝေဖန်သူ တရားစွဲခံရ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

လွှတ်တော်ကိုယ်စားလှယ်ခရီးစဉ်မှာ ကျောင်းသားနဲ့ ဆရာဆရာမတွေကို ခေါ်ပြီး ကြိုဆိုခိုင်းတာတွေ မလုပ်သင့်ကြောင်း ဝေဖန်ရေးသားသူတဦး ၆၆(ဃ) နဲ့ တရားစွဲခံထားရပါတယ်။

မြောင်းမြမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းထွန်းကြိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့ရဲ့ ငါးမြင်းချောင်းကျေးရွာအုပ်စု ကွင်းကလေးကျေးရွာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲခရီးစဉ်မှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ကြိုဆိုနေပြီး လက်အုပ်ချီတဲ့ပုံတွေ တက်လာပြီးတဲ့နောက် အဲဒီပုံတွေကို ကိုကောင်းထက်ဇင်က Facebook လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေသားခဲ့ပါတယ်။

အဲဒီရေးသားချက်ကို ဖျက်ပေးဖို့ ပြောကြားခဲ့ရာမှာ မဖျက်ပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့တာကြောင့် ဇူလိုင် ၁၁ ရက်နေ့က အမှုဖွင့်ခံရတာလို့ ကိုကောင်းထက်ဇင်ကပြောပါတယ်။

“ကလေးတွေစာသင်ချိန်ပြင်ပမှာ လူကြီးတွေကို ထွက်ကြိုရတဲ့ကိစ္စ အဓိက နယ်ကကလေးတွေအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ချိုးသလိုဖြစ်တယ်လို့ မြင်တယ်ပေါ့နော်။ ပြီးတော့ ကလေးတွေကို ခေတ်အဆက်ဆက်အသုံးချလာတဲ့စနစ်ကို မကြိုက်လို့ ဒီအစိုးရကို ပြောင်းလဲခဲ့တယ်၊ ကိုယ်တိုင်ထမ်းတင်ပေးခဲ့တယ်။ ဒါကို သူတို့က သူတို့ကို တိုက်ခိုက်တယ်၊ စော်ကားတယ်လို့မြင်သွားတယ်။ ကျနော့်အနေနဲ့ကတော့ လိပ်ပြာသန့်ပါတယ်။ ကျနော့်အနေနဲ့ဘယ်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ဘူး။ ဒါကြီးကို ပြောင်းလဲစေချင်တာ၊ ပြောင်းလဲစေချင်တဲ့ ဆန္ဒပဲရှိပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မြောင်းမြရဲခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဦးပြူး ဆိုသူက ၆၆(ဃ)နဲ့ အမှုလာဖွင့်တဲ့အတွက် အမှုဖွင့်လှစ်ပေးထားပြီး ကျန်တဲ့ကိစ္စတွေကတော့ တရားရုံးနဲ့ ဆက်လုပ်ရမှာလို့ ပြောပါတယ်။

တရားလိုပြုလုပ် အမှုဖွင့်လှစ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့ဝင် ဦးပြူး (ခ) ဦးပြုံးကို အမှုဖွင့်လှစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage187. ခန္တီးမြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံ နာဂလူမျိုးများ ကန့်ကွက် -DVB

#Lead Story (2d ago)

ဖွင့်ရန်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ စိုက်ထူမယ့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဒေသခံ နာဂတိုင်းရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့က  ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး ကတိကဝတ်တွေကို အကောင်အထည်ဖော်မယ့်အစား လူမျိုးကြီးဝါဒ လွှမ်းမိုးရေးသဘော သက်ရောက်တဲ့ အမှတ်သင်္ကေတ လွှမ်းမိုးရေး လှုပ်ရှားမှုဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကြိုးပမ်းတာကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

နာဂကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ် ဦးဆောင်ကော်မတီဝင် ဦးတောရန်းက “ဒီဒေသမှာ ရှေးပဝေသဏီကတည်းက နေထိုင်လာတဲ့ နာဂလူမျိုးတွေ ရှိတယ်။ ရှမ်းနီ ရှိတယ်။ ကျနော်တို့ အများစု နေထိုင်ကြတဲ့ လူမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဌာနေတိုင်းရင်းသားတွေနဲ့ သေသေချာချာ တိုင်ပင်ညှိနှိုင်းမှု မရှိဘဲနဲ့ တဦးစ နှစ်ဦးစ စုစည်းပြီးလုပ်တာက အလွယ်တွေးတာ ပေါ့နော်။ ဗိုလ်ချုပ်ကြေးရုပ် ဆိုတာက နိုင်ငံရေးနဲ့လည်း အများကြီး ပတ်သက်တဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် အောက်ခြေမှာ ကျေကျေလည်လည် ဆွေးနွေးပြီးတော့မှ သဘောတူမှ သဘောမတူဘူး ဆိုရင်လည်း မလုပ်သင့်ဘူးပေါ့။ ဒီလို တဦးစ နှစ်ဦးစ စီစဉ်လုပ်ဆောင်ပြီးတော့မှ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူဖို့ ပြင်ဆင်နေတဲ့အပေါ်မှာ ကျနော်တို့ ကန့်ကွက်တာပါ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ ကြိုးပမ်းမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်တယ်၊ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခြင်းထက် ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ သမိုင်းတွေကို လေးစားခြင်း၊ တန်ဖိုးထားခြင်း ဝိုင်းဝန်းမြှင့်တင်ခြင်းတွေ လုပ်ဆောင်မယ်ဆိုရင် အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို များစွာ အထောက်အကူပြုမယ်လို့ ကြေညာချက်မှာ ဖော်ပြတယ်။

ခန္တီးမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ဦးဆောင်လုပ်ကိုင်သူတဦး ဖြစ်တဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးကတော့ ဒီကြေးရုပ်ကို စိုက်ထူဖို့ ၂၀၁၇ ကတည်းက တိုင်ပင်လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ဒီလို ကန့်ကွက်မှုရှိရင်လည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ သူတို့ရဲ့ သဘောထားကို ပြောတာ ဖြစ်မှာပါ။ ကျနော်တို့ကတော့ ၂၀၁၇ ခုနှစ် ၇ လပိုင်း၊ ၂၃ ရက်နေ့ကစပြီး အဲဒီဟာကို အစည်းအဝေး စခေါ်တာလေ။ ခေါ်တဲ့အခါလည်း ယဉ်ကျေးမှုအဖွဲ့တွေ အားလုံး ပါဝင်ခဲ့ကြပါတယ်။ အဲတော့ ပြောချင်တာကတော့ ကန့်ကွက်ရင်လည်း အဲဒီတုန်းက ကန့်ကွက်တာ မဟုတ်ဘူး။ နောက်ဆုံး ဖွင့်ပွဲလုပ်မယ့်ရက်မှာ ကန့်ကွက်တယ် ဆိုတာကတော့ သဘာဝတော့ သိပ်မကျပါဘူး။ အခုလောလောဆယ် ကျနော်တို့ကတော့ ကျနော်တို့ လုပ်စရာရှိတာကိုတော့ လုပ်သွားမှာပဲ။ သူတို့ ကန့်ကွက်တယ် ဆိုတာကလည်း အခုက ပြောသလို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိပါတယ်။”

ခန္တီးမြို့က ဗိုလ်ချုပ်ကြေးရုပ်ကို လာမယ့်ဇူလိုင်လ ၂၁ ရက်နေ့ ဖွင့်လှစ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဒေသခံတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပြီး ဆန္ဒပြတဲ့ လူငယ်တချို့ တရားစွဲဆိုခံနေရပါတယ်။

ဓာတ်ပုံ – Wikipedia


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage186. ဆီဗီလာနောက်ခံလူ လန်းဂ်လက်ကို ဘာစီလိုနာ ခေါ်ယူ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

စပိန်လာလီဂါကလပ် ဆီဗီလာ ဗဟိုနောက်ခံလူ ကလီးမန့် လန်းဂ်လက်ကို ဘာစီလိုနာအသင်းက ပေါင် ၃၂ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် လန်းဂ်လက်ကို ဘာစီလိုနာက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။

ပြင်သစ်ကစားသမားဖြစ်တဲ့ လန်းဂ်လက်ဟာ ဆီဗီလာအသင်းကို ၂ဝ၁၇ မှာ ပြင်သစ်ကလပ် နန့်စ်ကနေ ပြောင်းရွှေ့လာတာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအတွက် ကစားပေးထားတဲ့ ၅၂ ပွဲမှာ ၄ ဂိုး သွင်းယူထားပါတယ်။

ဆီဗီလာ နောက်တန်းကစားသမား လန်းဂ်လက်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားတဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage185. အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

နေပြည်တော်မှာ ရောက်ရှိနေတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၃ ရက် ဒီမနက် ၉ နာရီက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အချိန်ဇယား ချမှတ်ဆောင်ရွက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရေး၊ နည်းလမ်းရှာဖွေနိုင်ဖို့အတွက် အဓိကကျတဲ့ ခေါင်းဆောင်တွေအကြား ပိုမိုနီးကပ်စွာ ရှေ့ဆက် ဆွေးနွေးနိုင်ရေးတို့ကို ဆွေးနွေးကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ကရင်အမျိုးသားအစည်းအရုံး (KNU)  ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးတပ်မတော်(RCSS)မှ ဦးဘောင်ခေးနဲ့ ဦးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့  ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ပူဇင်ကျုံး၊ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုဥက္ကဋ္ဌခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောမူရှေး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA) (PC) အထွေထွေအတွင်းရေးမှူး နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကြာဟားတို့ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရဘက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုဝန်ကြီးဦးမင်းသူ၊ ဦးခင်မောင်တင်နဲ့ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ဝ၊ မိုင်းလား၊ ကိုးကန့်နဲ့ ကချင် အပါအဝင်  အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ- State Counsellor


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage184. ဂရိအစိုးရက ရုရှားသံတမန် ၂ ဦးကို နိုင်ငံမှ နှင်ထုတ် -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ဂရိအစိုးရဟာ  ရုရှားသံတမန် ၂ ဦးကို နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပြီး နောက်ထပ် ၂ ဦးကိုလည်း ပြည်ဝင်ခွင့် ပိတ်လိုက်တယ်လို့ ဂရိသတင်းစာ ကာသီမယ်ရီနီက ဇူလိုင် ၁၂ ရက်မှာ ဖော်ပြပါတယ်။

အမျိုးသားလုံခြုံရေးကို ဆန့်ကျင်တဲ့ တရားမဝင် လုပ်ရပ်တွေနဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲပြီး အခုလို နှင်ထုတ်လိုက်တာလို့ သတင်းစာက ဖော်ပြပါတယ်။

ရုရှားသံတမန်တွေဟာ သတင်းနှိုက်ဖို့နဲ့ ဖြန့်ဖို့ ဂရိထောက်လှမ်းရေးတွေကို လာဘ်ထိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဂရိသံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းစာက ဖော်ပြပါတယ်။

ဒါပေမယ့် ဂရိဟာ ရုရှားနဲ့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်မှုကို ထိန်းသိမ်းလိုကြောင်း သံတမန် သတင်းရင်းမြစ်တွေက အလေးထား ပြောခဲ့တယ်လို့လည်း ကာသီမယ်ရီနီ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်အထိတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဂရိအာဏာပိုင်တွေဘက်က တစုံတရာ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပါဘူး။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သံတမန်တွေကို နှင်ထုတ်တဲ့ ဂရိလုပ်ရပ်အတိုင်း ဂရိအပေါ် ပြန်တုံ့ပြန်မယ်လို့ ပြောထားကြောင်း ရုရှားသတင်းဌာန စပုညစ် (Sputnik) က သတင်းဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage183. တောဝက်ဘောလုံးအသင်း -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ဒွိုင်နန်းနွန်းဂူကြီးအတွင်း ၁၈ ရက်တာ ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးထဲက ၃ ဦးဟာ နိုင်ငံမဲ့ကလေးတွေ ဖြစ်ကြောင်း သိရှိရတဲ့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသား ပေးအပ်ဖို့ စီစဉ်နေပါတယ်။

အဆိုပါလူငယ် ၃ ဦးမှာ နည်းပြ ခို့စ်အေခ် ခေါ် နိုင်းအေကဖုန်း ကျန်ထဝုန်း (၂၅ နှစ်)၊ နောင့်တီ ခေါ် နိုင်းဖွန်းချိုင်း ခမ်းလုံ (၁၆ နှစ်) နဲ့ နောင့်အဒွန်းလ် ခေါ် အဒွန်းလ် ဆာမ်အွန် (၁၄ နှစ်) တို့ ဖြစ်ကြပါတယ်။

သူတို့တွေဟာ တိုင်းရင်းသားလူမျိုးစုတွေက မွေးဖွားလာတဲ့ နိုင်ငံမဲ့ကလေးတွေ ဖြစ်ကြောင်း၊ ဒါကြောင့် သူတို့တွေကို တည်ဆဲဥပဒေနဲ့အညီ နိုင်ငံသားပေးအပ်နိုင်ရေး လမ်းကြောင်း ရှာဖွေဖို့ အထက်က ညွှန်ကြားလာတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဝီနတ် ဆရီဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံမဲ့သူများဆိုင်ရာ အက်ဥပဒေ ပုဒ်မ  ၇၊ အပိုဒ်၂ အရ မည်သူမဆို ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ၁၀ နှစ်ဆက်တိုက် ထိုင်းနိုင်ငံမှာ နေထိုင်ရင်သော် လည်းကောင်း၊ မိခင်၊ သို့ မဟုတ် ဖခင် တယောက်ယောက်က ထိုင်းဖြစ်ရင်သော်လည်းကောင်း၊ မိခင်၊ သို့မဟုတ် ဖခင်က ထိုင်းနိုင်ငံသားအဖြစ် ခံယူထားရင်သော် လည်းကောင်း နိုင်ငံသားအဖြစ် လျှောက်ထားခွင့် ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံသားလျှောက်ထားရာမှာ အသက် ၁၈ နှစ်အောက်ကလေးဆိုရင် မြို့နယ်အုပ်ချုပ်ရေးရုံးမှာ လျှောက်ထားရမှာဖြစ်ပြီး ၁၈ နှစ်အထက်ဆိုရင်တော့ ခရိုင်အုပ်ချုပ်ရေးရုံးထိပါ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် တောဝက်ဘောလုံးအသင်း နည်းပြနဲ့ အဖွဲ့ဝင်တွေ နိုင်ငံသားရရှိဖို့ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ ရှာဖွေဖို့ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တဆင့်ပြောထားကြောင်း နိုင်းဝီနတ် ဆရီဆုခ်က ဇူလိုင် ၁၂ ရက်နေ့မှာ  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းထောက်ကို ပြောပါတယ်။

အဆိုပါ သတင်းကို ထိုင်းနေရှင်းတီဗွီက ဒီကနေ့ ထပ်မံဖော်ပြရာမှာ တောဝက်ဘောလုံးအသင်းထဲက နိုင်ငံမဲ့သူတွေမှာ နည်းပြ ၁ ဦး နဲ့အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၄ ဦးရှိကြောင်း၊  နည်းပြ ခို့စ်အေခ်မှာ မယ်ဆိုင်ဆေးရုံမှာ မွေးဖွားတဲ့ သက်သေခံလက်မှတ်သာရှိပြီး မွေးစာရင်း မရှိကြောင်း၊ ကျန်တဲ့ လူငယ် ၁၃ ဦးမှာ မယ်ဆိုင်မြို့ ၀ိန်းဖန်ခမ်းရပ်ကွက်ထဲမှာ မွေးဖွားပေမယ့် သူတို့လည်း မွေးလက်မှတ် မရှိကြောင်း၊ ဒါပေမယ့် သူတို့ အမှန်တကယ် ထိုင်းမှာ မွေးဖွားကြောင်း အသိသက်သေတွေရှိရင် နိုင်ငံသားရဖို့ အခက်အခဲမရှိဘူးလို့  ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ဝီနတ် ဆရီဆုခ်က သည်နေရှင်းတီဗွီ အင်တာဗျူးမှာ ပြောသွားပါတယ်။

လိုဏ်ဂူကြီးထဲ မှောင်မှောင်မည်းမည်း အစာမစားဘဲ ၁၀ ရက်နီးပါး စိတ်ဓာတ်ကြံ့ခိုင်စွာ နေထိုင်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းဝင် ၁၃ ဦးဟာ လူအများရဲ့ စာနာသနားမှုနဲ့ ချီးမွမ်းမှုကို ခံနေရပြီး ထိုင်းမြောက်ပိုင်း ဗိဿနုလုတ်ခရိုင်နရေ့ဆွန်တက္ကသိုလ်ကလည်း ကလေးတွေသာ သူတို့တက္ကသိုလ်မှာ လာတက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ရိုးရိုးဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ရတဲ့အထိ ပညာသင် ထောက်ပံ့ကြေးပေးမယ်လို့ ထုတ်ပြန်ထားကြောင်း သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage182. ဘရက်ဇစ်အစီအစဉ် ဖြစ်မြောက်ခဲ့ပါက ကုန်သွယ်ရေးသဘောတူညီချက် မရနိုင်ဟု ထရမ့်ပြော -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဘရက်ဇစ် (Brexit) အစီအစဉ် စီစဉ်ထားသလို ဖြစ်မြောက်ခဲ့ရင် အမေရိကန်နဲ့ ဗြိတိန် ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ထရမ့်က ထရီဆာမေဟာ သူ့ရဲ့ ဘရက်ဇစ် ညှိနှိုင်းမှုဆိုင်ရာ အကြံပေးချက်အပေါ် လျစ်လျူရှုခဲ့တယ်လို့လည်း ပြောပါတယ်။

ထရမ့်က “ကျနော်သာဆိုရင် အတော်လေး ကွဲပြားတာကို လုပ်မှာပါ” လို့ ပြောခဲ့ပါတယ်။

ထရီဆာမေရဲ့ ပျော့ပျောင်းတဲ့ ဘရက်ဇစ် ချဉ်းကပ်နည်းဟာ သူပေးတဲ့ အကြံဉာဏ်ရဲ့  ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး အဲဒါဟာ တကယ်ကို ဆိုးတယ်လို့လည်း ထရမ့်က ပြောပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေရဲ့ ချဉ်းကပ်နည်းကို နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ ဘရက်ဇစ်ဝန်ကြီး ဒေးဗစ် ဒေဗီစ်တို့ နှစ်ဦးက မထောက်ခံခဲ့ပါဘူး။

သူတို့နှစ်ဦး ရာထူးကနေ နုတ်ထွက်ပြီးလို့ မကြာခင်မှာပဲ ဝန်ကြီးချုပ်မေရဲ့ ဘရက်ဇစ် အဆိုပြုချက်ကို ဒီကနေ့မှာ အပြီးသတ်ခဲ့တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage181. ဦးကိုနီ အသတ်ခံရမှု တရားခံများကို ၆၁ ကြိမ်မြောက် ရုံးထုတ် စစ်ဆေး(ဓာတ်ပုံ) -DVB

#Lead Story (2d ago)

ဖွင့်ရန်။

တရားလွှတ်​​တော်​​ရှေ့​နေ ဦးကိုနီ လုပ်​ကြံသတ်​ဖြတ်​ခံရတာနဲ့ ပတ်​သက်ပြီး တရားစွဲခံထားရတဲ့  ကြည်​လင်း၊ ​အောင်​ဝင်း​ဇော်​၊ ​ဇေယျာဖြိုးတို့ကို ဒီက​နေ့မနက်​ပိုင်းက ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​ တရားရုံးမှာ ရုံးထုတ်​စစ်​​ဆေး​နေပါတယ်​။

ဒီက​နေ့ ရုံးချိန်းက​တော့ ၆၁ ကြိမ်​​မြောက်​ဖြစ်​ပြီး ကြည်​လင်း အမှုတွဲဖြစ်​တဲ့ ​အောင်​ဝင်း​ဇော်​ကို စစ်​​ဆေးမှာလည်း ဖြစ်​ပါတယ်​။

မ​နေ့က ရုံးချိန်းမှာ​တော့ တရားခံ ကြည်​လင်းကို စစ်​​ဆေးခဲ့တာဖြစ်​ပြီး ဦးကိုနီကို ​သေနတ်​နဲ့ အနီးကပ်​ပစ်​ခတ်​ရခြင်းဟာ ​သေ​စေလိုတဲ့ဆန္ဒ မပါဘဲ သူ အသတ်​ခံရမှာစိုးတဲ့အတွက်​ ပစ်​ခတ်​ရတာဖြစ်​တယ်​လို့ ကြည်လင်းက ထွက်​ဆိုခဲ့ပါတယ်​။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage180. သမ္မတ မိန့်ခွန်းနှင့် အတိုင်ပင်ခံ ညွှန်ကြားချက်အား မုံရွာတွင် တောင်သူများ ထောက်ခံကြိုဆို -DVB

#Lead Story (2d ago)

ဖွင့်ရန်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်ယာမြေ သိမ်းဆည်းခံ တောင်သူတွေ စုပေါင်းကာ နိုင်ငံတော်သမ္မတ မိန့်ခွန်းနဲ့  နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက်တွေအပေါ် ထောက်ခံကြိုဆိုပွဲကို ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ထောက်ခံကြိုဆိုပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက် ၄ ချက် အပါအဝင် လယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ် ၅၂ ချက်ကို ထောက်ခံခဲ့ကြတာပါ။

“အခု ပြုလုပ်တာက မုံရွာမြို့နယ်အတွင်းရော ချောင်းဦးဘက်ကပါ မြေသိမ်းခံရတဲ့သူတွေ စုပေါင်းပြုလုပ်တာပါ။ ထောက်ခံတယ် ဆိုတာကလည်း ဒီညွှန်ကြားချက်တွေနဲ့ မူဝါဒတွေဟာ လယ်မြေ သိမ်းဆည်းခံ တောင်သူတွေအတွက် များစွာ အထောက်အကူ ဖြစ်စေလို့ပါပဲ။ တောင်သူတွေအတွက် အားလည်း ဖြစ်စေတယ်”လို့ ထောက်ခံပွဲမှာ ပါဝင်သူ ရွှေဇလုပ်ရပ်ကွက်နေ ဦးအောင်ကြည်က ပြောပါတယ်။

ထောက်ခံပွဲမှာ မုံရွာမြို့နယ်တွင်းက ဇလုပ်၊ အိုးဘိုတောင်၊ နတ်လူထိပ်ပံရပ်ကွက်ရှိ မြေသိမ်းဆည်းခံ တောင်သူတွေ အပါအဝင် ချောင်းဦးမြို့နယ်ဘက်က မြေသိမ်းခံ တောင်သူ တချို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ထောက်ခံကြိုဆိုပွဲကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးကွင်းမှ စတင်ကာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းတွေမှာ တောင်သူအင်အား ၁ဝဝ ခန့် စီတန်းလှည့်လည်ခဲ့တာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage179. ကိုင်ရိုလေဆိပ် အပြင်ဘက်ရှိ ရေနံဓာတုပစ္စည်းစက်ရုံ သိုလှောင်ရုံ ပေါက်ကွဲ၊ ၁၂ ဦး ဒဏ်ရာရ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အီဂျစ်နိုင်ငံ၊ ကိုင်ရိုလေဆိပ် အပြင်ဘက်က ရေနံဓာတုပစ္စည်းစက်ရုံရဲ့ သိုလှောင်ရုံမှာ ပေါက်ကွဲမှုဖြစ်လို့ လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန မီနာက သတင်းဖော်ပြပါတယ်။

အပူချိန်မြင့်တက်ပြီး ပေါက်ကွဲခဲ့တာလို့ ဂရိစစ်တပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး တာမာအယ်လ်ရိဖိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီစက်ရုံကို ဘယ်သူပိုင်တယ်ဆိုတာ ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် အဲဒီစက်ရုံကို အီဂျစ်လက်နက်ကိုင်တပ်ဖွဲ့တွေက ပိုင်ဆိုင်တယ်ဆိုပြီး လုံခြုံရေး သတင်းရင်းမြစ်တွေအပြင် အင်တာနက် လူမှုကွန်ရက်မှာလည်း  ရေးသားပြောဆိုနေတာ တွေ့ရတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြပါတယ်။

အီဂျစ် မြို့ပြလေကြောင်း ဝန်ကြီးဌာန ဝန်ကြီးကတော့ ပေါက်ကွဲမှုကြောင့် လေဆိပ်ရဲ့ လေကြောင်းသွားလာမှုကို ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

မျက်မြင်သက်သေတွေကတော့ ဒီပေါက်ကွဲမှုကြောင့် မီးခိုးလုံးကြီး ကောင်းကင်ကို တက်လာပြီး ပေါက်ကွဲသံကိုလည်း အနီးပတ်ဝန်းကျင်က ကြားခဲ့ရတယ်လို့ ပြောထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage178. ဂျပန်လုပ်ငန်းရှင်များက မြန်မာ့ချည်ထည်များ ဝယ်ယူရန် ကမ်းလှမ်းနေ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က ထွက်ရှိတဲ့ ချည်ထည်တွေကို ဂျပန်နိုင်ငံက လုပ်ငန်းရှင်တွေက ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့အတွက် ချည်ထည်ဈေးကွက် ပိုမိုအားကောင်းလာနိုင်ပါတယ်။

ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်နီလာက “ဂျပန်ဝန်ကြီးချုပ် ကတော် မဒမ်အာခိအဲအာဘေးနဲ့ ဂျပန်ပြည်သူတွေ လာရောက်ပြီး ပြခန်းတွေကို လိုက်ကြည့်ရှုပြီး ဝယ်ယူ အားပေးသွားတယ်။ ချည်ထည်တွေကို ဂျပန်ဈေးကွက်မှာ တဆင့် ပြန်ရောင်းချင်တဲ့သူတွေက နှစ်သက် တန်ဖိုးထားကြတဲ့အတွက် အပြန်ကို လေဆိပ်ထိ လိုက်ပြီး မှာယူကြတယ်။ လုပ်ငန်းရှင်တချို့ကလည်း အမြဲတမ်း ပေးပို့ဖို့ ကမ်းလှမ်းတယ်။ မြန်မာပြည်ဈေးကွက်နဲ့ ယှဉ်ရင် နှစ်ဆ ဈေးပိုရတဲ့ အခြေအနေမှာ ရှိပြီးတော့ လုံချည်ချုပ်ပြီး ပတ်ထဘီတွေ၊ ကူရှင်ကာဘာ၊ အိတ်၊ စားပွဲခင်းနဲ့ ချည်ထည်အလွတ်တွေကို ဂျပန်ဈေးကွက်က ဝယ်ယူ အားပေးကြတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SME) ဒုညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက “အခုလို ပခုက္ကူချည်ထည်တွေကို ပြည်ပဈေးကွက်ကို ပိုမိုတင်ပို့ရောင်းချလာတာနဲ့အမျှ အဲဒီဒေသမှာရှိတဲ့ ဝါစိုက်တောင်သူတွေ၊ ချည်မျှင် ထုတ်လုပ်တဲ့သူတွေ၊ အလုပ်သမားတွေ အားလုံး ပိုပြီးတော့ အဆင်ပြေလာနိုင်တယ်လို့”  ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ဇွန်လကုန်က နှစ်ရက်တာ ကျင်းပခဲ့တဲ့ မြန်မာပွဲတော်မှာ ပြခန်းတွေဖွင့်ပြီး ချည်ထည်တွေကို ခင်းကျင်းပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းထီး


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage177. ကမ္ဘာ့ဖလားပွဲလာကြည့်သည့် မိန်းကလေးများကို ကင်မရာအနီးကပ်ရိုက်မှု ရပ်တန့်ရန် သတိပေး -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေထဲက ခပ်မိုက်မိုက် ဝတ်စားထားတဲ့ မိန်းကလေးတွေကို ကင်မရာတွေကနေ အနီးကပ် သေချာရိုက်ပြတာတွေ ရပ်တန့်ဖို့ ဖီဖာက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ဖီဖာ တာဝန်ရှိသူကတော့ တသီးပုဂ္ဂလ ရုပ်သံထုတ်လွှင့်သူတွေနဲ့ ကမ္ဘာ့ဖလားပွဲကို ထုတ်လွှင့်ပေးနေတဲ့ သူတွေကိုတော့ ဒါမျိုးမပြဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေသေးတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။

ခွဲခြားဆက်ဆံမှုတွေ ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတဲ့ အဖြစ်မျိုး ၃ဝဝ နီးပါးလောက် ရှိတယ်လို့ ထောက်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage176. ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပြင်သစ်ကို အနိုင်ရမည်ဟု ခရိုအေးရှား သမ္မတ ပြော -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ပြင်သစ်အသင်းကို ခရိုအေးရှားက အနိုင်ရလိမ့်မယ်လို့ ခရိုအေးရှားသမ္မတ ကိုလင်ဒါ ဂရာဘာ ကစ်တာရိုဗစ်က ပြောလိုက်ပါတယ်။

နေတိုးအဖွဲ့ အစည်းအဝေးတက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲကို လာရောက်တုန်းမှာ ခရိုအေးရှားသမ္မတက ပြောဆိုလိုက်တာပါ။

ဒါ့အပြင် လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ ကစားမယ့် ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ ဗိုလ်လုပွဲကြည်ဖို့ ပြင်သစ်သမ္မတ အီမန်နူရယ် မာခွန်းနဲ့ မော်စကိုမှာ ဆုံကြဖို့ သဘောတူထားတယ်လို့လည်း ခရိုအေးရှားသမ္မတက ဆိုပါတယ်။

သူဟာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ကစားတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကိုတော့ နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ ညစာစားပွဲရှိတာကြောင့် မကြည့်ဖြစ်ခဲ့ဘူးလို့လည်း ပြောပါတယ်။

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage175. ​ချောက်​မြို့​မ​ဈေး အ​ဆောင်​ပြင်​ဆင်​မှု​ ဝန်​ကြီး ညှိနှိုင်းပေးသော်လည်း ပြေလည်မှုမရ -DVB

#Lead Story (2d ago)

ဖွင့်ရန်။...
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage174. ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ငလျင်ဆိုင်ရာဖိုရမ် ကျင်းပ (ဓာတ်ပုံ) -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ဒုတိယအကြိမ် ငလျင်ဆိုင်ရာဖိုရမ်ကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဇူလိုင် ၁၃ ရက်နေ့က စတင်ကျင်းပနေပါတယ်။

ဖိုရမ်ကို ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်တာ ကျင်းပမှာဖြစ်ပြီး ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တာတွေကို ဆွေးနွေးနေကြတာပါ။

မြန်မာနိုင်ငံဟာ စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ ကုလားတန် ပြတ်ရွေ့၊ ကဘော် ပြတ်ရွေ့တွေပေါ်မှာ တည်ရှိတာကြောင့် ငလျင် သဘာဝဘေးအန္တရာယ်ရှိပါတယ်။

မြန်မာ့သမိုင်းမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့် အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တာတွေနဲ့  ရှေးဟောင်း အဆောက်အအုံတွေ ပျက်စီးခဲ့တာတွေ ရှိခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage173. ထရမ့်နှင့် ပျော်ပါးဖူးဟု ပြောထားသည့် အပြာမင်းသမီး ကိုယ်ခန္ဓာထိကိုင်ခွင့်ပေးမှုဖြင့် အဖမ်းခံရ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပျော်ပါးခဲ့ဖူးတယ်လို့ ပြောကြားထားတဲ့ အပြာရုပ်ရှင် မင်းသမီး စတော်မီ ဒန်နီယယ်ကို အဖော်အချွတ် ကလပ်တခုမှာ ဇူလိုင် ၁၂ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

စတော်မီ ဒန်နီယယ်ဟာ ကလပ်မှာ အဖော်အချွတ်အကနဲ့ ဖျော်ဖြေနေစဉ် လာရောက်သူတွေကို သူ့ရဲ့ကိုယ်ခန္ဓာ ထိကိုင်ခွင့်ပေးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပါ။

အိုဟိုင်းယိုးပြည်နယ် ဥပဒေအရ မိသားစုဝင်မဟုတ်တဲ့ တစိမ်းတဦးဟာ ဝတ်လစ်စလစ် သို့မဟုတ် တစိတ်တပိုင်း ဝတ်လစ်စလစ်နဲ့ ကပြသူကို ထိကိုင်ခြင်းမပြုရလို့ တားမြစ်ထားတာကြောင့် ဖြစ်ပါတယ်။

ဒန်နီယယ်ကို ဇူလိုင် ၁၂ ရက်နေ့ အစောပိုင်းမှာ ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စတော်မီ ဒန်နီယယ်ရဲ့ ရှေ့နေ မိုက်ကယ် အာဗန်နာတီကတော့ “အခုလုပ်ရပ်က လုံးဝ ဇာတ်လမ်းဆင်ထားတဲ့ လုပ်ရပ်ပါ” လို့ ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage172. ဂျပန်တွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂ဝဝ အထိရှိ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂ဝဝ အထိ ရှိသွားပြီလို့ အာဏာပိုင်တွေက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရေလွှမ်းမိုးရာ ဒေသတွေမှာ လူ ၆ဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဝန်ထမ်းပေါင်း ၇ဝ,ဝဝဝ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေပါတယ်။

အဲဒီဒေသတွေထဲမှာ ဟီရိုရှီးမား၊ အိုကေယာမာနဲ့ အီချီမဲ စီရင်စုတွေ ပါဝင်ပါတယ်။

ဟီရိုရှီးမားစီရင်စု တခုတည်းတင် လူ ၇ဝ ကျော် သေဆုံးကြောင်း အတည်ပြုထားပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်မှာပဲ ဂျပန်အစိုးရဟာ ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃ဝ ကျော် လျာထားတယ်လို့လည်း စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage171. ငွေကြေးခဝါချနေသည့် အီရန်ကွန်ရက်တခုကို အမေရိကန်နှင့် ယူအေအီး ပူးပေါင်းဖြိုခွဲ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ငွေကြေးခဝါချနေတဲ့ အီရန်နိုင်ငံရဲ့ ကွန်ရက်တခုကို အမေရိကန်နဲ့ ယူအေအီးနိုင်ငံတို့ ပူးပေါင်းဖြိုခွဲနိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတဦးက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားသွားပါတယ်။

အီရန်အစိုးရရဲ့ အစ္စလာမ္မစ် တော်လှန်ရေးတပ်ဖွဲ့ကို ပြည်ပကနေ ဒေါ်လာငွေ သန်းနဲ့ချီပြီး ငွေလွှဲပေးနေတဲ့ ငွေကြေးလဲလှယ်ရေး ကွန်ရက်ကို ယူအေအီးနဲ့ ပူးပေါင်းပြီး ဖြိုခွဲခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး လက်ထောက်ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အီရန်ဟာ ယူအေအီး ဘဏ္ဍာရေးစနစ်ကို အသုံးပြုပြီး အီရန်ငွေကို အမေရိကန်ဒေါ်လာအဖြစ် ပြောင်းလဲပြီး အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့နေတာလည်း ဖြစ်ပါတယ်။

အခုလို အီရန်ရဲ့ ငွေကြေးခဝါချတဲ့ ကွန်ရက်ကို အီရန် ဗဟိုဘဏ်က အကြီးတန်းအဆင့် တာဝန်ရှိသူတွေက ညွှန်ကြားဆောင်ရွက်တာဖြစ်ပြီး စာရွက်စာတမ်းအတု၊ ကုမ္ပဏီအတုတွေနဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage170. ဇူလိုင် ၁၃ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ဇူလိုင် ၁၃ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄ဝ၆ ကျပ်၊  ၁ ယူရိုငွေကို ၁၆၄၃ ဒသမ ၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁ဝ၃၂ ဒသမ ၇ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၂၄၉ ဒသမ ၇ ကျပ်၊  တရုတ် ၁ ယွမ်ကို ၂၁ဝ ဒသမ ၁၇ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၈ ဒသမ ၃၀ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၄၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။  

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၄၃ဝဝ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၄၅ဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၄၆ ဒသမ ၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage169. ခရိုအေးရှားအစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်လာသူများ ဘောလုံးအသင်းဂျာစီဝတ်ပြီး ဂုဏ်ပြု -DVB

#Lead Story (2d ago)

ဖွင့်ရန်။

မနေ့ကကျင်းပခဲ့တဲ့ ခရိုအေးရှားအစိုးရအဖွဲ့ အစည်းအဝေးမှာ တက်ရောက်လာသူတွေက ခရိုအေးရှား ဘောလုံးအသင်း ဂျာစီအင်္ကျီတွေ ဝတ်ဆင်ခဲ့ပါတယ်။

ရုရှားမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခရိုအေးရှားအသင်း ပထမဆုံးအကြိမ် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်လာတဲ့ ဝန်ကြီးတွေ အပါအဝင် အားလုံးက ခရိုအေးရှား ဂျာစီတွေ ဝတ်ဆင်ခဲ့တာပါ။

ခရိုအေးရှား ဝန်ကြီးချုပ်ကတော့ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ကို မော်စကိုအထိ သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက တတိယနေရာ ရခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဗိုလ်လုပွဲကို ရောက်ရှိနေလို့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage168. တရုတ်တွင် ဓာတုစက်ရုံ ပေါက်ကွဲ၊ ၁၉ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ (ရုပ်သံ) -DVB

#Lead Story (2d ago)

ဖွင့်ရန်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် စက်မှုဇုန်တခုမှာ ဇူလိုင် ၁၂ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ယီဘင်ဟန်ဒါ နည်းပညာကုမ္ပဏီပိုင် ဓာတုစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ကျီအန်းကန်စီရင်စု အာဏာပိုင်တွေက ဆိုပါတယ်။

ဆိုရှယ်မီဒီယာတွေကနေ တင်တဲ့ ဓာတ်ပုံတွေမှာ အဲဒီစက်ရုံကနေ မီးတောက်နဲ့ မီးခိုးလုံးတွေ ထိုးထွက်နေတာကို မြင်တွေ့ရပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ ဓာတုစက်ရုံ ကြီးမားတဲ့ ဘေးအန္တရာယ်ဖြစ်မှုတွေထဲက တခုဖြစ်တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage167. လွိုင်လင်မြို့နယ်တွင် ကျပ်သိန်း ၃၅၅၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ငွေကျပ်သိန်း ၃,၅၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု ၂၇ လွိုင်လင်မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးမှာ ဝင်းထွဋ် မောင်းနှင်ပြီး မြတ်အောင်ဇော်နဲ့ မမြင့်မြင့်တို့ လိုက်ပါလာတဲ့ CALDINA မော်တော်ယာဉ်ကို ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာပါ။

မော်တော်ယာဉ်ရဲ့ အနောက်ဝဲဘက်ခြမ်း အံဝှက်အတွင်းနဲ့ ဆီတိုင်ကီအတွင်းကနေ ကျပ်သိန်း ၃၅၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား၂၃၀,၀၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ ငွေကျပ် ၄ သိန်းနဲ့ လက်ကိုင်ဖုန်း လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဝင်းထွဋ် (၂၃) နှစ်၊ မမြင့်မြင့် (၂၈) နှစ်နဲ့ မြတ်အောင်ဇော် ၁၉ နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

အလားတူ မိုင်းရယ်မြို့နယ်မှာလည်း လက်နက်/ခဲယမ်းတွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ မူးယစ်တပ်ဖွဲ့စု (၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအထွက် အိုက်လူးမောင်းနှင်လာတဲ့ PRADO LANDCRUISER မော်တော်ယာဉ်ကိုရှာဖွေရာကနေ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၆ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ၎င်းကျည် ၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage166. အာဆီယံယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် မလေးရှား ဗိုလ်လုမည် -DVB

#Lead Story (2d ago)

ဖွင့်ရန်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ မလေးရှားတို့ ဇူလိုင် ၁၄ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ မြန်မာက လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိ၊ မလေးရှားက အိမ်ရှင် အင်ဒိုနီးရှားကို ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြတာပါ။

မြန်မာနဲ့ မလေးရှားတို့ဟာ အုပ်စုတခုတည်းမှာ ကျရောက်ခဲ့ပြီး အုပ်စုတွင်း ယှဉ်ပြိုင်ခဲ့ရာမှာတော့ မလေးရှားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ မြန်မာနဲ့ မလေးရှားတို့ဟာ အရင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၃ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ မြန်မာက ၄ ဂိုး ဂိုးမရှိ၊ ၂၀၀၅ အာဆီယံ ယူ-၂၀ ပြိုင်ပွဲမှာ မြန်မာကပဲ ၁ ဂိုး ဂိုးမရှိနဲ့ နှစ်ကြိမ်လုံး အနိုင်ရပြီး ဗိုလ်စွဲထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage165. အဆင့်မြင့် ရက်ကန်းနည်းပညာ သင်တန်းကျောင်း ဝမ်းတွင်းတွင် ဖွင့်လှစ်မည် -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ဝမ်းတွင်းမြို့နယ်မှာ နိုင်ငံခြားအထောက်အပံ့နဲ့ အဆင့်မြင့် ရက်ကန်းနည်းပညာ သင်တန်းကျောင်းဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်မိုးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမမှာ ဇူလိုင် ၁၁ ရက် မနက်က မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်အသင်းနဲ့ ရက်ကန်းလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ရက်ကန်းလုပ်ငန်းတွေဟာ နယ်မြို့တွေမှာပဲ အများဆုံးရှိနေတယ်။ ဝမ်းတွင်းက လုပ်ငန်းရှင်တဦးကလည်း အဆင့်မြင့်နည်းပညာ သင်တန်းဖွင့်ပေးပါ တောင်းဆိုထားတယ်။ နိုင်ငံခြားသား ပညာရှင်တွေနဲ့ မြန်မာနိုင်ငံတွင်းက သက်မွေးပညာကျောင်း တကျောင်းနဲ့ ချိတ်ဆက်ပြီး ဝမ်းတွင်းမြို့မှာ အဆင့်မြင့် ရက်ကန်းနည်းပညာသင်တန်းကို ၂ နှစ်တိတိ ဖွင့်ပေးမယ်။ ၂ နှစ်ကာလ နောက်ပိုင်းမှာတော့ ကိုယ့်အားကိုယ်ကိုး ရပ်တည်ရမယ်။ ရက်ကန်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ငွေကြေးနဲ့ နည်းပညာ ကူညီပေးကြမယ့် နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ အဲဒါကြောင့် ဝမ်းတွင်းက ရက်ကန်းလုပ်ငန်းရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ရအောင် တွေ့ဆုံတာပါ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက “ဝမ်းတွင်းမြို့နယ်က ရက်ကန်းစင်တွေဟာ နှစ်ပေါင်း ၅၀ ကျော်က ဂျပန်က တင်သွင်းလာတဲ့ စင်တွေပါ။ အဲဒီရက်ကန်းစင်တွေကို ခေတ်မီရက်ကန်းစင်တွေနဲ့ ပြောင်းလဲရင် ပိုကာင်းမယ်။ အဲဒီလို ပြောင်းလဲမယ်ဆိုရင် လိုအပ်မယ့် ငွေအရင်းနှီးအတွက် ဘဏ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ချေးပေးဖို့ ဆွေးနွေးထားပါတယ်။ ရက်ကန်းလုပ်ငန်းဟာ စိုက်ပျိုးရေးထဲက ဝါစိုက်ခြင်းနဲ့ ဆက်နေတယ်။ အလုပ်အကိုင် အခွင့်အလမ်း အများကြီး ဖန်တီးပေးတဲ့ လုပ်ငန်းတခုပါ။ ဒီလုပ်ငန်းရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်အစိုးရဆီ တင်ပြပေးသွားမှာပါ။ ဝမ်းတွင်းက ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အဆင့်မြင့် နည်းပညာကျောင်း ဖွင့်သွားမှာပါ” လို့ ပြောပါတယ်။

နယ်မြေခံရက်ကန်းလုပ်ငန်းရှင် ဦးလှမျိုးက “ဝမ်းတွင်းမြို့နယ်က ရက်ကန်းလုပ်ငန်းရှင် အများအပြား ရှိတဲ့အရပ်ဒေသပါ။ အဲဒါကြောင့် ရက်ကန်းလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်အသင်း အီးစီ ၂ နေရာ၊ ၃ နေရာ ထည့်ထားပေးစေချင်တယ်။ အဲဒါမှလည်း နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီး တိုက်ရိုက်လုပ်ဆောင်သွားရမယ့် အကျိုးကျေးဇူး ရမှာပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ လူဦးရေ ၃ သိန်းလောက်ရှိနေပြီး တမြို့နယ်လုံးအနေနဲ့ ရက်ကန်းစင်ပေါင်း ၃ သောင်းကျော်လောက် ရှိနေပြီး လူဦးရေ ၁ သိန်းကျော်ကို အလုပ်အကိုင် ပေးထားတာ ဖြစ်ပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage164. နည်းပြ ကွန်တီနှင့် ချဲလ်ဆီးအသင်း လမ်းခွဲ -DVB

#Lead Story (2d ago)

ဖွင့်ရန်။

ချဲလ်ဆီးအသင်းဟာ လက်ရှိနည်းပြ အန်တိုနီယို ကွန်တီနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ဒါပေမယ့် အသက် ၄၈ နှစ်အရွယ် နည်းပြ ကွန်တီနဲ့ ဘာကြောင့် လမ်းခွဲရသလဲ ဆိုတာကိုတော့ ချဲလ်ဆီးဘက်က ပြောဆိုထားခြင်း မရှိပါဘူး။

ချဲလ်ဆီး ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကတော့ နည်းပြ ကွန်တီကို အနာဂတ်မှာ ကံကောင်းဖို့ ဆုတောင်းပေးတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

နည်းပြ ကွန်တီဟာ ချဲလ်ဆီးကို ၂ နှစ်တာ တာဝန်ယူခဲ့ပြီး ပထမဆုံးနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လောလောဆယ်မှာ ချဲလ်ဆီးက နာပိုလီအသင်းနည်းပြ ဆာရီကို ခန့်အပ်ဖို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage163. Nearly 70 candidates register for November by-election -DVB

#2017 by-elections (3d ago)

ဖွင့်ရန်။

A total of 69 people have filed for candidature to contest Burma’s upcoming by-election, a Union Election Commission (UEC) official has told DVB.

The vote, for 13 seats across the Union Parliament and state and regional legislatures, will take place on Nov. 3. The deadline for candidate submissions was Wednesday.

“They are from 24 political parties. Seven of them are independent candidates,” said Myint Naing, a spokesperson for the UEC.

The commission will vet the prospective candidates for eligibility from July 16-26.

In the upcoming November vote, four Lower House seats and one Upper House seat in the national legislature will be contested, as well as eight constituencies at the state and region level.

The country’s most recent by-election was held just last year, on April 1.

Of the 19 seats put to a vote in that poll, 10 were won by the ruling National League for Democracy (NLD). The Shan Nationalities League for Democracy tallied six, and the Union Solidarity and Development Party, the Arakan National Party and All Nationalities Democracy Party took one seat each.


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား English ဘာသာ သတင်းများ ဖတ်ရန်...

NoImage162. “ဝ” ခေါင်းဆောင် ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတက် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

နေပြည်တော်မှာ ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ရဲ့ ဒုဥက္ကဋ္ဌပေါက်ယူရီဟာ ကျန်းမာရေးအခြေနေကြောင့် ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံးကြီးကို အရေးပေါ် တက်ရောက်ကုသမှုခံယူခဲ့ရပါတယ်။

“အသက်ကြီးတော့ ပင်ပန်းတဲ့အခါ ဒဏ်မခံနိုင်လို့ ဖြစ်သွားတာပါ။ စိုးရိမ်စရာမရှိပါဘူး။ အအေးမိလို့ ဖြစ်သွားတာ၊ အခုတော့ ကောင်းသွားပါပြီ။ ဆရာဝန်က အနားယူဖို့ ခိုင်းထားပါတယ်” လို့ ဝ အဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးဆမ်လော့က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ၆ ရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်လာတဲ့ မြောက်ပိုင်း ၇ ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ညနေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့ ညနေမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage161. လိုဏ်ဂူတွင်း ပိတ်မိခဲ့သည့် ထိုင်းကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကြုံတွေ့နိုင် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က ခွန်နမ့်ဒွိုင်နန်းနွန်းဂူထဲမှာ ၁၅ ရက်ကျော် ပိတ်မိနေခဲ့တဲ့ ကလေးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ King’s College London တက္ကသိုလ်က စိတ်ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

King’s College London က ကုခန်းစိတ်ပညာရှင် ဒေါက်တာ အန်ဒရေယယ် ဒနေစာ (Andrea Danese) က “ကျနော့်အထင်တော့ ကလေးအားလုံး မဟုတ်ပေမယ့် တော်တော်များများမှာ စိတ်ထိခိုက်ခံစားခဲ့ရတဲ့ ဝေဒနာမျိုး ဂူထဲမှာကတည်းက ကြုံတွေ့ခံစားရပြီး အပြင်ရောက်တော့လည်း ဆက်ပြီး ရှိနေနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးက ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ထိတ်လန့်ဖွယ် အတွေ့အကြုံတွေကို ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန်တဲ့အခါ အဲဒီလို စိတ်ထိခိုက်မှုမျိုး ဖြစ်တတ်ပါတယ်” လို့ ပြောပါတယ်။

စိတ်ပညာရှင်တဦးရဲ့ အမြင်အရ ကလေးတွေဟာ သီးခြားနေခဲ့ကြတာ မဟုတ်ဘဲ နည်းပြနဲ့အတူ တပေါင်းတစည်းတည်း နေခဲ့ရတဲ့အချက်က ကလေးတွေရဲ့စိတ်ဓာတ်ကို မြင့်တက်စေတာလို့ ဆိုပါတယ်။

ဒါပေမယ့် ဆိုးဆိုးဝါးဝါး အတွေ့အကြုံမျိုး သိပ်ပြင်းထန်ရင်တော့ သူ့တို့ရဲ့ ဦးနှောက်ကိုတောင် အပြောင်းအလဲ ဖြစ်သွားစေနိုင်ပြီး သူတို့ရဲ့ အပြုအမူတွေဟာလည်း ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

“ဒီလိုမျိုး တွေ့ကြုံခဲ့ရသူတွေဟာ ဘဝမှာ မစွန့်စားရဲတော့တဲ့ စိတ်မျိုးလည်း ဝင်ကောင်း ဝင်သွားနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့လည်း သူများတွေ မလုပ်နိုင်ဘူးလို့ ထင်တဲ့အရာကို အောင်မြင်အောင်လုပ်နိုင်တဲ့ အခါမျိုးမှာဆိုရင် သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို မြင့်တက်လာစေပါတယ်” လို့ King’s College London စိတ်ကျန်းမာရေးဆိုင်ရာ စိတ်ပညာရှင် နီးလ်ဂရင်းဘတ်ခ် (Neil Greenberg) က ပြောကြားသွားတာပါ။

လက်ရှိအချိန်မှာတော့ ကလေးတွေကို ဆေးရုံက မှန်လုံခန်းထဲမှာ သီးခြားထားပြီး ဆေးဝါးကုသပေးနေပါတယ်။

ကလေးတွေရဲ့ မိဘတွေဟာလည်း မှန်ကနေတဆင့် ကလေးတွေကို မြင်တွေ့ခွင့်ရပြီး တယ်လီဖုန်းနဲ့သာ စကားပြောခွင့် ပေးထားတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage160. မြန်မာလုပ်သားအများစု လုပ်ကိုင်နေသည့်စက်ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများစု ၀င်ရောက်လုပ်ကိုင်နေတဲ့  ထိုင်းတောင်ပိုင်း နခွန်း စီထမရတ်ခရိုင် ခိုလတ်မြို့ရှိ အသင့်စား အစားအစာထုတ်လုပ်ရေးစက်ရုံတရုံမှာ ဒီကနေ့ မနက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနက် ၁၀ နာရီခွဲလောက်က ခိုရတ်မြို့နောင်ဘိုဆာလားရပ်ကွက် စူရနားရီး စက်မှုဇုန်တွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ မီးသတ်ကားတွေနဲ့အတူ ရောက်ရှိသွားရာမှာ တထပ်တိုက်တန်းလျားတခုတွင်း မီးလောင်နေပြီး စက်ရုံအလုပ်သမားတွေ ကစဥ့်ကလျား ထွက်ပြေးကာ တချို့ကလည်း စက်ရုံဝင်းအုတ်တံတိုင်းကို ကျော်ခွ ထွက်ပြေး နေတာ တွေ့ရတယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။

အဆိုပါ စက်ရုံမှာ Van Guard Food ကုမ္ပဏီပိုင်ဖြစ်ပြီး  ကြက်သားနဲ့ အသင့်စား အစားအစာ ထုတ်လုပ်နေတာဖြစ်ကြောင်း၊ မီးသတ်ကားတွေက အချိန် ၁ နာရီကျော် ငြိမ်းသတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

မီးလောင်မှုမှာ ဒဏ်ရာရသူ စက်ရုံအလုပ်သမ  ၅ ဦးရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ကနဦး ရှေးဦးသူနာပြုစုကာ ဆေးရုံပို့ဆောင်ပေးထားကြောင်း၊ မီးလောင်ရတဲ့ အကြောင်း ရင်းမှာ အလုပ်သမားတွေက မီးဖိုကို မီးညှိရန်ပြင်စဉ် မီးဖိုက မှောက်လဲသွားပြီး ချက်ချင်း မီးထတောက်ခဲ့တာလို့ ကနဦး သိရှိရကြောင်း၊  ဖြစ်ရပ်မှန်နဲ့ အသေးစိတ်ကိုတော့ ဆက်လက်စုံ စမ်းသွားမယ်လို့ တာဝန်ကျရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ အေအေစီ (ယာယီဖျက်သိမ်း) အဖွဲ့မှ ကိုရဲမင်းက အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၁၀၀ ကျော်လုပ်ကိုင်နေပြီး ဒဏ်ရာရသူတွေထဲမှာ မြန်မာအလုပ်သမားတွေ ပါမပါ ချိတ်ဆက်မေးမြန်းနေဆဲပဲလို့ ဒီဗွီဘီကို ပြောသွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage159. အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ထိုင်းကို နိုင်ပြီး မြန်မာအသင်း ဗိုလ်လုပွဲတက် (ရုပ်သံ) -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းမှာ ထိုင်းအသင်းဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့လို့ ပွဲက အပြန်အလှန်ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန်အတော်များများမှာတော့ မြန်မာအသင်း ရှေ့တန်းမှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်း တဦးတည်းပဲထားပြီး ခံစစ်ကစားခဲ့တဲ့အတွက် ထိုင်းအသင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။

မြန်မာအသင်းဟာ ခံစစ်ကစားနေရာက တချက်တချက် တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်ကစားခဲ့သလို အနိုင်ဂိုးကိုလည်း တန်ပြန်တိုက်စစ်ကတဆင့် တိုက်စစ်မှူး ဝင်နိုင်ထွန်းက ပွဲချိန် ၈၇ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ မလေးရှား၊ တီမော၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်တွေမှာ တီမောနဲ့ နှစ်ဂိုးစီသရေ၊ ကမ္ဘောဒီးယားကို လေးဂိုး တဂိုး၊ ဘရူနိုင်းကို ခုနှစ်ဂိုး တဂိုးနဲ့နိုင်ပြီး မလေးရှားကိုတော့ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အုပ်စုပွဲစဉ်တွေအပြီး မြန်မာအသင်းက နှစ်ပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ဒီနေ့ညနေ မြန်မာစံတော်ချိန် ၆း၃၀ အချိန်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ မြန်မာအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage158. ဦးကိုနီဦးခေါင်းကို သေနတ်ဖြင့်ပစ်ခဲ့ရပေမယ့် သေစေလိုသည့်ဆန္ဒမရှိဟု ကြည်လင်းထွက်ဆို -DVB

#Lead Story (3d ago)

ဖွင့်ရန်။

တရားလွှတ်တော်ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့ရတာဟာ ဦးကိုနီကိုသေနတ်နဲ့မပစ်ရင် သူ့ကိုသတ်မှာ စိုးတာကြောင့် သေနတ်နဲ့ခေါင်းကို ပစ်ခဲ့ရတာဖြစ်ပြီး သူ့အနေနဲ့ ဦးကိုနီကို သေစေလိုတဲ့ ဆန္ဒမရှိဘူးလို့ ဒီကနေ့ တရားခွင်မှာ ကျူးလွန်သူ ကြည်လင်းက ထွက်ဆိုခဲ့ပါတယ်။

ရုံးတော်မှာ ကြည်လင်းက “သူ့ကို မဲဆောက်မှာနေထိုင်သူ မြင့်ဆွေက ဆက်သွယ်ခဲ့ပြီး လေဆိပ်ကိုခေါ်ဆောင်ကာ သေနတ်ပေးခဲ့ပြီး ဦးကိုနီရဲ့ဓာတ်ပုံကိုပြကာ သေနတ်နဲ့ ပစ်ခိုင်း ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ဦးကိုနီကို အရင်ထဲက မြင်ဖူးခဲ့ခြင်း မရှိတာကြောင့် မသတ်လိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ မြင့်ဆွေဆိုသူက သူ့အနေနဲ့ဦးကိုနီကို မသတ်ရင် သူနဲ့ သူ့ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် မြင့်ဆွေက လေဆိပ်မှာတင် သေနတ်ပေးခဲ့ပြီး ပစ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တက္ကစီယာဉ်မောင်း ကိုနေ၀င်း ကိုတော့ သူ့အနေနဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်း မရှိဘူး”လို့ ထွက်ဆိုသွားပါတယ်။

ဆက်လက်ပြီး ကြည်လင်းက သူ့ကို ခြိမ်းခြောက် ခိုင်းစေသူ မြင့်ဆွေဆိုသူနဲ့ လွန်ခဲ့တဲ့ ၂၅နှစ်က မန္တလေးမှာ ခင်မင်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး သေနတ်သမား ကြည်လင်းပါ ၄ ဦးကို ဇူလိုင်လ ၁၂ရက်က မြောက်ပိုင်းခရိုင်တရားရုံးမှာ ၆၀ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ သေနတ်သမားကြည်လင်းကို စစ်ဆေးခဲ့ရာမှာတော့ အခုလို ထွက်ဆိုသွားတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage157. အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကာချုပ် သီးသန့်တွေ့ဆုံ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

နေပြည်တော် ဘုရင်နောင်ရိပ်သာ ဧည့်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့တာ ဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြောင်းနဲ့ လက်ရှိ လုပ်ဆောင် နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ နိုင်ထောမွန်၊ ဗိုလ်ချုပ်ဘောင်ခေး၊ ခိုင်စိုးနိုင်အောင်၊ ပူဇင်ကျုံး၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရဲဘော်သံခဲ၊ ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒေါက်တာ နော်ကပေါ်ထူး၊ ကျားဟာ၊ ပဒိုကွယ်ထူးဝင်း၊ နိုင်ဟံသာနဲ့ ဗိုလ်မှူးကြီးစိုင်းငင်းတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage156. စတုတ်ကွင်းလယ်လူ ရှာကွီရီကို လီဗာပူး ခေါ်ယူရန် ဆွေးနွေး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

စတုတ်စီးတီးအသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ရှာကွီရီကို ခေါ်ယူဖို့ လီဗာပူအသင်းက ဆွေးနွေးနေပါတယ်။

ရှာကွီရီအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၃ သန်း ဝန်းကျင်လောက် ရှိမယ်ဆိုပြီး ခန့်မှန်းနေပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဆားဘီးယားအသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ၁ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ ဆွီဒင်ကိုရှုံးပြီး ထွက်ခဲ့ရပါတယ်။

ကွင်းလယ်လူ ရှာကွီရီဟာ အင်တာမီလန်အသင်းကနေ ၂ဝ၁၅ မှာ စတုတ်စီးတီးကို ရောက်ရှိခဲ့တာပါ။ သူဟာ စတုတ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ၈ ဂိုး သွင်းယူပေးနိုင်ပေမယ့် အသင်းကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage155. ယွမ်ငွေ သန်း ၇၀ ခန့် လာဘ်စားမှုဖြင့် အဖမ်းခံထားရသည့် တရုတ်အရာရှိကို စစ်ဆေး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

တရုတ်ယွမ်ငွေ သန်း ၇ဝ ခန့် လာဘ်စားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဝန်ကြီးဌာနအဆင့်ရှိ တရုတ်ငွေတိုက်စာချုပ် ကြီးကြပ်ရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ယောင်ကန်းကို ဇူလိုင် ၁၁ ရက်နေ့က တရားရုံးမှာ အမှုစစ်ဆေးခဲ့ပါတယ်။

သူ့ကို ဟီဘေးပြည်နယ် ဟန်ဒန်မြို့က တရားရုံးမှာ အမှုစစ်ဆေးခဲ့တာပါ။

အစိုးရရှေ့နေတွေရဲ့ စွပ်စွဲချက်အရ ဒု-ဥက္ကဋ္ဌ ယောင်ကန်းဟာ ၂ဝဝ၆ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်း သူ့ရဲ့ ရာထူးအာဏာကိုသုံးပြီး ကုမ္ပဏီရှယ်ယာတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေ တခြားသူတွေကို အသိပေးတာမျိုး ပြုလုပ်ခဲ့သလို သူ့ရဲ့ မိသားစုကနေတဆင့် တရုတ်ယွမ်ငွေ ၆၉ ဒသမ ၆၁ သန်း ပမာဏရှိတဲ့ ငွေနဲ့ ပစ္စည်းတွေကို တရားမဝင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

တရားခွင်မှာ နှစ်ဖက် လျှောက်လဲခဲ့ကြအပြီး ဒု-ဥက္ကဋ္ဌ ယောင်ကန်းက အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သူ့ရဲ့ပြစ်မှုနဲ့ ပတ်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်း ပြစ်ဒဏ်ချမှတ်သွားမှာလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အခုနှစ်အတွင်း လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူး စတဲ့ ထိပ်တန်းတာဝန်ရှိသူ ၁ဝ ဦးကို လာဘ်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့လည်း စီစီတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage154. ရွှေ့ပြောင်းလုပ်သားများအရေး အတိုင်ပင်ခံနှင့် IOM ညွှန်ကြားရေးမှူးချုပ် ဆွေးနွေး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing နဲ့  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံပြီး ရွှေ့ပြောင်းလုပ်သားများအရေး ဆွေးနွေးခဲ့ပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေ အပါအဝင် ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့ အခြေချ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အမိနိုင်ငံ ပြန်လည်လာရောက်ရေး၊ မြန်မာက အခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ပြောင်းရွှေ့နေထိုင်သူတွေအရေး၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းသွားလာသူတွေနဲ့ ရွှေ့ပြောင်းလုပ်သား အရေးကိစ္စတွေမှာ IOM အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage153. ၂၁ ရာစုပင်လုံညီလာခံတွင် မြောက်ပိုင်းလက်နက်အဖွဲ့များ ၀င်ရောက်ဆွေးနွေးနေ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွားထားတဲ့ အချက် ၁၄ ချက်အပေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေပါတယ်။

ဇူလိုင် ၁၂ ရက် နေပြည်တော် MICC2 အဆောက်အအုံမှာ ကျင်းပနေတဲ့ တတိယ အကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး ဒုတိယနေ့ အစီအစဉ်မှာ အခုလို ဝင်ရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက “တက်ရောက်သူတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ကဏ္ဍ အစုအဖွဲ့လိုက် အစုအဖွဲ့လိုက်ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့အတွက်ကို လမ်းဖွင့်ထားတယ်။ အခုဆိုရင် မနေ့က တင်ပြထားတဲ့ အချက် ၁၄ ချက်ကို NCA လက်မှတ်ထိုးတဲ့အဖွဲ့ကော၊ မထိုးတဲ့အဖွဲ့ကော အားလုံးထိုင်ပြီးတော့မှ ဆွေးနွေးနေပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် ၀၊ မိုင်းလား၊ ကိုးကန့်နဲ့ ကချင်အပါအ၀င် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကပြောပါတယ်။

“သူတို့နဲ့အဆင်ပြေတဲ့အခါ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ တိုင်းရင်းသားအချင်းချင်း လိုလားချက်က တူနေတယ်။ ကျနော်အနေနဲ့ကတော့ သူတို့ကို အဓိက မေတ္တာရပ်ခံမှာကတော့ သူတို့အနေနဲ့ အန်စီအေ စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီးတော့ ကျနော်တို့တတွေအားလုံး အတူတကွအလုပ်လုပ်ရင် တိုင်းရင်းသားလူမျိုးအားလုံးအတွက်လည်း အကျိုးရှိမယ်။ တနိုင်ငံလုံးအတွက်လည်း အကျိုးရှိမယ်။ ပြည်ထောင်စုတခုလုံးအတွက်လည်း အကျိုးရှိမယ်။ ငြိမ်းချမ်းရေးလည်း မြန်မြန်ရမယ်။ ဒါအတွက်ကြောင့် အားလုံးဝိုင်းပြီးတော့ လုပ်ရအောင်လို့ ကျနော်ကတော့ မေတ္တာရပ်ခံချင်ပါတယ်။”

အန်စီအေအပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ဟာ ဇူလိုင် ၁၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

တတိယအကြိမ်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကိုတော့  ဇူလိုင် ၁၁ ကနေ ၁၆ ရက်အထိ ၆ ရက်ကြာကျင်းပနေတာဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage152. ဒေါ့မွန် တောင်ပံကစားသမား ရာမိုလန်ကို,ကို ဝက်စ်ဟမ်း ခေါ်ယူ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ယူကရိန်း တောင်ပံကစားသမား ရာမိုလန်ကို ကို ဂျာမန်ကလပ် ဒေါ့မွန်အသင်းကနေ ခေါ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ရာမိုလန်ကို ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားကတော့ ဝက်စ်ဟမ်းအသင်းရဲ့ အနာဂတ်စီမံကိန်းတွေကို စိတ်ဝင်စားလို့ ရွေးချယ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် အသင်းရည်မှန်းချက် မြင့်မားပြီး အဲဒီစိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားတယ်လို့လည်း ရာမိုလန်ကိုက ပြောပါတယ်။

သူဟာ ဝက်စ်ဟမ်းနည်းပြသစ် ပယ်လီဂရီနီရဲ့ ဒီနှစ် နွေရာသီမှာ ၅ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ရာမိုလန်ကိုဟာ ယူကရိန်း လက်ရွေးစင်အသင်းအတွက် ၇၇ ပွဲ ကစားပေးထားပြီး ၃၅ ဂိုး သွင်းယူထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage151. ဂျိုးဖြူပိုက်အနီး ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှု အမှန်တရားဖော်ထုတ်ပေးရန် တောင်းဆို -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ပိုက်လုံးစုကျေးရွာမှာ ဇူလိုင် ၄ ရက်နေ့ညနေက မောင်နှမ ၂ ယောက် ဈေးကအပြန် ဂျိုးဖြူပိုက်လုံးဘေး ပေါက်ကွဲမှုကြောင့် အကိုသေဆုံးပြီး ညီမဖြစ်သူ ရန်ကုန်ကလေးဆေးရုံမှာ ဆေးကုသနေချိန် မိုးကြိုးထိမှန်သေဆုံးတယ်လို့ မမှန် သတင်းထွက်နေတဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းပေးစေချင်တယ်လို့ မိဘတွေက ပြောပါတယ်။

ဖခင်ဖြစ်သူ ကိုဇော်မင်းဦးက “ဖြစ်တဲ့အချိန်မှာ ကျနော်က အလုပ်သွားနေတာ။ ကလေးတွေဖြစ်လို့ ဖုန်းဆက်အကြောင်းကြားတာနဲ့ ရွာကို ပြန်လာချိန်လမ်းမှာ ကလေးတွေကို ဆေးရုံခေါ်သွားတာနဲ့ ဆေးရုံကို ပြန်လိုက်သွားတာ။ ဆေးရုံရောက်တော့ သားနဲ့သမီးကို မြင်ရချိန်မှာ သားရဲ့နဖူးမှာ အပေါက်ကြီးဖြစ်ပြီး တကိုယ်လုံးဇကာပေါက်လို ဒဏ်ရာတွေနဲ့ သမီးမှာလည်း ရင်အုံအောက်မှာ အပေါက်ဖြစ်ပြီး တကိုယ်လုံး ဒဏ်ရာတွေနဲ့ ဆေးရုံကိုပို့တဲ့ အချိန်မှာ သားကလမ်းမှာ ဆုံးသွားတယ်၊ သမီးကတော့ အခုဆေးရုံမှာ။ ကျနော်တို့ပြန်မလာ နိုင်တဲ့အချိန်မှာ ကလေးတွေက မိုးကြိုးပစ်ခံရပြီးသေတယ်လို့ သတင်းတွေထွက်နေတယ်။ ကျနော့်သားနဲ့သမီးက မိုးကြိုးပစ်ခံရတာမဟုတ်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တွေက အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းပေးစေချင်ပါတယ်” လို့ပြောပါတယ်။

ဖြစ်ပွားချိန် မျက်မြင်တွေ့သူ ကိုကျော်ရှိန်းက “ကလေးတွေ ဈေးဝယ်ပြန်လာတဲ့အချိန်မှာ ကျနော်နဲ့ရှောင်ပြီး ပေ ၁ဝဝ လောက်အကွာရောက်တော့ မိုးပေါ်ကနေ ရွှီးဆိုတဲ့ အသံကြားပြီး ပေါက်ကွဲတော့ ကျနော်လည်း လန့်သွားတယ်။ မီးခိုးလုံးကြီးထွက်လာချိန် ကလေးတွေကို လှည့်ကြည့်တော့ အမေရေ အမေရေအော်ပြီး ကလေးနှစ်ယောက်စလုံး လဲကျသွာတယ်။ ကလေးတွေကို ကြည့်လိုက်တော့ တကိုယ်လုံး ဒဏ်ရာတွေနဲ့ ပတ်ဝန်းကျင်ကို အကူအညီ တောင်းပြီး ဆေးရုံပို့ပေးခဲ့တယ်။ အုပ်ချူပ်ရေးမှူးနဲ့ ရဲတွေရောက်လာပြီး စစ်ဆေးတာတွေ လုပ်တော့ ပိုက်လုံးဘေးက အပင်တွေနဲ့ အိမ်နံရံတွေမှာ သတ္တုအစတွေ အများကြီးတွေ့တယ်။ နောက်ရက်ကို စစ်တပ်ကလည်းလာပြီး စစ်ဆေးတာတွေ လုပ်တယ်။ ကျနော်တို့ကို အကြောင်းပြန်မယ်ပြောခဲ့ပြီး ခုချိန်ထိ ဘာမှ အကြောင်းမပြန်သေးပါဘူး” လို့ပြောပါတယ်။

လိမ္မော်ခြံကျေးရွာ အုပ်ချူပ်ရေးမှူးဦးခင်ဇော်က “ညနေဘက် ကလေးတွေ ဖြစ်တယ်ဆိုတဲ့ သတင်းကြားကြားချင်း ကျနော်ရောက်သွားတော့ ပတ်ဝန်းကျင်က မိုးကြိုးပစ်တာလို့ပြောလို့ ကျနော်လည်း မြို့နယ်အုပ်ချူပ်ရေးပိုင်းကို ထူးခြားဖြစ်စဉ်ရေးတင်လိုက်တယ်။ နောက်နေ့ မသင်္ကာလို့ အခင်းဖြစ်တဲ့ နေရာကိုသွားကြည့်တော့ သတ္တုလို့ယူစရတဲ့ အစတွေတွေ့လို့ ရဲစခန်းကို အကြောင်းကြားပြီးပို့ထားပါတယ်။ ၂၇ ရက်နေ့ကျရင်တော့ အဖြေသိမယ်လို့ ရဲစခန်းက အကြောင်းပြန်ထားတယ်” လို့ပြောပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ညနေ ကပိုက်လုံးစုကျေးရွာမှ မောင်ဟိန်းမင်းမြတ် ၉ နှစ်နဲ့ ညီမဖြစ်သူ မချမ်းမြေ့လွင်တို့ ဈေးဝယ်ပြန်လာစဉ် ဂျိုးဖြူပိုက်လုံးအနီး ပေါက်ကွက်မှုကြောင့် အကိုဖြစ်သူ သေဆုံးခဲ့ပြီး ညီမဖြစ်သူမှာ ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကလေး ၂ ဦးအတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သွားရောက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း-မေသွယ်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage150. ကာကွယ်ရေးဦးစီးချုပ်၏ ၂၁ရာစုပင်လုံညီလာခံ မိန့်ခွန်းအပေါ် တုံ့ပြန် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

တပ်မတော်ကသာ ပြည်သူအားလုံးကို ကိုယ်စားပြုတယ်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်သူအားလုံးကို ကိုယ်စားမပြုဘူးဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။  

မနေ့ကနေပြည်တော်မှာ စတင် ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး အဖွင့်မိန်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများ ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာပါ။  

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခုလို ပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအတွင်းရေးမှူး ဦးဉာဏ်ဝင်းက သဘောမတူဘူးလို့ ပြောပါတယ်။

“ပြင်းထန်တာ မပြင်းထန်တာတော့ မသိဘူး။ ကျနော်တို့ မဲပေးတဲ့ လူတွေကို ထောက်ခံတာ သူတို့အတွက်ပဲ ကိုယ်စားပြုတယ်လို့ ပြောလိုက်တာကတော့ လုံးဝမှားတယ်လို့ အန်ကယ်ပြောချင်ပါတယ်။ ကျနော်ပြောတဲ့ အတိုင်းပဲ လုံးဝသဘောမတူဘူး။”

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ကလည်း “တပ်မတော် အပါအဝင် အခြားအင်အားစုတွေက မူအားဖြင့် ပြောမယ်ဆိုရင် ဝန်ထမ်းပဲ။ ဝန်ထမ်းပဲ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်အပါအဝင် အခြား အင်အားစုများက ကိုယ်စားပြုတယ်ဆိုတာထက်စာရင် ပြည်သူကို ကိုယ်စားပြုပြီး တက်လာတဲ့ နိုင်ငံရေးသမားများကိုသာ တာဝန်ခံရမှာ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ပြောမယ်ဆိုရင် ဒီမိုကရေစီ နည်းကျ၊ ဖက်ဒယ်ရယ်နည်းကျ တည်ဆောက်ထားတဲ့ အခြေခံဥပဒေကိုသာ တာဝန်ခံရမှာ ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် သီးသန့် နိုင်ငံရေးအင်အားစုသဖွယ် ကိုယ်စားပြုတယ်၊ မပြုဘူး ပြောမယ်ဆိုရင်တော့ အငြင်းပွားစရာတွေ အများကြီး ရှိနိုင်တယ်” လို့ပြောပါတယ်။

ဒီလိုမျိုး တပ်မတော်ကသာ ပိုပြီးကိုယ်စားပြုတယ် ဆိုတဲ့ ကိစ္စမျိုးဟာ ငါတို့ ပရော်ဖက်ရှင်းကသာ ပိုပြီးသာလွန်တယ်ဆိုတဲ့ သဘောထားမျိုးကို ဖြစ်ပေါ်စေတယ်၊ ဗဟုဝါဒကို သွားမယ်ဆိုရင် အခက်အခဲ ဖြစ်နိုင်တယ်လို့လည်း ဦးမင်းဇင်ကပြောပါတယ်။

သတင်း- အောင်ကိုကိုလတ်/အောင်ဆန်းဦး


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage149. တောဝက်ဘောလုံးသမားများ ပိတ်မိခဲ့သည့် ဒွိုင်နန်းနွန်းဂူကြီးကို ပြတိုက်ဖွင့်ရန် အဆိုပြု -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က တောဝက် အကယ်ဒမီ ဘောလုံးအသင်းဝင် လူငယ် ၁၃ ဦး ပိတ်မိခဲ့တဲ့ ခွန်နမ့်ဒွိုင်နန်းနွန်းဂူကြီးကို ပြတိုက်အဖြစ်ဖွင့်လှစ်ဖို့ ထိုင်းအမျိုးသား အနုပညာရှင်အဖြစ် အသိမှတ်ပြုခံထားရတဲ့ ပန်းချီပန်းပုဆရာ ခလိုမ်ချိုင်း ချိုးဆစ်တဖိဖတ်က ပြောပါတယ်။

လူငယ် ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသွားလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေချိန်မှာ ဆရာချလိုမ်ချိုင်းနဲ့ ချင်းရိုင် အနုပညာရှင် အသင်းဝင်တွေဟာ ဒွိုင်နန်းနွန်းဂူအနီး ရောက်လာပြီး ဒီကယ်ဆယ်ရေးလုပ်ငန်းပေါ် အရမ်းကို ကျေနပ်အားရမိကြောင်း၊ ထိုင်းတမျိုးသားလုံး စည်းလုံးညီညွတ်မှုကြောင့် အခက်အခဲတွေကို ကျော်လွှားအောင်မြင်နိုင်တဲ့ ဒီနေရာ၊ တန်ဖိုးရှိတဲ့ ဒီနေရာမှာ အထိမ်းအမှတ် ပြတိုက်တခု ဖွင့်လှစ်ဖို့ သူက အကြံပြုပါတယ်။

သူ့အနေနဲ့လည်း ဒီဂူကြီးထဲမှာ အများအကျိုးအတွက် အသက်စွန့်သွားခဲ့ရသူ ထိုင်းတော်ဝင်ရေတပ် တပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး ဆနမ်ကူနန် ခေါ် ဆဲမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ပုံတူရုပ်တုကြီးတခုကို ထုဆစ်သွားမယ်လို့ ဆရာချလိုမ်ချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီရုပ်တုမှာ လူအစစ်ထက် ၂ ဆ ကြီးမားပြီး ဒီ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးထဲမှာ ထားဖို့ ရည်ရွယ်ကြောင်း၊ ဒါ့အပြင် ဂူထဲပိတ်မိခဲ့တဲ့ လူငယ် ၁၃ ဦးရဲ့ ပုံတူနဲ့ ကယ်ဆယ်ရေးလုပ်နေပုံ၊ နိုင်ငံခြားသားတွေပါ လာရောက်ကူညီနေတဲ့ ပုံတွေကို သရုပ်ဖော်ထားတဲ့ ပန်းချီကားချပ် တချပ်လည်း ရေးဆွဲမယ်လို့ ဆိုပါတယ်။

လူငယ် ၁၃ ဦး အထိမ်းအမှတ်အနေနဲ့ ရေးဆွဲမယ့် အဲဒီ့ပန်းချီကားဟာ အလျား ၁၃ မီတာရှည်ပြီး အနံ ၃ မီတာကျယ်ကြောင်း၊ အခု ပုံကြမ်းစဖော်နေပြီး နောက်ထပ် ၁ ရက် ၂ ရက်အတွင်း ပုံကြမ်း အပြီးသတ်မှာဖြစ်ကြောင်း၊ အဲဒီရုပ်တုနဲ့ ပန်းချီကားတွေကို သူတို့ ချင်းရိုင် အနုပညာရှင်အသင်းဝင် ၃ဝဝ ကျော်က ဝိုင်းဝန်းလုပ်ဆောင်ကြမှာမို့ ရန်ပုံငွေအတွက်လည်း ပူပင်စရာမရှိဘူးလို့ ပြောပါတယ်။

ဂူထဲမှာ ခန်းမကြီးတခုလုပ်ပြီး ဆဲမ်းရဲ့ ရုပ်တုနဲ့ ပန်းချီကားတွေ ထားရှိသွားဖို့ ရည်ရွယ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းက ဓာတ်ပုံကောင်းကောင်းတွေ ရိုက်ထားခဲ့ရသူတွေလည်း အဲဒီနေရာမှာ လာရောက်ပြသထားနိုင်ကြောင်း၊ ဒီနေရာမှာ လူငယ် ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်း အကြောင်းရော၊ သဘာဝဝန်းကျင်တွေ လေ့လာနိုင်သလို ကျောက်လိုဏ်ဂူကြီးရဲ့ အလှအပတွေပါ ကြည့်ရှုနိုင်မှာမို့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတခု ဖြစ်နိုင်ကြောင်း၊ ဂူကြီးဟာ ထိုင်းအမျိုးသားဥယျာဉ်၊ သားရိုင်းတိရစ္ဆာန်နှင့် သစ်တောထိန်းသိမ်းရေးဌာန လက်အောက်မှာ ရှိတဲ့အတွက် သက်ဆိုင်ရာကို တင်ပြသွားမယ်လို့ ဆရာချလိုမ်ချိုင်းက ပြောသွားပါတယ်။

ထိုင်းအမျိုးသား အနုပညာရှင် ဆရာ ခလိုမ်ချိုင်း ချိုးဆစ်တဖိဖတ်ဟာ ချင်းရိုင်ခရိုင်မှာ အတော်ဆုံးလို့ သတ်မှတ်ထားတဲ့ ပန်းချီပန်းပု အနုပညာ ဗိသုကာရှင်တဦးဖြစ်ပြီး ချင်းရိုင်မြို့က နာမည်ကြီး ငွေရောင်ကျောင်းတိုက် (ဝပ်လောင်းခွန်ကျောင်းတိုက်) က အနုပညာလက်ရာတွေကို ဦးဆောင်ပုံဖော်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage148. ပြည်​ကြီးတံခွန်​မြို့နယ်​တွင် ဒုတရားသူကြီးကို မကျေနပ်၍ ဆန္ဒပြ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အတိုင်ပင်ခံနဲ့သမ္မတကို ဆဲဆိုတဲ့အမှုမှာ မန္တ​လေးတိုင်းဒေသကြီး ပြည်​ကြီးတံခွန်​မြို့နယ်​ ဒု​တရားသူကြီးက ဒဏ်ငွေ ၅ သောင်းရိုက်ပြီး တယောက်ကို အပြီးအပြတ် လွှတ်လိုက်တဲ့ အပေါ် မကျေနပ်လို့ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“အဲဒီတရားသူကြီးကို မကျေနပ်လို့ ဆန္ဒပြတာဖြစ်ပါတယ်။ ဒဏ်ငွေ ၅ သောင်းလောက်နဲ့ အပြီးအပြတ် လွှတ်ပေးနိုင်တယ်ဆိုရင် နောက်နောင်လည်း ဒီလိုပဲ စော်ကားလာကြမှာ ဖြစ်တဲ့အတွက် အဲဒီတရားသူကြီးက ဒီလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကို ဆဲဆိုတဲ့သူတွေကို လွှတ်ပေးတယ်ဆိုတာ သူကိုယ်တိုင်က ကျေနပ်ပြီးတော့ သဘောတူ ပြီးတော့ လွှတ်ပေးလိုက်တယ်လို့ မေးခွန်းထုတ်ပေးရပါမယ်။ သူကိုယ်တိုင်ဆဲချင်တာကို ကိုယ်စားဆဲပေးတယ်ဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ လွှတ်ပေးလိုက်တာလာဆိုပြီး မေးခွန်း ထုတ်ရပါမယ်။ ကျနော်တို့က ခုလိုလွှတ်ပေးတာကို မကျေနပ်လို့ ဥပဒေအရာရှိကို ဒုတိယ မြို့နယ်​တရားသူကြီး အထက်ကို အဆင့်ဆင့်တင်ပြပေးပါ” ဦး​ဆောင်​ဆန္ဒပြသူ ဦး​ဇော်​လင်းက ပြောပါတယ်။

မန္တ​လေးတိုင်းဒေသကြီး ပြည်​ကြီးတံခွန်​မြို့နယ်​ ၅၆ လမ်​၊း မင်းကြီး ရန်​​နောင်​လမ်းက စတင်​ပြီး ၆၂ လမ်းအတိုင်း လမ်း​လျောက်​ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာဖြစ်ပြီး ပြည်​ကြီးတံခွန်​မြို့နယ် ​တရားရုံး​ရှေ့အထိ ဘက်​လိုက်​တရားစီရင်​မှု ချက်​ချင်းရပ်​၊ ဒုတိယမြို့နယ်​တရားသူကြီး အလိုမရှိ၊ တရားဥပ​ဒေစိုးမိုး​ရေး အကျင့်ပျက်​ဝန်​ထမ်းများ အလိုမရှိ၊ စတဲ့​ ကြွေး​ကျော်​သံ​တွေ​နဲ့ လူအင်​အား ၂ဝ လောက် ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။

ပြည်​ကြီးတံခွန်​မြို့နယ်​ ညည ၃၆ ကွင်းအတွင်း ဘိုးဘွားပိုင်​မူလ ပိုင်​ရှင် ​မိသားစုတွေ ​နေထိုင်​နေတဲ့ အ​ဆောက်အဦ၊ အိမ်​​တွေကို သင်​ပန်းကုန်း​ဈေးတာဝန်​ခံ ဦးလက်​ယျာနဲ့ ​ဒေါ်မြမိုးနွယ်​ (ခ) ​ဒေါ်မိုးတိုက  ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မေ ၁၁ ရက်က​ လာ​ရောက်​ဖျက်​ခိုင်းရာ ဘိုးဘွားပိုင်​​မြေဖြစ်​​ကြောင်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ နိုင်​ငံ​တော်​သမ္မတဆီ တင်​ပြထား​တယ်လို့ ​ပြောခဲ့ရာ ဦးလက်​ယျာတို့နှစ်​ဦးက နိုင်ငံတော်အတိုင်​ပင်​ခံနဲ့ သမ္မတကို ညစ်​ညမ်းစွာ ဆဲဆိုခဲ့တာ​ကြောင့် ၂ဝ၁၆ ခုနှစ် သြဂုတ်​ ၁၁ ရက်က စတင်​တရားစွဲဆိုခဲ့တာပါ။

မေ ၇ ရက်​​နေ့မှာ ဒုမြို့နယ်​တရားသူကြီးက ဒဏ်ငွေ ၅ သောင်းရိုက်ပြီး တယောက်ကို  အပြီးအပြတ် လွှတ်တိုက်တာကို ​ကျေနပ်​မှုမရှိတာ​ကြောင့် အခုလို ဆန္ဒထုတ်​​ဖော်​ခဲ့တာလို့ တရားလိုဖြစ်​သူ ဦးစိုးဦးက​ ပြောပါတယ်​။

ပြည်​ကြီးတံခွန် ​မြို့နယ်​မြို့မရဲစခန်းက ရာဇသတ်​ကြီးပုဒ်​မ ၂၉၄/၅ဝ၆ တို့နဲ့ အမူဖွင့်အ​ရေးယူခဲ့တာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage147. ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လိုင်း တည်ဆောက်ရန် လက်မှတ်ရေးထိုး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေဖြစ်ကြတဲ့ ပါပူဝါနယူးဂီနီနဲ့ ဆော်လမွန်ကျွန်းတွေမှာ ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လိုင်း တည်ဆောက်ဖို့အတွက် သြစတြေးလျကုမ္ပဏီက တရုတ်အင်တာနက်ကုမ္ပဏီ ဟွာဝေးကိုကျော်ပြီး သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

သြစတြေးလျရဲ့ အိမ်နောက်ဖေးအဖြစ် ရှုမြင်ထားတဲ့ အဲဒီနိုင်ငံတွေမှာ တရုတ်က လွှမ်းမိုးဖို့ ဖိအားပေး ကြိုးပမ်းနေချိန် သြစတြေးလျနဲ့ အခုလို လက်မှတ်ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုသဘောတူညီချက်ဟာ သြစတြေးလျရဲ့ ပြည်တွင်းရေးကို တရုတ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးက မနှစ်က စွပ်စွဲပြောကြားခဲ့ပြီး သြစတြေးလျ-တရုတ် ဆက်ဆံရေး အဖုအထစ် ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

အခုတည်ဆောက်မယ့် ပင်လယ်ရေအောက် အင်တာနက်လိုင်း စီမံကိန်းအတွက် သြစတြေးလျ အစိုးရက ကုန်ကျငွေစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ငွေကြေးထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဟွာဝေးကုမ္ပဏီနဲ့ တရုတ်အစိုးရတို့ရဲ့ ဆက်စပ်မှုနဲ့ ဟွာဝေးကုမ္ပဏီက တည်ဆောက်တဲ့ ပစ္စည်းတွေကို တခြားနိုင်ငံတွေအပေါ် စုံစမ်းထောက်လှမ်းနိုင်ဖွယ်ရှိမှု စတဲ့ အချက်တွေကို အနောက်နိုင်ငံက ထောက်လှမ်းရေး အေဂျင်စီတွေက စိုးရိမ်နေခဲ့ကြတယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage146. ကာကွယ်ရေးအတွက် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းသုံးရန် နေတိုးအဖွဲ့ဝင်များကို ထရမ့် တိုက်တွန်း -DVB

#Lead Story (3d ago)

ဖွင့်ရန်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုသွားကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၂ ရက်နေ့မှာ တိုက်တွန်း ပြောကြားသွားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က နေတိုးအစည်းအဝေးမှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ “ဥရောပကာကွယ်ရေးအတွက် အမေရိကန်က ပိုက်ဆံပေးနေရတယ်။ ဒါ့အပြင် နှစ်ဖက်ကုန်သွယ်ရေးမှာလည်း အမေရိကန်က ဒေါ်လာ ဘီလီယံနဲ့ချီပြီး အရှုံးပြနေပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ၂ဝ၂၅ ခုနှစ်ကျမှ မဟုတ်ဘဲ အခုချက်ချင်း ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးရမယ်” လို့ ရေးသားခဲ့ကြောင်း စီစီတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage145. ၁၇ နှစ်ကြာ တိမ်းရှောင်နေသည့် Bank of China ဥက္ကဋ္ဌဟောင်းကို တရုတ်သို့ လွှဲပြောင်း -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် အလွဲသုံးစားမှု ပြုလုပ်ခဲ့ပြီး ၁၇ နှစ်ကြာ တိမ်းရှောင်နေတဲ့ တရုတ် ဂွမ်ဒေါင်းပြည်နယ် ခိုင်းဖျင်မြို့ တရုတ်အစိုးရပိုင်ဘဏ် Bank of China ဥက္ကဋ္ဌဟောင်းကို အမေရိကန်က တရုတ်ကို ဇူလိုင် ၁၁ ရက်နေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ရွှီချော့ဖန်လို့ခေါ်တဲ့ အဲဒီ ဘဏ်ဥက္ကဋ္ဌဟောင်းဟာ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက အလိုရှိနေတဲ့ တရားခံပြေးလည်း ဖြစ်ပါတယ်။

သူဟာ အမေရိကန်ဒေါ်လာ သန်း ၄၈၅ သန်း ငွေကြေးအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝက်ဘ်ဆိုက်မှာ တရားဝင် ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ အမေရိကန် အစိုးရနဲ့ ပူးပေါင်းကြိုးပမ်းခဲ့ရာမှာ ဘဏ်ဥက္ကဋ္ဌဟောင်း တရားမဝင် ရယူထားတဲ့ ငွေထဲက အမေရိကန်ဒေါ်လာ သန်း ၃ဝဝ နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၂ ဘီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။

Bank of China ဟာ တရုတ်အစိုးရပိုင်ဘဏ်ဖြစ်ပြီး တရုတ်နိုင်ငံက အကြီးဆုံး ဘဏ်ကြီးလေးခုထဲမှာ တခုအပါအဝင် ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage144. နေရပ်ပြန်ပို့ခံရသည့် ရွှေ့ပြောင်းနေထိုင်သူ ၁ဝဝ ကျော် ဂွါတီမာလာသို့ ပြန်ရောက် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အမေရိကန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုကြောင့် နေရပ်ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁ဝ၆ ဦးဟာ ဂွါတီလာမာနိုင်ငံ မြို့တော် ဂွါတီမာလာစီးတီးကို ဇူလိုင် ၁၁ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေ လေယာဉ်ပေါ်ကဆင်းလာတဲ့ ဗွီဒီယိုကိုတော့ ဂွါတီမာလာ သတင်းစာ ပရန်ဆာ လစ်ဗျဲကနေ ရိုက်ကူးထားတာပါ။

နေရပ်ပြန်ပို့ခံရတဲ့ ဒီရွှေ့ပြောင်းတွေထဲမှာ ၁၁ ဦးက အမေရိကန်ထဲရောက်ချိန် နယ်စပ်မှာ ခွဲခြားထိန်းသိမ်းခံထားရာကနေ ပြန်လည်ပေါင်းစည်းခွင့်ရတဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး  ခရစ်ဂျန်နီလ်ဆန်ဟာ သမ္မတထရမ့် အစိုးရရဲ့ လူဝင်မှု မူဝါဒကြောင့် ခွဲခြားထိန်းသိမ်းခံရတဲ့ မိသားစုဝင်တွေ ပြန်လည်ပေါင်းစည်းနိုင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အလယ်အမေရိကန်နိုင်ငံတွေအပြင် မက္ကဆီကိုနိုင်ငံတို့နဲ့ပါ မျှဝေနိုင်မယ့် ရုံးတခုကို ဌာနအောက်မှာပဲ ဖွဲ့စည်းလိုက်ပါတယ်။

ခွဲထားခံရတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေး ကိစ္စအတွက် နီလ်ဆန်ဟာ မက္ကဆီကို၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒိုး နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဇူလိုင် ၁၁ ရက်မှာ တွေ့ဆုံဆွေးနွေးထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage143. မူးယစ်ဆေးဝါးသုံးစွဲသူကို ဖမ်းဆီးခြိမ်းခြောက်ငွေတောင်းသည့် ရဲတပ်သားတဦးကိုဖမ်းဆီး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မူးယစ်ဆေးဝါး သုံးစွဲသူကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေတောင်းခဲ့တဲ့ ရဲတပ်သားတဦးကို နန်းမားကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နဲ့ အရပ်သားတွေက ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိထားတယ်လို့ နန်းမားအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က နန်းမားကျေးရွာ အောင်မင်္ဂလာရပ်နေသူ ဦးသိန်းဝင်းဟာ လယ်ကန်သင်းဘောင်ဖော်နေရာမှ ဇနီးဖြစ်သူ ဒေါ်မြနွယ်ထံသို့ ဖုန်းဆက်ပြီး သူငယ်ချင်းတွေ ရောက်နေတဲ့အတွက် ငွေကျပ် ၅ သိန်းယူပြီး လာရောက်ဖို့ ခေါ်ဆိုခဲ့ပါတယ်။

ဒေါ်မြနွယ်က ငွေယူပြီးလာပို့တဲ့အခါ ခင်ပွန်းဖြစ်သူကို ဘိန်းဆီ(ခပ်ဖုံ)ဗူးနဲ့ လက်ထိပ်ခတ်လျှက်သား တွေ့ရှိပြီး မေးမြန်းတဲ့အခါ ရဲတပ်သားအောင်ဆန်းလတ်နဲ့ ရဲတပ်သားသိန်းထိုက်တို့က အမှုမဖွင့်စေချင်ရင် ငွေကျပ် ၁ဝ သိန်းပေးရမယ်၊  မပေးရင်ထောင် ၁၂ နှစ်ကျနိုင်တယ်လို့ ခြိမ်းခြောက် ငွေတောင်းခဲ့တယ်လို့ ဒေါ်မြနွယ်က ပြောပါတယ်။

ဒေါ်မြနွယ်ကပါလာတဲ့ငွေ ၅ သိန်းကိုပေးပြီး ကျန်ငွေကိုမပေးတဲ့အတွက် အကြိမ်ကြိမ် ဖုန်းဆက်တောင်းခဲ့လို့ လက်ကျန်ငွေကို ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန်က နန်းမားကျေးရွာနဲ့ အလယ်တောကျေးရွာ အကြားရှိ ဇရပ်မှာ ငွေပေးနေစဉ် နန်းမား အရပ်သားတွေနဲ့ အဖွဲ့က ရဲတပ်သားကို ဖမ်းဆီးခဲ့တာပါ။

အဆိုပါ ရဲတပ်သား နှစ်ဦးအနက် နန်းမားရဲစခန်းက နယ်ထိန်း ရဲတပ်သား သိန်းထိုက် တဦးကိုသာဖမ်းမိခဲ့ပြီး ကားနဲ့အဝေးကစောင့်နေတဲ့ နမ္မတီးက ရဲတပ်သား အောင်ဆန်းလတ် ကတော့ လွတ်သွားတယ်လို့ နန်းမားပြည်သူ့စစ် ကိုသောင်းဉာဏ်က ပြောပါတယ်။

ဒီအမှုဟာ ရဲဝန်ထမ်းဖြစ်လို့ ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်မယ်၊ နမ္မတီးက ရဲကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲအောင်က ဒီဗွီဘီကိုပြောပါတယ်။

နန်းမားကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးက “ရဲလုပ်ပြီး ကာကွယ်ရမယ့်အစား သူတို့က နန်းမားသားတွေကို ခြိမ်းခြောက်သေးတယ်။ ငွေညှစ်တယ်။ သူတို့ကို ဘယ်လို အားကိုးမလဲ။ ပြီးတော့ သူကိုယ်တိုင်က နန်းမားကြီးကျေးရွာသား။ အရမ်း ရှက်စရာ ကောင်းတယ်။ သူတို့ကြောင့်မို့ နန်းမားသားတွေ မူးယစ်ကျေးကျွန်ဖြစ်ကုန်ပြီ။ ထိန်းလို့ကို မရတော့ဘူး” လို့ ပြောပါတယ်။

နန်းမားကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းချနေသူတွေက ရဲတွေကို လစဉ် ကျပ် ၂၅ သိန်းပေးနေရတယ်၊ ရဲနဲ့ ပူးပေါင်းဖမ်းရင် ဘယ်တော့မှမမိဘဲ ရဲမပါဘဲဖမ်းမှ မိတယ်လို့ ရွာသားတွေက ပြောတယ်လို့လည်း ဆိုပါတယ်။

နန်းမားရွာမှာ မူးယစ်ဆေးဝါးတွေကို နန်းမားပြည်သူ့စစ်အဖွဲ့က အများဆုံးဖမ်းဆီးနိုင်ခဲ့ပြီး အရင်က မူးယစ်ရာဇာထွန်းထွန်းကို ဖမ်းဆီးစဉ်ကလည်း တရားခံကိုဖမ်းမမိဘဲ ကျည်ဆန်နဲ့ ဆက်စပ်ပစ္စည်းတွေကိုသာ ဖမ်းမိခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage142. ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့မှုဖြင့် တရားစွဲခံနေရသည့်  ဦးအောင်သန်းဝေကို ရုံးထုတ်စစ်ဆေး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့မှုနဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ ဦးအောင်သန်းဝေကို ဇူလိုင် ၁၁ ရက်က ရုံးထုတ်စစ်ဆေးပါတယ်။

ဦးတင်မောင်ဆွေရဲ့ တာဝန်ပေးချက်အရ ပြည်နယ်အထွေထွေအုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းသူကတရားလိုလုပ်ပြီး တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ တရားလိုတဦးဖြစ်သူ ပြည်နယ် အထွေထွေအုပ်ရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမင်းသူက ဒီအမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှမသိရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးတင်မောင်ဆွေရဲ့ တာဝန်ပေးချက်အရ ဆိုပြီးတော့ ကိုယ်စားလှယ်ပေါ့နော်။ လက်ထောက်ညွှန်ကြားရေးမှူးကို စစ်ပါတယ်။ စစ်တဲ့အခါမှာ သူ့အနေနဲ့ သူကိုယ်တိုင် ဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှသိရှိတာ မရှိဘူး။သူကတဆင့် ကြားသိတာပဲ ရှိတယ်”လို့ ပြောပါတယ်။

ဦးအောင်သန်းဝေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် နိုင်ငံသားပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁ဝ နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Aung Than wai ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူသတ်လက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ စာသားကို ဦးတင်မောင်ဆွေရဲ့ခါးကြားမှာ သေနတ်ထိုးထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာပါ။

တရားစွဲဆိုခံရသူ ဦးအောင်သန်းဝေကတော့ ခိုင်လုံတဲ့ အထောက်အထား ရှိတယ်ဆိုရင် ကာယကံရှင် ဦးတင်မောင်ဆွေကိုယ်တိုင် တရားစွဲဆိုသင့်တယ်လို့ ပြောပါတယ်။

“သူတယောက်တည်းသဘောနဲ့ ပြည်နယ်အစိုးရ အမိန့်အာဏာကို အလွဲသုံးစားလုပ်ပြီးမှ ကျနော် စွပ်စွဲဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး တဦးကို တာဝန်ပေးတယ်။ ကျနော့်ဘက်က စွပ်စွဲတယ်။ အထောက်အထား ခိုင်လုံတယ်ဆိုရင် ဦးတင်မောင်ဆွေကို ပုဂ္ဂိုလ်ရေးပဲ စွဲရမယ်။ အခုက အဲဒီလိုမဟုတ်ဘဲ ကိုယ်စားလှယ်ကို စွဲခိုင်းထားတယ်”လို့ ပြောပါတယ်။

ဦးအောင်သန်းဝေကို တရားစွဲထားတာတဲ့ ပတ်သက်လို့ အမှုစစ် အပါအဝင် တရားလိုပြသက်သေ ၉ ဦးရှိတယ်လို့ အကျိုးဆောင်ရှေ့ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရားလို တဦးသာ စစ်ဆေးရသေးပြီး တရားလိုပြ သက်သေတွေကိုတော့ မစစ်ဆေးရသေးပါဘူး။

ဝဏ္ဏခွာညို


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage141. နာပိုလီနည်းပြ ဆာရီကို ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်နိုင်ရေး နီးစပ် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

နာပိုလီအသင်းနည်းပြ မာရီဇီယို ဆာရီကို ချဲလ်ဆီးအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြောဆိုညှိနှိုင်းရာမှာ နီးစပ်နေပါတယ်။

နည်းပြ မာရီဇီယို ဆာရီကလည်း နာပိုလီကနေ ထွက်ခွာခွင့်ပြုဖို့ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ နောက်ဆုံးအဆင့် ရောက်နေပြီလို့ ဗြိတိသျှ မီဒီယာတွေမှာ ရေးသားနေပါတယ်။

နည်းပြ ဆာရီဟာ ချဲလ်ဆီးမှာ နည်းပြလုပ်ဖို့ စကားပြောဆိုနေပေမယ့်လည်း နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။

အသက် ၅၉ နှစ်အရွယ် အီတလီသား နည်းပြ ဆာရီဟာ နာပိုလီကို ၂ဝ၁၅ မှာ ကိုင်တွယ်ခဲ့ပြီး မနှစ်က စီးရီးအေမှာ ဒုတိယနေရာ ချိတ်ခဲ့ပါတယ်။

ချဲလ်ဆီးက နည်းပြအပြောင်းအလဲလုပ်ဖို့ စီစဉ်နေပေမယ့်လည်း အသင်းရဲ့ ရာသီအကြို လေ့ကျင့်ရေး အစီအစဉ်ကို လက်ရှိနည်းပြ ကွန်တီက ဦးဆောင် ပြုလုပ်နေတာပါ။

နည်းပြ ကွန်တီရဲ့ အနာဂတ်ကလည်း မသေချာ မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage140. ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်း တင်သွင်းထား -DVB

#Lead Story (3d ago)

ဖွင့်ရန်။

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။ 

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဇူလိုင် ၂ ရက်ကနေ ဇူလိုင် ၁၁ ရက်အတွင်း တင်သွင်းဖို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ဇူလိုင်လ ၁၁ ရက်နေ့အထိ ပါတီ ၂၄ ပါတီ၊ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းသွင်းထားပါတယ်။ ဒီထဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦးပါဝင်ပါတယ်။ လက်ရှိမှတ်ပုံတင်ထားတဲ့ ပါတီတွေထဲက လုံးဝဝင်မပြိုင်တဲ့ ပါတီ ၁ ပါတီထက် မပိုပါဘူး။ ကျနော်တို့ထပ်ပြီး အတည်ပြုသွားမှာပါ” လို့ ပြောပါတယ်။

တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာတွေကို ရုပ်သိမ်းလိုရင် ဇူလိုင် ၁၃ ရက် နောက်ဆုံးထားရုပ်သိမ်းနိုင်ပြီး ကော်မရှင်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ဇူလိုင် ၁၆ ရက်ကနေ ၂၆ ရက်အထိ စိစစ်သွားမှာ ဖြစ်ပါတယ်။

၂ဝ၁၈ နိုဝင်ဘာလ ၃ရက်နေ့ မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်၂ဝ၁၇ က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၉၅ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage139. ဒုတိယအကြိမ် ငလျင်ဆိုင်ရာဖိုရမ် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင်းပမည် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ဒုတိယအကြိမ် ငလျင်ဆိုင်ရာ ဖိုရမ်ကို ရန်ကုန်မြို့၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဇူလိုင် ၁၃ ရက်၊ ၁၄ ရက် ၂ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖိုရမ် ပထမနေ့မှာ ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတွေ တင်ပြဆွေးနွေးတာ၊ စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယနေ့မှာ ပြည်သူနဲ့အစိုးရတို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက “မိုးဇလ ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂ဝ၁၈ ဇန်နဝါရီလကနေ ဇွန်လအထိကို တနိုင်ငံလုံးမှာ ငလျင်အကြိမ် ၁ဝဝ ကျော် လှုပ်ခဲ့တယ်။ ၂ဝ၁၈ ဇန်နဝါရီလကလည်း ပဲခူးတိုင်း၊ဖြူးမြို့အနီး တဝိုက်မှာ အင်အား ရစ်ချတ်စ်တာစကေး ၆ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ အဲဒီအတွက် လူဦးရေ ထူထပ်တဲ့ ကျနော်တို့ ရန်ကုန်နေပြည်သူတွေ ငလျင်နဲ့ပတ်သတ်တဲ့ အသိပညာတွေရဖို့က လိုအပ်နေပါပြီ။ အဲဒီရည်ရွယ်ချက်နဲ့  ဒီလို ဖိုရမ်တွေ လုပ်ရတာပါ” လို့ ပြောပါတယ်။

ပထမအကြိမ် ငလျင်ဖိုရမ်ကို ၂ဝ၁၆ အောက်တိုဘာလက ပြုလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ငလျင်ဖိုရမ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း Action Aid၊ UNDP စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းကျင်းပ သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့တက်ရောက်နိုင်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage138. အာဖဂန်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အာဖဂန်နစ္စတန်နိုင်ငံ၊ နန်ဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့မှာ  အသေခံဗုံးခွဲ တိုက်ခိုက်သူ ၂ ဦးကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်သူ ၂ ဦးဟာ ဇူလိုင် ၁၁ ရက်မှာ မြို့ထဲက ပြည်နယ်ပညာရေးမှူးရုံးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု နာရီနဲ့ချီ ကြာမြင့်ခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အသေခံဗုံးခွဲသူတဦးဟာ သူ့မှာပါတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့ပြီး နောက်တဦးကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်ခတ်ခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

သေဆုံးသူတွေထဲက ၁ဝ ဦးဟာ ပညာရေးမှူးရုံးက ဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူက အတည်ပြု ပြောကြားထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့သူ ၁ဝ ဦးကို ဆေးရုံပို့ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျလာလာဘတ်မြို့မှာ နှစ်ပတ်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်ပါတယ်။

တာလီဘန်စစ်သွေးကြွအဖွဲ့နဲ့ အိုင်အက်စ်အဖွဲ့ဟာ နန်ဂါဟာပြည်နယ်ထဲမှာ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပေမယ့် အခုတိုက်ခိုက်မှု လက်သည် ဘယ်သူဆိုတာ မသိရသေးပါဘူး။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage137. ခရီးသွားများ လုံခြုံရေး ချင်းတွင်းမြစ် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းမည် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသွားပြည်သူတွေဘဝ လုံခြုံရေး၊ တရားမဝင် သစ်ဖောင်၊ ဝါးဖောင်၊ ရွှေမျော၊ လက်နက်၊ မူးယစ်ဆေးဝါး သယ်ယူတာတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စုရဲ့ ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ်အဖြစ် ရေကြောင်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်ဆောင်နေပါတယ်။

“အများကြီး အကျိုးရှိပါတယ်။ အဓိကကတော့ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၊ သက်ဆိုင်ရာ ထွေအုပ်တို့နဲ့ ပူးပေါင်းပြီးလုပ်မှပဲ ထိရောက်မှာ။ ဒီအတွက် ပထမလိုအပ်ချက် ဖြစ်တဲ့ ထွေအုပ်ကတော့ ရစကလို ရေယာဉ်စစ်ဆေးရေးအဖွဲ့တွေထဲမှာ ပူးပေါင်းပါဝင်လာပြီ။ အခု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ခွဲဖြစ်တဲ့ ရေကြောင်းရဲတပ်ဖွဲ့ ရှိလာပြီဆိုရင် ပိုပြီးတော့ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လိမ့်မယ်။ နံပါတ် ၁ အနေနဲ့ ရေယာဉ် တွေ စနစ်တကျပြေးဆွဲနိုင်မယ်။ နောက်တချက်က သွားလာတဲ့ ခရီးသွား လုပ်သားပြည်သူတွေ ဘေးအန္တရာယ်လုံခြုံရေး ကာကွယ်နိုင်မယ်။ နောက်တခါ အရေးကြီးတဲ့ တရားမဝင်မှောင်ခိုသစ်၊ တရားမဝင် မူးယစ်ဆေးကုန်သွယ်မှု၊ တရားမဝင် ရွှေမျောတွေပေါ့ ဒါတွေကို လုပ်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ လမ်းပန်း၊ စက်မှုဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။

ချင်းတွင်းမြစ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်တိုင်းမှာ ရစကအဖွဲ့တွေ ဖွဲ့စည်းထား ရှိပေမယ့် ရေယာဉ်တွေ စနစ်တကျပြေးဆွဲရေးကိုပဲ အဓိကဆောင်ရွက်နေရတာ ဖြစ်လို့ တရားမဝင်သစ်ဖောင်ကိစ္စအပါအဝင် အခြားကိစ္စတွေမှာ လုပ်ဆောင်နိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

“အခုကတော့ သင်တန်းတွေပေးနေပြီလို့ကြားတယ်။ ဘယ်အဆင့်ထိ တာဝန်ပေးမယ် ဆိုတာတော့ မသိသေးဘူး။ ၁ လလောက်နေရင်တော့ အကောင်အထည်ဖော်နိုင်တော့မယ့်ပေါ့။ လောလောဆယ်တော့ မြေနေရာတွေ ကြည့်နေတယ်။ ဒါရှိလာရင် မြစ်ကြောင်းအတွင်းက တရားမဝင်ကိစ္စတွေ၊ နောက်တစ်ခါ အိုဗာဝိတ်တင်တဲ့ကိစ္စတွေကို မိုဘိုင်းလှည့်နေမှာ ဖြစ်တဲ့အတွက် ပိုမိုလုပ်ဆောင်လာနိုင်မယ်။ ပြီးတော့ ရေယာဉ်မတော်တဆမှုတွေဖြစ်တဲ့အခါ အလျင်အမြန် ထိထိရောက်ရောက်ကာကွယ်ပေးနိုင်လာမယ်။ တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြုမှာပါ” လို့ ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကလည်း ပြောပါတယ်။

“ရေကြောင်းရဲထားမယ်ဆိုတာ ကြားတော့မကြားသေးဘူး။ ဒါပေမယ့် လုပ်သင့်တာတော့ ကြာပြီ။ စည်းကမ်းမဲ့ လုပ်နေတဲ့ကိစ္စတွေကို ပိုမိုထိန်းချုပ်လာနိုင်မယ်။ သာမန်ရဲတပ်ဖွဲ့ရှိပေမယ့် အခုလို ရေကြောင်းသတ်သတ်မှတ်မှတ်ထားတော့ ပိုမိုထိရောက်တာပေါ့” လို့ မင်းကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းကလည်း ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်းမှာ မှတ်ပုံတင် ပြေးဆွဲနေတဲ့ ရေယာဉ်အသင်း၂၈ သင်းမှာ ရေယာဉ်အစီးရေ ၇ဝဝ နီးပါးရှိပါတယ်။ အခုလို ရေကြောင်းကောင်းတဲ့အချိန်၊ ရေတက်တဲ့ အချိန်တွေမှာ တရားမဝင် သစ်ဖောင်၊ ဝါးဖောင်တွေ သယ်ယူတာတွေလည်း ရှိနေပါတယ်။

ရေကြောင်းရဲတပ်ဖွဲ့ကို ချင်းတွင်းမြစ်ကြောင်းအတွင်း မုံရွာ၊ ကလေးဝ၊ ဟုမ္မလင်း စတဲ့ ဆိပ်ကမ်းမြို့ကြီးတွေနဲ့ ဧရာဝတီမြစ်အတွင်းမှာတော့ ကသာမြို့တို့မှာ ထားရှိသွားမယ်ဖြစ်ပြီး ကျန်တဲ့ ဆိပ်ကမ်းမြို့တွေမှာလည်း ရဲတပ်ဖွဲ့အင်အားအပေါ်မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ထားရှိသွားမယ်လို့  စက်မှုဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage136. လာဇီယိုကွင်းလယ်လူ အန်ဒါဆန်ကို ဝက်စ်ဟမ်း ခေါ်ယူရန် ဆွေးနွေး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး လာဇီယို ကွင်းလယ်ကစားသမား ဖိလစ်ပီ အန်ဒါဆန်ကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၄ဝ ဝန်းကျင်ပေးပြီး ခေါ်ယူဖို့ ညှိနှိုင်းနေတာပါ။

အသက် ၂၅ နှစ်အရွယ် အန်ဒါဆန်ဟာ ဝက်စ်ဟမ်းနည်းပြသစ် ပယ်လီဂရီနီရဲ့ အသင်းအတွက် အားဖြည့်မယ့် လူစာရင်းထဲမှာ ပါဝင်ပါတယ်။

အန်ဒါဆန်ဟာ ဘရာဇီးကလပ် ဆန်းတို့စ်ကနေ ၂ဝ၁၃ မှာ လာဇီယိုကို ရောက်ရှိလာတာပါ။ သူဟာ လာဇီယိုအတွက် ၃၄ ဂိုး သွင်းပေးထားပြီး ၁၇၇ ပွဲ ကစားပေးထားပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဂျက်ဝီလ်ရှိုင်းယားနဲ့ ရိုင်ယန် ဖရက်ဒရစ္စတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို ပြင်သစ်ကလပ် တူလောက်စ်က အီဆာဒီရောက်နဲ့ ဂိုးသမား ဖေဘီယန်စကီးတို့အတွက် ပေါင် ၂၉ သန်း အသုံးပြုထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage135. မြန်မာနိုင်ငံထွက် ထန်းသီးဆံများ​ကို တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချနေ​ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မြန်မာပြည်အလယ်ပိုင်း အပူပိုင်း​ဒေသတွေမှာ အများဆုံးဖြစ်​ထွန်းတဲ့ ထန်းပင်​က ထန်းသီးဆံ​တွေကို မြင်းခြံမြို့ စက်​မှုဇုန်​မှာ​ရှိ  Green Momentum ကုမ္ပဏီက ဝယ်​ယူပြီး ​အေးခဲကာ တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချ​နေပါတယ်။

အဖိုးတန်တဲ့ ထန်းပင်​​တွေ ခုတ်​လှဲ​ပြီး တရုတ်နိုင်ငံကို ရောင်းချ​နေတာ ​ရှိလာနေတဲ့အတွက် ထန်းပင်တွေကို ထိန်းသိမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက ရည်ရွယ်ပြီး ထန်းသီးဆံတွေကို ပြည်ပ တင်ပို့ရောင်းချဖို့ လုပ်ဆောင်နေတာလို့  Green Momentum ကုမ္ပဏီရဲ့ ဒါရိုက်​တာ ကို​ကျော်​သူရက ဒီဗွီဘီကို ပြောပါတယ်။

“ဒီလုပ်​ငန်းက အခုမှ စလုပ်​ကြည့်တာပါ။ ကျ​နော်​တို့ရဲ့ အဓိကရည်​ရွယ်​ချက်​က ဒီ​ဒေသဖွံ့ဖြိုး​ရေးကို ဦးစား​ပေးတာပါ၊ ခုဆိုရင်​ ထန်းပင်​​တွေ ခုတ်​လှဲ ​ရောင်းချ​နေတာ​တွေလည်း သိ​နေရတယ်​။ ပြီး​တော့ ထန်းပင်​​ပေါ်မှ ထန်းသီး​တွေကို နှစ်​စဉ်​နှစ်​တိုင်း အများကြီး လွှင့်ပစ်​​နေကြရတာ​တွေ ရှိ​နေတယ်​။ အဲ့ဒါ​တွေ စဉ်းစားပြီး ထန်းပင်​​တွေကိုပါ ထိန်းသိမ်းပြီးသားဖြစ်အောင်​ရယ်​၊ ​နောက်​ပြီး ထန်းသီးဆံ​တွေကို ဝယ်​ယူပြီး ​အေးခဲကာ ပြည်​ပပို့ကုန်​အဖြစ်​ ပထမဆုံး တရုတ်​နိုင်​ငံကို တင်​ပို့​ရောင်းချ​နေတာ ဖြစ်​တယ်​”

တောင်​သူ​တွေက ထန်းသီးကို အလုံးလိုက်​​ရောင်းချတာမျိုးနဲ့ အဆံထုတ်​ပြီး ​ရောင်းချတာမျိုးဆိုပြီး ​ပုံစံ ၂ မျိုးနဲ့ ​ရောင်းချတာ​တွေလည်း ရှိ​နေပြီး ထန်းသီး ၁ လုံးမှာ အဆံ ၃ ဆံပါရှိကာ အဆံနု တဆံကို ၁၅ ကျပ်​နှုန်းနဲ့ ​ရောင်းချရတယ်​လို့ သိရပါတယ်​။

ဒေသခံ​တောင်​သူတ​ဦးက “ခုလို ထန်းသီးဆံ ဝယ်​တာက ဒီ​ဒေသ​တော့ အခုမှ ကြားဖူးတာပါ။ အရင်​က​တော့ ထန်းသီး​တွေကို စဉ်းခုတ်​ပြီး နွား​ကျွေးရတယ်​။ သူတို့ ဝယ်​တာကလည်း ထန်းသီးဆံ အနုတ​မျိုးကိုပဲ ဝယ်​ယူတာပါ။ အနုတဆံ မှ ၁၅ ကျပ်​နှုန်းပဲ ဝယ်​တာဆို​တော့၊ ထန်းသီးဆံအရင့်​ကျ မ​ရောင်းရ​တော့ ​တောင်​သူ​တွေ မကိုက်​ညီပါဘူး” လို့ ဆိုပါတယ်​။

အပူပိုင်း​ဒေသဖြစ်​တဲ့ မန္တ​လေးတိုင်း​ဒေသကြီးမှာ ထန်းပင်​​တွေ အများဆုံး​တွေ့ရှိရပြီး လက်​ရှိမှာ​တော့ ထန်းပင်​​တွေကို ပုံစံအမျိုးမျိုးနဲ့ ခုတ်​လှဲ​ပြီး တရုတ်နိုင်ငံကို ရောင်းချ​နေတာမျိုး​တွေလည်း ရှိ​နေလို့ ထန်းပင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ထန်းပင်ချစ်သူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတာလည်း ရှိနေပါတယ်။

ရီရီထွန်း(မြင်းခြံ)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage134. အဆောက်အဦ ကောင်း၊ မကောင်းကို သဘာဝက စစ်ဆေးလိုက်သောအခါ -DVB

#ပြည်တွင်း (3d ago)

ဖွင့်ရန်။ခုတလော မိုးကြီးတဲ့သတင်းတွေ၊    ရေကြီးတဲ့သတင်းတွေ နေရာအနှံ့ ဖြစ်လာနေပါတယ်။ ဒီတော့ သဘာဝတရားတွေဖြစ်တဲ့ မိုးကြီးခြင်း၊ ရေကြီးခြင်း၊    လေမုန်တိုင်း[...]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage133. မက်ဆီဒိုးနီးယား အဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးရန် နေတိုးဖိတ်ကြား -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ဂရိနဲ့ နိုင်ငံနာမည် အငြင်းပွားနေတဲ့ မက်ဆီဒိုးနီးယားနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကိစ္စဆွေးနွေးဖို့ နေတိုးအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့မှာ တရားဝင်ဖိတ်ကြားလိုက်ပါတယ်။

ဂရိနဲ့ မက်ဆီးဒိုးနီးယားနိုင်ငံတို့ဟာ ‘မက်ဆီဒိုးနီးယား’ ဆိုတဲ့နာမည် အသုံးပြုတာနဲ့ ပတ်သက်ပြီး ကာလတာရှည် အငြင်းပွားနေခဲ့ကြတာပါ။

လွန်ခဲ့တဲ့ လပိုင်းက မက်ဆီဒိုးနီးယားကို ‘မြောက်ပိုင်း မက်ဆီဒိုးနီးယား’ လို့ နာမည်ပေးဖို့ နှစ်နိုင်ငံ ခေါင်ဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ‘မြောက်ပိုင်းမက်ဆီဒိုးနီးယား’ ဆိုတဲ့ နာမည်ကိုလည်း နှစ်နိုင်ငံ ပြည်သူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။

မက်ဆီဒိုးနီးယားဆိုတဲ့ နာမည်နဲ့ ဂရိဘက်မှာလည်း နယ်မြေရှိနေပြီး အဲဒီနယ်မြေနဲ့ ထိစပ်နေတဲ့ နယ်မြေကို မက်ဆီဒိုးနီးယားနိုင်ငံလို့ နာမည်ပေးတာဟာ နယ်မြေပိုင်ဆိုင်မှု သွယ်ဝိုက်တောင်းဆိုသလို ဖြစ်နေတာကြောင့် ဂရိဘက်က လက်မခံဘဲ ဖြစ်နေခဲ့တာပါ။

ဒါ့အပြင် မက်ဆီဒိုးနီးယားနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ရေးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကိစ္စကိုလည်း ဂရိက ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။

အခုအခါ နှစ်နိုင်ငံ အစိုးရတွေအကြား နိုင်ငံနာမည်အငြင်းပွားမှုကို ဖြေရှင်းပြီးဖြစ်တာကြောင့် မက်ဆီဒိုးနီးယားကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါက နေတိုးအဖွဲ့မှာ အဖွဲ့ဝင် ၃၀ ထိ ရှိလာမှာလည်းဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသွားအပြီးမှာ အခုနာမည်အငြင်းပွားနေတဲ့ နိုင်ငံကို “ယူဂိုဆလပ်နိုင်ငံဟောင်း မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ” လို့ ကုလသမဂ္ဂက တရားဝင် ခေါ်ဝေါ်သုံးနှုန်းခဲ့တာလည်း ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage132. အမြန်လမ်းမကြီးဘေး ကျူးကျော်နေထိုင်သူများကို စတင်ရှင်းလင်းတော့မည် -DVB

#ပြည်တွင်း (3d ago)

ဖွင့်ရန်။အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅ မိုင် ၆ မှ မိုင်တိုင်အမှတ် ၁၂၀ မိုင် ၆[...]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage131. မန်စီးတီးကို ပြောင်းရွှေ့နိုင်သည့်အတွက် ကျေနပ်ဟု မာရက်ဇ် ပြော -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့နိုင်တဲ့အတွက် အရမ်းကျေနပ်တယ်လို့ ကွင်းလယ်ကစားသမား မာရက်ဇ်က အသင်းသစ် မန်စီးတီးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန်စီးတီးဟာ အသက် ၂၇ နှစ်အရွယ် မာရက်ဇ်ကို လက်စတာအသင်းကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူထားတာပါ။

မန်စီးတီးလို အသင်းမျိုးမှာ ကစားနိုင်တယ်ဆိုတဲ့ ခြေစွမ်းမျိုးကို ပြသပြီး အသင်းကို ကူညီသွားမယ်လို့လည်း တောင်ပံကစားသမား မာရက်ဇ်က ဆိုပါတယ်။

အယ်လ်ဂျီးရီးယားလက်ရွေးစင် မာရက်ဇ်ဟာ လက်စတာအသင်းနဲ့အတူ ၂၀၁၆ မှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ မာရက်ဇ်ဟာ လက်စတာအတွက် ကစားပေးတဲ့ ၃၇ ပွဲမှာ ၁၇ ဂိုး သွင်းယူနိုင်တာကြောင့် ပီအက်ဖ်အေက ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage130. မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ၅.၀ အဆင့်ရှိ ငလျင်လှုပ်ခတ် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီ ၁၀ မိနစ် ၁၃ စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၆၁ မိုင်ခန့် ကွာဝေးတဲ့ (မြန်မာ့ပင်လယ်ပြင်) မြောက်လတ္တီတွဒ် ၁၅.၄၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၂ ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး ၅.၀ အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage129. ဇူလိုင် ၁၂ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး -DVB

#Lead Story (3d ago)

ဖွင့်ရန်။

ဇူလိုင် ၁၂ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၀၆ ကျပ်၊  ၁ ယူရိုငွေကို ၁၆၄၁ ဒသမ ၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁ဝ၃၀ ဒသမ ၂ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၂၅၄ ဒသမ ၄ ကျပ်၊  တရုတ် ၁ ယွမ်ကို ၂၁၀ ဒသမ ၄၄ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၇ ဒသမ ၅၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၁၈ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။  

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၅၃ဝဝ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၅၅ဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၄၃ ဒသမ ၇၅ ဒေါ်လာ ဈေးပေါက်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage128. အီရန် စည်ပင်သာယာဝန်ထမ်းများ၏ လာဘ်စားမှု တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အီရန်နိုင်ငံက စည်ပင်သာယာဝန်ထမ်းတွေရဲ့ လာဘ်စားမှုဟာ ကပ်ရောဂါတခုလို တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတယ်လို့ တီဟီရန်မြို့တော်ကောင်စီ ဥက္ကဋ္ဌက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌ မိုဆန် ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီနဲ့ အီရန်အစိုးရ သတင်းအေဂျင်စီ (ISNA) တို့ တွေ့ဆုံမေးမြန်းရာမှာ စည်ပင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဝန်ခံပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

စည်ပင်ဝန်ထမ်းတွေဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ နယ်မြေခွင့်ပြုချက်လို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး လာဘ်စားမှု ၂၆,၀၀၀ လောက်အထိ ကျူးလွန်ခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌက စည်ပင်သာယာဌာနရဲ့ ငွေကြေးထောက်ပံ့မှု မရှိတဲ့အပေါ် ပြစ်တင်ပြောကြားခဲ့ပြီး အဲဒီလို ငွေကြေးထောက်ပံ့မှု မရှိခြင်းကြောင့် စည်ပင်ဝန်ထမ်းတွေ လာဘ်စားမှုကို ဖြစ်စေခဲ့တာလို့လည်း ပြောကြားခဲ့ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌ ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီဟာ ကွယ်လွန်သူ အီရန်သမ္မတဟောင်း ရပ်ဖ်ဆန်ဂျာနီရဲ့ အကြီးဆုံးသားလည်း ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage127. တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် အဆောက်အဦများ ပျက်စီး၊ လမ်းများရေလျှံ (ရုပ်သံ) -DVB

#Lead Story (3d ago)

ဖွင့်ရန်။

တိုင်ဖွန်းမုန်တိုင်း မာရီယာနဲ့ မိုးသက်မုန်တိုင်းတွေ တိုက်ခတ်နေတာကြောင့် တရုတ်နိုင်ငံ နေရာတော်တော်များများမှာ အဆောက်အဦတွေ ပျက်စီးနေပြီး လမ်းတွေလည်း ရေလျှံနေပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မိုးသည်းနေတာ ရက်ကြာနေပြီဖြစ်လို့ ပြည်နယ်ထဲက မြစ် ၁၈ စင်းဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိခဲ့ပါတယ်။

စီချွမ်အာဏာပိုင်တွေဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ရေး အဆင့် ၂ အစီအစဉ်ကို ဇူလိုင် ၁၁ ရက်မှာ ချမှတ်ထားပြီးဖြစ်ပါတယ်။

ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ မီးသတ်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ အသင့်ရှိနေပြီး ကယ်ဆယ်ရေးလုပ်မယ့် နေရာတွေမှာ ရာဘာလှေတွေနဲ့ အမြန်လှေတွေကို နေရာချထားတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ တိုင်ဖွန်းမုန်တိုင်း မာရီယာဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူးကျန့်ပြည်နယ်၊ လင်ကျန်း စီရင်စုနယ်ထဲကနေ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာကြောင့်  ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဖူးကျန့်ပြည်နယ်က ဒေသခံတွေဟာ မာရီယာမုန်တိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန် ဖြစ်ပွားခဲ့တဲ့ လှိုင်းမြင့်တွေနဲ့ ရေကြီးမှုတွေကို ဗွီဒီယို ရိုက်ကူးခဲ့ကြပါတယ်။

တိုင်ဖွန်းမုန်တိုင်း မာရီယာဟာ အခုနှစ်အတွင်း ၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး မုန်တိုင်းဗဟိုချက်အနီးမှာ လေပြင်းအားဟာ တစက္ကန့်ကို ၄၂ မီတာအထိ ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့်ပေါ်လာတဲ့လှိုင်းတွေ ပုတ်လို့ လင်ကျန်းစီရင်စုနယ်၊ တိုင်လူမြို့ကမ်းစပ်က အခြေခံ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။

လုယွမ် စီရင်စုနယ်မှာတော့ လှိုင်းအမြင့်က ရေကာတာအထိ ကျော်ရိုက်ခဲ့သလို ပင်လယ်အော်ထဲက ငါးဖမ်းလှေတွေလည်း လှိုင်းရိုက်ခံခဲ့ရပါတယ်။

ရှားဖူစီရင်စုနယ်မှာ မီတာနဲ့ချီမြင့်တဲ့ ဒီရေတက်ခဲ့တာကို ဒေသခံတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ဖူးကျန့်ပြန်နယ်ထဲက မြို့တော်တော်များများမှာ ရေကြီးမှုဖြစ်ပွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage126. မိုးရွာသွန်းမှုကြောင့် တိဘက် အဝေးပြေးလမ်းပေါ် ရွှံ့နွံနှင့် ကျောက်တုံးများ ဖုံးလွှမ်း -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ တိဘက်ဒေသ အဝေးပြေးလမ်းမကြီးပေါ်မှာ ဇူလိုင် ၁၁ ရက်နေ့က ရွှံ့နွံနဲ့ ကျေက်တုံးတွေ လမ်းပေါ်ကို အကြီးအကျယ် ဖုံးလွှမ်းသွားခဲ့ပါတယ်။

ဒီ့အတွက် တိဘက်-စီချွမ်း အဝေးပြေးလမ်းက ယာဉ်အသွားအလာတွေလည်း ထိခိုက်ခဲ့ပါတယ်။

ကနဦးခန့်မှန်းချက်အရ ဖုံးလွှမ်းသွားတဲ့ ရွှံ့နွံနဲ့ ကျောက်တုံးပမာဏာဟာ ကုဗမီတာ ၂ သောင်းလောက်ရှိပြီး လမ်းရဲ့ အရှည် မီတာ ၂၀၀ လောက်အထိ ဖုံးလွှမ်းသွားခဲ့တာပါ။

ဒ့ါအပြင် အဝေးပြေးလမ်းမကြီးရဲ့ မီတာ ၆၀ လောက်ဟာလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရသေးကြောင်း စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage125. ဝင်ဘယ်ဒန်တင်းနစ် ကွာတားဖိုင်နယ်တွင် ရော်ဂျာဖက်ဒရာ ရှုံးပြီး ပြိုင်ပွဲမှထွက် -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန် အမျိုးသားတဦးချင်း တင်းနစ်ပြိုင်ပွဲ ကွာတားအဆင့်မှာ လက်ရှိချန်ပီယံ ရော်ဂျာဖက်ဒရာ ရှုံးပြီး ထွက်သွားရပါတယ်။

ရော်ဂျာဖက်ဒရာဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၉ ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ မျှော်မှန်းထားပေမယ့် သူ့ရဲ့မျှော်လင့်ချက်တွေကို တောင်အာဖရိကက ကဲဗန်အန်ဒါဆန်က အဆုံးသတ်ပေးလိုက်တာပါ။

ဒီပြိုင်ပွဲမှာ အန်ဒါဆန်က သူ့ရဲ့ ပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေက အသာစီးယူနိုင်ခဲ့ပါတယ်။

ပထမ ၂ ပွဲမှာ ဖက်ဒရာ အနိုင်ရပေမယ့် လက်ကျန်ပွဲတွေမှာ အရှုံးပေးခဲ့ရတာပါ။

ဖက်ဒရာအနေနဲ့ အပြန်အလှန် ရိုက်ချက်တွေ၊ Fore hand ရိုက်ချက်တွေမှာ အန်ဒါဆန်ကို မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရတာပါ။

တောင်အာဖရိကနိုင်ငံသား အန်ဒါဆန်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အမေရိကန်က ဂျွန်အစ္စနာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage124. လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝါရင့်သံတမန် ဒေးဗစ်ဟဲလ်ကို ထရမ့် အမည်စာရင်း တင်သွင်း -DVB

#Lead Story (3d ago)

ဖွင့်ရန်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးသစ် အဖြစ် ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းကို ဇူလိုင် ၁၁ ရက်နေ့က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ဝါရင့်သံတမန် ဒေးဗစ်ဟဲလ် (David Hale) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာပါ။

သူဟာ ၂၀၁၅ ခုနှစ်က စပြီး ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲ့ဒီရာထူးမတိုင်ခင်က သူဟာ လက်ဘနွန်နဲ့ ဂျော်ဒန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်ရဲ့ အမှုဆောင် လက်ထောက်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage123. အင်္ဂလန်ကို အနိုင်ယူပြီး ခရိုအေးရှား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက် (ရုပ်သံဟိုက်လိုက်) -DVB

#Lead Story (3d ago)

ဖွင့်ရန်။

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားက အင်္ဂလန်ကို အချိန်ပိုမိနစ်မှာ အနိုင်ယူပြီး ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။

ဒီပွဲမှာ အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာပဲ ထရစ်ပါက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ အင်္ဂလန်က ဖိအားပေး ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်း အပိုင်နီးပါး ကန်သွင်းခွင့်ရပေမယ့် အဆုံးသတ် မသေချာခဲ့လို့ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ခရိုအေးရှားက ချေပဂိုး ပြန်သွင်းနိုင်ဖို့ တိုက်စစ်အရှိန်မြှင့်လာခဲ့ပြီး ချေပဂိုးကို ၆၈ မိနစ်မှာ ပါရီဆစ်က သွင်းယူပါတယ်။

မိနစ် ၉၀ အထိ တဖက်တဂိုး သရေကျလို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။

ခရိုအေးရှားကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ ၃ ပွဲဆက်တိုက် အချိန်ပိုအထိ ကစားရတဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ခရိုအေးရှားအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး မန်ဇူကစ်က ၁၀၉ မိနစ်မှာ သွင်းယူပါတယ်။

အင်္ဂလန်အတွက်တော့ ၁၉၆၆ နောက်ပိုင်း ဗိုလ်လုပွဲတက်ရေး အိပ်မက်တွေ အဆုံးသတ်သွားပြီး ဘယ်လ်ဂျီယံနဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ တတိယနေရာလုပွဲ ယှဉ်ပြိုင်ရတော့မှာပါ။

ခရိုအေးရှားကတော့ လာမယ့် ဇူလိုင် ၁၅ ရက်နေ့ ပြင်သစ်နဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage122. တိုက်စစ်မှူး တောရက်စ် ဂျပန်ကလပ် ဆေးဂန်တိုဆူသို့ ပြောင်းရွှေ့ -DVB

#Lead Story (3d ago)

ဖွင့်ရန်။

စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ဟာ ဂျပန်ကလပ် ဆေးဂန်တိုဆူအသင်းကို ပြောင်းရွှေ့သွားပါတယ်။

အက်သလက်တီကိုမက်ဒရစ် အသင်းနဲ့ တိုက်စစ်မှူး တောရက်စ်ဟာ ဒီနှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပေမယ့် အသင်းဘက်က စာချုပ်သက်တမ်း တိုးခဲ့ခြင်း မရှိပါဘူး။

စပိန်တိုက်စစ်မှူးက မတူကွဲပြားတဲ့ စိန်ခေါ်မှုအသစ်တွေကို လိုချင်တဲ့အတွက် အသင်းပြောင်းတာ ဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ တီကိုအတွက် နောက်ဆုံးပွဲစဉ်အဖြစ် မာဆေးကို အနိုင်ရတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ကစားထားပါတယ်။

တောရက်စ်ဟာ စပိန်အသင်း ၂၀၁၀ မှာ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ၂၀၁၄ မှာ ယူရိုချန်ပီယံဖြစ်တုန်းက အဓိက ကစားသမားအနေနဲ့ ပါဝင်ခဲ့တာပါ။

သူဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း လီဗာပူးနဲ့ ချဲလ်ဆီးတို့မှာ ကစားခဲ့ပြီး ၂၀၁၂ မှာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage121. Thai court dismisses charges against Burmese workers in landmark case -DVB

#Labour Issues (4d ago)

ဖွင့်ရန်။

A court in Bangkok on Wednesday dismissed criminal defamation charges against workers from Burma who had accused a chicken farm of abuses, in a landmark ruling seen as a rare victory for migrant workers’ rights in Thailand.

The case was triggered by a complaint that 14 workers filed to Thailand’s National Human Rights Commission (NHRC) in 2016 about forced overtime, being paid under the minimum wage, confiscation of passports, and limited freedom of movement.

The workers were charged in October in a first-of-its-kind criminal defamation case, which prompted campaigners to urge better protection for migrant labourers who complain about working conditions.

On Wednesday, a judge said he believed that the workers filed the NHRC complaint against the Thammakaset chicken farm in “good faith,” and without false information.

“This is a very good verdict for all migrant workers in the country,” said Nakhon Chompuchat, a lawyer for the defendants.

“It says workers need not be afraid to speak up against violations by their employers. The workers are very happy,” he told the Thomson Reuters Foundation by phone.

If convicted, the workers faced up to one year in prison and fines.

Their former employer, Thammakaset farm, which supplied the Thai food conglomerate Betagro, denied the charges from the outset and launched a lawsuit against the workers, saying the complaint has damaged its reputation.

Betagro, which sells to companies around the globe, later said it had cut ties with the farm.

The farm owner has denied any wrongdoing, and said that employees voluntarily worked nights to rack up bonuses and chose to sleep next to the chicken warehouse.

On Wednesday, the owner said he could not immediately comment on the verdict and did not answer subsequent phone calls.

Thailand has been at the centre of a slew of slavery and human trafficking cases, including in its seafood sector, with migrants from Burma thought to suffer much of the worst exploitation, according to rights groups.

In the face of mounting global scrutiny of supply chains, Thailand has strengthened laws to crack down on labour exploitation, but activists say it is still widespread.

Wednesday’s verdict will help bolster the rights of migrant workers in the country, said Sutharee Wannasiri at the advocacy group Fortify Rights.

“The Thai court today sent a strong message to businesses that the authorities guarantee the right of alleged human rights victims to submit complaints … without fear of retaliation,” she said.

“Migrant workers’ contributions are vital to Thailand’s economic development. It is important that the Thai government adopts policies that protect their rights,” she said in a statement.

Earlier this year, the United Nations Working Group on Business and Human Rights said that Thai businesses must act to prevent rights violations, and the government must better protect migrant workers.

The verdict should encourage companies “to work collaboratively with critical voices and address legitimate grievances of migrant workers,” said Surya Deva of City University of Hong Kong who participated in the UN group.


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား English ဘာသာ သတင်းများ ဖတ်ရန်...

NoImage120. မန္တလေး ကျောက်ထုတ်စခန်းများကို လူ့အခွင့်အရေးကော်မရှင် ရှောင်တခင်စစ်ဆေး -DVB

#Lead Story (4d ago)

ဖွင့်ရန်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကျဉ်းဦးစီးဌာနရဲ့ ကျောက်ထုတ်စခန်းတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဝင်တွေက မနေ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်က ထုံးဘို ၁ ကျောက်ထုတ်စခန်း၊ ထုံးဘို ၂ ကျောက်ထုတ်စခန်းနဲ့ ထုံးဘို အမျိုးသမီးကျောက်ထုတ်စခန်းတွေကို ဝင်ရောက်ကြည့်ရှုခဲ့တာပါ။

ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “တွေ့ရှိတာ အသေးစိတ်ကိုတော့ ပြောဖို့ခက်ပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ လုပ်ငန်းခွင်မှာ အရိပ်အာဝါသ မရှိဘူး။ နားဖို့အတွက် ပေးထားတဲ့ အမိုးရှိတဲ့ နေရာကကျဉ်းတော့ လူတိုင်း မနားရဘူးပေါ့ဗျာ။ ပြီးတော့ သောက်ရေကိုလည်း ပလပ်စတစ်ဘူးတွေနဲ့ ပေးထားတော့ ရေပူကြီးတွေ သောက်ရတာပေါ့” လို့ ပြောပါတယ်။

ကော်မရှင် အဖွဲ့ဟာ ဒီနေ့မှာလည်း ကျောက်ဆည်မြို့နယ်က ဘဲလင်း အကျဉ်းစခန်း ၁ နဲ့ ၂၊ ရဲစခန်း အချုပ်ခန်းတွေကို သွားရောက်လေ့လာနေပါတယ်။

“ဘဲလင်းတို့ ဘာတို့မှာဆိုရင်လည်း လုပ်ငန်းခွင်သုံး ဖိနပ်မရှိလို့ ခဲတွေမှန်တာရှိတယ်။ ဒါကြောင့် လုပ်ငန်းခွင်သုံး ဖိနပ်တို့၊ မျက်မှန်တို့ ပြည့်စုံအောင် စီစဉ်ပေးဖို့ မေတ္တာရပ်ခံ ပြောခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။

ရှောင်တခင်စစ်ဆေးရာမှာတော့ အကျဉ်းသားတွေကို သီးသန့် ခေါ်ယူမေးမြန်း ပြောဆိုတာ မရှိဘဲ အဲလို ပြောဆိုမေးမြန်းနိုင်ဖို့ဆိုရင် အလုပ်နားထားလို့ရအောင် တရက်ကြိုပြီး အကြောင်းထားရတယ် လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ အမျိုးသမီး ကုန်ထုတ်စခန်းတွေကို ပိတ်သိမ်းသင့်တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage119. ချင်းတွင်းမြစ်ရေ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရက်ပိုင်းအတွင်း ရောက်ရှိနိုင် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ဒီရက်ပိုင်းမှာ ရောက်ရှိနိုင်လို့ မြို့နယ်တွင်းက မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က သတိပေးထားပါတယ်။

ဒီနေ့ညနေ ၃ နာရီအချိန်က သတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီနေ့ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်ရဲ့ အောက် ၂ ပေလောက်မှာ ရှိနေတာပါ။

မြစ်ရေဟာ နောက် ၃ ရက်အတွင်း ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ လည်း ဆိုပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage118. Third round of ‘Panglong’ peace talks begin -DVB

#Lead Story (4d ago)

ဖွင့်ရန်။

Negotiators gathered on Wednesday to kick off Burma’s latest round of high-level peace talks, ostensibly furthering a process that has bogged down amid ongoing conflict in the country’s border regions.

The third iteration of the “21st Century Panglong Conference” is being held in Naypyidaw and will continue through the weekend.

The last round of talks at this level took place in May of last year. The current government has struggled to meet timetables that it has set itself, with its Panglong peace summits being the most high-profile case in point.

Representatives from 10 ethnic armed groups that are signatories to Burma’s Nationwide Ceasefire Agreement are in Naypyidaw for this latest dialogue, as well as several non-signatory groups.

The 21st Century Panglong Conference, version 3.0, is scheduled to run through Monday.

“I want to tell the government and Tatmadaw [Burmese military] that we are here to meet, and we are hoping for the best,” Gen. Gun Maw, a vice chairman of the Kachin Independence Organisation (KIO), was quoted by state media as saying. The Kachin Independence Army — the KIO’s military counterparty — has been front-and-centre in the most protracted of recent years’ conflicts, in the country’s north.

The attendance of the KIA and several NCA non-signatories was highlighted by the state-run Global New Light Myanmar, which trumpeted their participation on page 1 of its July 11 edition. China reportedly facilitated members of the so-called Northern Alliance, a coalition of ethnic armed groups that includes the KIA and other NCA non-signatories largely based in Burma’s northeast.

State Counsellor Aung San Suu Kyi has said the peace process is her highest priority as de facto leader of the country, but the constraints of her position have been manifest since her government took office in 2016: She has no constitutional authority over Burma’s military, and fighting between state security forces and ethnic armed groups has shown no signs of abating under her leadership.


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား English ဘာသာ သတင်းများ ဖတ်ရန်...

NoImage117. မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များ ကာချုပ်နှင့်တွေ့ဆုံ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့  UWSA ‘၀’ အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့၊ SSA (၀မ်ဟိုင်း)အဖွဲ့နဲ့ KIA ကချင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာတွေ့ဆုံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့  တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကိုတော့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တွေ့ဆုံခဲ့ပါတယ်။

အဆိုပါအဖွဲ့တွေဟာ နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

ဒီ ငြိမ်းချမ်းရေးညီလာခံကို မျှော်လင့်ချက်တွေနဲ့ လာရောက်တာဖြစ်ပြီး တရုတ်က လုံခြုံရေးကအစ တာဝန်ယူ ဦးဆောင်လာတာလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်တဲ့ မိုင်းလားအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် ကတော့ ငြိမ်းချမ်းရေးရမှ အာလုံး အဆင်ပြေမှာဖြစ်ပြီး ညီလာခံအောင်မြင့်ဖို့ လာပါဝင်တာလို့ ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage116. ဒေါ်လာဘီလျံ ၂၀၀ ဖိုးရှိ တရုတ်ကုန်စည်များကို ထပ်ဆောင်းခွန်ကောက်ရန် အမေရိကန် ဆုံးဖြတ် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အမေရိကန် အစိုးရဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးရှိတဲ့ နောက်ထပ် ကုန်စည်တွေကို စက်တင်ဘာလကစပြီး ထပ်ဆောင်းခွန်ကောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ တနိုင်ငံရဲ့ကုန်စည်ကို တနိုင်ငံက အမေရိကန်ဒေါ်လာ ၃၄ ဘီလျံဖိုး ထပ်ဆောင်းခွန်ကောက်ဖို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ ခုလို ထပ်ပြီး ဆုံးဖြတ်လိုက်တာပါ။

တကယ်လို့ တရုတ်က လက်စားချေမယ်ဆိုရင် နောက်ထပ် ထပ်ဆောင်းခွန်တွေ ထပ်ပြီး ချမှတ်ဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

ထပ်ဆောင်းခွန်ကောက်မယ့် စားသောက်ကုန်တွေ၊ တွင်းထွက်တွေနဲ့ လူသုံးကုန်တွေ အပါအဝင် ပစ္စည်းအမယ်ပေါင်း ၆၀၀၀ ကျော်ရဲ့ စာရင်းကိုလည်း အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

၁၀ ရာခိုင်နှုန်း ထပ်ဆောင်းခွန်သစ်ကို မချမှတ်ခင် ပြည်သူတွေက စာရင်းကို မှတ်ချက်ပေးဖို့ သြဂုတ်လကုန်ထိ အချိန်ရမှာပါ။

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နိုင်ငံကြားက ကုန်သွယ်ရေးတင်းမာမှု တိုးလာနေလို့ အာရှစတော့ဈေးကွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။

ဟောင်ကောင် ဟန်းဆန်းညွှန်းကိန်းက ၂ ရာခိုင်နှုန်းကျပြီး ရှန်ဟိုင်းညွှန်းကိန်းက ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ ဂျပန်ရဲ့ နစ်ခေး ၂၂၅ ညွှန်းကိန်းကတော့ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage115. လက်စတာ တောင်ပံကစားသမား မာရက်ဇ်ကို မန်စီးတီး ခေါ်ယူ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးပြီး  လက်စတာ တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူလိုက်ပါတယ်။

မန်စီးတီးက အသက် ၂၇ နှစ်အရွယ် အယ်လ်ဂျီးရီးယား ကစားသမား မာရက်ဇ်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။

ဒါဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းရဲ့ ဒီနှစ်အတွက် ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်ပါတယ်။

မာရက်ဇ်ကတော့ မန်စီးတီးရဲ့ ကစားပုံက ပြောစရာမရှိအောင် ကောင်းတာကြောင့် အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရလို့ ကျေနပ်တယ်လို့ ပြောပါတယ်။

တောင်ပံကစားသမား မာရက်ဇ်ဟာ လက်စတာစီးတီးအသင်းနဲ့အတူ ၂၀၁၆ မှာ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပါတယ်။

သူဟာ လက်စတာအတွက် ကစားတဲ့ ၁၇၉ ပွဲမှာ ၄၈ ဂိုး သွင်းယူထားသလို လက်စတာမှာ ကစားနေတုန်း ပီအက်ဖ်အေရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage114. ပါကစ္စတန်နိုင်ငံအတွက် ဂြိုဟ်တု ၂ လုံးကို တရုတ်လွှတ်တင် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

တရုတ်အစိုးရဟာ ပါကစ္စတန်နိုင်ငံအတွက် PRSS-1 နဲ့ PakTES-1A ဂြိုဟ်တု ၂ လုံးကို နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးဌာနကနေ ဇူလိုင် ၉ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။

PRSS-1 ဂြိုဟ်တုဟာ တရုတ်က ပါကစ္စတန်ကို ရောင်းပေးတဲ့ ပထမဆုံး အမြင်အာရုံဆိုင်ရာ အဝေးထိန်းအာရုံခံစနစ်ပါတဲ့ ဂြိုဟ်တုဖြစ်ပါတယ်။

PakTES-1A ကတော့ ပါကစ္စတန်နိုင်ငံက တီထွင်ထုတ်လုပ်တဲ့ သိပ္ပံသုတေသန ဂြိုဟ်တု ဖြစ်ပါတယ်။ ဂြိုဟ်တုပတ်လမ်းကြောင်းထဲ ရောက်အပြီးမှာ ဂြိုဟ်တုက အခြေအနေကောင်းပြီး နေစွမ်းအင်သုံး ဘောင်ကွက်တွေကလည်း ချောချောမောမော အလုပ် လုပ်တယ်လို့ တရုတ် အာကာသနည်းပညာတက္ကသိုလ် (CAST) က ပြောပါတယ်။

၇ နှစ်သက်တမ်းအတွက် ပုံစံထုတ်ထားတဲ့ ဂြိုဟ်တုကို ရောင်စဉ်ဖြာကင်မရာ ၂ လုံး တပ်ထားပြီး ၆၀ ကီလိုမီတာအကွာက ပုံရိပ်တွေကို ဖမ်းယူရိုက်ကူးနိုင်တယ်။ အပင်တွေရဲ့ ရောဂါနဲ့ ပိုးမွှားတွေကို စောင့်ကြည့်ရာမှာ သုံးနိုင်တယ်။ တရုတ်နိုင်ငံက ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့တဲ့ အကောင်းဆုံး အဝေးထိန်း အာရုံခံကင်မရာတွေ ဖြစ်တယ်လို့ ပုံစံထုတ်သူတွေက ပြောပါတယ်။

မြေပြင်နဲ့ သယံဇာတ စစ်တမ်းတွေ၊ သဘာဝကပ်ဘေး စောင့်ကြည့်ရေး၊ စိုက်ပျိုးရေး သုတေသနနဲ့ မြို့ပြတည်ဆောက်ရေးတွေအတွက် PRSS-1 ဂြိုဟ်တုကိုသုံးမယ်၊ ပိုးလမ်း ၂ သွယ် စီမံကိန်းဒေသအတွက် သတင်းအချက်အလက်တွေကို ပံ့ပိုးမယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage113. ဟောလိဝုဒ် နာမည်ကြီးသရုပ်ဆောင် ဂျွန်နီဒက်ပ်ကို ရိုက်ကွင်းမန်နေဂျာ တရားစွဲ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ဟောလိဝုဒ်ရဲ့ ကမ္ဘာကျော် သရုပ်ဆောင်တဦးဖြစ်တဲ့ ဂျွန်နီဒက်ပ်ဟာ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတွေကို ထိုးကြိတ်ခဲ့တာကြောင့် ရိုက်ကွင်းမန်နေဂျာက တရားစွဲဆိုလိုက်ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ၂၀၁၇ ခုနှစ် ဧပြီလက “City of Lies” ရုပ်ရှင်ရိုက်ကူးစဉ် လောစ်အိန်ဂျလိစ်မြို့လယ်က ဘာကလေဟိုတယ်မှာ ဖြစ်ပွားခဲ့တာပါ။

ရိုက်ကွင်းမန်နေဂျာ ဘရွတ်ရဲ့ တရားစွဲဆိုချက်မှာ ရေးသားထားချက်အရ ဂျွန်နီဒက်ပ်ဟာ ရိုက်ကွင်းမန်နေဂျာရဲ့ ဘယ်ဘက်နံရိုးအောက်ပိုင်းကို အားပြင်းပြင်းနဲ့ နှစ်ကြိမ်ထိုးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဘရွတ်ကို အော်ဟစ်ပြောဆိုခဲ့ရာမှာ အရက်နံ့ရရှိတာကြောင့် အဲဒီရုပ်ရှင်ရိုက်ကူးနေချိန်မှာ မင်းသားဟာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့လည်း ရိုက်ကွင်းမန်နေဂျာ ဘရွတ်က စွပ်စွဲပြောဆိုထားပါတယ်။

အခုအမှုနဲ့ပတ်သက်ပြီး စီအန်အန်ရဲ့ မေးမြန်းချက်ကို ဂျွန်နီဒက်ပ်ရဲ့ ကိုယ်စားလှယ် ရှေ့နေတွေက ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage112. တရားသူကြီးချုပ် ရာထူးအတွက် ဘရက် ကဗန်နောကို သမ္မတ ထရမ့် အမည်စာရင်းတင်သွင်း -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရာထူးကနေ အနားယူသွားတဲ့ တရားသူကြီးချုပ် ရာထူးအတွက် အစဉ်အလာ နိုင်ငံရေးအယူအဆကို လက်ခံတဲ့ ကွန်ဆာဗေးတစ် တရားသူကြီး ဘရက် ကဗန်နောကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ကဗန်နောဟာ လက်ရှိမှာ ဟားဗတ်၊ ယေးလ်နဲ့ ဂျော့တောင်း တက္ကသိုလ်တွေမှာ ဥပဒေပညာ သင်ကြားပြသနေတဲ့ ဆရာတဦး ဖြစ်ပါတယ်။

သူဟာ တရားသူကြီးတဦး ဖြစ်သလို စစ်မှန်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ် ဘရက် ကဗန်နောဟာ သူ့ကို မဲပေးရွေးချယ်ကြမယ့် အထက်လွှတ်တော်အမတ်တွေနဲ့ ဇူလိုင် ၁၀ ရက်နေ့က တွေ့ဆုံခဲ့ပါသေးတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ “ဒီတရားသူကြီးချုပ် ရာထူးအတွက် သူ့ထက် ပိုပြီး အရည်အချင်းရှိတဲ့သူ၊ ပိုပြီး ထိုက်တန်တဲ့သူ အမေရိကန်မှာ မရှိဘူး” လို့လည်း  ဇူလိုင် ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

တရားသူကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရတဲ့ ကဗန်နောဟာ ပြည်ထောင်စုအဆင့် တရားသူကြီးချုပ်အဖြစ် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage111. သပိတ်ကျင်းမြို့နယ်က လိပ်ကျရေတံခွန်ကို လာရောက်လည်ပတ်သူများစည်ကားနေ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်က သဘာဝအလှအပတွေနဲ့ လိပ်ကျရေတံခွန်ဟာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။

အဲဒီရေတံခွန်ဟာ လိပ်ကျကျေးရွာရဲ့ အနောက်မြောက်ဘက် ၂ မိုင်လောက် အကွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သဘာဝအတိုင်း တည်ရှိနေတဲ့ ရေတံခွန်ကြီးတခုလည်း ဖြစ်ပါတယ်။

အရင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ တောတောင်သစ်ပင်တွေ အုံဆိုင်းနေပြီး လူအရောက်ပေါက် နည်းခဲ့တာကြောင့် မထင်ရှားခဲ့ပေမယ့် ၂၀၁၇ နောက်ပိုင်း လက်ပမ်း ဆက်သွယ်ရေး အဆင်ပြေလာတဲ့အတွက် တဖြည်းဖြည်းချင်း လူသိများလာခဲ့တဲ့ သဘာဝအပန်းဖြေစခန်းတခု ဖြစ်လာပါတယ်။

စမ်းရေပြာအိုင်နဲ့ရေတံခွန်ကြီးကို မှီခိုပြီး ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့နဲ့ လာရောက်အပန်းဖြေသူတွေ အဆင်ပြေချော့မွေ့စေဖို့အတွက် အထက်မြန်မာပြည် ခရီးသွားလုပ်ငန်းတခု ဖော်ဆောင်ပေးဖို့ကို တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားတယ်လို့ လည်း သိရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က “လက်ရှိရေတံခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိစေနိုင်ရန်၊ ရေတံခွန်ကို လူသိ များအောင် လုပ်ဆောင်နိုင်တာနဲ့အမျှ စီးပွားရေးအကွက်အကွင်းတွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတခုအဖြစ် ဆောင်ရွက်နိုင်ဖို့ အထွေထွေအုပ်ချုပ်ရေးမှူး၊ သစ်တောဦးစီးဌာနတို့နဲ့အတူ တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံး အစီအစဉ်တွေကို ရေးဆွဲ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage110. ရွှေကျင်မြို့နယ်ဆေးရုံတွင် ဆရာဝန်မလုံလောက်သဖြင့် ဆေးကုသရာတွင် အခက်တွေ့နေ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ကုတင် ၁၀၀ ဆေးရုံမှာ ဆရာဝန်လုံလောက်မှု မရှိတာကြောင့် ဆေးကုသရာမှာ ဒေသခံတွေအခက်အခဲ ဖြစ်နေရတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “သာမန်ဒဏ်ရာလောက်လည်း တဆင့်မြင့်ဆေးရုံကို ပို့တယ်။ ဒီလိုမျိုးပို့နေတော့ ပြည်သူလူထုအနေနဲ့ မလိုလားအပ်တဲ့ ကုန်ကျတာတွေ ရှိနေတာပေါ့။ လူနာတင်ယာဉ်မအားတဲ့အခါ ကားငှားရတာတို့ ဟိုမှာသွားနေရ တာတို့ ဆိုတော့ပြည်သူတွေအနေနဲ့ အခက်အခဲဖြစ်နေရတယ်။ အခုဆိုရင် ရွှေကျင်ဆေးရုံမှာ ပြည်သူလူထု ယုံကြည်မှုအားက တဖြည်းဖြည်းနဲ့ နည်းလာပြီ။ ကိုယ်စားလှယ်တယောက် အနေနဲ့ ပြောရရင် ဒီလိုမျိုး မဖြစ်သင့်ဘူးပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းကျန်းမာကိုလည်း အကြောင်းကြားပါမယ်။ လိုအပ်လို့ရှိရင် လွှတ်တော်မှာ မေးခွန်းမေးသွားမယ်”လို့ ပြောပါတယ်။

ရွှေကျင်မြို့ ကုတင် ၁၀၀ ဆေးရုံကို ၂၀၀၄ ခုနှစ်  နိုဝင်ဘာလက စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး ခုအချိန်မှာ ဆရာဝန်အနည်းငယ်သာ ရှိတာကြောင့် လူနာတွေကို တဆင့်မြင့် ဆေးရုံကို အများဆုံးပို့ဆောင် ကုသနေရပါတယ်။

ရွှေကျင်ဆေးရုံမှာတင်ကုသလို့ ရနိုင်သမျှ ကုသပေးနေပြီး ဦးခေါင်း၊ အရိုး စတဲ့ အထူးကုသဖို့ လိုအပ်တဲ့လူနာတွေကိုတော့ ပဲခူး-ရန်ကုန် ဆေးရုံတွေကို လွှဲပြောင်းတာလို့ ဆေးရုံအုပ်ကြီး ဒီဗွီဘီ ကို ပြောပါတယ်။

ရွှေကျင်ကုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်း က “ဒီဆေးရုံမှာ ကုသလို့ရတဲ့ လူနာကိုတော့ ဒီမှာတင်ကုသပါတယ်။ ဦးခေါင်းအရိုး စတဲ့အထူကုသဖို့ လိုအပ်တဲ့ လူနာတွေကို ပဲခူး-ရန်ကုန်တို့ကို လွှဲပြောင်းကုသပေးတာပါ။ အထူးကုတွေရှိနေတာကြောင့် လက်ထောက်ဆရာဝန် နည်းနေတဲ့သဘော ဖြစ်သွားတာပါ။ နည်းသွားတဲ့အပြင် ထွက်သွား ပြောင်းသွားတာတို့ကြောင့် အစားပြန်မသွင်းရသေးတာဖြစ်တယ်”လို့ ဆိုပါတယ်။

ရွှေကျင်ကုတင် ၁၀၀ ဆေးရုံမှာ ဖွဲ့စည်းပုံအရ ဆရာဝန်အင်အား ၁၈ ယောက် ရှိရပေမယ့် ခုချိန်မှာ လစ်လပ် အပြောင်းအရွှေ့တွေကြောင့် အထူးကု ဆရာဝန် ၅ ယောက်၊ လက်ထောက် ဆရာဝန် ၃ ယောက် အပါအဝင် စုစုပေါင်း ဆရာဝန် ၁၀ ယောက်နဲ့ သူနာပြုဆရာမ ၃၉ ယောက် ကုသပေးနေပါတယ်။

နေလင်းထိုက်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage109. တရုတ်နိုင်ငံတဝန်း လေထုသန့်စင်မှု အရည်အသွေး တိုးတက်လာ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

တရုတ်နိုင်ငံတဝန်းမှာ လေထုသန့်စင်မှု အရည်အသွေး တိုးတက်လာတယ်လို့ ဇူလိုင် ၉ ရက်နေ့ထုတ် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ဥပဒေကို အကောင်အထည်ဖော်ရေး အစီရင်ခံစာက ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာပါတဲ့ သုံးသပ်ချက်တွေကို တရုတ်ထိပ်တန်းလွှတ်တော်ဖြစ်တဲ့ အမျိုးသား ပြည်သူ့ညီလာခံ (အန်ပီစီ) ရဲ့ အမြဲတမ်းကော်မတီက ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ပြန်လှန်သုံးသပ်နေတာပါ။

မေလကနေ ဇွန်လအတွင်း တရုတ်အလယ်ပိုင်း ဟီနန်ပြည်နယ်၊ မြောက်ပိုင်းက အတွင်းမွန်ဂိုလီးယားပြည်နယ်နဲ့ ရှန်းရှီးပြည်နယ်တွေ အပါအဝင် ပြည်နယ် ၈ ခုမှာ ဥပဒေလိုက်နာရေး အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးဖို့ အန်ပီဟီရဲ့ အမြဲတမ်း ကော်မတီက အဖွဲ့လေးဖွဲ့ စေလွှတ်ခဲ့တာပါ။

ဥပဒေလိုက်နာမှု စစ်ဆေးရေးအတွက် တခြား ပြည်နယ်အဆင့် ဒေသ ၂၃ ခုကိုလည်း ယုံကြည်စိတ်ချရတဲ့ ဒေသခံအမတ်တွေကို တာဝန်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံတွင်း မြို့ပေါင်း ၃၃၈ မြို့ရဲ့ လေထုထဲမှာ ဖုန်မှုန့် ပျမ်းမျှပါဝင်နှုန်းဟာ ၂၀၁၇ ခုနှစ်ထဲမှာ ၂၀၁၃ ခုနှစ်ထက် ၂၂ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျခဲ့တယ်၊ ဘေကျင်း၊ တီယန်ကျင်း၊ ဟော့ဘေး ဒေသတွေ၊ ယန်ဇီမြစ်ဝှမ်းနဲ့ ပုလဲမြစ်ဝှမ်းတွေမှာ လေထုတွင်း ဖုန်မှုန့်ပါဝင်နှုန်းက ၂၇ ကနေ ၄၀ ရာခိုင်နှုန်း နီးပါးထိ အသီးသီး ကျဆင်းခဲ့တယ်လို့ အစီရင်ခံစာက ပြထားပါတယ်။

ဒီအတွက် တရုတ်နိုင်ငံဟာ ကျန်ခဲ့တဲ့ ၅ နှစ်အတွင်း သံမဏိတန်ချိန် သန်း ၁၇၀၊ ကျောက်မီးသွေးတန်ချိန် သန်း ၈၀၀ နဲ့ ဘိလပ်မြေတန်ချိန် သန်း ၂၃၀ ထုတ်လုပ်မှု လျှော့ချခဲ့ရတယ်လို့လည်း အစီရင်ခံစာက မှတ်ချက်ပေး တင်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage108. အင်္ဂလန်အသင်းက ခရိုအေးရှားကို နိုင်မည်ဟု မြွေပါလေးများ ခန့်မှန်း -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ဒီနေ့ညယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်း အနိုင်ရမယ်လို့ မြွေပါလေးတွေက ခန့်မှန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၆၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာပါ။

အဲဒီပွဲစဉ်အပေါ် ဗြိတိန်နိုင်ငံ တိရစ္ဆာန်ဥယျာဉ်ထဲက မြွေပါလေးတွေကို ခန့်မှန်းတာတွေ လုပ်ခိုင်းခဲ့ပါတယ်။

အင်္ဂလန်နဲ့ ခရိုအေးရှား အလံနှစ်ခုပါတဲ့ ဂိုးပေါက်တွေ တပ်ဆင်ထားရာမှာ မြွေပါအများစုက အင်္ဂလန်ဂိုးပေါက်ဘက်မှာ ရှိနေတဲ့အတွက် အင်္ဂလန် အနိုင်ရမယ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

မြွေပါလေးတွေဟာ အင်္ဂလန်နဲ့ ဆွီဒင် ကစားတဲ့ ကွာတားဖိုင်နယ်ကို ခန့်မှန်းတုန်းကလည်း မှန်ခဲ့ဖူးပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage107. ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်သည့်အတွက် ဝမ်းသာဟု ဘတ်ဖွန် ပြော -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူထားတဲ့ ဝါရင့်ဂိုးသမား ဘတ်ဖွန်ဟာ ပဲရစ်မြို့ကို ဇူလိုင် ၉ ရက်နေ့က ရောက်ရှိလာပါတယ်။

အသင်းနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂိုးသမားကြီး ဘတ်ဖွန်က ဒီကို ပြောင်းရွှေ့နိုင်တဲ့အတွက် အရမ်းဝမ်းသာရတယ်လို့ ပြောပါတယ်။

အသက် ၄၀ အရွယ် ဂိုးသမားဟာ အီတလီကလပ် ဂျူဗင်တပ်အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီး မေလကမှ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။

ဂိုးသမား ဘတ်ဖွန်ဟာ အီတလီ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၇၆ ပွဲ ကစားပေးထားပြီး ၂၀၀၆ မှာ အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူထားပါတယ်။

သူဟာ အီတလီအသင်း ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ဖြစ်ပြီး နောက်ပိုင်းမှာ လက်ရွေးစင်အသင်းကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

ဘတ်ဖွန်ဟာ ဂျူဗင်တပ်အသင်းမှာ ပွဲပေါင်း ၆၅၅ ပွဲ ကစားပေးထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage106. ဖားကန့်ကျောက်စိမ်းကုမ္ပဏီတခုက ဖြတ်သားများအခမဲ့ယူခွင့်ပေးသဖြင့် ရေမဆေးသမားများ လာရောက်ရှာဖွေ -DVB

#ပြည်တွင်း (4d ago)

ဖွင့်ရန်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းကုမ္ပဏီတခုက ဖြတ်သားတွေကို အခမဲ့ယူခွင့်ပေးလိုက်လို့ လူအများအပြား လာရောက်ရှာဖွေ ယူဆောင်နေကြပါတယ်။ ဆိပ်မူ(ဆိုင်းတောင်)အုပ်စု ယူမာရွာမှာ[...]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage105. ဇူလိုင် ၁၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ဇူလိုင် ၁၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၀၂ ကျပ်၊  ၁ ယူရိုငွေကို ၁၆၄၃ ဒသမ ၉ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁ဝ၃၀ ဒသမ ၄ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၂၆၄ ဒသမ ၇ ကျပ်၊  တရုတ် ၁ ယွမ်ကို ၂၁၁ ဒသမ ၄၇ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၇ ဒသမ ၅၀ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၁၇ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၇၃ဝဝ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၇၅ဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၅၀ ဒသမ ၅ဝ ဒေါ်လာ ဈေးပေါက်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage104. မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

နေပြည်တော်မှာကျင်းပနေတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဇူလိုင် ၁၂ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားစီ တွေ့ဆုံဖို့ရှိနေပါတယ်။

“ပထမဆုံး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဖို့ကို ကျနော်တို့ ၁၂ ရက်နေ့ မနက်ဖြန် စီစဉ်ထားပါတယ်။ စီစဉ်ထားတော့ခေု အသေးစိတ်တော့ မညှိနှိုင်းရသေးဘူး။ အကြမ်းဖျင်း ကတော့တွေ့ဖို့ သဘောတူထားပါတယ်”လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လျော့ချရေးအတွက် ဆွေးနွေးဖို့ရှိတယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

“အဓိကကတော့ မြောက်ပိုင်း ၇ ဖွဲ့မှာ တိုက်ပွဲ ဖြစ်နေတဲ့ KIA/ KIO နဲ့လည်း တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုရှိတယ်။ နောက်သုံးဖွဲ့ပေါ့ TLNA၊ AA၊ MNDA အဲဒီသုံးဖွဲ့နဲ့လည်း တိုက်ပွဲတွေလျော့ချရေးနဲ့ ပတ်သက်ပြီး အဓိကထားပြီး ဆွေးနွေးဖို့ရှိပါတယ်။ ၀ မိုင်းလား SSPP တို့ကျတော့ NCA လက်မှတ်ရေးထိုးဖို့အတွက် ဆွေးနွေးဖို့တွေရှိတယ်”လို့ ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ မြောက်ပိုင်းအဖွဲ့တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လည်း တွေ့ဆုံဖို့ရှိ အစီအစဉ်ရှိနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းဝေးကို ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်ထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနမှာ ကျင်းပနေတာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကတော့ တရုတ်အစိုးရရဲ့ ကြားဝင် ကူညီ ပေးမှုနဲ့ နေပြည်တော်ကို ရောက်ရှိလာတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage103. ကရင်နီလူငယ် ၁၆ ဦးကို ငြိမ်းစုစီပုဒ်မဖြင့်တရားစွဲ၊ ၄ ဦးကို နိုင်ငံတော်အကြည် အညိုပျက်စေမှုဖြင့် ဖမ်းဆီး -DVB

#Lead Story (4d ago)

ဖွင့်ရန်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုကို လွိုင်ကော်မြို့မှာ မထားရှိဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကရင်နီလူငယ် ခေါင်းဆောင်တွေကို ငြိမ်းစုစီပုဒ်မနဲ့  ကယားပြည်နယ်အစိုးရက တရားစွဲလိုက်ပါတယ်။

တရားစွဲဆိုတဲ့စာကို မနေ့ ဇူလိုင် ၁၀ ရက်က ပေးပို့ခဲ့တာဖြစ်ပြီး သူတို့ကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉)၊ (၂၀)နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်

တရားစွဲခံရသူတွေကတော့ ခွန်းသောမတ်၊ ဂျွန်နီမင်း၊  ပိုးရယ်(ခ) ခူတလေ၊ တူရယ်၊ ဒီးဒီ(ခ) စစ်မုန်း၊ ဘွဲထူး၊ မော်မိုးမြာ၊ ဖရန်စ္စကို၊ မော်ရား၊  မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခွန်းဘားနဒ်ဘုတ်၊ ဖိလစ် (ခ)စိုးအောင်၊ ခွန်းဘိုဘို၊ ကောရီယို၊  မေဇင်လတ်တို့ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို မထားရှိဖို့ ကရင်နီလူငယ်တွေက ဦးဆောင်ပြီး ဇူလိုင် ၃ရက်က လွိုင်ကော်မြို့မှာ ဆန္ဒပြကန့်ကွက်ခဲ့ကြသလို  ကရင်နီပြည်သမိုင်းမှန် စာရွက်တွေကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

ဒီလိုစာတွေဖြန့်ဝေခဲ့တဲ့အတွက်လည်း လူငယ် ၁၀ ဦးကို လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ နိုင်ငံတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုခံထားရပါတယ်။

ကရင်နီပြည်သမိုင်း စာရွက်ဖြန့်ဝေမှုကြောင့် တရားစွဲဆိုခံရသူတွေကတော့ ကိုမျိုးလှိုင်ဝင်း (ခ) ပါစကွာလယ်၊ ဖိလစ်(ခ)စိုးအောင်၊ ဘွဲထူး၊ မရိုစီးနာ၊ မကာမေးလာ (ခ)မိကြီး၊ မရိုစီကျော်၊ ဒီးဒီ(ခ)စစ်မုန်း၊ မော်ရား၊ ဖရန်စစ္စကို၊ မမူကတ်သရင်း တို့ဖြစ်ကြပါတယ်။

အဲဒီထဲကမှာ ၄ ဦးဖြစ်တဲ့ မျိုးလှိုင်ဝင်း၊ ဖိလစ် (ခ) စိုးအောင်၊ ခွန်းသောမတ်၊  ဒီးဒီ(ခ) စစ်မုန်းတို့ကို ဒီးမော့ဆိုမြို့နယ် တရားရုံးက ထပ်မံတရားစွဲဆိုပြီး  ဒီကနေ့ ရုံးချိန်းမှာ ထိန်းသိမ်းထားလိုက်ပါတယ်။

ဒီကနေ့ ပထမဆုံးရုံးချိန်းမှာ အဆိုပါ ၄ ဦးကို အာမခံပေးပေမယ့် သူတို့က မယူဘဲ အကျဉ်းကျခံလိုက်တာဖြစ်ပြီး အကျဉ်းထောင်အချုပ်ကနေပဲ အမှုကို ဆက်လက်ရင်ဆိုင်မယ်လို့ ခွန်းဘားနဒ်ဘုတ်က ပြောပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို လာမယ့် ဇူလိုင် ၁၉ အာဇာနည်နေ့အမီ ပြုလုပ်နိုင်ဖို့ ပြည်နယ် အစိုးရက လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီ ကြေးရုပ်ကို မလိုလားကြောင်း ဒေသခံတွေက ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage102. မောင်းသူမဲ့ကားနည်းပညာ ခိုးမှုဖြင့် အက်ပဲလ်ကုမ္ပဏီ အင်ဂျင်နီယာတဦးကို တရားစွဲ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ကမ္ဘာကျော် ကွန်ပျူတာထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ အက်ပဲလ် (Apple) ကုမ္ပဏီက အင်ဂျင်နီယာတဦးကို ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား နည်းပညာ ခိုးယူမှုနဲ့ အမေရိကန်တရားရုံးက တရားစွဲလိုက်ပါတယ်။

ကျန်းရှောင်လန်းဆိုတဲ့ အင်ဂျင်နီယာဟာ ဇူလိုင် ၇ ရက်နေ့က တရုတ်နိုင်ငံကို သွားဖို့ လေယာဉ်ပေါ် မတက်ခင်မှာ ကယ်လီဖိုးနီးယား ထောက်လှမ်းရေးတွေက ဖမ်းဆီးလိုက်တာပါ။

ကုမ္ပဏီရဲ့ လုံခြုံရေးကင်မရာကတဆင့် တွေ့ရှိချက်တွေအရ ကျန်းဟာ အခုနှစ် ဧပြီလက အက်ပဲလ်ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား စမ်းသပ်ထုတ်လုပ်ရေး အခန်းထဲကို ဝင်ရောက်ခဲ့ပြီး ကားထုတ်လုပ်တဲ့ မူကြမ်းတွေကို သူ့ရဲ့ကွန်ပျူတာထဲ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းဟာ အက်ပဲလ်ကုမ္ပဏီကနေ ထွက်ပြီး တရုတ်နိုင်ငံ  ကွမ်ကျိုးပြည်နယ်အခြေစိုက် တရုတ်ကားကုမ္ပဏီ ရှောင်ပန်းမှာ သွားရောက်အလုပ်လုပ်မယ့်အကြောင်း ကုမ္ပဏီကို အသိပေးထားတယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး အက်ဖ်ဘီအိုင်နဲ့ ကျန်းရဲ့ ရှေ့နေကတော့ တစုံတရာ ပြောကြားတာမျိုး မရှိသေးကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage101. ယာဉ်မတော်တဆမှု ဖြစ်ခဲ့သည့် ဂျော့ခ်ျကလူနီ ဆေးရုံမှဆင်း -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ခဲ့ပြီး အီတလီဆေးရုံမှာ ဆေးကုသမှု ခံနေရတဲ့ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဂျော့ခ်ျကလူနီဟာ ဇူလိုင် ၁၀ နေ့က ဆေးရုံကနေ ဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အီတလီနိုင်ငံ ဆာဒီနီယာကျွန်းက အိုလ်ဘီယာမြို့မှာ ဂျော့ခ်ျကလူနီစီးလာတဲ့ စကူတာ ဆိုင်ကယ်ကို မာစီဒီးကားတစီးက ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဂျော့ခ်ျကလူနီဟာ ကားနဲ့တိုက်မိပြီးတဲ့နောက် ပေ ၃၀ လောက်အထိ  လွင့်စင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ ဒဏ်ရာအပြင်းအထန် မရခဲ့တာကြောင့် နာရီအနည်းငယ်သာ ဆေးရုံတက်လိုက်ရပါတယ်။

ဆေးရုံမှာ ပြင်ပလူနာအဖြစ် နောက်ထပ် ရက် ၂၀ စောင့်ကြပ်ကုသသွားမှာ ဖြစ်တယ်လို့လည်း အီတလီ ရဲအရာရှိတဦးက ပြောပါတယ်။

ဂျော့ခ်ျကလူနီရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီး လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကို ဆက်လက်ရိုက်ကူးသွားမယ်လို့ အဲဒီရဲအရာရှိကို ဂျော့ခ်ျကလူနီက ပြောကြားခဲ့တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage100. ထင်ရှားသည့် မြန်မာ့သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်း ကွယ်လွန် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ထင်ရှားတဲ့ပညာရှင်တဦးဖြစ်တဲ့ ကမ္ဘာမြေချစ်သူအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း ဦးအုန်း (အသက် ၉၁နှစ်) ဟာ ဇူလိုင် ၁၁ရက် မနက်က  ရန်ကုန်မြို့၊ ကျိုက်​ဝိုင်းဘုရားလမ်း ​နေအိမ်​မှာ ကွယ်လွန်သွားပါတယ်။

ဦးအုန်းဟာ အင်္ဂလန်နိုင်ငံ ဝေးလ်တက္ကသိုလ်ကနေ သစ်တောပညာရပ်နဲ့ သိပ္ပံဘွဲ့ရရှိခဲ့သူဖြစ်ပြီး သစ်တောဝန်ထောက်၊ သစ်တောဌာန ညွန်ကြားရေးမှူး၊  ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာန တွဲဖက်ပါမောက္ခ စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ ပါတယ်။

ပုပ္ပါးတောင်ဒေသကို စိမ်းလန်းစိုပြည်လာအောင်  ကြိုးပမ်းဆောင်ရွက်ခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ  ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ ကမ္ဘာမြေချစ်သူဆုကို ရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဘေးဒဏ်ခံခဲ့ရတဲ့  ဧရာဝတီတိုင်းအတွင်း ဒီရေတောတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

ဦးအုန်းဟာ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးနှင့် ထိမ်းသိမ်းရေးအသင်း  (FREDA)ရဲ့ နာယကအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး သစ်တောတွေထိမ်းသိန်းရေးနဲ့ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးတွေကို ဘ၀တစ်လျှောက် အစဉ်တစိုက် ဆောင်ရွက်ခဲ့ သူလည်း ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage99. စူပါတိုင်ဖွန်းမုန်တိုင်း မာရီယာ တရုတ်ကုန်းတွင်းပိုင်း ဝင်ရောက် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

စူပါတိုင်ဖွန်းမုန်တိုင်း မာရီယာဟာ ဒီနေ့ ဇူလိုင် ၁၁ ရက် အစောပိုင်းမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန်းပြည်နယ် လျန်ကျင်းမြို့ကနေတဆင့် ကုန်းတွင်းကို ဝင်ရောက်နေပါတယ်။

မုန်တိုင်းဟာ တနာရီ လေတိုက်နှုန်း ၉၄ မိုင်နဲ့ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံ မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။

စန်းရှမြို့မှာတော့ မုန်တိုင်းဒီရေက ပေ ၃၀ ကျော် မြင့်တက်ခဲ့တာပါ။ ဒါကြောင့် ဆောက်လုပ်ဆဲ ကမ်းရိုးတန်းပတ် အဝေးပြေးလမ်း ပျက်စီးခဲ့ပါတယ်။

အာဏာပိုင်တွေက ဇူလိုင် ၁၀ ရက်နေ့မှာ အရေးပေါ်တုံ့ပြန်ရေး သတိပေးချက်ကို အဆင့်မြင့်ဆုံးအထိ တိုးမြှင့်ခဲ့ပါတယ်။

အခုနှစ်အတွင်း ၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း မာရီယာဟာ ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီမှာ သာမန်တိုင်ဖွန်းအဖြစ် အင်အားလျော့နည်းလာခဲ့ပါတယ်။ အဲဒီနောက် မူလလမ်းကြောင်းကနေ တနာရီ ၃၀ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပါတယ်။

အခုအခါ မုန်တိုင်းစတင်ဝင်ရောက်ရာ ဖူကျန်းပြည်နယ်မှာ ကျောင်းတွေကို ပိတ်ထားပြီး ဒီနေ့အစောပိုင်းအတွက် ရုံးတွေနဲ့ စက်ရုံတွေကိုပါ ပိတ်ထားခဲ့တာပါ။

လေကြောင်းခရီးစဉ် အတော်များများအပြင် ရထားနဲ့ ကုတို့ယာဉ် ဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားပါတယ်။

မုန်တိုင်းမဝင်ခင်တည်းက ပြုပြင်ထိန်းသိမ်းရေး လုပ်သားတွေက ရေထွက်ပေါက်တွေ၊ ရေမြောင်းတွေကို ရှင်းထားပြီး လမ်းဘေးသစ်ပင်တွေ မလဲအောင် အားဖြည့် ထောက်မထားသလို ရေဘေးထိန်းချုပ်ရေး ပစ္စည်းတွေကိုပါ အသင့်ပြင်ထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage98. ဦးရဲလွင်၏ရုပ်အလောင်းကို ဦးကျော်သူဦးဆောင်၍ ရေဝေးသုဿန် ပို့ဆောင် (ဓာတ်ပုံ) -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ကွယ်လွန်သွားတဲ့ တေးရေး ဦးရဲလွင် (မဇ္ဈိမလှိုင်း)ရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်ကို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ပို့ဆောင်ခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ဂီတနဲ့ ကူညီခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့က တေးရေး ဦးရဲလွင် အသက် ၇၀ဟာ  ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားခဲ့တာပါ။

ဇူလိုင် ၁၄ ရက်နေ့ ညနေ ၃ နာရီမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ – လွင်မှိုင်း


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage97. ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဂျူဗင်တပ်သို့ ပြောင်းရွှေ့ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားပါတယ်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်က ရော်နယ်ဒိုကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူတာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၉၉ ဒသမ ၂ သန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရော်နယ်ဒိုကတော့ အခုအချိန်က ဘဝအတွက် စာမျက်နှာတခု ဖွင့်လှစ်ရတော့မှာဖြစ်လို့ အသင်းပြောင်းပေးဖို့ ရီးရဲလ်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်ရထားတဲ့ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ဟာ ကမ္ဘာ့ပြောင်းရွှေ့ကြေး ဈေးအကြီးဆုံး ကစားသမား ၄ ယောက်ထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်ကစားသမား သက်တမ်း ၉ နှစ်အတွင်း ၄၃၈ ပွဲမှာ ဂိုးပေါင်း ၄၅၀ သွင်းပေးထားပါတယ်။ ဒါ့အပြင် သူဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage96. အင်္ဂလန်အသင်းကို လာရောက်အားပေးရန် ရုရှားအလှမယ်ဟောင်း ဖိတ်ခေါ် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အင်္ဂလန်ပရိသတ်တွေအနေနဲ့ သူတို့အသင်းကို လာရောက်အားပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သံအမတ်ဖြစ်တဲ့ ရုရှားအလှမယ်ဟောင်း ဗစ်တိုးရီးယား လိုပါရီဗာက ဖိတ်ခေါ်လိုက်ပါတယ်။

လတ်တလောမှာ ရုရှားနဲ့ ဗြိတိန်နိုင်ငံတို့ဟာ နိုင်ငံရေးအရ တင်းမာမှုတွေရှိနေပြီး ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကြောင့် ရုရှားအထိ လိုက်ပါအားပေးတဲ့ အင်္ဂလန်အသင်း ပရိသတ် အရေအတွက်ဟာလည်း နည်းပါးနေပါတယ်။

ဒါကြောင့် ဖီဖာရဲ့ သံအမတ်ဖြစ်တဲ့ ရုရှားအလှမယ်ဟောင်းက ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ဘောလုံးအားကစားနဲ့ နိုင်ငံရေးကို ခွဲခြားဖို့လိုသလို အင်္ဂလန်ပရိသတ်တွေ အနေနဲ့ ရုရှားအထိ လာရောက်ပြီး သူတို့အသင်းကို အားပေးသင့်တယ်လို့ အသက် ၃၄ နှစ်အရွယ် ဖီဖာသံအမတ် ဗစ်တိုးရီးယား လိုပါရီဗာက ပြောပါတယ်။

ကိုယ့်နိုင်ငံအသင်းကို နိုင်ငံသားတိုင်း အားပေးတာဟာ ရိုးရှင်းတဲ့ တာဝန်တခုပါပဲလို့လည်း ဆိုထားပါတယ်။

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ဇူလိုင် ၁၁ ရက်ည ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage95. သက်ငယ်မုဒိမ်း ပညာပေးဇာတ်ကားတွင် ဒေါင်းနီအဖြစ်ပါဝင်မည့် အိန္ဒြာကျော်ဇင် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

သက်ငယ်မုဒိမ်းမှုတွေအတွက် ပညာပေး ရုပ်ရှင်ဇာတ်ကာဖြစ်တဲ့ “ဟစ်တိုင်” အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဒေါင်းနီ ဆိုတဲ့ အမျိုးသမီးနေရာကနေ ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Stellar Seven Entertainment Group ကနေ စီစဉ်တဲ့ ဒီဇာတ်ကားက သျှင်မရဲ့ ဝတ္ထုကို  ဇာတ်ညွှန်းအနေနဲ့ ကြိုးသျှင်က ပြန်လည်ရေးသားပေးထားတာ ဖြစ်ပါတယ်။

လက်ရှိ ပြည်သူလူထုတွေကြားမှာ အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပညာပေးလိုတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ ဟိန်းစိုးက ပုံဖော်ဖန်တီးသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်က အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒေါင်းနီ ဆိုတဲ့ အမျိုးသမီး နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“အဓိကက ဒီဇာတ်ကားမှာ ဒေါင်းနီရဲ့စိတ်ဓာတ်က မဟုတ်မခံ၊ သူ့ဘဝမှာ သူ့သမီးလေးပဲ ရှိတယ်။ သမီးလေးကို ချစ်တဲ့စိတ်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ ပြဿနာတခုဖြစ်လို့ သူ ဝင်ရှင်းပေးလို့ရတဲ့ အခြေအနေတခုဆိုရင် ကိုယ်တိုင် ဖြေရှင်းပေးတယ်။ သမီးကို အရမ်းချစ်ပြီး မတရားတဲ့အမှုကို လက်တုံ့ပြန်ချင်တဲ့ စိတ်ရှိတဲ့ အမျိုးသမီးတယောက်ပါ။ အဓိက သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ပညာပေးချင်တဲ့ ဇာတ်လမ်းပါ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

ဒီဇာတ်ကားကို လာမယ့် ဇူလိုင် ၈ ရက်က စတင်ကာ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမှာ သွားရောက်ရိုက်ကူးမယ့်အကြောင်းကိုလည်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“ဆင်ဖြူကျွန်းမှာ သွားရောက်ရိုက်ကူးမှာပါ။ သက်ငယ်မုဒိမ်းမှု ဆိုတာ ဘယ်မိဘကိုပဲ မေးမေး မခံစားနိုင်တဲ့ ဖြစ်ရပ်ပေါ့။ အခုလို ဒီပညာပေးဇာတ်ကားမှာ ပါဝင်ပြီး ရိုက်ခွင့်ရတဲ့အတွက်လည်း ကျေနပ်တယ်။ အဲဒီအတွက် ရထားတဲ့ ဇာတ်ကောင်မှာ အကောင်းဆုံးဖြစ်အောင် ပုံဖော်သွားမယ်။ ဒီလို သက်ငယ်မုဒိမ်းမှုတွေ နောက်ထပ် မဖြစ်အောင်၊ နောက်ထပ်မလုပ်မိအောင် ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲက အစ ထိထိရောက်ရောက် ဖြစ်စေချင်တယ်”

“ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မေသန်းနု၊ အိန္ဒြာကျော်ဇင်၊ လှမျိုးသဉ္ဖာနွယ်၊ သန်းသန်းစိုးတို့နဲ့အတူ သရုပ်ဆောင်သစ်တွေ ဖြစ်ကြတဲ့ စိုင်းဝဏ္ဏအောင်၊ ဂျိန်းစ်၊ ထူးပြည့်ဇော်၊ စဝ်ယွန်းဝတီဦး၊ ဖြိုးပပထူး၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့အပြင် တခြားသော အနုပညာရှင်ပေါင်း များစွာက ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

သတင်း – ကြယ်စု


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage94. အရှေ့အလယ်ပိုင်း နိုင်ငံများကို ချေးငွေ ကန်ဒေါ်လာ ဘီလျံ ၂၀ ပေးမည်ဟု တရုတ် ကတိပြု -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ချေးငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နဲ့ ဘဏ္ဍာရေး အထောက်အပံ့ ဒေါ်လာ ၁၀၆ သန်း ပေးမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင် ၁၀ ရက်နေ့မှာ ကတိပြုလိုက်ပါတယ်။

တရုတ်နိုင်ငံ မြို့တော် ဘေကျင်းမှာ ကျင်းပနေတဲ့ တရုတ် အရှေ့အလယ်ပိုင်း ထိပ်သီးညီလာခံအတွင်း ခုလို ကတိပြုလိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်း စီးပွားရေးတိုးတက်မှု နာလံထလာဖို့ ရေနံနဲ့ ဓာတ်ငွေ့ စီးပွားရေး မိုဒယ် (Model) လို့ သမ္မတ ရှီက ပြောပါတယ်။

မျှဝေထားတဲ့ အနာဂတ်တွေ၊ ခွဲဖြာထားတဲ့ အကျိုးစီးပွားတွေနဲ့အတူ တရုတ်-အာရပ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့၊ အာရပ်နဲ့ တရုတ်နိုင်ငံတွေ အားသစ်လောင်းမယ့် ပန်းတိုင်ဆီ ရောက်ရေး မမောမပန်း လုပ်ကြပါစို့လို့ တရုတ်သမ္မတက ဆိုပါတယ်။

တရုတ်နဲ့ အရှေ့တောင်အာရှ၊ အလယ်အာရှနိုင်ငံတွေကို ကုန်သွယ်ရေးအတွက် ချိတ်ဆက်ပေးထားတဲ့ ပိုးလမ်း ၂ သွယ် နိုင်ငံခြားမူဝါဒထဲမှာ အာရပ်နိုင်ငံတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

တရုတ်ဟာ ပါလက်စတိုင်း စီးပွားရေးတိုးတက်မှု ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီမှာဖြစ်ပြီး ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၉၁ သန်း ကူညီထောက်ပံ့မယ်လို့လည်း ပြောပါတယ်။

တရုတ်နဲ့ အာရပ်နိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်များအဖွဲ့က ရန်ပုံငွေ ဒေါ်လာ ၃ ဘီလျံ ထူထောင်ပေးမယ်လို့လည်း သူက ပြောပါတယ်။

တရုတ်ဟာ စွမ်းအင်အတွက် မှီခိုရတာရှိပေမယ့် အစဉ်အလာအားဖြင့် အရှေ့အလယ်ပိုင်းရဲ့ ပဋိပက္ခတွေနဲ့ သံခင်းတမန်ခင်းမှာ အခန်းကဏ္ဍ နည်းနည်းသာ ရှိတာပါ။

နိုင်ငံခြားအကူအညီနဲ့ အပေးအယူတွေကို ကမ်းလှမ်းရာမှာ မစွက်ဖက်တဲ့ မူဝါဒကို စွဲကိုင်ထားတယ်လို့ တရုတ်က ပြောခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage93. အမေရိကန် ဖျက်သင်္ဘော ၂ စီး ထိုင်ဝမ်ကျွန်းကို ဖြတ်သန်းသွားသည့်ကိစ္စ တရုတ် စိုးရိမ် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်ဖျက်သင်္ဘော ၂ စီး ထိုင်ဝမ်ကျွန်းကို ဖြတ်သန်းခုတ်မောင်းသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်ကြောင်းနဲ့ အနီးကပ် ကြည့်ရှုလေ့လာခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်းရင်က “ထိုင်ဝမ်ကျွန်းကို ဖြတ်သန်းခုတ်မောင်းသွားတဲ့ အမေရိကန် စစ်သင်္ဘောတွေရဲ့ လုပ်ငန်းစဉ်တခုလုံးနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အနီးကပ် လိုက်လံစောင့်ကြည့်နေသလို ကောင်းမွန်စွာလည်း သိရှိနားလည်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုကို အမေရိကန်ဘက်ကိုလည်း ပြောကြားထားပြီးပါပြီ။ အမေရိကန်အနေနဲ့ တရုတ်တနိုင်ငံတည်းဆိုတဲ့ မူဝါဒ၊ အရင်ရှိထားခဲ့တဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင်ပါ သဘောတူညီချက်တွေကို အပြည့်အဝလိုက်နာဖို့၊ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အရေးကိစ္စကို မှန်မှန်ကန်ကန် ဂရုတစိုက် ကိုင်တွယ်သွားဖို့ ကျမတို့ တိုက်တွန်းပါတယ်။ အဲဒီလို လုပ်ရပ်တွေဟာ တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါတယ်” လို့ ပြောကြားသွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage92. ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဆရီနာဝီလျံ ဆီမီးဖိုင်နယ်တက် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားအဆင့်မှာ နာမည်ကြီး ဆရီနာဝီလျံက အီတလီက ကန်မဲလာ ဂျောဂျီကို အနိုင်ရသွားပါတယ်။

ဂရန်းစလန်း ချန်ပီယံဆု ၂၃ ကြိမ် ရထားတဲ့ ဆရီနာဟာ ပထမပွဲမှာတော့ ကန်မဲလာ ဂျောဂျီကို ၃ – ၆ နဲ့ ရှုံးခဲ့ပါတယ်။ လက်ကျန် ၂ ပွဲမှာတော့ အမေရိကန်သူ ဆရီနာက ကမ္ဘာ့အဆင့် ၅၂ ဖြစ်တဲ့ ဂျောဂျီကို ၆ – ၃၊ ၆ – ၄ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားတာပါ။

ဆရီနာဟာ ဝင်ဘယ်ဒန်အိုးပန်း ဆီမီးဖိုင်နယ်မှာ ဂျာမနီက ဂျူလီယာ ဂျော့စ်နဲ့ ဇူလိုင် ၁၂ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage91. အင်္ဂလန်နှင့်ပွဲ မတိုင်မီ ခရိုအေးရှားအသင်း နည်းပြအဖွဲ့ဝင်တဦးကို ထုတ်ပယ် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲ မတိုင်မီ ခရိုအေးရှား နည်းပြတဦးဖြစ်တဲ့ ဗူကိုရက်ဗစ်ဟာ ယူကရိန်းထောက်ခံတဲ့ ဗွီဒီယို တင်ခဲ့လို့ နည်းပြအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ခံလိုက်ရပါတယ်။

ခရိုအေးရှား နောက်တန်းကစားသမားဟောင်း တဦးလည်းဖြစ်တဲ့ ဗူကိုရက်ဗစ်ဟာ ရုရှားအသင်းကို အနိုင်ရခဲ့ပြီးနောက် ယူကရိန်းရဲ့ ဂုဏ်ရောင်ဆိုပြီး အော်ဟစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

အခုလုပ်ရပ်ကြောင့် ဖီဖာက ဗူကိုရက်ဗစ်ကို ဒေါ်လာတသောင်းခွဲ ဒဏ်ရိုက်ခဲ့သလို ခရိုအေးရှား အသင်းကလည်း နည်းပြအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage90. တောဝက်အသင်းသားတွေဖတ်ဖို့ ကမ္ဘာ့ဖလား စာ (၄) -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ဆီမီးဖိုင်နယ် ပွဲကြို

အင်္ဂလန်-ခရိုအေးရှား

တောဝက်ဘောလုံးသမားလေးတို့ရေ…

ဇူလိုင် ၉ ရက်မှာ တောဝက်ဘောလုံးအသင်းက နောက်ထပ် ၄ ယောက် လိုဏ်ဂူထဲက ထွက်လာနိုင်ကြပြန်ပြီး ဒါနဲ့ပါဆို တောဝက်အသင်းသား ၈ ယောက်တိတိကို ဂူထဲက ကယ်တင်နိုင်ခဲ့ပြီနော်။

အသင်းနည်းပြလူငယ်လေး အေ(တ်) နဲ့ ကျန်တဲ့ ကလေးတွေလည်း အောင်အောင်မြင်မြင်နဲ့ ထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပြီး အခု အပြင်ရောက်နေကြပြီဖြစ်တဲ့ ကလေးတွေ ကျန်းမာရေးလည်း ကောင်းတယ်ကြားလို့ ဝမ်းသာနေရတယ်။

ဘာလိုလိုနဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲတောင် ကန်တော့မယ်။ ဒါပြီးရင် တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲ နှစ်ပွဲပဲ ကျန်တော့တာမို့ ကမ္ဘာ့ဖလားကြီးပြီးရင် ဘောလုံးပရိသတ်တွေ ယောင်ချာချာဖြစ်ပြီး ဟာတာတာ ကျန်ရစ်တော့မယ်ထင်ရဲ့ တောဝက်ကလေးတို့ရေ။

တောဝက်ကလေးတို့ရေ…

အခု ဒုတိယဆီမီးဖိုင်နယ်ပွဲကတော့ ထိုင်းတို့ မြန်မာတို့ ကြိုက်နှစ်သက်ပြီး အားပေးတဲ့ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ကန်ကြမယ့် ပွဲကောင်းတပွဲပါ။

လူငယ်သွေးသစ်တွေနဲ့ အလုပ်ဖြစ်နေတဲ့ အင်္ဂလန်အသင်းနဲ့ လူငယ်ခြေကျတွေပါနေတဲ့ ခရိုအေးရှားတို့ ကန်ကြမယ့်ပွဲဖြစ်သလို ချန်ပီယံဖြစ်ဖူးတဲ့ အင်္ဂလန်နဲ့ ချန်ပီယံသစ် ဖြစ်လာမလားလို့ ထင်ကြေးပေးခံထားရတဲ့ ခရိုအေးရှားတို့ ကစားကြမယ့်ပွဲလည်း ဖြစ်တယ်။

ဒီနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းဟာ တပွဲထက်တပွဲ ပုံစံကောင်းတွေ ပြနေပေမယ့် သူ့ပြိုင်ဘက် ခရိုအေးရှားကတော့ ပယ်နယ်တီပွဲတွေနဲ့ ဆီမီးအဆင့် တက်လာတဲ့အသင်း ဖြစ်တယ်။

ဒါပေမယ့် ကမ္ဘာ့အဆင့်ရှိတဲ့ မိုဒရစ်တို့ ရာကီတစ်တို့ ပါရီဆစ်တို့လို ကစားသမားတွေနဲ့ စုဖွဲ့ထားလို့ ပွဲအဖြေကို ပြောင်းနိုင်တဲ့ ကစားသမားတွေလည်းဖြစ်လို့ လျှော့တွက်လို့တော့ မရပါဘူး။

တဖက်မှာလည်း အယ်လီ၊ ဟန်ဒါဆန်၊ လင်ဂတ်တို့ တွဲလုံးက အလုပ်ဖြစ်ရင်လည်း ခရိုအေးရှားအသင်း ထိန်းရခက်ပါမယ်။

ခရိုအေးရှားအသင်းက ဆီမီးအဆင့်ကို ၂ ကြိမ်ရောက်ဖူးပြီး အင်္ဂလန်က ၃ ကြိမ် ရောက်ဖူးတယ် တောဝက်ကလေးတို့။

သူတို့နှစ်သင်း ထိပ်တိုက် ၇ ကြိမ် တွေ့ဆုံဖူးပြီး အင်္ဂလန်က ၄ ကြိမ် နိုင်ထားတယ်။ ခရိုအေးရှားက ၂ ကြိမ်နိုင်ပြီး တကြိမ် သရေကျဖူးကြတယ်။

ဥရောပအသင်းတွေချည်းပဲ ဆီမီးတက်ကြတဲ့ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းမှ လျှော့တွက်လို့ မရပေမယ့် ဒေးဘစ်ဘက်ခမ်းတို့ ရွန်နီတို့ မရဘူးတဲ့ ကမ္ဘာ့ဖလားကို ဟယ်ရီကိန်းတို့ စတာလင်တို့ရဲ့ အင်္ဂလန်အသင်း အရယူသွားလေမလားဆိုတဲ့ ရေပန်းစားမှုတွေ မြင့်တက်နေတယ် တောဝက်ကလေးတို့ရေ။

တို့အကြိုက် ပြောရရင်လည်း ခြေစွမ်းတည်ငြိမ်နေတဲ့ အင်္ဂလန်အသင်း အနိုင်ပါပဲ တောဝက်ကလေးတို့။

တောဝက်ကလေးတို့ တဖွဲ့သားလုံး လိုဏ်ဂူထဲက မြန်မြန်ထွက်လာနိုင်ပြီး ကမ္ဘာ့ဖလားပွဲတွေ ကြည့်နိုင်ကြပါစေ။

(စာကြွင်း – ဒီစာရေးနေတဲ့ ဇူလိုင် ၁၀ ရက် ညနေခင်းမှာပဲ တောဝက်အသင်းသားအားလုံး ဂူထဲကနေ ထွက်လာနိုင်ခဲ့ပြီဆိုတဲ့သတင်း ကြားရတယ်။ သူတို့အားလုံး တနင်္ဂနွေအမီ ကျန်းမာရေးကောင်းလာလို့ကတော့ ကမ္ဘာ့ဖလားဘောလုံးပွဲ ဗိုလ်လုပွဲကို ကြည့်နိုင်ကြပြီပေါ့။ ဂွတ်လပ်ပါ တောဝက်ကလေးတို့ရေ)

ကိုလေအိုး


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage89. ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လျူရှောင်ဘို၏ ဇနီးကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ကွယ်လွန်သူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လျူရှောင်ဘိုရဲ့ ဇနီးဖြစ်သူကို တရုတ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ၈ နှစ်ကြာ ဖမ်းဆီးထားရာကနေ ဇူလိုင် ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ လျူရှောင်ဘိုရဲ့ဇနီး လျူရှားဟာ ဇူလိုင် ၁၀ ရက်နေ့မှာပဲ ဘေဂျင်းကနေ ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

သူ့ရဲ့ ခင်ပွန်းဖြစ်သူ လျူရှောင်ဘိုကို အာဏာဖီဆန်မှုနဲ့ တရုတ်အစိုးရက ၂၀၀၉ ခုနှစ်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

သူဟာ ထောင်ထဲမှာ အကျဉ်းချခံထားရစဉ် အသည်းကင်ဆာရောဂါ ဖြစ်လာတဲ့အတွက် ၂၀၁၇ ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။

လျူရှောင်ဘို ကွယ်လွန်တဲ့ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား မတိုင်မီ အခု  ဇနီးဖြစ်သူ လျူရှားကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage88. ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးစတင်၊ ဖက်ဒရယ်အခြေခံမှုရရှိရေး ကေအန်ယူ ဆွေးနွေးမည် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးကို ဒီကနေ့ မနက် နေပြည်တော်မှာ စတင်ကျင်းပနေရာမှာ  ဖက်ဒရယ် အခြေခံမှုတွေရရှိနိုင်ဖို့ ပါဝင်ဆွေးနွေး သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကြေညာပါတယ်။

ငြိမ်းချမ်းရေးညီလာခံကို ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖို့အပါအ၀င် ဗဟို အလုပ်အမှုဆောင်တွေ၊ တခြားအဖွဲ့ဝင် ၁၅ ဦးနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့တို့ တက်ရောက်နေတာဖြစ်ပါတယ်။

ဒီညီလာခံဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုတည်ထောင်ဖို့ လိုအပ်တဲ့ ဖက်ဒရယ် အခြေခံမှုတွေရရှိနိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကဏ္ဍကြီး ၅ ခုဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေမှာ ပါဝင်ဆွေးနွေးသွားမယ်လို့ ကေအန်ယူရဲ့ ဆွေးနွေးပွဲအကြို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ညီလာခံမှာ အရေးကြီးတဲ့ ဖက်ဒရယ်အခြေခံမှုတွေကို ဆွေးနွေးဖို့ မရှိသေးပေမယ့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ အထောက်အကူပြုတဲ့အတွက် ကွဲပြားနေတဲ့ အခြေခံ ယူဆချက်တွေကို သဘောထားကြီးကြီးနဲ့ အပြန်အလှန် အသိအမှတ်ပြုရင်း ဆွေးနွေးသွား မယ်လို့ လည်းဆိုပါတယ်။

ကေအန်ယူအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက်ရရှိအောင် ကြိုးစားပြီး အဲဒီရလဒ်အပေါ် အခြေခံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် တခြားဥပဒေတွေကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ပြုလုပ်ဖို့ တစိုက်မတ်မတ်ကြိုးစားသွားမယ်လို့လည်း ကေအန်ယူ ကပြော ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပနေတာဖြစ်ပြီး ကေအန်ယူအပါအ၀င် တနိုင်ငံလုံး အပစ်အခတ်ရပ်စွဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက် ဆွေးနွေးကြမှာပါ။

ဒါ့အပြင် အန်စီအေ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့  ၀၊ ကိုးကန့်နဲ့ ကချင်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့က အဆင့်မြင့်ခေါင်းဆောင်တွေလည်း ညီလာခံကို တက်ရောက်လာကြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage87. အီသီယိုးပီးယားနှင့် အီရီထရီးယား ၂ နိုင်ငံစစ်ပွဲ ရပ်ဆိုင်းကြောင်း ကြေညာ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အီသီယိုးပီးယားနဲ့ အီရီထရီးယားနိုင်ငံတို့ဟာ အနှစ် ၂၀ စစ်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

အီရီထရီးယားနိုင်ငံရဲ့ မြို့တော် အက်စ်မာရာက အစိုးရအိမ်တော်မှာ အီရီထရီးယား သမ္မတနဲ့ အီသီယိုးပီးယား ဝန်ကြီးချုပ်တို့ ဇူလိုင် ၉ ရက်နေ့ မနက်က သဘောတူ လက်မှတ်ရေးထိုးလိုက်တာပါ။

၂ နိုင်ငံကြား စစ်ပွဲပြီးဆုံးပြီး ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု ခေတ်သစ်ကို ရောက်ပြီလို့ အီရီထရီးယား ပြန်ကြားရေးဝန်ကြီးက ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်မှု ပူးတွဲကြေညာချက်ကို ကိုးကားပြီး တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။

၂ နိုင်ငံကြား သံရုံးတွေ အပြန်အလှန်ဖွင့်တာ၊ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲတာနဲ့ ဆိပ်ကမ်းတွေ ပူးတွဲတည်ဆောက်တာတွေ အကောင်အထည် ဖော်သွားမယ်၊ ၂ နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ လုံခြုံရေး နယ်ပယ်တွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့လည်း သူက ရေးခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage86. ရခိုင်ပြည်နယ်အတွက် ဒေါ်လာသန်း ၁၀၀ ကူညီပံ့ပိုးပေးမည်ဟု ကမ္ဘာ့ဘဏ်ကြေညာ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီပံ့ပိုးပေးမယ်လို့ ကမ္ဘာဘဏ်က ဇူလိုင် ၁၀ရက်နေ့က ကြေညာပါတယ်။

ဒီအကူအညီတွေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့  လူမှုအသိုက်အ၀န်းအားလုံးအတွက် အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ရေးနဲ့ အခြေခံကျတဲ့ လူမှုဝန်ဆောင်မှုတွေရရှိရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာနဲ့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် ကမ္ဘာ့ဘဏ်က ခုလိုကြေညာလိုက်တာပါ။

ဒါ့အပြင် အမေရိကန်ဒေါ်လာ သန်း၂၀၀ ကနေ ၂၅၀ အထိ ကနဦး ဘဏ္ဍာရေး အကူအညီတွေ ရရှိနိုင်မယ့် ငြိမ်းချမ်းသာယာစည်ပင်တဲ့ ရပ်ရွာအသိုက်အ၀န်းတွေ တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်သွားမယ်လို့လည်း ကမ္ဘာ့ဘဏ် ကြေညာချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာဘဏ်ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက “ကမ္ဘာဘဏ်အနေနဲ့ မြန်မာပြည်ရဲ့ ဖွဲ့ဖြိုးရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီရာမှာ မိတ်ဖက်အဖွဲ့အစည်းတခုအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်သွားမယ်၊ ငြိမ်းချမ်းသာယာ စည်ပင်တဲ့ ရပ်ရွာအသိုက်အ၀န်းတွေ တည်ဆောက်ရေးစီမံကိန်းလို ပံ့ပိုးကူညီမှု အသစ်တွေနဲ့ ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခဖြစ်ပွားမှုရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ဒေသတွေမှာ စီးပွားရေး အခွင့်အလမ်းဖော်ဆောင်ဖို့နဲ့ လူမှုအသိုက်အ၀န်းတွေအကြား သဟဇာတဖြစ်နိုင်ဖို့ ဆက်လက်ကူညီသွားမယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူမှုရေးနှင့် စီးပွားရေးကဏ္ဍ အသွင်ကူးပြောင်းမှုတွေမှာ  ကမ္ဘာ့ဘဏ်အနေနဲ့ ဆက်လက်ပံ့ပိုးကူညီမယ့်ကိစ္စ၊ မြန်မာပြည် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်မှာပါဝင်တဲ့ ရည်မှန်းချက်တွေနဲ့ အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဦးတည်ရာမှာ ကမ္ဘာ့ဘဏ်အနေနဲ့ နည်းပညာနဲ့ အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ၃ရက်ကြာခရီးလာရောက်တာ ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာအစိုးရနဲ့ ပုဂ္ဂလိကအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ တယ်လီဖုန်းဆက်သွယ်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ အမေရိကန် ဒေါ်လာ ၃ဒသမ၃ ဘီလီယံနဲ့ ညီမျှတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်ထားပြီးဖြစ် တယ်လို့ ကမ္ဘာဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-MOFA


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage85. ခရီးသွားကဏ္ဍ လုံခြုံစိတ်ချမှုရှိစေရန် ရင်းနှီးမြှုပ်နှံမှု လိုအပ်ဟု ထိုင်းဝန်ကြီးချုပ် ပြော -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ကမ္ဘာလှည့်ခရီးသည်တင် လှေ ၂ စီး နစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံမှာ ခရီးသွားကဏ္ဍ လုံခြုံစိတ်ချမှုရှိစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်မှာ ဇူလိုင် ၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လွန်ခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံသား အများစုပါဝင်တဲ့ ခရီးသည် ၁၃၀ တင်ဆောင်ထားတဲ့ လှေ ၂ စီး နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အစွမ်းကုန်လုပ်ဆောင်သွားကြဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်လို ပြောကြားခဲ့သလို ခရီးသွားတွေရဲ့ လုံခြုံရေးအတွက်လည်း ပိုပြီး ရင်းနှီးမြှုပ်နှံသွားကြဖို့ တိုက်တွန်းပြောကြားသွားတာပါ။

ထိုင်းဝန်ကြီးချုပ်က “အရေးအကြီးဆုံးအပိုင်းကတော့ သက်ဆိုင်ရာ ဌာနတွေအကြား ပူးပေါင်းဆောင်ရွက်ကြဖို့ပါ။ ခရီးသွားတွေအတွက် စီစဉ်သူတွေ၊ လှေပိုင်ရှင်တွေ၊ ခရီးသွားလုပ်ငန်း အေဂျင်စီတွေ အပါအဝင် အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ပါ။ အဲဒီလူတွေ လုပ်ငန်းရှင်တွေ အားလုံးဟာ ထိုင်းဥပဒေနဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ထိုင်းခရီးသွားကဏ္ဍဟာလည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတာပါ။ ခရီးသွားတွေ များပြားလာတာနဲ့အတူ လုံခြုံစိတ်ချရမှု ပြဿနာတွေကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် ခရီးသွားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမရှိတာ၊ စုံစမ်းစစ်ဆေးမှု မရှိတာမျိုးတွေက ထိုင်းနိုင်ငံအတွက် ဆုံးရှုံးမှုကိုသာ ဖြစ်စေမှာပါ။ ဒီမတော်တဆဖြစ်ရပ်ကို အလေးဂရုထားဖို့ လိုပါတယ်” လို့ ပြောကြားသွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage84. အာဇာနည်နေ့အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့် -DVB

#Lead Story (4d ago)

ဖွင့်ရန်။

၇၁ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနား လုံခြုံရေးအတွက် ရန်ကုန်မြို့ရဲ့ ဝင်ထွက်ပေါက်အားလုံးကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားအတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အင်အား ၃၀ ရာခိုင်နှုန်းနဲ့ ရန်ကုန်မြို့တွင်း လုံခြုံရေးဆောင်ရွက်နေတဲ့အပြင် ရန်ကုန်တိုင်း ဝင်ထွက်ပေါက် ၈ နေရာလုံးကို လက်ရှိအင်အားထက်လုံခြုံရေး အင်အား တိုးမြှင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက ပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားကို အများပြည်သူတွေလာရောက်ပြီး ဂါရဝပြုရာမှာလည်း အရင်နှစ်တွေကလို တိုးကြိတ်သွားရတာမျိုးမဖြစ်စေဖို့အတွက် Water Box တွေနဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့  သိရပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ် အများပြည်သူတွေကို လာရောက်ခွင့်ပေးထားတဲ့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊  ဗိုလ်ချုပ်ကြေးရုပ်နဲ့ အတွင်းဝန်များရုံး နေရာတွေမှာလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအင်အားတိုးမြှင့်ချထားမှာဖြစ်ပါတယ်။

ဒါ့အပြင် အာဇာနည်ဗိမာန်ထဲကို အများပြည်သူတွေ ဝင်ရောက်ရာမှာ ပန်းခွေ၊ ပန်းခြင်း၊ ဗီနိုင်း၊ အလံ၊ တုတ်ဓားလက်နက်၊ လက်ကိုင်ဖုန်း၊ မီးခြစ်နဲ့ ပစ္စည်း ၉ မျိုးသယ်ဆောင်ခြင်းမပြုဖို့ လည်း ပိတ်ပင်တားမြစ်ထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage83. အုပ်စုလိုက် အဓမ္မပြုကျင့်မှုအတွက် သေဒဏ်ပေးခံရသူများ၏ အယူခံ အိန္ဒိယတရားရုံးချုပ် ပယ်ချ -DVB

#Lead Story (4d ago)

ဖွင့်ရန်။

အိန္ဒိယတရားရုံးချုပ်က ၂၀၁၂ အုပ်စုလိုက် အဓမ္မပြုကျင့်မှုအတွက် သေဒဏ်ပေးခံရသူတွေရဲ့ အယူခံကို ၂၀၁၈ ဇူလိုင် ၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

အမှုက ၆ နှစ်ကြာ နှောင့်နှေးနေပေမယ့် နီယာဘာယာဆိုသူ သေဆုံးသူ အမျိုးသမီးရဲ့ မိခင်က တရားမျှတမှုအတွက် တရားရုံးချုပ်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

သူတို့ကို ကြိုးပေး မသတ်သေးမချင်း နီယာဘာယာနဲ့ တခြားမိန်းကလေးတွေအတွက် တရားမျှတမှု ရဦးမှာမဟုတ်ဘူး၊ ဒီနိုင်ငံမှာ နီယာဘာယာသာမက တခြားမိန်းကလေးတွေပါ တရားမျှတမှုကို ရသင့်တယ်လို့ မိခင်ဖြစ်သူ အာရှာဒေဝီက ပြောပါတယ်။

ဗီနေ ရှာမာ၊ ပါဝမ် ဂုပ္ပတားနဲ့ မူခက်ရှ် ဆင်းဂ်တို့ဟာ မနှစ်က တရားရုံးချုပ်မှာ အသနားခံလွှာ တင်ခဲ့တာပါ။

လေးယောက်မြောက်တရားခံ အက္ခရှေ ထာကူရ်ရဲ့ အသနားခံလွှာကို လာမယ့် သီတင်းပတ်မှာ တရားရုံးက သုံးသပ်မှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage82. ဘယ်လ်ဂျီယံကို အနိုင်ယူပြီး ပြင်သစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်) -DVB

#Lead Story (4d ago)

ဖွင့်ရန်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ မနေ့ညက ယှဉ်ပြိုင်ရာ ပြင်သစ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းသွားပါတယ်။

ဒီပွဲမှာ ဘယ်လ်ဂျီယံက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ပြင်သစ်က အသာရခဲ့ပါတယ်။

နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ အပြန်အလှန် ထိုးဖောက်ကစားပြီး ဂိုးသွင်းခွင့်တွေလည်း အပြန်အလှန် ရခဲ့ကြပေမယ့် ပထမပိုင်းမှာတော့ ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ခဲ့တာပါ။

ပြင်သစ်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ၅၁ မိနစ်မှာရတဲ့ ထောင့်ကန်ဘောကတဆင့် နောက်ခံလူ အမ်တီတီက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းအတွက် ဒီတကြိမ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်ရောက်နိုင်တာဖြစ်ပြီး ၁၉၉၈ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲမှာ ဘရာဇီးကို အနိုင်ယူ ဗိုလ်စွဲခဲ့ပြီး ၂၀၀၆ ခုနှစ် ဗိုလ်လုပွဲမှာတော့ အီတလီကို ပယ်နယ်တီနဲ့ရှုံးကာ ချန်ပီယံဖလားနဲ့ လွဲခဲ့ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့ ပြင်သစ်နဲ့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage81. ဦးရဲလွင် (မဇ္ဈိမလှိုင်း) ကွယ်လွန် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ ဂီတနဲ့ ကူညီခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့က တေးရေး ဦးရဲလွင်ဟာ ဒီနေ့ညနေပိုင်းမှာ ကွယ်လွန်သွားပါတယ်။

ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ  “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကစလို့ ရန်ကုန်မြို့ ကုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင်မှာ ကုသမှု ခံယူနေရင်း ဒီနေ့ ညနေ ၄ နာရီကျော်ချိန်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၀ကျော်အရွယ်ရှိပြီဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage80. ထိုင်းလူငယ် ၃ ဦး လိုဏ်ဂူအပြင်သို့ ထပ်မံရောက်ရှိလာ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဒွိုင်နန်းနွန်းလိုဏ်ဂူအတွင်း ကျန်ရှိနေတဲ့ တောဝက် အကယ်ဒမီ ဘောလုံးအသင်းသား ထိုင်းလူငယ် ၅ ဦးအနက် နောက်ထပ် ၃ ဦး ဂူပြင်သို့ ထွက်လာပြီး ဂူအနီး ယာယီဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ထိုင်းရုပ်သံ နေရှင်းတီဗွီက ဒီကနေ့ညနေ သတင်းထုတ်ပြန်သွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage79. မြောက်ပိုင်းမဟာမိတ်အဖွဲ့လုံခြုံရေးကို တရုတ်တာဝန်ယူထားဟု ဗိုလ်ချုပ်ဂွန်မော်ပြော (ရုပ်သံ) -DVB

#သတင်း (5d ago)

ဖွင့်ရန်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ – တတိယအစည်းအဝေး တက်ရောက်မယ့် အန်စီအေလက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဒီကနေ့ နေ့လယ် ၂ နာရီခွဲက နေပြည်တော်လေဆိပ်ကို ရောက်ရှိလာပါတယ်။

ဒီလို ငြိမ်းချမ်းရေးညီလာခံလာရောက်ရတာဟာ မျှော်လင့်ချက်တွေနဲ့ လာရောက်တာဖြစ် တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

ဒါ့အပြင် ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်က လုံခြုံရေးကအစ တာဝန်ယူပြီးခေါင်း ဆောင်လာ တာဖြစ်ကြောင်းလည်း ပြောပါတယ်။

“တရုတ်ကတော့ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် သုံးကြိမ်မှာ ဒီဒုတိယ အကြိမ်ကနေစပြီးတော့မှ ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ကို  သူတာဝန်ယူပြီးမှ လုံခြုံရေးက အစပေါ့နော် အဲလိုတာဝန်ယူပြီးခေါ်ဆောင်လာတာဖြစ်ပါတယ်။ ”

ဒါ့အပြင် ဒီညီလာခံတက်ရောက်လာတာဟာ ဆွေးနွေးဖို့အဓိကမဟုတ်ဘဲ အဆက်ပြတ် နေတဲ့ဆက်သွယ်ရေးတွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို အဓိကကျတယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

တတိယအကြိမ် ပင်လုံညီလာခံကို ဇူလိုင် ၁၁ ရက်နေ့ ၁၆ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage78. အိန္ဒိယရဲတပ်ဖွဲ့ဝင်များ ကိုယ်အလေးချိန် မလျှော့ပါက အလုပ်ထုတ်ခံရမည် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်အလေးချိန် ဝိတ်မလျှော့ချဘူးဆိုရင် အလုပ်က ထုတ်ပယ်မှာဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

ကာနာတကာပြည်နယ် အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိချုပ်က အဝလွန်ရဲဝန်ထမ်း အရေအတွက် များပြားလာမှာကို သူ့အနေနဲ့ စိတ်ပူ စိုးရိမ်မိတယ်လို့ ဘီဘီစီသတင်းဌာနကို ပြောလိုက်တာပါ။

ရဲအရာရှိချုပ် ဘာစကာရာအိုက ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း အဝလွန်ခြင်းနဲ့ ပတ်သက်ဆက်နွှယ်ပြီး ရဲအရာရှိ ၁၀၀ ကျော် သေဆုံးခဲ့ရပြီးနောက်မှာ ခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်အရ အိန္ဒိယရဲအရာရှိတွေအနေနဲ့ သူတို့ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကာနာတကာပြည်နယ် အထူးရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံရဲ့ ကြီးမားတဲ့ အခမ်းအနားတွေ၊ ဆန္ဒပြမှုတွေနဲ့ အဓိကရုဏ်းဖြစ်တဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့ဝင် ၁ သောင်း ၄ ထောင်လောက်ကို အသုံးပြုနေရတာပါ။

လက်ရှိမှာတော့ အဝလွန်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် ထိရောက်တဲ့ စွမ်းဆောင်ရည် မရရှိတာမျိုးတွေလည်း ရှိလာတဲ့အတွက် အကြီးတန်းအရာရှိတွေအနေနဲ့ အဝလွန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို နာမည်တပ်ဖော်ပြပြီး နေ့စဉ်လေ့ကျင့်ခန်း လုပ်ဆောင်စေကာ ဝိတ်ကျအောင်လုပ်ဖို့ ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ အချိန် ၆ လ သတ်မှတ်ထားပြီး တပ်ဖွဲ့ဝင်တွေဆီမှာ သကြားနဲ့ တခြား ကျန်းမာရေးညွှန်ကိန်းတွေ ပါဝင်မှုကို စောင့်ကြည့်သွားမှာပါ။ တကယ်လို့ ခုလို ကျန်းမာအောင် မနေထိုင်တဲ့ အဝလွန် တပ်ဖွဲ့ဝင်တွေကို တွေ့ရရင်တော့ အလုပ်ကနေ ထုတ်ပယ်သွားမှာပါ” လို့ ဘာစကာရာအိုက ပြောပါတယ်။

လက်ရှိကာလမှာ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေ အများစုဟာ အဝလွန်ခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်လို့ ခုလို ဆုံးဖြတ်လိုက်တာဟာ တကယ်တော့ ထူးခြားတာမျိုး မဟုတ်ပါဘူး။

“ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း ကျနော်တို့လူတွေ ၁၅၃ ယောက်သေတယ်။ သူတို့ထဲက ၂၄ ယောက်ကတော့ လမ်းပေါ်မှာ မတော်တဆမှုကြောင့်ဖြစ်ပြီး ၉ ယောက်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာပါ။ ကျန်တဲ့ သေဆုံးမှုတွေကတော့ အဝလွန်ခြင်းနဲ့ သက်ဆိုင်တဲ့ နှလုံး၊ ဆီးချိုရောဂါတွေနဲ့ သေဆုံးရတာတွေပါ။”

လက်ရှိမှာတော့ ကာနာတကာပြည်နယ် အထူးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကို ရေကူးတာတွေ၊ ယောဂကျင့်တာတွေနဲ့ တခြားအားကစားလေ့ကျင့်ခန်းတွေ စီစဉ်ပေးပြီး လေ့ကျင့်မှုတွေ ပြုလုပ်စေတာ ဖြစ်ပါတယ်။

“တကယ်တမ်းတော့ သူတို့ကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ လေ့ကျင့်ခန်းနဲ့ စားသောက်နေထိုင်မှု ပုံစံတွေ ပြောင်းလဲစေတာ ဖြစ်ပါတယ်” လို့ ဘာစကာရာအိုက ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage77. ရိုက်တာသတင်းထောက်ကို စွဲချက်တင်သည့်ကိစ္စ တရားမျှတမှုမရှိဟု မီဒီယာကောင်စီဝေဖန် -DVB

#သတင်း (5d ago)

ဖွင့်ရန်။

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်လိုက်တာဟာ တရားမျှတမှုမရှိဘူးလို့ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေနဲ့ ပြည်တွင်းနဲ့ ပြည်ပက သတင်းသမားတွေက ဝေဖန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အင်းဒင်ကျေးရွာလူသတ်မှုကို ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) နဲ့ စွဲချက်တင်ဖို့ တရားရုံးက မနေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။

ဒါဟာမျှတမှုမရှိဘူးလို့ သတင်းမီဒီယာကောင်စီ၊ ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ ဦးမြင့်ကျော်ကပြောပါတယ်။

“အခုလိုစွဲချက်တင်လိုက်တာဟာ အင်းဒင်ဖြစ်စဉ်လိုမျိုး အလားတူသတင်းကိစ္စတွေ သွားရောက်သတင်းယူရင်တောင် နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ တရားစွဲဆိုခံရမလားဆိုတဲ့စိတ်မျိုး သတင်းသမားတွေကြားမှာ သက်ရောက်မှုတွေရှိလာနိုင်တယ်”

ဒီလိုဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးအတွက်မကောင်းသလို မတရားမှုတွေနဲ့ ပတ်သတ်ပြီး သတင်းရယူဖော်ထုတ်ရေးသားရင် အခုလိုဥပဒေတွေတပ်ပြီး ဖမ်းဆီးခံရနိုင်သလို အကြောက်တရားဝင်လာမှာ စိုးရိမ်မိတယ်လို့ သတင်းစာဆရာ တစ်ယောက်ကပြောပါတယ်။

ဇူလိုင်လ ၉  ရက်နေ့က အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သတ်ပြီး အမေရိကန်၊ ဗြိတိသျှနဲ့ ဥရောပသမဂ္ဂ (အီးယူ) အပါအ၀င် ပြည်ပနိုင်ငံတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း သတင်းလွတ်လပ်ခွင့်ကိ ချိုးဖောက်မှုအဖြစ် ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက်တွေ  အသီးသီး ထုတ်ပြန်ထားပါတယ်။

ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ခုဆိုရင်  ၆ လကျော်ကြာ ရှိနေပြီလည်းဖြစ်ပါတယ်။

သူတို့ကို စွဲချက်တင်လိုက်တဲ့ နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ ကိုလိုနီခေတ်က ပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်ပြီး ပြစ်မှုထင်ရှားရင်  ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage76. လိုဏ်ဂူထဲပိတ်မိနေသည့် ထိုင်းလူငယ်ဘောလုံးသမား နောက်ထပ် ၂ ဦး ကယ်ထုတ်နိုင် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးထဲ ပိတ်မိနေတဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအဖွဲ့ဝင် ၁၃ ဦးထဲက ကျန် ၅ ဦးကို ကယ်ထုတ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေရာ အခုအချိန်ထိ နောက်ထပ် လူငယ် ၂ ဦးကယ်ထုတ်နိုင်ခဲ့ပြီလို့ စီအန်အန် သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းရေတပ်အထူးတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာတော့ ၉ ယောက်မြောက် ထိုင်းလူငယ်တဦးကို ဒီကနေ့ ဇူလိုင် ၁၀ ရက်  ညနေ ၄ နာရီ ၆ မိနစ်က လိုဏ်ဂူအပြင်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage75. မြင်းခြံမြို့နယ်တွင် ပါတီ ၄ ခု ကြားဖြတ်ရွေးကောက်ပွဲဝင်​​ပြိုင်မည် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

လာမယ့် နိုဝင်​ဘာ ၃ ရက်​​မှာ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ မြင်းခြံမြို့ နယ်​အတွက် ပါတီ ၄ ခုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်​​ရောက်​ယှဉ်​ပြိုင်​ အ​ရွေးချယ်​ခံသွားမှာ ဖြစ်​တယ်​လို့ မြင်းခြံမြို့နယ်​​ ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက သိရပါတယ်​။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ  ပြည်​သူ့လွှတ်​​တော်အတွက်​ ၁ ​နေရာ၊ သပိတ်​ကျင်းမြို့နယ်​ မဲဆန္ဒနယ်အမှတ်​ (၁) အတွက် ၁ နေရာ ၊ တိုင်း​ဒေသကြီး လွှတ်​​တော်​ ကိုယ်​စားလှယ်​ ၁ ​နေရာနဲ့ ရှမ်းတိုင်းရင်းသား​ရေးရာ လွှတ်​​တော်​ကိုယ်​စားလှယ်​ ၁  ​နေရာ စုစုပေါင်း ၄ နေရာ တို့ လစ်​လပ်​​နေတာ​လည်း ဖြစ်​ပါတယ်​။

အဆိုပါ လစ်လပ်နေရာအတွက် ဝင်​​ရောက်​အ​ရွေးခံသွားမယ့် ပါတီတွေကတော့ ပြည်​သူ့အလုပ်​သမားပါတီ၊ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီနဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီတို့ ဖြစ်ပါတယ်။

၂၀၁၈ နိုဝင်​ဘာ ၃ရက် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက် မြင်းခြံမြို့နယ်က မဲပေးရမယ့်​ မြို့ပေါ်ရပ်​ကွက်​ ( ၂၀ ) ရပ်​ကွက်​နဲ့ ကျေးရွာအုပ်​စု( ၈၅) အုပ်​စုရှိပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို ကော်မရှင်ရုံးခွဲတွေမှာ လက်ရှိ ကြေညာကပ်ထားပြီး မဲ​ပေးပိုင်​ခွင့်​ရှိသူ အရေအတွက် လက်​ရှိစာရင်းအရ ၂၂၀,၀၀၀ ကျော် ရှိတယ်​လို့ မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက ဒီဗွီဘီကိုပြောပါတယ်။

ရီရီထွန်း (မြင်းခြံ)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage74. သမိုင်းဝင် အစုအပြုံလိုက် လူသတ်မှုတွင် သေဆုံးခဲ့သူများ၏အလောင်း တင်လာသည့်ကား ဆာရာယေဗို ရောက်ရှိ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

သမိုင်းဝင် စရီဘရီနီဆာ အစုအပြုံလိုက် လူသတ်မှုမှာ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း ၃၅ လောင်းကို တင်လာတဲ့ ကုန်ကားဟာ ဘော့စ်နီးယား ဟာဇီဂိုဗီးနားနိုင်ငံရဲ့ မြို့တော် ဆာရာယေဗိုရဲ့ အဓိကလမ်းပေါ်ကို ဇူလိုင် ၉ ရက်နေ့က ရောက်လာပါတယ်။

ကုန်ကားက သမ္မတရုံးရှေ့ ခဏတာရပ်နားချိန်မှာ ပြည်သူတွေက တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းပေးခဲ့ကြပါတယ်။

ကုန်ကားဟာ ခေါင်းတလားတွေကို တင်လာပြီး သူတို့ကိုမြှုပ်နှံမယ့် နေရာဆီ ပို့ဆောင်မှာပါ။

စုပေါင်းမြှုပ်နှံထားတဲ့ မြေပုံတွေထဲမှာ တွေ့ရတဲ့ အမျိုးသားတွေရဲ့ အလောင်းတွေကို ဒီအန်အေ မျိုးဗီဇ စစ်ဆေးအပြီး စရီဘရီနီဆာမြို့မှာပဲ ဇူလိုင် ၁၁ရက်နေ့ မြှုပ်နှံဖို့ စီစဉ်ထားပါတယ်။ အဲဒီနေ့ဟာ အစုလိုက် လူသတ်မှုဖြစ်ခဲ့တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ဒီလူသတ်မှုအတွင်း လူ ၆၅၇၅ ဦး သေဆုံးခဲ့ပြီး နိုင်ငံတကာ တရားရုံးက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ဘော့စ်နီးယားအခြေစိုက် ဆာ့ဘ်လူမျိုးတွေက မွတ်စလင် လူများစုဖြစ်တဲ့ စရီဘရီနီဆာမြို့ကို ဝိုင်းခဲ့ပြီး မွတ်စလင်အမျိုးသား အယောက် ၈ ထောင်ကျော်ကို သတ်ဖြတ်ခဲ့လို့ ဒုတိယကမ္ဘာစစ်အပြီး ဥရောပရဲ့ အဆိုးဝါးဆုံး အစုလိုက် အပြုံလိုက် လူသတ်မှု ဖြစ်ခဲ့ပါတယ်။

ဝှက်ထားတဲ့ မြေပုံတွေကနေ အလောင်းတွေကို ပညာရှင်တွေက တူးဖော်နေရဆဲပါ။

ကျူးလွန်သူတွေက စစ်ရာဇဝတ်မှုသင့်မယ့် ဘေးကနေ ရှောင်ဖို့ အလောင်း အများအပြားကို အစိတ်စိတ် အမြွှာမြွှာလုပ်ခဲ့ပြီး တခုနဲ့တခု မိုင်ချီဝေးတဲ့ နေရာတွေမှာ မြှုပ်ခဲ့ပါတယ်။

ဒါကြောင့် တွေ့သမျှ အရိုးတွေကို ပညာရှင်တွေက မျိုးဗီဇ စစ်ဆေးနည်း သုံးပြီး တူရာ ပြန်စုခဲ့ရတာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage73. မြန်မာပြည်အရှေ့တောင်ပိုင်းဒေသကပြည်သူများ ရေကာတာများကြောင့် ဒုက္ခရောက်နေ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသမှာ ရေကာတာစီမံကိန်း ၁၀ခုကြောင့် ဒေသခံတွေ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ဒီကနေ့ ရန်ကုန်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ ဆောက်လုပ်ပြီးစီးတဲ့ရေကာတာစီမံကိန်း ၃ခုရှိပြီး ဆောက်လုပ်ဆဲ စီမံကိန်း ၇ ခုတည်ရှိပါတယ်။ အဲဒီစီမံကိန်းတွေအတွက် မြေယာသိမ်း ဆည်းတာတွေကြောင့် ဒေသခံပြည်သူတွေဟာ အလုပ်လက်မဲ့ဖြစ်ကြရပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စားဝတ်နေရေးအခက်အခဲကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခိုလှုံတဲ့ ဒေသခံအရေအတွက်ဟာလည်း များပြားလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က စောသာဘိုးက ပြောပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဆောက်လုပ်နေတဲ့ ရေကာတာစီမံကိန်းတွေဟာ ရေအား လျှပ်စစ်ထုတ်ယူဖို့အဓိကထား တည်ဆောက်နေတာဖြစ်ပါတယ်။

စီမံကိန်းတွေကို ဆောင်ရွက်နေပေမယ့် ဒေသခံပြည်သူတွေကို မြေယာသိမ်းဆည်းပြီး လျှော်ကြေးပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်း ပြန်ဖန်တီးပေးတာတွေကို အစိုးရက ဆောင်ရွက်ပေးခြင်းမရှိခဲ့တဲ့အတွက် ဒီအခြေအနေကို အစိုးရအနေနဲ့ ပြန်ဆန်းစစ်စေချင်တယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းက နော်ဂျက်စမင်းက ဆိုပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဆောက်လုပ်နေတဲ့ ရေကာတာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပေမယ့် အစိုးရက အသိအမှတ်ပြုမှုမရှိခဲ့ပါဘူး။

အဆိုပါဒေသမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ရေကာတာတွေကတော့ ရွှေကျင်၊ သောက်ရေခပ် ၂ နဲ့ ပသိစီမံကိန်းတွေဖြစ်ပြီး ဆောက်လုပ်ဆဲစီမံကိန်းတွေကတော့ ဟတ်ကြီး၊ သောက်ရေခပ် ၁၊ ဘောကထ၊ ဘီးလင်း၊ ပတ၊ မဲ့ကသာ၊ တနင်္သာရီစီမံကိန်းတွေ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage72. လိုဏ်ဂူထဲပိတ်မိသည့် ကလေးငယ် ၁၃ ဦးထဲမှ ထူးချွန်သည့်မြန်မာကလေးငယ် နာမည်ကြီးနေ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့တဲ့ ဘောလုံးနည်းပြနဲ့ လူငယ်ဘောလုံးအသင်းသား ၁၃ ဦးထဲမှာ မြန်မာပြည်ဖွား တိုင်းရင်းသားကလေးငယ်တဦး ပါဝင်ပြီး သူ့ရဲ့ ထူးချွန်ထက်မြက်မှုတွေကြောင့် မီဒီယာတွေမှာ နာမည်ကြီးနေပါတယ်။

အသက် ၁၄ နှစ်အရွယ် အဒေါလ်ဆန်းမွန် အမည်ရတဲ့ အဲဒီကလေးငယ်ဟာ မြန်မာနိုင်ငံ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်း ဒုက္ခသည်အဖြစ် နေထိုင် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

သူအပါအဝင် နည်းပြနဲ့ တောဝက်ဘောလုံးအသင်းသားတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲက ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲကို ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက်သွားခဲ့ကြပြီး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးသူတို့ကို ပထမဆုံး အသက်ရှင်လျက် ပြန်တွေ့ချိန်မှာတော့ အဒေါလ်ကို ကယ်ဆယ်ရေးအဖွဲ့နဲ့ အင်္ဂလိပ်လို ပြောဆိုဆက်သွယ်နိုင်တဲ့ တဦးတည်းသော ကလေးအဖြစ် ကမ္ဘာ့သတင်းမီဒီယာတွေမှာပါ ဖော်ပြခဲ့ကြတာပါ။

ဂူထဲကနေ “ကျနော် အဒေါလ်ပါ။ ကျနော် အခြေအနေကောင်းပါတယ်” လို့ အော်ပြောလိုက်ပြီး ထိုင်းဘာသာနဲ့ “ဝေ” လို့ အသံထွက် ဦးညွှတ်နှုတ်ဆက်တာဟာ ယဉ်ကျေးဖွယ်ရာ လေးလေးစားစား နှုတ်ဆက်တာမျိုးဖြစ်တယ်လို့ သူ့ရဲ့ဆရာတွေက ဆိုပါတယ်။

မျက်ဝန်းကျယ်ကျယ်၊ ခပ်ပိန်ပိန်ပုံစံရှိတဲ့ အဒေါလ်က ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂလိပ်လို “ဒီနေ့ ဘာနေ့လဲဗျ” လို့ မေးခဲ့ပြီး ဂူထဲက သူတို့တွေ ဆာလောင်နေကြတဲ့အကြောင်း ပြောဆိုနိုင်ခဲ့တာပါ။

သူဟာ ၇ နှစ်သား အရွယ်ကတည်းက မိသားစုနဲ့ခွဲကာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်းတခုမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အဒေါလ်ဟာ ထိုင်း၊ မြန်မာနဲ့ တရုတ်ဘာသာစကားတွေကိုလည်း ပြောဆိုနိုင်ပြီး မိသားစုက သူရှိတဲ့ ဘုရားကျောင်းကို လာရောက်လည်ပတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဝဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တယ်လို့ ပြောပေမယ့် မြန်မာမှာရော နိုင်ငံတကာကပါ အသိအမှတ်မပြုထားဘဲ မြန်မာအစိုးရနဲ့ ဝဒေသ နှစ်ဖက်စစ်တပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းနေထိုင်ရတာမျိုးတွေ ရှိတဲ့ ဒေသတခု ဖြစ်ပါတယ်။

အဒေါလ်ဟာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းဒုက္ခသည် ၄ သိန်းကျော်ထဲမှာ တဦး အပါအဝင်ဖြစ်ပြီး သူ့မှာ မွေးစာရင်း၊ နိုင်ငံသားဖြစ်မှု အထောက်အထား၊ နိုင်ငံကူးလက်မှတ်တွေ ရှိမနေတဲ့အတွက် တရားဝင်လက်ထပ်ခွင့်၊ အလုပ်လုပ်နိုင်ခွင့်၊ ဘဏ်ငွေစာရင်းဖွင့်ခွင့်၊ ခရီးသွားလာခွင့်၊ မဲပေးခွင့် စတာတွေကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သူတက်ရောက်နေတဲ့ ကျောင်းက ဒါရိုက်တာ ဖူနဝစ် သက်ပ်ဆူရင်ကတော့ အဒေါလ်ကို “သူက ရတနာတပါးပဲ” လို့ ချီးကျူးလိုက်ပါတယ်။

“သူက ကျောင်းစာရော၊ အားကစားပါ ၂ မျိုးလုံး ထူးချွန်သူပါ။ သူက ကျောင်းအတွက် သူ့ရဲ့အောင်မြင်မှုကနေ ရွှေတံဆိပ်ဆုတွေ၊ ဂုဏ်ထူးဆောင်လက်မှတ်တွေ အများကြီး ယူပေးနိုင်ခဲ့သူပါ။”

ထူးချွန်လိုစိတ်ပြင်းပြတဲ့ ဘောလုံးသမားလေး အဒေါလ်ဟာ စန္ဒယားနဲ့ ဂစ်တာတီးရတာတွေကိုလည်း နှစ်သက်ပြီး လက်ရှိမှာတော့ သူ့အကြောင်းဟာ သတင်းမီဒီယာတွေမှာရော လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာပါ လူပြောများ ရေပန်းစားနေတာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage71. ပြင်သစ်ကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဘယ်လ်ဂျီယံနောက်ခံလူ ပြော -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ပြင်သစ်အသင်းကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ဘယ်လ်ဂျီယံ နောက်တန်းကစားသမား တောမတ် ဗာမယ်လန်က ပြောပါတယ်။

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့ ဒီနေ့ည ယှဉ်ပြိုင်ရမှာပါ။

ပြင်သစ်မှာ အရမ်းမြန်တဲ့ တိုက်စစ်မှူး အမ်ဘာပီအပြင် တခြား ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပေမယ့် ဘယ်လ်ဂျီယံအနေနဲ့ ဗိုလ်လုပွဲအထိ တက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်ဆိုပြီး အသက် ၃၂ နှစ်အရွယ် နောက်တန်းကစားသမား ဗာမယ်လန်က ပြောပါတယ်။

ဘယ်လ်ဂျီယံ ကွင်းလယ်လူတဦးဖြစ်တဲ့ ချာ့ဒ်လီကလည်း အမ်ဘာပီလို အရမ်းမြန်ပြီး အန္တရာယ်ပေးနိုင်တဲ့ ကစားသမားမျိုးကို မက်ဆီကလွဲရင် တခါမှ မတွေ့ဖူးသေးဘူးလို့ ဆိုထားပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုအဆင့်ကနေ ကွာတားအထိ ပွဲစဉ် ၅ မှာ ဂိုးပေါင်း ၁၄ ဂိုး သွင်းယူထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage70. စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ငွေအရင်းအနှီးမရှိသည့် ပြဿနာကြုံတွေ့နေ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ ငွေအရင်းအနှီးမရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနဲ့ အဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့ ငွေကြေးအပြင် ဈေးကွက်မှာ ရောင်းနိုင်ဖို့နဲ့ နည်းပညာပိုင်းတွေမှာပါ အားနည်းချက်တွေရှိနေပါတယ်။

အခုလို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို  ဖြေရှင်းပေးနိုင်ဖို့ အခွင့်အလမ်းကောင်းတွေနဲ့ ချိတ်ဆက်ပေးမယ့် တတိယအကြိမ်မြောက် စွန့် ဦးတီထွင်ပွဲတော်ကို ကျင်းပပေးသွားမယ်လို့  မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

လာမယ့် သြဂုတ် ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် စွန့်ဦးတီထွင်ပွဲတော်ကိုတော့ ရန်ကုန်မြို့မှာရှိ တပ်မေတော်ခန်းမမှာ ကျင်းပသွားမှာပါ။

လူငယ်တွေအနေနဲ့ အလုပ်အကိုင်မဲ့တာမျိုး မဖြစ်ရအောင်  စွန့်ဦးတီထွင်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပြီး အောင်မြင်မှုတွေရရှိအောင် ဒီပွဲကနေ လမ်းညွှန်ပြသပေးနိုင်မှာဖြစ်တယ်လို့  မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာသဲမြတ်စိုးကပြောပါတယ်။

မြန်မာ့စီးပွားရေးလုပ်ငန်းရဲ့  ၉၉ ရာခိုင်းနှုန်းက SME လုပ်ငန်းတွေဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်း၊ တနိုင်တပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့  ခရီးသွားလုပ်ငန်းစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage69. မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တရုတ်တွင် ရေလွှမ်းမိုး၊ မြေပြိုမှုများ ကြုံတွေ့ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

မုတ်သုံမိုး အဆက်မပြတ် ရွာသွန်းနေတာကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ နေရာတွေမှာ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဇူလိုင် ၇ နေ့က စတင်ပြီး အဆက်မပြတ် ရွာသွန်းခဲ့တဲ့မိုးကြောင့် အနောက်တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ စီချွမ်ပြည်နယ်က ဒေသတချို့မှာ ရေကြီးရေလျှံခဲ့တာပါ။

ဒါ့အပြင် ယူနန်ပြည်နယ်မှာလည်း ရွှံ့နွံပြိုကျမှု၊ မြစ်ရေကြီးမှု ဖြစ်ခဲ့ပြီး တံတားတွေ ရေမြုပ်ခဲ့တာကြောင့် ယာဉ်သွားယာဉ်လာတွေလည်း ပိတ်မိနေပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် ယူနန်ပြည်နယ်ထဲက စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage68. ရေဘေးသင့်ပြည်သူများအတွက် ပခုက္ကူခရိုင်တွင် ရေဘေးရှောင်စခန်းများ တိုးချဲ့ဖွင့်လှစ်မည် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ရေကြီးရေလျှံချိန်မှာ ရေဘေးသင့်ပြည်သူတွေ ယာယီခိုလှုံနိုင်စေဖို့အတွက် ပခုက္ကူခရိုင်အတွင်းမှာ ရေဘေးရှောင်စခန်းတွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့ သက်ဆိုင်ရာက ပြင်ဆင်နေပါတယ်။

ပခုက္ကူခရိုင် ရေစကြိုမြို့နဲ့ ပခုက္ကူမြို့တွေမှာ နှစ်စဉ် မိုးရာသီရောက်တိုင်း မြစ်ရေကြီးပြီး မြစ်ကမ်းနားနေထိုင်တဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ပြောင်းရွှေ့ရလေ့ရှိပါတယ်။

ဒီလို ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်သူတွေအတွက် ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က ပခုက္ကူမှာ ယာယီရေဘေးရှောင်စခန်းတခု၊ ရေစကြိုမြို့မှာ ယာယီရေဘေးရှောင်စခန်းတခု ဖွင့်လှစ်ခဲ့ပါတယ်။

အခု ၂၀၁၈ ခုနှစ်မှာတော့ ပခုက္ကူမှာ ယာယီရေဘေးရှောင်စခန်း နှစ်ခုနဲ့ ရေစကြိုမှာ သုံးခုကို တိုးချဲ့ဖွင့်လှစ်ဖို့ ဆောင်ရွက်ထားတယ်လို့ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးနေဝင်းက ပြောပါတယ်။

“ကျနော်တို့ စခန်းတွေ ဆောက်ပြီးသွားရင် ရေဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ မျှဝေမယ်။ နောက်ပြီးတော့ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်တဲ့ အပိုင်းတွေမှာလည်း သက်ဆိုင်ရာ အိုင်အန်ဂျီအို၊ အန်ဂျီအိုတွေ ကျနော်တို့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်ပြီး ထိခိုက်လွယ်သူတွေကို ပြုစုစောင့်ရှောက်မှုအပိုင်းတွေ၊ နောက်ပြီး စခန်းတွေမှာ ကလေးတွေကို အချိန်ကုန်မှန်း မသိရအောင် အားကစားနည်းတွေကိုလည်း ထည့်ပြီး ဆောင်ရွက်ဖို့ စီမံဆောင်ရွက်နေတယ်”

၂၀၁၇ ခုနှစ်ရေကြီးချိန်တုန်းက ပခုက္ကူမှာ လူဦးရေ ၁၀၀၀၀ ကျော်လောက်နဲ့ ရေစကြိုမှာ လူဦးရေ ၅၀၀၀ ကျော်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနကနေ ကူညီပေးခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage67. ချင်းတွင်းမြစ်ရေ မြင့်တက်လာသဖြင့် ရေဝဲများကို အထူးသတိထားရန် နှိုးဆော် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာလို့ မြစ်ကြောင်းသွားရေယာဉ်တွေအနေနဲ့ ရေဝဲတွေကို အထူးသတိထားဖို့ စစ်ကိုင်းတိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။

မုံရွာကနေ ၁၉ မိုင်အကွာ မုံရွာနဲ့ ကနီကြားမှာရှိတဲ့ ရွှေစာရေးဝဲ၊ မုံရွာကနေ မိုင် ၉၀ အကွာ ကနီနဲ့ မင်းကင်းကြားက ဝက်သိုက်ဝဲ၊ မုံရွာက ၁၄၄ မိုင်အကွာ မင်းကင်းနဲ့ ကလေးဝ အကြားက ပေဝဲ၊ မုံရွာက မိုင် ၁၆၀ အကွာ ကလေးဝနဲ့ မော်လိုက်အကြားမှာရှိတဲ့ လောင်းဂရိတ်ဝဲ၊ မုံရွာက ၁၆၅ မိုင်အကွာ ကလေးဝနဲ့ မော်လိုက်အကြားမှာရှိတဲ့ မစိန်ဝဲ၊ မော်လိုက်နဲ့ ဖောင်းပြင်ကြားက ရွှေပုလ္လင်ဝဲ၊ ဟုမ္မလင်းနဲ့ ခန္တီးအကြားက ကတိုးဝဲတို့ကို အထူးဂရုပြု ဖြတ်ကျော်မောင်းနှင်ဖို့ သတိပေးထားတာပါ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage66. အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးတက် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပွဲစဉ်အဖြစ် မြန်မာနဲ့ ဗီယက်နမ်တို့ မနေ့ညနေက ယှဉ်ပြိုင်ကစားရာမှာ ဗီယက်နမ်က ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု ပထမနေရာရရေး တိုက်စစ်ဖွင့် ကစားခဲ့ပေမယ့် တဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ဘဲ ဂိုးတွေ ပေးခဲ့ရတာပါ။

ဗီယက်နမ်အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၂၂ မိနစ်၊ မိနစ် ၅၀၊ ၅၅ မိနစ်နဲ့ ၅၇ မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

မြန်မာအမျိုးသမီးအတွက် ချေပဂိုး ၃ ဂိုးကိုတော့ ပွဲချိန် ၅၈ မိနစ်နဲ့ ၈၇ မိနစ်မှာ ဝင်းသိင်္ဂီထွန်း၊ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ခင်မာလာထွန်းတို့က သွင်းယူပေးခဲ့ပါတယ်။

အုပ်စုပွဲစဉ်တွေအပြီးမှာ ဗီယက်နမ်က အုပ်စုပထမ၊ မြန်မာက အုပ်စု ဒုတိယအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

တဖက် က အုပ်စုမှာလည်း အုပ်စုပွဲစဉ်တွေအပြီးမှာ ထိုင်းအမျိုးသမီးက အုပ်စု ပထမ၊ သြစတြေးလျ ယူ-၂၀ အမျိုးသမီးအသင်းက အုပ်စု ဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းအမျိုးသမီးအသင်းနဲ့ လာမယ့် ဇူလိုင် ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ဗီယက်နမ်အသင်းကတော့ သြစတြေးလျ ယူ-၂၀ အမျိုးသမီးအသင်းနဲ့ ညနေ ၆ နာရီခွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage65. ရန်ကုန်ဆေးရုံကြီးတွင် စည်းကမ်းမဲ့ဈေးသည်များကို စာရင်းကောက်ယူနေ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ရန်ကုန်ဆေးရုံကြီးမှာ ရောင်းချနေတဲ့ စည်းကမ်းမဲ့ဈေးသည်တွေကို စာရင်းကောက်ယူနေပြီး မကြာမီ တင်ဒါအသစ် ပြန်ခေါ်သွားမယ်လို့ ရန်ကုန်ဆေးရုံကြီး၊ တာဝန်ခံဆရာဝန်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ကြီးက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး ဧရိယာဝန်းကျင်မှာ စည်းကမ်းမဲဈေးသည်တွေကို ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စာရင်းကောက်ယူနေတာပါ။

ရန်ကုန်ဆေးရုံကြီး တာဝန်ခံဆရာဝန် ဦးခင်မောင်ကြီးက “ထူးခြားမှုအနေနဲ့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကော်မတီက ဒီကိစ္စကို တိုင်းလွှတ်တော်နဲ့ အစိုးရကို တင်ပါမယ်။ နောက်တချက်အနေနဲ့ ကတော့ မနေ့က ဈေးသည်ကို စာရင်းကောက်ယူပါတယ်။ ပြီးတော့ ကျနော်တို့ တင်ဒါပေးထားတဲ့ ဈေးဆိုင်တွေကိုလည်း တင်ဒါအသစ်ပြန်ခေါ်ပါမယ်”လို့ ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးဝန်းထဲမှာ ဈေးဆိုင်ပေါင်း ၇၀ လောက်ကို ရောင်းချခွင့်ပြုထားပြီး စည်းကမ်းမဲ့ကျူးကျော် ဈေးသည်တွေအပါအဝင် ဆိုင်ခန်း ၁၀၀ ကျော် ရှိတယ်လို့  သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage64. ဝန်​ထမ်း ၄ ဦးကို ပါးရိုက်​ခဲ့သည့် လုံခြုံရေးအရာရှိအား ရေနံ​မြေအလုပ်​သမားများ ရှုတ်ချ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

မ​ကွေးတိုင်း​ဒေသကြီး ​မန်း​ရေနံ​မြေမှာ ဝန်​ထမ်း ၄ ဦးကို ​ရေနံ​မြေ လုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်​ခဲ့တဲ့အ​ပေါ် ရေနံ​မြေအလုပ်​သမားသမဂ္ဂအဖွဲ့တွေက ကန့်​ကွက်​ရှုတ်ချ​ကြောင်း ဒီနေ့ သ​ဘောထား ထုတ်​ပြန်​လိုက်ပါတယ်။

ဇွန်​လ ၃၀ ရက်​ ည​က​ မန်း​ရေနံထုတ်​လုပ်​​ရေးဌာနမှ ဝန်​ထမ်း ၁ ဦးနဲ့ လုံခြုံ​ရေးဌာန ဝန်​ထမ်း ၃ ဦးတို့ကို မန်း​ရေနံ​မြေလုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်ခဲ့တဲ့အတွက် ဝန်​ထမ်းတွေရဲ့ လူ့ဂုဏ်​သိက္ခာကျဆင်း​စေပြီး စိတ်​ပိုင်းဆိုင်​ရာ ထိခိုက်ခဲ့တာကြောင့် မန်းရေနံမြေ ဇူလိုင်​က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်​အရ သမဂ္ဂအားလုံးက ကန့်​ကွက်​ရှုတ်ချ​ကြောင်းဒီနေ့ ထုတ်​ပြန်​လိုက်​တာပါ။

ရွှေရည်​​မြေလတ်​ ရေနံ​မြေ အလုပ်​သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦး​လေးနိုင်​က “မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူထားပါတယ်။ အခု သဘောထားထုတ်ပြန်ချက်ကလည်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေနံသမဂ္ဂတွေအားလုံး ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ”လို့ ပြောပါတယ်။

ပါးရိုက်ခံရတာကို မကျေနပ်တဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ ကာယကံရှင်​ အလုပ်သမား နှစ်ဦးက မန်းရေနံ ရွှေမန်းသာယာ အခြေခံသမဂ္ဂအဖွဲ့အစည်းကို တိုင်ကြားလာတာကြောင့် အလုပ်သမားအဖွဲ့တွေက ခုလို သဘောထားထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ကိုလင်း(​ချောက်​)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage63. ကမ္ဘာ့ကလေးဦးရေ၏ လေးပုံတပုံ ကပ်ဘေးသင့်နိုင်ငံများတွင် နေထိုင်နေကြရ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ကမ္ဘာ့ကလေးဦးရေရဲ့ လေးပုံတပုံဖြစ်တဲ့ ကလေး ၅၃၅ သန်းဟာ ပဋိပက္ခ ဒါမှမဟုတ် ကပ်ဘေးသင့်နိုင်ငံတွေမှာ နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ ကလေးများအေဂျင်စီရဲ့ အကြီးအကဲက ဇူလိုင် ၉ ရက်နေ့မှာ ပြောပါတယ်။

ကလေး လေးယောက်မှာ တယောက်နှုန်း ဒီအခြေအနေ ဆိုက်နေတာဟာ နားလည်နိုင်စွမ်းကို ကျော်လုနီးပါး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဇူလိုင် ၉ ရက်နေ့ အစည်းအဝေးမှာ ဟန်ရီအက်တာဖိုးက ပြောပါတယ်။

ယီမင်၊ မာလီနဲ့ တောင်ဆူဒန် အပါအဝင် နိုင်ငံတွေက ပဋိပက္ခတွေအတွင်း ကလေးတွေ လူငယ်တွေရဲ့ ဘဝဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေတယ်၊ လူငယ်တွေဟာ တိုက်ခိုက်ဖို့ စစ်သားအဖြစ် စုဆောင်းခံရတယ်၊ မြေမြှုပ်မိုင်းတွေကြောင့် သေကျေ ကိုယ်အင်္ဂါ ဆုံးရှုံးရသလို သူတို့ရဲ့ကျောင်းတွေ တိုက်ခိုက်ခံနေရတယ်၊ အနာဂတ်အတွက် မျှော်လင့်ချက် မဲ့နေတယ်လို့ သူက ပြောပါတယ်။

ဆွီဒင်နိုင်ငံဟာ ဒီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်ပါတယ်။

ဒီနေ့ ကလေးတွေကို ကာကွယ်မှုဟာ မနက်ဖြန်မှာဖြစ်မယ့် ပဋိပက္ခကို တားမြစ်နိုင်တယ်ဆိုတဲ့ အာဘော်နဲ့ အစည်းအဝေးကို စီစဉ်ထားပါတယ်။

လူငယ်တွေရဲ့ ဘေးကင်းမှုနဲ့ စောင့်ရှောက်ခံရတာ သေချာစေရေး ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို အားဖြည့်ဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံက ကျင့်သုံးမယ့် ဆုံးဖြတ်ချက်အတွက်လည်း အားပေး ထောက်ပံ့ခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage62. ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်ပြတိုက်အတွက် မြေနေရာချပေး -DVB

#Lead Story (5d ago)

ဖွင့်ရန်။

နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်ပြတိုက်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာချထားပေးလိုက်ပြီဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကပြောပါတယ်။

ပြတိုက်အတွက် မြေနေရာကို ရန်ကုန်မြို့ ပါရမီလမ်းပေါ်မှာ နေရာချပေးထားတာဖြစ်ပြီး မြေနေရာအတွက် ပြတိုက်ဖြစ်မြောက်ရေးကော်မတီက ငွေကြေးပေးသွင်းပြီးပါက အကောင် အထည်ဖော်သွားမယ်လို့လည်း ဦးမြအေးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရှစ်လေးလုံးအထိမ်းအမှတ် ပြတိုက်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ယာယီဖွင့်လှစ်ထားပါတယ်။

ရှစ်လေးလုံးသမိုင်းပြတိုက်ကို လာမယ့် ၂၀၁၈ခုနှစ် သြဂုတ်လမှာ ကျရောက်မယ့် ၈၈၈၈ လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနား မတိုင်ခင်တည်ဆောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း မီဒီယာတွေကို ပြောကြားထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage61. ဘယ်လ်ဂျီယံနှင့် ပြင်သစ် ခြေစွမ်းချင်းတူဟု ဒီဘရိုင်း ပြော -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့ဟာ ခြေစွမ်းပိုင်းမှာ အတူတူပဲလို့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ဒီဘရိုင်းက ပြောပါတယ်။

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ဟာ ဒီနေ့ည ယှဉ်ပြိုင်ရမှာပါ။

ကွင်းလယ်ကစားသမား ဒီဘရိုင်းကတော့ “ကျနော်တို့မှာရှိတဲ့ ရိုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အစွမ်းအစတွေ အကုန်လုံးကို ထုတ်သုံးသွားမှာပါ” လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ နောက်ဆုံးကစားထားတဲ့ ၂၄ ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား သမိုင်းမှာတော့ ဘယ်လ်ဂျီယံဟာ ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၈၆ တုန်းက တကြိမ် ရောက်ခဲ့ဖူးပြီး အဲဒီမှာ အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးထားရပါတယ်။

ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ၃ ကြိမ် ဆုံဖူးထားရာမှာ ပြင်သစ်က ၃ ကြိမ်စလုံး အနိုင်ရထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage60. ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် နိုဗက် ဂျိုကိုဗစ် ကွာတားအဆင့် တက်ရောက် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

လန်ဒန်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း စတုတ္ထအဆင့် ပြိုင်ပွဲမှာ နိုဗက် ဂျိုကိုဗစ်က ရုရှားက ကာရန် ခါချာနော့ကို အနိုင်ယူပြီး ကွာတားအဆင့်ကို တက်ရောက်သွားပါတယ်။

ပထမပွဲမှာ ဝင်ဘယ်ဒန်ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးထားတဲ့ ဂျိုကိုဗစ်အနေနဲ့ အမှားအယွင်းတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လက်စွမ်းပြ ကစားနိုင်လို့ ပထမပွဲကို ၆-၄ နဲ့ အနိုင်ရသွားပါတယ်။

ဒီနောက် ဒုတိယပွဲမှာ ၆ – ၂၊ တတိယပွဲမှာလည်း ၆ – ၂ နဲ့ပဲ ဂျိုကိုဗစ် အနိုင်ရသွားပါတယ်။

ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ဝယ်ဘယ်ဒန် ကွားတားအဆင့်မှာ ဂျပန်က နီရှီကိုရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage59. နာမည်ကြီးမင်းသား ကီနူးရိဗ်စ် ခေါင်းဆောင်ပါဝင်သည့် အချစ်နှင့် လျှို့ဝှက်သည်းဖိုရုပ်ရှင်- Siberia (နမူနာ) -DVB

#Lead Story (5d ago)

ဖွင့်ရန်။

မြန်မာပရိသတ်တွေ ရင်းနှီးပြီးဖြစ်တဲ့ မင်းသား ကီနူးရိဗ်စ် (Keanu Reeves) ခေါင်းဆောင်ပါဝင်ထားတဲ့ Siberia အမည်ရတဲ့ ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ရာဇဝတ်ပြစ်မှုဆိုင်ရာ အချစ်နဲ့ လျှို့ဝှက်သည်းဖိုဆန်ဆန် ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ မက်သရူးရော့စ် (Matthew Ross) က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

လူးကာ့စ်ဟေးလ် (Lucas Hill) ဟာ အမေရိကန် စိန်ကုန်သည်တယောက်ဖြစ်ပြီး ရှားပါး အပြာရောင်စိန်ရောင်းဖို့ ရည်ရွယ်ချက်နဲ့ ရုရှားနိုင်ငံကို ရောက်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ရုရှားနိုင်ငံမှာရှိတဲ့ ဝေးလံသီခေါင်တဲ့ ဆိုင်ဘေးရီးယား (Siberia) မြို့ငယ်လေးမှာ ကဖေးဆိုင်ပိုင်ရှင် ရုရှားအမျိုးသမီး ကက်တ်ရာ (Katya) နဲ့ဆုံပြီး ချစ်ကြိုက်မိကြတယ်။ သူတို့ ၂ ယောက်လုံး ပိုပြီးတော့ နက်နက်နဲနဲ ချစ်ကြိုက်လာကြချိန်မှာ လာရင်းအကြောင်း (စိန်အရောင်းအဝယ်ကုန်ကူးမှု) ကနေ ဝေးသထက်ဝေးလာပြီး အမျိုးသမီးရဲ့ လွှမ်းမိုးမှုအောက်မှာ လူးကာ့စ်ဟေးလ် (Lucas Hill) ဟာ သူ့ကိုယ်သူ ရုန်းမထွက်နိုင်ဘဲ ဖြစ်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီရုပ်ရှင်ကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။

ဒီကားထဲမှာ မင်းသား ကီနူးရိဗ်စ် (Keanu Reeves) နဲ့အတူ ရိုမေးနီးယား မင်းသမီး အန်နန်အူနာရူ (Anan Unaru)၊ ရုရှားမင်းသား ပါရှာဒီလင့်ခ်ျနီကော့ဖ် (Pasha D. Lychnikoff)၊ အမေရိကန်မင်းသမီး မော်လီရင်းဂ်ဝေါလ်ဒ် (Molly Ringwald) တို့က အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းတွေ၊ ကြမ်းတမ်းတဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေ၊ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ဒီကားကို Rated R အဆင့် သတ်မှတ်ထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage58. ထိုင်းတွင် အပျော်စီးလှေ နစ်မြုပ်ခဲ့မှုအတွက် ခရီးသွားလုပ်ငန်းဝန်ကြီး တောင်းပန် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံအတွင်း အပျော်စီးလှေနစ်လို့ သေဆုံး ဒဏ်ရာရသူတွေကို ထိုင်း ခရီးသွားလုပ်ငန်းဝန်ကြီးက တောင်းပန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းရဲ့ ကမ်းလွန်မှာ မုန်တိုင်းကြောင့် လှေ ၂ စီး နစ်မြုပ်ခဲ့အပြီး ခရီးသွားဝန်ကြီး ဝီရာဆပ်ခ် ခို့စူရတ်ဟာ ဒဏ်ရာရသူတွေနဲ့  သေဆုံးသူတွေရဲ့ မိသားစုတွေကို ဇူလိုင် ၉ ရက်နေ့က တောင်းပန်လိုက်ပါတယ်။

တရုတ်အများစုဖြစ်တဲ့ နိုင်ငံခြားသား ခရီးသည် အယောက် ၁၃၀ ကျော် တင်လာတဲ့ လှေ ၂ စီးဟာ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှာ လေထန် လှိုင်းကြီးလို့ နစ်မြုပ်ခဲ့တာပါ။

ဖီးနစ်လို့ နာမည်ပေးထားတဲ့ လှေပေါ်က ခရီးသည် ၄၂ ဦး သေဆုံးတယ်လို့ အတည်ပြုထားပြီး တခြားလူ ၁၄ ဦး ပျောက်နေဆဲပါ။

ဆေရေနာတာလို့ခေါ်တဲ့ လှေပေါ်က ခရီးသည်အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဝန်ကြီးနဲ့ တခြားအရာရှိတွေဟာ သတင်းစာ ရှင်းလင်းပွဲအတွင်း မတ်တပ်ရပ် အလေးပြုခဲ့ပါတယ်။ ဒါဟာ မတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ပထမဆုံး တရားဝင် ကြေညာတာပါ။

သေဆုံးသူတွေနဲ့ မိသားစုတွေအတွက် တကယ့်ကို ဝမ်းနည်းပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေပေမယ့် ဇူလိုင် ၈ ရက်နေ့မှာ အလောင်းတွေ ထပ်မတွေ့သေးဘူးလို့ ဖူးခက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒေသခံ ရွက်လှေကလပ် love andaman ရဲ့ ပိုင်ရှင်က တရုတ်ခရီးသည် အယောက် ၂၀ ကို ကယ်နိုင်ခဲ့တာပါ။

ရွက်လှေတွေကို ပြုပြင်ထိန်းသိမ်းရေး လုပ်နေချိန် လှေနစ်ကြောင်း ကြားလို့ သူ့ရွက်လှေနဲ့ အမြန်သွားကယ်ခဲ့တယ်၊ လှိုင်းကြမ်းလို့ လေးခေါက်သာ ကယ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

သူတို့အားလုံး အသက်ကယ်ဝတ်စုံ ဝတ်ထားပြီး အသက်ကယ် ဘောကွင်းတွေကို ကိုင်ထားတယ်၊ ဒါပေမယ့် လှိုင်းက ခါချနေလို့ လက်ပန်းကျလာခဲ့တာလို့ ကလပ်ပိုင်ရှင် ယန်နာဖတ်က ပြောပါတယ်။

သင်္ဘောကပ္ပတိန်ကို နမော်နမဲ့ပြုမှုနဲ့ တခြားလူတွေ ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမှုတွေနဲ့ တရားစွဲထားပြီးပြီလို့ ဖူးခက်ရဲတွေက ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage57. ​ရွှေတိဂုံ​ဂေါပက၏ တင်​ဒါစည်းမျဉ်းပြောင်းလဲပေး​ရန် ရွှေဆိုင်းလုပ်သားများ ဆန္ဒပြတောင်းဆို -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ရွှေတိဂုံ​စေတီ​တော်​​ဂေါပကအဖွဲ့ရဲ့ တင်​ဒါစည်းမျဉ်းစည်းကမ်းတွေ ​ပြောင်းလဲပေး​ဖို့ မန္တ​လေး မြန်​မာ့လက်​မှု ရွှေဆိုင်းလုပ်​ငန်း အလုပ်​သမားတွေက ဒီကနေ့ မနက် ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်။

ရွှေတိဂုံ​ဂေါပကအဖွဲ့က ထုတ်​ပြန်​ခဲ့တဲ့တင်​ဒါစည်းကမ်းချက်​​တွေ​ကြောင့် ကမ္ဘာက အသိအမှတ်​ပြုခံထားရတဲ့ မြန်​မာ့လက်​မှု​ ရွှေဆိုင်းလက်​မှုပညာ​တွေ ​ပျောက်​ကုန်​ပြီး လုပ်​ကိုင်​​နေသူ​တွေရဲ့ ဘဝရပ်​တည်​မှုခက်​ခဲလာလို့ မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်​၊ မျက်​ပါးရပ်​ကွက်​မှာ မြန်​မာ့ လက်​မှု ရွှေဆိုင်း လုပ်​ကိုင်​​နေကြတဲ့​ ရွှေဆိုင်းလုပ်​သား​တွေက ဆန္ဒပြကြတာ ဦး​ဆောင်​သူ ကို​ဇော်​မင်း​အောင်​က​ ပြောပါတယ်​။

ဆန္ဒပြသူတွေဟာ အလုပ်​အခွင့်အလမ်းတွေမ​ပျောက်​​ရေး၊ မြန်​မာ့လက်​မူ ​ရွှေဆိုင်းလုပ်​ငန်း အစဉ်​တည်​တံ့ ​ရေး၊ ​ရွှေတိဂုံ​စေတီ​တော်​​ဂေါပကအဖွဲ့ရဲ့ တင်​ဒါစည်းမျဉ်း စည်းကမ်းတွေ ပြောင်းလည်း​ပေး​ရေး၊ မြန်​မာ့လက်​မူ အနုပညာလုပ်​ငန်းတွေကို ကူညီအား​ပေး အသိမှတ်​ပြုထိန်းသိမ်း​ရေး၊​ ရွှေသင်္ကန်းကပ်​လှူရာမှာ ​ရွှေတိဂုံ​ဂေါပကအ​နေနဲ့ လက်မှု ရွှေဆိုင်းတွေကို အသုံးပြု​ရေး စတောတွေကို ဆန္ဒပြသမားတွေက ​​ကြွေး​ကျော်တောင်းဆို ​ခဲ့ကြပါတယ်​။

ရွှေကျော်ေ​ရွှခပ်​ပညာရှင် ​ကိုချမ်းငြိမ်း​အောင်​က “​ကမ္ဘာ့က အသိမှတ်​ပြုခံထားရ ​လောက်​​ အောင်​ တန်​ဖိုးရှိတဲ့ မြန်​မာ့လက်​မှု ပညာရပ်​ကြီး​ ပျောက်​ပျက်​သွားမှာဖြစ်​သလို ကျ​နော်​တို့ လက်​မှုပညာနဲ့ လုပ်​စား​နေကြတဲ့ လက်​မှုလုပ်​ငန်းလုပ်​ကိုင်​​နေကြတဲ့ ကျ​နော်​တို့ဘဝ​တွေ အကုန်​ထိခိုက်​ခံခဲ့ရတယ်​။ ဒုက္ခ​တွေလည်း ခံကြရ​တော့မယ်​။ အဲဒါ​ကြောင့် တင်​ဒါ​ပေးကြတဲ့ သက်​ဆိုင်​ရာ​ ဂေါပကအ​နေနဲ့ တင်​ဒါကို ပြင်​​ပေး​စေချင်​တယ်​”လို့ ​ပြောပါတယ်​။

မိဘအ​မွေအနှစ်​ကို ဆက်​လက်​လုပ်​ကိုင်​လာခဲ့ကြတဲ့ ​ရွှေခပ်​လုပ်​ငန်း၊ ​ရွှေဆိုင်း၊ ဝါးစက္ကူ၊ ​ရွှေ​လှောင်​စက္ကူစတဲ့ လုပ်ငန်းလုပ်​ကိုင်​ကြတဲ့ အလုပ်​သမား ၁၅၀လောက်က မန္တ​လေး မျက်​ပါးရပ်​မှာ လှည့်လည်​ဆန္ဒထုတ်​​ဖော်​ခဲ့ပြီး ၆၂လမ်း မဟာ​အောင်​​မြေမြို့နယ်​ ပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ ဆက်​လက်​​ကြွေး​ကျော်​ခဲ့ကြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage56. ဘရာဇီးလူငယ် ကွင်းလယ်ကစားသမား အာသာကို ဘာစီလိုနာ ခေါ်ယူ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ဘာစီလိုနာအသင်းဟာ ဘရာဇီးကလပ် ဂရီမီယို ကွင်းလယ်ကစားသမား အာသာကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား အာသာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းခွဲရှိပြီး ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ပေါ်လင်ဟို တရုတ် ကလပ်အသင်းကို ပြန်သွားပြီး နောက်တရက်မှာ ဘရာဇီးလူငယ် ကွင်းလယ်ကစားသမား အာသာကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

အာသာဟာ ၂၀၁၀ မှာ ဂရီမီယိုအသင်းကို ၂၀၁၀ ခုနှစ်မှာ ရောက်ရှိလာတာပါ။ သူဟာ ဂရီမီယိုက အာဂျင်တီးနားကလပ် လာနပ်ကို အနိုင်ရတဲ့ ပြီးခဲ့တဲ့ ကိုပါဖလား ဗိုလ်လုပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

အာသာဟာ ဂရီမီယိုအသင်းအတွက် ၆၆ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage55. အန်နီမေးရှင်းရုပ်ရှင် ပရိသတ်အကြိုက် Hotel Transylvania 3: Summer Vacation (နမူနာ) -DVB

#Lead Story (5d ago)

ဖွင့်ရန်။

သရီးဒီအန်နီမေးရှင်းရုပ်ရှင် ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Hotel Transylvania 3: Summer Vacation ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကို Sony Pictures Animation က တင်ဆက်လိုက်တာဖြစ်ပြီး ရုရှား-အမေရိကန် ကပြား ရုပ်ရှင်ဒါရိုက်တာ ဂန်ဒီတာတာကော့ဗ်စကီးက ပုံဖော်ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hotel Transylvania၊ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hotel Transylvania 2 ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ထပ်မံထွက်ရှိလာတာဖြစ်ပြီး A Monster Vacation လို့လည်း သိကြပါတယ်။

ဒီကားထဲမှာ ဒရက်ကူလာ (Dracula)၊ မေးဗစ်စ် (Mavis)၊ ဂျွန်နီ (Johnny)၊ အယ်ရစ်ကာ (Ericka) စတဲ့ အဓိကဇာတ်ကောင်တွေ ပါဝင်ပြီး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒရက်ကူလာဆိုတာ Hotel Transylvania တည်ထောင်ခဲ့တဲ့ အသက် နှစ် ၅၄၀ ရှိတဲ့ Vampire တွေရဲ့ အရှင်သခင်ဖြစ်ပြီး အဲဒီနေရာမှာတော့ အမေရိကန်မင်းသား အဒမ်ဆမ်ဒ်လာ (Adam Sandler) က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

သူ့ရဲ့သမီးကတော့ အသက် ၁၂၆ နှစ်ရှိတဲ့ မေးဗစ်စ်ဖြစ်ပြီး အဲဒီနေရာမှာတော့ အဆိုတော် ဆလီနာဂိုးမက်စ် (Selena Gomez) က အသံနဲ့ သရုပ်ဆောင်ထားတာပါ။

သူ့ရဲ့ခင်ပွန်းကတော့ အသက် ၂၉ နှစ်အရွယ် လူသားအမျိုးသား ဂျွန်နီဖြစ်ပြီး အမေရိကန်မင်းသား အဲန်ဒီဆမ်ဘာ့ဂ် (Andy Samberg) က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

သူတို့မိသားစုဟာ မကောင်းဆိုးဝါးတွေရော၊ တခြား လူတွေရော အပါအဝင် နွေရာသီမှာ ဇိမ်ခံ အပျော်စီးသင်္ဘောကြီးနဲ့ ခရီးထွက်ကြချိန်မှာ ထူးဆန်းတဲ့ သင်္ဘောကပ္ပတိန် အမျိုးသမီး အယ်ရစ်ကာနဲ့ ဆုံတယ်။ အယ်ရစ်ကာ နေရာမှာတော့ ကက်သရင်းဟန်း (Kathryn Hahn) က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။

အဲဒီအချိန်မှာ ဒရက်ကူလာဟာ အယ်ရစ်ကာနဲ့ ပတ်သက်မိကြတယ်။ ဒါပေမယ့် အယ်ရစ်ကာမှာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက် ရှိနေတာကို သမီးဖြစ်တဲ့ မေးဗစ်စ်က သိသွားတဲ့အခါ ဘာတွေဖြစ်လာကြမလဲဆိုတာကို အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆၅ သန်း အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office မှာတော့ ရုံတင်မယ့် ပထမပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ကနေ ၄၅ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage54. ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျရယ်မီဟန့်ကို ခန့်အပ် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ဝန်ကြီးချုပ် ထရီဆာမေဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဂျရယ်မီဟန့်ကို ခန့်အပ်လိုက်ပါတယ်။

ဘရက်ဇစ် (Brexit) ခွဲထွက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲပြားမှုတွေ ပြင်းထန်နေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်-ဂျွန်ဆင်ဟာ ဇူလိုင် ၉ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဒီ့အတွက် အရေးပေါ် လစ်လပ်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ ဂျရမီဟန့်ကို ချက်ချင်း ခန့်အပ်လိုက်တာပါ။

ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ် ထရီဆာမေထံ ပေးပို့တဲ့ သူ့ရဲ့နုတ်ထွက်စာထဲမှာ မေရဲ့ အီးယူနဲ့ နီးကပ်တဲ့ကုန်သွယ်ရေး ဆက်လက်ထားရှိမယ့် အစီအစဉ်အပေါ် ကန့်ကွက်ထားပါတယ်။

ဒါ့အပြင် ဘရက်ဇစ် ခွဲထွက်ရေးဌာနဝန်ကြီး ဒေးဗစ် ဒေးဗစ္စ (David Davis) လည်း ဇူလိုင် ၈ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage53. နေပြည်တော်တိုင်း(မ်) မီဒီယာကတ်ကိုင်ဆောင် ခြိမ်းခြောက်ငွေတောင်းသူ ၄ ဦးကို ဖမ်းဆီး -DVB

#Lead Story (5d ago)

ဖွင့်ရန်။

နေပြည်တော်တိုင်း(မ်)မီဒီယာ မှုခင်းနှင့်သတင်းစုံ အဖွဲ့ဝင် ကတ်တွေကိုင်ဆောင်ထားတဲ့ ခြိမ်းခြောက်ငွေတောင်းခဲ့သူ ၄ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်မွန်းလွဲ ၁ နာရီလောက်က စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူးရဲ့ အိမ်ကို အောင်ဖြိုးဝေအပါအဝင် လူ ၄ ယောက်ရောက်လာပြီး သူတို့ကို နေပြည်တော်ကနေ မော်လိုက်ခရိုင်ကို တာဝန်ပေးလို့ ဖမ်းဆီးရေးအဖွဲ့စုံနဲ့ ရောက်လာတာလို့ ပြောပါတယ်။

ပြီးတော့ ရွာက ဦးခင်မောင်ရဲ့ ခြံထဲမှာထားတဲ့ အ.ထ.က(ခွဲ) ဝန်ထမ်းအိမ်ရာနဲ့ ဓမ္မာရုံ ဆောက်လုပ်ဖို့စုထားတဲ့ ကညင်/အင်ခွဲသား ၁ တန်လောက်ကို ဓာတ်ပုံရိုက်ခဲ့ပြီး သစ်စက် လုပ်ငန်းလုပ်ကိုင်တဲ့ ဦးသန်းရွှေအပါအဝင် လူ ၁၀ ယောက်ဆီကနေ တယောက်ကို ငွေ တသိန်းခွဲနှုန်းနဲ့ ကျပ်၁၅ သိန်းပေးဖို့၊ မပေးရင် ဖမ်းဆီးပြီး ရိုက်နှက်မယ်လို့ ခြိမ်းခြောက်တာကြောင့် အုပ်ချုပ်ရေးမှူးက ရွာစာသင်ကျောင်း အုတ်တံတိုင်းခတ်ဖို့ စုထားတဲ့ ငွေ ၁၀ သိန်းကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ညနေပိုင်းမှာတော့ အဲဒီလူတွေဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ ဈေးရောင်းတဲ့ အမျိုးသမီး တယောက်ကိုလည်း ဆိုင်မှာ ဘီယာရောင်းနေတာကြောင့် ဖမ်းလို့ရကြောင်း၊ အဖမ်းမခံချင်ရင် ခရီးစရိတ် ကျပ်၅၀၀၀၀ ပေးဖို့ပြောတာကြောင့် မဖမ်းဖို့ တောင်းပန်ပြီး ငွေ ၂၀၀၀၀ ပေးခဲ့ရတယ်လို့လည်း ပြည်ထဲရေး သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ ပြန်ထွက်သွားပြီး ညပိုင်းမှာ ရပ်မိ၊ရပ်ဖ ဦးထွန်းရင်က တိုင်တန်းခဲ့လို့ ခြိမ်းခြောက် ငွေတောင်းသူ အောင်ဖြိုးဝေ အပါအဝင် ၄ ယောက်ကို ဖောင်းပြင်မြို့မရဲစခန်းမှာ ခြောက်လှန့် တောင်းယူတာ၊ အားပေးကူညီတာတွေအတွက် ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ နဲ့ အမှုဖွင့် စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖောင်းပြင်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ခြိမ်းခြောက်ငွေတောင်းသူ ၄ ယောက်ကို ဖောင်းပြင်မြို့နယ်၊ မောက်စဖာကျေးရွာ ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့ပြီး လက်ကိုင်ဖုန်း ၄ လုံး၊ နေပြည်တော်တိုင်း(မ်)မီဒီယာ မှုခင်းနဲ့သတင်းစုံ အသင်းအဖွဲ့ကတ် ၄ ခုနဲ့ ရင်ထိုးတံဆိပ် ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့တောင်းယူသွားတဲ့ ငွေ ၁၀ သိန်းကျော်ကို သိမ်းဆည်းရမိဖို့ဆောင်ရွက်နေတုန်း ဖြစ်ပြီး ဖောင်းပြင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ နဲ့ ထပ်ပြီး အမှုဖွင့် စစ်ဆေးနေတယ် လို့လည်း  ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage52. ဂျပန်နိုင်ငံတွင် မိုးကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၃၀ ထိ မြင့်တက် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

၁၉၈၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တဲ့ မိုးကြီးမြေပြိုမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ဇူလိုင် ၁၀ ရက်နေ့က သေဆုံးသူ ၁၃၀ ထိ မြင့်တက်သွားပါတယ်။

ဒါ့အပြင် လူ သန်းပေါင်းများစွာလည်း အိုးအိမ်စွန့်ခွာ ခဲ့ရပါတယ်။

မြေပြိုမှုတွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေကို တူးဖော်ပြီး ရှာဖွေကယ်ဆယ်နေကြပါတယ်။

ဟီရိုရှီးမားပြည်နယ်က အိမ်ခြေ ၁ သောင်းကျော်လောက်ဟာ ဇူလိုင် ၇ ရက်နေ့ကတည်းက ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

အခုကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ကက်ဘိနက်အတွင်းဝန်ချုပ် ယူရှီဒီဆူဂတို့ရဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ သွားဖို့စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage51. မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် RCSS/SSAအဖွဲ့ တိုက်ပွဲဖြစ် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဟိုခိုင်းကျေးရွာအနီး တပ်မတော်စစ်ကြောင်း တခုက  နယ်မြေရှင်းလင်းစဉ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့တခုနဲ့ မနေ့ နေ့လယ်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၉ရက် နေ့လယ် ၁၂ နာရီလောက်ကနေ ၁ နာရီခွဲလောက်အထိ ကျိုင်းတောင်းမြို့ အခြေစိုက်အစိုးရ တပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၅၆၉) တပ်ရင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ RCSS/ SSA ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“မိုင်းကိုင်မြို့နယ် ဟိုခိုင်းရဲ့အနောက်လောက်မှာဖြစ်တာ။ မိုင်းကိုင်နဲ့ဆိုရင် လေးငါးမိုင် လောက်ဝေးတယ်။ အဓိကက တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့်ဖြစ်တာပါ။ အဲဒီ နေရာတွေမှာ ကျနော်တို့လူတွေ လှုပ်ရှားနေတာကြာပါပြီ၊ ကျနော်တို့ကို သတ်မှတ်နေရာမှာ သွားဖို့ဘာညာဆိုပြီးတော့ ပြောတာရှိပါတယ်။ သတ်မှတ်နေရာဆိုတာ ကျနော်တို့အရင်က တည်းက ကျနော်တို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားတာမရှိပါဘူး။ ကျနော်တို့ ဗဟိုဌာန ချုပ်နယ်မြေလို့ပဲ သတ်မှတ်တာပါ။ ဒါပေမယ့် အဲဒီသတ်မှတ်တဲ့နေရာတွေမှာလည်း ကျနော်တို့ သွားနေလို့မရခဲ့ပါဘူး။”

ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ)ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်သလို မနက်ဖြန် ဇူလိုင် ၁၁ ရက်နေပြည်တော်မှာကျင်းပမယ့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်ဖို့လည်း ရှိနေတာပါ

ဒီလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမပြုလုပ်ခင် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မလုပ်သင့်ဘူးလို့လည်း ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

“အခုလိုအချိန်မှာ အမှန်ဆိုရင် အရေးကြီးတဲ့အခြေအနေမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဒါမျိုးထိတွေ့မှုဖြစ်တယ်ဆိုတာ နှစ်ဖက်လုံးက မဖြစ်သင့်ဘူးပေါ့နော်။”

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

RCSS/SSA ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၃ နှစ်နီးပါး ကာလအတွင်း တပ်မတော်နဲ့  တိုက်ပွဲပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage50. စစ်ကိုင်းတိုင်းရှိ ရှေးဟောင်းစေတီ ၄ ဆူ ဌာပနာတိုက်များ ဖောက်ထွင်းခံရ -DVB

#Lead Story (5d ago)

ဖွင့်ရန်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် တံခွန်ကျေးရွာမှာ ရှေးဟောင်း စေတီ ၄ ဆူ ဌာပနာတိုက်တွေ ဇူလိုင် ၈ ရက်က ဖောက်ထွင်းခံရတယ်လို့ တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းဆရာတော် ဥူးဝိလာသဂ္ဂက မိန့်ကြားပါတယ်။

ဇူလိုင် ၈ ရက်က တံခွန်တိုင်ဆရာတော်ဟာ ကိုရင်တွေနဲ့အတူ ပြိုပျက်နေပြီး ချုံနွယ် ဖုံးအုပ်နေတဲ့ရှေးဟောင်း စေတီတော်တွေကို သန့်ရှင်းရေးပြုလုပ်ရာက ရှေးဟောင်းစေတီ ၄ ဆူရှိ ဌာပနတိုက်တွေ ဖောက်ထွင်းခံရတာကို တွေ့ရှိခဲ့တာပါ။

တံခွန်တိုင်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးဝိလာသဂ္ဂက “စေတီဟောင်းတွေ ဒီထဲမှာရှိတာက အဆူ ၃၀ ကျော်ရှိတယ်။ တချို့ဟာတွေဆို မြေပုံတွေဖြစ်နေကုန်ပြီ။ တချို့ဟာတွေက စေတီငုတ်တွေဖြစ်နေပြီး မြေပုံ ပုံစံဖြစ်နေတဲ့ စေတီတွေက ဖောက်လား၊ မဖောက်လား ဆိုတာတော့ မသိရတော့ဘူး။ လက်ရှိ သိသာနေတာက စေတီငုတ်တွေမှာ ဌာပနာတိုက်တွေ ဖောက်ထားတာ သုံး လေးဆူလောက် တွေ့ရတယ်။ ဖောက်တဲ့လူတွေကလည်း ခါတိုင်း ဖောက်နေကျလူတွေ ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဌာပနာတိုက်ရှိတဲ့နေရာကို ကွက်တိ ဖောက်နေတာ တွေ့ရတယ်။ ဒီစေတီကို မနေ့က သန့်ရှင်းရေးလုပ်တဲ့အခါမှ တွေ့လိုက်ရတာပေါ့။ ဒီထဲမှာ ချုံတွေ ဖြစ်နေတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ဒီထဲကို ရောက်ရောက်လာတတ်တယ်။ သူတို့ကို သွားပြောလို့လည်း မဖြစ်ပါဘူး။ ပြောလိုက်ရင် ကိုယ့်အတွက် အန္တရာယ် ဖြစ်လာမယ်ဆိုတာ သိတဲ့အခါကျတော့ ဒီအတိုင်းပဲ ကြည့်နေရတယ်”လို့ မိန့်ပါတယ်။

တံခွန်တိုင်ရွာသား ဦးဖဲမောင်က “၂၀၁၆ လောက်ကလည်း ကျောက်ဆင်းတု သုံးဆူ ခိုးခံရတယ်။ အခု ကျောင်းရဲ့ထိပ် ကန်ရဲ့ထိပ်မှာ စေတီပေါင်း ၃၀ ကျော်ရှိပါတယ်။ အဲဒါတွေ မကြာခဏ အဖောက်ခံနေရပါတယ်။ စေတီတော်များကို စောင့်ရှောက်ဖို့ အလှမ်းဝေးတဲ့အတွက် လုံခြုံစွာထားမယ်ဆိုရင် ဓာတ်ပေါင်းစုစေတီတည်မှ လုံခြုံမှာပါ။ နိုင်ငံတော် အထောက်အပံ့ ပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

တံခွန်တိုင်ကျေးရွာမှာ ရှေးဟောင်းဘုရားဆင်းတုတော်တွေ ခိုးယူခံရတာ၊ ငွေအလှူခံပုံးတွေ ဖောက်ထွင်းခံရတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ တံခွန်တိုင်ကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။

ကိုကိုလင်း(အင်းတော်)


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage49. ၂၁ ပင်လုံအစည်းအဝေး ကေအန်ပီပီအဖွဲ့ တက်ရောက်မည့်ကိစ္စ ပြန်သုံးသပ်ရန်တိုက်တွန်း -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြည်နယ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ထားရှိဖို့ ကြိုးပမ်းနေပြီး ပြည်သူတွေအကြား မတည်မငြိမ်ဖြစ်ဖို့ ဖန်တီးနေတဲ့အတွက် ကရင်နီအမျိုးသားတိုးတက်​​ရေးပါတီ (ကေအန်ပီပီ) အနေနဲ့ အစိုးရက ဦးဆောင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်မယ့်အပေါ် ပြန်လည်သုံးသပ်ဖို့ ကရင်နီလူငယ်အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ပြည်နယ်အစိုးရက ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိဖို့ ကြိုးပမ်းတဲ့အတွက် ကရင်နီပြည်ရဲ့ သမိုင်းကို မှေးမှိန်ခြေဖျက်ခြင်း၊ တိုင်းရင်းသား တန်းတူခွင့်ကို မျက်ကွယ်ခြင်း၊ လူမျိုးကြီး ဝါဒလွှမ်းမိုးမှုကို အားပြုခြင်းလို့ ဆိုနိုင်တယ်လို့ ကရင်နီလူငယ်အဖွဲ့တွေရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၃ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့ လူငယ်တွေကို အာဏာပိုင်တွေက တားဆီးတာတွေ၊ အကြမ်းဖက် နှိမ်နှင်းတာတွေနဲ့ ကရင်နီသမိုင်းကြောင်း စာရွက်ဖြန့်ဝေတဲ့ လူငယ် ၁၁ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုထားတာတွေဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆို လှုပ်ရှားတာကို ဖိနှိပ် ရိုက်ချိုးတဲ့ သဘောဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်ကိစ္စအပေါ် ပြည်နယ်ခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ၊ ပါတီတွေနဲ့ ကရင်နီ လူငယ်ထုတွေက ကန့်ကွက်ကြောင်းနဲ ရွှေ့ဆိုင်းဖို့ ဇူလိုင်လ ၇ ရက်က ပြည်နယ်အစိုးရကို တွေဆုံ တောင်းဆိုထားပါတယ်​။

ဒါပေမယ့် ပြည်နယ်အစိုးရကတော့ အုပ်ချုပ်ရေးမှူးတွေကို ကြေးရုပ်ထားရှိမယ့်အပေါ်မှာ ထောက်ခံတဲ့ လူစာရင်း ကောက်ယူဖို့ ညွှန်ကြားထားတာကြောင့် ကြေးရုပ်ကို မဖြစ်မနေ လုပ်ဆောင်မယ့် အနေအထားကို မြင်တွေ့နေရတယ်လို့ ဆိုထားပါတယ်။

ဒီသဘောထား ထုတ်ပြန်ချက်ကို ကရင်နီပြည်လူငယ်များသမဂ္ဂဝင်တွေ ဖြစ်တဲ့ ကယန်း မျိုးဆက်သစ်လူငယ်၊ ကရင်နီအမျိုးသားအစည်းအရုံး၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ၊ ကယန်းအမျိုးသမီးအစည်းအရုံးနဲ့ ကယားလီဖုလူငယ်တို့က ပူးပေါင်း ထုတ်ပြန်တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

 ဇူလိုင် ၁၁ ရက်နေ့၊ နေပြည်တော်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ကေအန်ပီပီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများအပြား ပါဝင်တက်ရောက်ကြဖို့ ရှိနေတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage48. ဇူလိုင် ၁၀ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ဇူလိုင် ၁၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၉၈ ကျပ်၊  ၁ ယူရိုငွေကို ၁၆၄၄ ဒသမ ၂ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁ဝ၃၂ ဒသမ ၉ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၂၅၉ ဒသမ ၇ ကျပ်၊  တရုတ် ၁ ယွမ်ကို ၂၁၁ ဒသမ ၃၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၇ ဒသမ ၅၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၂၈ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။  

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၇၃ဝဝ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၇၅ဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၅၉ ဒသမ ၅ဝ ဒေါ်လာ ဈေးပေါက်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage47. ဒလမြို့နယ်ရှိ မဟာသင်္ကြန် ဘုရားကြီး ရေကန်အတွင်း ငါးများသေဆုံး -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်ရှိ  ပြည်သူအများ သောက်သုံးနေတဲ့ မဟာသင်္ကြန် ဘုရားကြီး သောက်ရေကန်မှာ ငါးတွေသေဆုံးနေတာ တွေ့ရှိလို့ ရေကန်ကို ယာယီပိတ်ထားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒလမြို့နယ် မျက်ရှင်တော်ဆုတောင်းပြည့် မဟာသင်္ကြန် ဘုရားကြီးရဲ့ အနောက်ဘက်ရှိ သောက်ရေကန်မှာ ဇူလိုင် ၇ ရက်ကစပြီး ငါးကြင်း၊ ရွှေငါးနဲ့ ငါးပတ်စတဲ့ ငါးအမျိုးအစားတွေ အပါအ၀င် ငါးတစ်ကောင်ကို အလေးချိန် (၂) ပိဿာမှ (၃) ပိဿာခန့်ထိရှိတဲ့ ငါးအကောင်ရေ ၄၀ ကျော် သေဆုံးခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါ သောက်သုံး ရေကန်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေတ္တယာယီပိတ်ထားပြီး ငါးတွေ သေဆုံးတဲ့ အဖြေမှန်သိရှိနိုင်ဖို့  တွံတေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက ဓါတ်ခွဲစမ်းသပ်နေသလို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မဟာသင်္ကြန် ဘုရားကြီး သောက်သုံးရေကန်ကြီးဟာ ရပ်ကွက်အတွင်းက ဒေသခံတွေ အားထားပြီး သောက်သုံးနေရတဲ့ ရေကန်လည်းဖြစ်ပြီး  နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ ရေခန်းခြောက်ခြင်းမရှိသလို ရေကန်ထဲမှာ နှစ်ချို့ ငါးကြီးတွေ မွေးထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-MOI


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage46. တရုတ်တွင် တိုင်ဖွန်းမုန်တိုင်းအတွက် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် ဆောင်ရွက် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန်းပြည်နယ်ဟာ နီးကပ်လာတဲ့ တိုင်ဖွန်း မာရီယာအတွက် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အဲဒီ တိုင်ဖွန်းမုန်တိုင်းဟာ ဒီနှစ်အဖို့ တရုတ်နိုင်ငံကို ၈ ကြိမ်မြောက် ဝင်ရောက်မယ့် တိုင်ဖွန်းလည်း ဖြစ်ပါတယ်။

တိုင်ဖွန်း မာရီယာဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ဖူကျန်းပြည်နယ်ကို ဝင်ရောက်ပြီး လေပြင်းတွေတိုက်ခတ်ကာ လှိုင်းကြီးနိုင်တယ်လို့ ပြည်နယ် မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကျန်းပြည်နယ်ကို မဝင်ရောက်ခင် မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်း အရှေ့မြောက်ပိုင်းကို ဝင်ရောက်နိုင်သလို ပွတ်ကာသီကာ လွဲချော်သွားနိုင်တယ်လို့လည်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်နိုင်တဲ့အတွက် ပင်လယ်ပြင် ငါးဖမ်းလှေတွေကို ဇူလိုင် ၁၀ ရက်နေ့ မနက်မှာ ဆိပ်ကမ်းဆီ ပြန်လာဖို့နဲ့ ကမ်းလွန်ရေလုပ်သားအားလုံး ညနေအမီ ကုန်းတွင်းကို ပြန်လာခဲ့ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖူကျန်းပြည်နယ်ရှိ ကမ်းခြေ အပန်းဖြေစခန်း အားလုံးကိုလည်း ဇူလိုင် ၁၀ ရက် ညနေ နောက်ဆုံးထားပြီး ပိတ်ကြဖို့ ညွှန်ကြားထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage45. စပိန်လက်ရွေးစင်နည်းပြအဖြစ် လူးဝစ်အင်းနရစ်ကို ခန့်အပ် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာနဲ့ ရိုးမားအသင်း နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို စပိန်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် နည်းပြ အင်းနရစ်ကို စပိန်အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြ ဟီဟဲရာရဲ့နေရာမှာ အစားထိုး ခန့်အပ်လိုက်တာပါ။

နည်းပြ အင်းနရစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။

သူဟာ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။

အင်းနရစ်ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်တဲ့ ၂၀၁၄ ကနေ ၂၀၁၇ ကာလတွေအတွင်း စပိန်လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ် ရခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage44. ဆုံးဖြတ်ချက်ပေးနိုင်သည့် တိုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစု ပင်လုံညီလာခံ တက်စေလို -DVB

#Lead Story (5d ago)

ဖွင့်ရန်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့ ကမ်းလှမ်းထားတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“မြောက်ပိုင်းအဖွဲ့တွေကလည်း သုံးဖွဲ့ လေးဖွဲ့ မတူဘူး။ မတူတဲ့အပေါ်မှာ လာမယ့် တတိယအစည်းအဝေးပြီးရင် အစိုးရနဲ့ တောက်လျှောက် ညှိနှိုင်းနေတယ်။ ဆွေးနွေးနေတယ်။ ပိုပြီးနီးစပ်လာအောင်၊ ပိုပြီးနီးကပ်လာအောင် လုပ်သွားမယ့် အစီအစဉ်တွေလည်း ရှိတယ်။ အဲ့ဒါတွေနဲ့ သူတို့နဲ့လည်း အကျေအလည် ဆွေးနွေးချင်တယ်။ ဆွေးနွေးချင်လို့ တကယ်ဆုံးဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ လာခဲ့ပါ၊ တက်ခဲ့ပါ။ ကျနော်တို့က တောင်းဆိုထားတာတွေ ရှိတယ်။ သို့သော် မသိရသေးဘူး။ အဲ့ဒီအပေါ်မူတည်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တာတို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တာတို့၊ ဒါတွေကတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ဟိုဘက်က တက်လာတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာလည်း မူတည်တယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်လာမယ့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့နဲ့ ပါဝင်လာဖို့ကို မျှော်လင့်ပြီး အဲ့ဒီလိုဖြစ်လာဖို့အတွက် အကျိုးဆောင်တွေ၊ တရုတ်သံရုံးတွေနဲ့ တိုက်ရိုက် အကြောင်းကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဇူလိုင် ၉ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီး ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။

အဲ့ဒီအစည်းအဝေးမှာ မနက်ဖြန် ဇူလိုင် ၁၁ ရက် စတင်ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးမယ့် နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ စီးပွားရေး၊ မြေယာကဏ္ဍတွေကနေ သဘောတူညီချက် ၁၂ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage43. လိုဏ်ဂူထဲ ပိတ်မိနေသည့် လူငယ်ဘောလုံးသမားများထဲမှ နောက်ထပ် ၄ ဦးကို ကယ်ထုတ် -DVB

#Lead Story (5d ago)

ဖွင့်ရန်။

ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်မြို့၊ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးထဲ ပိတ်မိပြီး ကျန်ရှိနေတဲ့ မူပါ (တောဝက်) အကယ်ဒမီဘောလုံးအသင်းဝင် ၉ ဦးအနက် နောက်ထပ် လူငယ် ၄ ဦးကို  ဇူလိုင် ၉ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ဇွန်လ ၂၃ ရက်ကတည်းက ပိတ်မိနေခဲ့တာဖြစ်ပြီး ဇူလိုင် ၈ ရက်ညမှာ လူငယ် ၄ ဦးကို ကယ်ထုတ်ထားပြီးဖြစ်လို့ အခုဆိုရင် ပျောက်ဆုံးလူငယ် ဘောလုံးသမား ၁၃ ဦးထဲက ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ ၅ ဦးကို ဆက်လက် ကယ်ထုတ်နိုင်ရေး ကြိုးပမ်းနေတာပါ။

ကယ်ထုတ်ပြီးတဲ့ လူငယ် ဘောလုံးသမားတွေကို အနီးရှိ ဆေးရုံတွေဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါတယ်။

ဆေးရုံရောက်ရှိသွားတဲ့ လူငယ်တွေ ကျန်းမာရေး ကောင်းမွန်ပေမယ့် ဆာလောင်နေကြကြောင်း သိရပါတယ်။

ဒါ့အပြင်  ရောဂါနဲ့ ပိုးမွှားကူးစက်မှု မရှိစေရေးအတွက် သူတို့တွေကို မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့် မပြုသေးဘူးလို့လည်း ဗွီအိုအေသတင်းအရ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage42. ဆယ်စုနှစ်ခုနှစ်ဆက် အနုပညာ ပြပွဲ- ဓာတ်ပုံ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ၊ သမိုင်းဝင် အတွင်းဝန်များရုံးဟောင်းနေရာမှာ ဇူလိုင် ၇ ရက်ကနေ ၃၁ ရက်ထိ သီတင်း ၃ ပတ်ကျော်ကြာ  ခင်းကျင်းပြသနေတဲ့ ဆယ်စုနှစ် ခုနစ်ဆက် အနုပညာ ပြပွဲ ပုံရိပ်များ။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage41. ‘Four Eights’ drops the numbers; will seek recognition as ‘People’s Party’ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

In an apparent bow to popular pressure, organisers of an aspirant political party have dropped a contentious effort to affix their brand to numerology that has been a symbol of Burma’s pro-democracy movement for years.

The party, which had previously sought recognition as the “Four Eights People’s Party,” has now decided to call itself simply the People’s Party.

Its leading members — several drawn from the ranks of the 88 Generation Peace and Open Society activist group — had come under criticism for appropriating the 8888 symbology often linked to the 1988 student protest movement, arguably the country’s best-known popular revolt in the name of democracy.

The decision to change the party’s name was made at a meeting on Sunday in Mandalay, where organisers affirmed a commitment to “build a free, peaceful and prosperous country for all people in which justice, freedom and equality is based on removing the darkness of fear, ignorance and poverty.”

Another outcome of the meeting was to agree to a new prospective flag and logo for the party, which will now restart registration proceedings with the Union Election Commission.

Despite — or perhaps as a reflection of — the furore surroundings its name, the party could well make waves as a newcomer in Burma’s next general election: The National League for Democracy’s dominance in the previous iteration (a landmark 2015 vote that brought an overwhelming majority of NLD politicians into the national parliament) has left it exposed to criticism in the years since that it is underperforming in its stewardship of a country that is essentially under single-party rule.

Underperforming at least on the civilian side, that is. Burma’s Constitution has, and will for the foreseeable future, afforded the military considerable political power, from the institution’s effective veto over who changes the charter itself to control over three of the country’s most powerful ministries.

It is the system of governance that NLD leader Aung San Suu Kyi willingly entered into when she successfully ran in a 2012 by-election and subsequently led the NLD to real power more than two years later. It is also the system that any People’s Party would by submitting to the strictures of if it does indeed join the political fray in 2020, or perhaps even before.

A leading member of the People’s Party registration effort is Ko Ko Gyi, who was among the most conspicuous omissions from the NLD’s slate of candidates for the 2015 general election. It was a roster that sparked internal dissent and several defections, with the selection process criticised by some as top-down and lacking local input.

As is Suu Kyi, Ko Ko Gyi is a former political prisoner who has been a familiar face in Burma’s pro-democracy circles for decades, and Suu Kyi has often appeared at public events with leading members of the 88 Generation Peace and Open Society.

There are about 90 political parties officially registered in Burma, but relatively few saw electoral success in 2015. The NLD won nearly 80 percent of elected seats in the Union Parliament, trouncing the formerly ruling, military-backed Union Solidarity and Development Party.

With reporting by Aung Aung Naing


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား English ဘာသာ သတင်းများ ဖတ်ရန်...

NoImage40. ဒေါက်တာအေးမောင်အမှု တရားလိုပြရဲတပ်ကြပ်တဦးကို ထပ်မံစစ်ဆေး -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဇူလိုင် ၉ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်ဆေးခဲ့ရာမှာ တရားလိုဘက်က တရားလိုပြသက်သေရဲတပ်ကြပ်ကြီး ယဉ်လှကို ထပ်မံစစ်ဆေးခဲ့ပြီး မနက် ၁၀ နာရီကတည်းစစ်ဆေးခဲ့တာ နေ့လယ် ၂ နာရီကျော် လောက်မှာ စစ်ဆေးမှု ပြီးဆုံးခဲ့ပါတယ်။

ဒီကနေ့ စစ်ဆေးခံခဲ့ရတဲ့ ရဲအရာရှိ တရားလိုပြသက်သေကတော့ ဒေါက်တာအေးမောင် တို့ကို စွဲဆိုထားတဲ့ အမှု ၃မှုလုံးကို ဒီကနေ့ စစ်ဆေးခဲ့တာပါ။

ဒေါက်တာအေးမောင်ရဲ့ ရှေ့နေဦးအောင်ကျော်စိန်က “ဒေါက်တာအေးမောင်တို့မှာ စွဲဆိုထားတဲ့ အမှုသုံးမှုစလုံးမှာ တရားလိုအပါအဝင် တရားလိုပြသက်သေသုံးဦးလုံးကို စစ်ဆေးသွားပြီးဖြစ်ပေမယ့် အမှုအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်ကို ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် ဒေါက်တာအေးမောင်တို့ကို စွဲဆိုထားတဲ့ မတရားအသင်းဥပဒေပုဒ်မ ၁၇ /၁ နဲ့ စွဲဆိုထားရာမှာ ပါဝင်တဲ့ တရားလိုပြသက်သေ ၁၆ ဦးကို ဒီကနေ့ ရုံးမှာ ရုံးခေါ်သက်သေ ခေါ်ပေးဖို့ ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။

ဒေါက်တာအေးမောင်အမှုနဲ့ပတ်သက်လို့ တရားလိုတဦးဖြစ်တဲ့ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို အရင်ကရုံးထုတ်ခဲ့စဉ်မှာစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေတဦး ဖြစ်တဲ့ ရဲအုပ်ခိုင်စိုးထွန်းကို စစ်ဆေးခဲ့တာပါ။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး တရားစွဲထားတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဝဏ္ဏခွာညို


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage39. မကွေးတိုင်းအတွင်း သစ်တောများပြန်လည်ထူထောင်ရေး ပျိုးပင် ၉ သိန်းခန့် အစားထိုးစိုက်ပျိုး -DVB

#Lead Story (6d ago)

ဖွင့်ရန်။

မကွေးတိုင်းဒေသကြီးအတွင်း သစ်တောများပြန်လည် ထူထောင်ရေး စီမံချက်နဲ့ အခုနှစ် အတွင်း အစားထိုးပျိုးပင် ၉ဝဝဝဝဝ ခန့်ဖြန့်ဝေစိုက်ပျိုးနေတယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က “မကွေးတိုင်းဒေသကြီး သစ်တောဦးစီဌာနက နည်းလမ်း (၈) ခုအသုံးပြုပြီး သစ်ပင် အစားထိုး စိုက်ပျိုးသွားမှာဖြစ်တယ်။ နိုင်ငံတော်ပိုင်စစိုက်ခင်း ထူထောင်ခြင်း၊ မိုးရာသီလူထု လှုပ်ရှားမှုဖြင့် စိုက်ပျိုးခြင်း၊ သဘာဝတော မြှင့်တင်စိုက်ပျိုးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုရအနေဖြင့် စိုက်ပျိုးခြင်း၊ စည်ပင်သာယာကော်မတီများ အစီစဉ်ဖြင့်စိုက်ပျိုးခြင်း၊ အစိုးရ မဟုတ်သော အဖွဲစည်းများ၏ အစီစဉ်ဖြင့် စိုက်ပျိုးခြင်း၊ ဒေသအစုဖွဲ့ပိုင် သစ်တော ထူထောင်ခြင်း၊ ပုဂ္ဂလိက စိုက်ခင်းထူထောင်ခြင်းတွေနဲ့ ၂ဝ၁၇ ခုနှစ်ကနေ စလို့ ၁ဝ နှစ်တာ အတွင်းကို မြန်မာနိုင်ငံ သစ်တောပြန်လည်ထူထောင်ရေး စီမံချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အတွင်းက ခရိုင်(၅)ခုဖြစ်တဲ့ မကွေးခရိုင်အတွက် ပျိုးပင်ပေါင်း ၂ဝဝဝဝဝ၊ ပခုက္ကူခရိုင်အတွက် ပျိုးပင်ရေ ၂ဝဝဝဝဝ၊ မင်းဘူးခရိုင်အတွက် ပျိုးပင်ရေ ၁ဝဝဝဝဝ၊ သရက်ခရိုင်အတွက် ပျိုးပင်ရေ ၁၉၃၅၆၇ စုစုပေါင်း ပျိုးပင်ရေ ၈၉၇၅၆၇ ပင်တို့ကို ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်ကလည်း မိုးရာသီ လူထုလှုပ်ရှားမှုအနေနဲ့ အစားထိုးပျိုးပင်ပေါင်း ၈၉၇၅၂၈ ပင် ဖြန့်ဝေ စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။

သတင်း-မင်းထီး၊ ဓာတ်ပုံ-မကွေး သစ်တောဦးစီးဌာန


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage38. ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းရန် လျှောက်ထား -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်သူ့ပါတီအနေနဲ့ အမည်ပြောင်းလဲကာ ခွင့်ပြုမိန့်ရရှိဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့က လျှောက်ထားလိုက် ပါတယ်။

အမည်ပြောင်းလဲလျှောက်ထားဖို့အတွက် ဇွန်လ ၂၄ ရက်က ရန်ကုန်နဲ့ မန္တလေးမြို့က ပါတီရုံးချုပ်မှာ စုံညီအစည်းဝေးတွေ ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ဒီကနေ့မှာ နာမည် ပြောင်းလဲဖို့ လာရောက် လျှောက်ထားတာဖြစ်တယ်လို့ ပါတီ ဒုတိယ ခေါင်းဆောင် ဦးရဲနိုင်အောင် က ပြောပါတယ်။

“အခုလဲ ရွေးကောက်ပွဲကော်မရှင်မှာ ကျနော်တို့ ပြည်သူ့ပါတီဆိုတဲ့ အမည်နဲ့ ခွင့်ပြုပြီးသား သို့မဟုတ် လျှောက်ထားဆဲရှိမရှိ ဆိုတဲ့အချက်ကို ကျနော်တို့ မေးတယ်။ ပြည်သူ့ပါတီ ဆိုပြီးတော့ တိုက်ရိုက် အမည်တူတာ ခွင့်ပြုပြီးသားမရှိဘူး လျှောက်ထားဆဲလဲ မရှိဘူး ဖြစ်တဲ့အတွက် ဒီတကြိမ်မှာတော့ ကျနော်တို့ သက်မှတ်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဒီလလောက်အတွင်းမှာ ဖြစ်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်”

အခု ပြောင်းလဲလျှောက်ထားတဲ့ ပါတီရဲ့ နာမည်နဲ့ အလံ အမှတ်တံဆိပ်ကိုတော့ ဒီလအတွင်းမှာပဲ ခွင့်ပြုမိန့်ရရှိ နိုင်တယ်လို့ မျှော်လင့်ကြောင်းကိုလည်း ဦးရဲနိုင်အောင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ ရှစ်လေးလုံးပါတီဆိုပြီး လျှောက်ခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့ တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ထပ်မံလျှောက်ခဲ့ပါသေးတယ်။

အဲ့ဒီလျှောက်ထားမှုမှာလဲ ခွင့်ပြုမိန့်မရရှိခဲ့တာကြောင့် နောက်ဆုံး ပြည်သူ့ပါတီ အနေနဲ့ အခု ထပ်မံလျှောက်ခဲ့တာဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage37. ရိုက်တာသတင်းထောက် ၂ဦးကို တရားစွဲရန်ဆုံးဖြတ်ချက် အမေရိကန်စိတ်ပျက် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ရိုက်တာသတင်းထောက်တွေကို ဆက်လက်တရားစွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်တရပ် ဖြစ်တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ ကြေညာပါတယ်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဆက်လက်တရားစွဲဆိုဖို့ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်တာကိုလည်း များစွာ စိတ်ပျက်တယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေကို သူတို့အလုပ် သူတို့ ပြန်လုပ်နိုင်ဖို့နဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံစည်းနိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေ အနေနဲ့ ခွင့်ပြုပေးသင့်တယ်လို့လည်း ဆိုပါတယ်။

အလားတူ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်ကလည်း)  ရိုက်တာ သတင်းထောက်တွေကို အခုလို တရားစွဲချက်တင်လို့တဲ့နေ့ဟာ သတင်းလွတ်လပ်ခွင့်အတွက် အမှောင်လွှမ်းတဲ့နေ့ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်လုံးကို နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ဖမ်းဆီးစွပ်စွဲခံရတာ ၇ လပြည့်ဖို့ ရက်ပိုင်းအလိုမှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်တာပါ။

နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ကိုလိုနီခေတ်က ဥပဒေဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage36. ဂျပန်ရေကြီးမှုကြောင့် တရုတ်မိသားတစု ပြည်တော်ပြန်ရေး အခက်ကြုံ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်မိသားစုတစုဟာ ရေကြီးမြေပြိုမှုတွေ ကြုံတွေ့ခဲ့ပြီးနောက် ပြည်တော်ပြန်ရေး အခက်တွေ့နေပါတယ်။

ဇူလိုင် ၃ ရက်နေ့ကစလို့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ မိုးကြီးပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီအတွက် အနည်းဆုံး လူ ၁ဝဝ သေဆုံးပြီး ၅ဝ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေထဲ ကူရာရှီကီမြို့မှာ ၃ နှစ်ကျော် နေထိုင်လာတဲ့ တရုတ်မိသားစု တစုလည်း ပါဝင်ပါတယ်။

“ဖြစ်ဖြစ်ချင်း ညီမက ညဝတ်အင်္ကျီနဲ့ ပြေးထွက်လာတာလေ။ ငလျင်လှုပ်တယ် ထင်ပြီးတော့ ကယ်ဆယ်ရေးစခန်းကို ကားနဲ့မောင်းပြေးတာပဲ။ ဒီအဝတ်အစားက အခုမှ ဝယ်လိုက်တာ။ ညီမတို့တွေ ရေမိုးချိုးပြီး အဝတ်အစားပြန်လဲလိုက်တာ။ အိမ်ပြန်ပြီး ရေကျသွားပြီလား ကြည့်ချင်တယ်” လို့ ဂျပန်နိုင်ငံမှာနေတဲ့ တရုတ်ကျောင်းသူ ဝမ်က ပြောပါတယ်။

ဝမ်ရဲ့ မိခင်ဖြစ်သူကလည်း “ကျမတို့က အမောတကောနဲ့ ပြေးတာဆိုတော့ ဘာမှကို  ယူမသွားမိဘူး။ အိမ်က ကားတစီးကလည်း ရေမြုပ်နေတာနဲ့ တခြားလမ်းကနေ မောင်းခဲ့ရတယ်။ လောလောဆယ် နေစရာ မရှိသေးသရွေ့တော့ ကယ်ဆယ်ရေးစခန်းမှာ နေရဦးမှာပဲ။ ဘယ်လောက်ဆုံးရှုံးလဲ မမှန်းတတ်သေးပါဘူး။ အိမ်သုံးပစ္စည်းတွေကတော့ ဘာမှကို သုံးမရတော့ဘူး။ အဲဒီထဲမှာ အဖိုးတန်ပစ္စည်းတွေလည်း ပါသွားတယ်” လို့ ဝမ်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့အထိ ကူရာရှီကီမြို့အတွင်း လူ ၁,ဝဝဝ ကျော် ပိတ်မိနေပြီး ၃ဝဝ ကျော်ဟာ ကယ်ဆယ်ရေး စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒီအတွက် ရေဘေးသင့်ပြည်သူ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage35. ဘရာဇီးကွင်းလယ်လူ ပေါ်လင်ဟို တရုတ်ကလပ်သို့ ပြန်လည်ရောက်ရှိ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဘရာဇီး ကွင်းလယ်ကစားသမား ပေါ်လင်ဟိုဟာ တရုတ်စူပါလိဂ်ကလပ် ဂွန်ဇူးအဲဗားဂရန်ဒီအသင်းကို ပြန်လည်ရောက်ရှိလာပြီလို့ တရုတ်အသင်းက ကြေညာလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ တနှစ် အငှားစာချုပ်နဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့ပြီးနောက် စာချုပ်သက်တမ်းပြည့်လို့ အသင်းဟောင်း တရုတ်ကလပ်ကို ပြန်လည် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ပေါ်လင်ဟိုဟာ ဘာစီလိုနာအတွက် ၃၄ ပွဲ ကစားပြီး ၉ ဂိုး သွင်းယူပေးထားပါတယ်။

ဒါ့အပြင် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ၅ ပွဲ ကစားခွင့် ရထားပါတယ်။

ပေါ်လင်ဟိုဟာ တရုတ်ကလပ်မှာ ၂ဝ၁၅ ကနေ ၂ဝ၁၇ အထိ ကာလအတွင်း ပွဲပေါင်း ၆၃ ပွဲ ကစားထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage34. ဟာသသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည့် ‘ဘော်ဘော်ကထှော်’ဟာသရုပ်ရှင် (နမူနာ) -DVB

#Lead Story (6d ago)

ဖွင့်ရန်။

အကယ်ဒမီ သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ ဟာသသရုပ်ဆောင်တွေ ပါဝင်ထားသရုပ်ဆောင်ထားကြတဲ့ ‘ဘော်ဘော်ကထှော်’ အမည်ရတဲ့ မြန်မာ ဟာသရုပ်ရှင်ကားကို လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဇော်မင်း(မ/ဒဂုံ)ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုပေါက်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

‘ဘော်ဘော်ကထှော်’ ဆိုတာ အပြင်မှာတော့ တကယ်မရှိဘဲ စာရေးသူက ဖန်တီး ပုံဖော်ထားတဲ့ အရိုင်းလူမျိုးစုတစု ဖြစ်ပါတယ်။

ဟာသဇာတ်ကားတကားအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြင့်မြတ်နဲ့အတူ ဟာသသရုပ်ဆောင် ခင်လှိုင်၊ ဂျိုကာတို့က ဘော်ဘော်ကု၊ ဘော်ဘော်ပီ၊ ဘော်ဘော်ကော် ဆိုတဲ့ နာမည်တွေနဲ့ ထူးထူးဆန်းဆန်း တယောက်နဲ့ တယောက် ပါးရိုက်ပြီး စကားကို အကျယ်ကြီး ပြောတာမျိုးတွေ၊ အဝတ်အစားတွေမပါဘဲ တကယ့် ကျွန်းသားလူရိုင်းတွေလိုမျိုး သရုပ်ဆောင်ထား ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်းပေါ်မှာ နေထိုင်ကြတယ်။ မြို့ပေါ် တက်လာချိန်မှာ ကမောက်ကမ အလွဲလွဲ အချော်ချော် ဖြစ်ရတာတွေကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားခဲ့တာပါ။

တခြားသရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ကားတွေမှာ မပါဝင်တော့တာ ကြာပြီ ဖြစ်တဲ့ သရုပ်ဆောင်မင်းသား ရာဇာနေဝင်း၊ မင်းသမီး ဆုအိမ့်စံ၊ ရွှေသမီး၊ မုဏ်းတို့နဲ့အတူ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲက ပြောစကား ဒိုင်ယာလော့ဂ်တွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး ရုပ်ရှင်နမူနာကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage33. လိုဏ်ဂူထဲကျန်သည့် ကလေး ၉ ဦးကို ဆက်လက်ကယ်ထုတ်၊ ယနေ့ညထွက်လာနိုင်မည် ခန့်မှန်း -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်မြို့၊ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးထဲ ပိတ်မိနေတဲ့ မူပါ (တောဝက်) အကယ်ဒမီဘောလုံးအသင်းဝင် ၁၃ ဦးအနက် ၄ ဦးကို မနေ့ညက ဘေးကင်းစွာ ဂူအပြင် ခေါ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ ၉ ဦးကိုကယ်ထုတ်ဖို့ ဒီနေ့မနက် ၁၁ နာရီက ရေငုပ်သမားတွေ စေလွှတ်လိုက်ပါတယ်။

မနေ့က ကလေး ၄ ဦး အပြင်ရောက်လာပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ပြန်လည်ဆွေးနွေးသုံးသပ်တာ၊ သင်ခန်းစာယူတာ၊ လျော့ရဲနေတဲ့ ရေအောက် လမ်းပြကြိုးတွေ ပြန်တင်းတာ၊ အောက်စီဂျင်ဘူးတွေ ပြည်လည်ဖြည့်တင်း ချထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီကနေ့မနက်မှာ ရေငုပ်သမားတွေလည်း အနားယူ အင်အားဖြည့်တင်းပြီးသလို ရာသီဥတု အခြေအနေလည်း ကောင်းနေလို့ မနက် ၁၁ နာရီကစ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်လိုက်ပြီလို့ တောဝက် အကယ်ဒမီဘောလုံးသမား ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်း ဥက္ကဋ္ဌဖြစ်တဲ့ အရင် ချင်းရိုင်ခရိုင်ဝန်ဟောင်း၊ လက်ရှိ ဖယောင်း ခရိုင်ဝန်သစ် နိုင်းနရုန်းဆဒ် အိုးဆုခ်ထနားကွန်းက ဒီနေ့မွန်းလွဲပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီနေ့မနက် စေလွှတ်လိုက်တဲ့ ကယ်ဆယ်ရေးအဖွဲ့ထဲမှာ မနေ့က ရေငုပ်သမားတွေရော၊ နိုင်ငံတကာ ရေငုပ်သမားတွေအပြင် နောက်ထပ်လူအင်အားတွေ ပိုမိုဖြည့်တင်းခဲ့ကြောင်း၊ ဂူထဲက ရေအခြေအနေလည်း မနေ့ကအတိုင်းပဲဆိုရင် ဒီနေ့ည ၈ နာရီနဲ့ ၁ဝ နာရီကြားမှာ ကလေးတွေကို ထပ်ခေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ခရိုင်ဝန်က ဆက်ပြောပါတယ်။

ချင်းရိုင်ဆေးရုံကြီးမှာ ရောက်ရှိနေတဲ့ ကလေး ၄ ဦးမှာ လက်ရှိ ရောဂါပိုးတွေ စစ်ဆေးဆဲမို့ ကလေးတွေ ကျန်းမာရေးပေါ် မူတည်ပြီးမှ သက်ဆိုင်ရာ မိဘဆွေမျိုးတွေနဲ့  တွေ့ခွင့်ပြုမယ်လို့ ဆိုပါတယ်။

မနေ့ညက သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်စရာမှာ ဂူထဲက ကယ်ဆယ်ရေးသမားတွေ အချင်းချင်း ဆက်သွယ်တဲ့ စကားပြောစက်က အပြင်ကို ပေါက်ကြားပြီး မမှန်သတင်း ထုတ်လွှင့်မှုတွေ ရှိခဲ့ကြောင်း၊ အထူးသဖြင့် ကလေး ၆ ဦး ထွက်လာတဲ့သတင်း မှားယွင်းနေကြောင်း၊ သတင်းဌာနတွေအနေနဲ့ သတင်းဦးရဖို့အတွက် မသေချာတဲ့ သတင်းနဲ့ ပြိုင်ဆိုင်ခြင်း မပြုလုပ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်း ဒုဥက္ကဋ္ဌက ဖြည့်စွက် ပြောကြားပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အထူးသဖြင့် လူနာတင် ရဟတ်ယာဉ် ပြေးလမ်းကြောင်းကို နှောင့်ယှက်စေတဲ့ ဒရုန်းလွှင့်တင်တာကို တားမြစ်ထားပေမယ့် မနေ့ညက ကယ်ဆယ်ရေးလုပ်ငန်းနဲ့ မဆိုင်တဲ့ ဒရုန်း ၂ ခု လွှင့်တင်တာကို သိရှိရကြောင်း၊ ဒါဟာ ဥပဒေချိုးဖောက်ရာရောက်ပြီး သက်ဆိုင်ရာ ကာယကံရှင်က လာရောက်သတင်းပို့ ဖြေရှင်းဖို့၊ ပူးပေါင်းဆောင်ရွက်မှု အားလုံးအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူက ပြောသွားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage32. ဆိုမာလီတွင် ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနကို သူပုန်များ တိုက်ခိုက် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနတွေရဲ့ ခြံဝင်းတွေကို အယ်လ်ရှာဘတ် သူပုန်တွေ ဇူလိုင် ၇ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် လူ ၁၅ ဦးကျော် သေဆုံးပြီး တခြားလူအယောက် ၂ ဒါဇင်ကျော် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ဗွီအိုအေ သတင်းဌာနက အစီရင်ခံပါတယ်။

သေနတ်သမားတွေက ပြည်ထဲရေးဝန်ကြီး အဆောက်အဦ ပင်မတံခါး အပြင်မှာ အကြီးစား ဖောက်ခွဲခဲ့တာပါ။

လုံခြုံရေးတပ်တွေက တန်ပြန်တိုက်ခိုက်ခဲ့လို့ စစ်သွေးကြွတွေနဲ့ တနာရီကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကိုင် တိုက်ခိုက်သူ ၃ ဦးစလုံး သေဆုံးပြီး စီးနင်းမှု အဆုံးသတ်ခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage31. အက်ဖ်ဘီအိုင်စုံထောက်တဦး၏ မိသားစုနှင့် တာဝန်ကြား စွန့်စားခန်း ရုပ်ရှင် – Skyscraper (နမူနာ) -DVB

#Lead Story (6d ago)

ဖွင့်ရန်။


ဟောလိဝုဒ်အက်ရှင်ကား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့်  Skyscraper အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်ဒါရိုက်တာ Rawson Marshall Thurber က သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) ကို အက်ဖ်ဘီအိုင် အေးဂျင့်ဟောင်း ဝေလ်ဆော်ယာ (Will Sawyer) အဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

သူဟာ တာဝန်ပေးချက်အရ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံတခုရဲ့ လုံခြုံရေးကို တာဝန်ယူထားရတယ်။ နောက်ပြီး သူ့မှာ ရာဇဝတ်ပြစ်မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ လူတယောက်ကိုလည်း ရှာဖွေရဖို့ ရှိနေတယ်။ အဲဒီအချိန်မှာ အဆောက်အအုံကို အကြမ်းဖက်သမားတွေက ရုတ်တရက် မီးရှို့ဖျက်ဆီးပြီး သူ့ရဲ့ဇနီးနဲ့ ကလေးတွေ အတွင်းမှာ ပိတ်မိနေချိန် ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လို ကယ်တင်မလဲ။ သူ့ကိုပါ မီးလောင်နေတဲ့ အဆောက်အအုံထဲမှာ ပိတ်မိအောင် အကွက်ကျကျ ထောင်ချောက်ဆင်ခံရချိန်မှာ ဘယ်လို ရုန်းထွက်မလဲ ဆိုတာတွေကို ရှုစားကြရမှာပါ။

ဒွိန်းဂျွန်ဆင်ဟာ သိပ်မကြာသေးခင်ကမှ ရုံတင်ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ Rampage ရုပ်ရှင်ကားမှာလည်း ပါဝင်ခဲ့တာဖြစ်ပြီး ဒီကားထဲမှာတော့ ကနေဒီယန်မင်းသမီး နိဗ်ကမ့်ပ်ဘဲလ် (Neve Campbell)၊ စင်ကာပူမင်းသား ချင်ဟန် (Chin Han)၊ ဒိန်းမတ်မင်းသား ရိုလန် မိုလာ (Roland Møller) တို့နဲ့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာ ကြမ်းတမ်းတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ အပြန်အလှန် ကစားပြောတာတွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူမပါဘဲ မကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားတာပါ။

ဒီရုပ်ရှင်ကားကို အမေရိကန်ဒေါ်လာ ၉၃ သန်း အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office မှာတော့ ပြသမယ့် ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ သန်းကနေ သန်း ၄ဝ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁ဝ၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇူလိုင် ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage30. ၂ဝ၁၈ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် မြန်မာကလပ်အသင်း သြစတြေးလျကလပ်နှင့် တအုပ်စုတည်းကျ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

MFF Futsal Open Cup 2018 ပြိုင်ပွဲ ချန်ပီယံ MIC FC အသင်း သွားရောက်ယှဉ်ပြိုင်ရမယ့် ၂ဝ၁၈ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

MIC FC ဟာ အုပ်စု က မှာ ဘရူနိုင်းကလပ် Arbisyam FC၊  ကမ္ဘောဒီးယားကလပ် UYFC Komchaymear၊ သြစတြေးလျကလပ် East Coast Heat FC အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။

အုပ်စု ခ မှာတော့ ထိုင်းကလပ် Bankok BTS FC၊  မလေးရှားကလပ် Melaka United Soccer Association၊  အင်ဒိုနီးရှား IDN Futsal League ပြိုင်ပွဲမှာ ဒုတိယရရှိမယ့်အသင်းနဲ့ ဗီယက်နမ်ကလပ် Sanatech Khanh Hoa FC အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂ဝ၁၈ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊  ဂျကာတာမြို့မှာ ကျင်းပမှာဖြစ်ပြီး အုပ်စုပွဲစဉ်တွေကို ဇူလိုင် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ နေ့စဉ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

MIC FC အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၁၅ ရက်နေ့မှာ ဘရူနိုင်းကလပ် Arbisyam FC အသင်း၊  ဇူလိုင် ၁၆ ရက်နေ့မှာ ကမ္ဘောဒီးယားကလပ် UYFC Komchaymear အသင်း၊ ဇူလိုင် ၁၇ ရက်နေ့မှာ သြစတြေးလျကလပ် East Coast Heat FC အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ဇူလိုင် ၁၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကို ဇူလိုင် ၂၁ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage29. မန္တလေးတက္ကသိုလ်အတွင်း လုယက်ခိုးယူမှုများ ဖြေရှင်းပေးရန်​ သမဂ္ဂ​ကျောင်းသား ၃ဦးဆန္ဒပြ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်အတွင်း လုယက်မှု၊ ခိုးမှုတွေ မကြာခဏဖြစ်ပွား​နေတဲ့အတွက်​ ဖြေရှင်းပေးဖို့ သမဂ္ဂ​ကျောင်းသား ၃ ဦးတို့က သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကို​ကျော်​ဝင်းစိန်​၊ ကိုစံမြတ်​ထွန်း(၁)နဲ့ ကိုဇာနည်​မိုးတို့သုံးဦးက ဇူလိုင်လ ၉ မှာ မန္တလေးတက္ကသိုလ်အတွင်း လုယက်မှုနဲ့ ခိုးမှုတွေကို တက္ကသိုလ်​တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့အတွက် သပိတ်မှောက်တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။

မန္တ​​လေးတက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန် က “ကျနော်တို့က ဆန္ဒပြတဲ့အခြေအနေကို သွားနေတာမဟုတ်ဘူး။ ကျောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ကျောင်းက တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့တယ်။ ဒါပေမယ့် ဘာမှ ဖြေရှင်းမပေးတဲ့အတွက် အခုလို သပိတ်မှောက်​ ဆန္ဒပြရတာပြရတာဖြစ်တယ်”လို့ ပြောပါတယ်​။

မန္တလေးတက္ကသိုလ် လုံခြုံရေးအတွက် မေလထဲက လုံခြုံရေး ကုမ္ပဏီတခုကို ငှားရမ်းခဲ့ပြီး လုံခြုံရေးဝန်ထမ်း ၁ဝ ဦး လုံခြုံရေးယူထားကာ လုံခြုံရေးကုမ္ပဏီနဲ့ မန္တလေးတက္ကသိုလ် အကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ပေါ့ဆတဲ့အတွက် ပစ္စည်းပျောက်ဆုံးပါက ကုမ္ပဏီက တလ အတွင်း ပေးလျော်ရမယ်​လို့ ချုပ်ဆိုထားတယ်​လို့ ကို​ကျော်​ဝင်းစိန်​က ပြောပါတယ်​။

မန္တလေးတက္ကသိုလ်မှာ ဇူလိုင်လ ပထမပတ်အတွင်း ဆိုင်ကယ်ခိုးမှု၊ လုယက်မှု ၄ မှု ရှိခဲ့ပြီး ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေရဲ့ လုံခြုံရေးပါစိုးရိမ်နေကြတာပါ။

လိုအပ်​​နေတဲ့ လုံခြုံ​ရေးကိစ္စကို​ ပြေလည်​​အောင်​​ဆောင်​ရွက်​မ​ပေးနိုင်​ခဲ့ရင်​ ဆက်​လက်​ပြီး အရှိန်​မြှင့် သပိတ်​​မှောက်​သွားမယ်လို့လည်း ဆန္ဒပြကျောင်းသားတွေက ဆိုပါတယ်​။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage28. ဗိုလ်ချုပ်​​ကြေးရုပ်​သယ်​ဆောင်လာပါက ကရင်​နီလူငယ်များ ပိတ်ဆို့တားဆီးမည် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့ကို ဗိုလ်​ချုပ်​​ကြေးရုပ်​ သယ်​ယူလာမယ့် သတင်း​ကြောင့် ကရင်​နီလူငယ်​ထု​တွေဟာ လွိုင်​​ကော်​မြို့အဝင်​ လမ်းမ​တွေ​ပေါ်မှာ ဒီက​နေ့ ​ပိတ်​ဆို့တားဆီးဖို့ ​စောင့်ဆိုင်း​နေကြပါတယ်​။

အခုလို ပိတ်​ဆို့ တားဆီးမယ့်အ​ပေါ် ကယန်းမျိုးဆက်​သစ်​လူငယ်​ တွဲဖက်​အတွင်း​ရေးမှူး (၂) ခွန်း​သောမတ်​စ်​က “နဂိုကတည်းက ကျ​နော်​တို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို လက်​မခံတဲ့ လူငယ်​ အုပ်​စု​တွေ​လေ။ ဆို​တော့ ဒီ​နေ့က ​ပြောပုံအရဆို​တော့ ဒီ​နေ့သယ်​လာဖို့ရှိတာ​ပေါ့။ ကျ​နော်​တို့ လက်​မခံထားတဲ့အတွက်​ ကရင်​နီပြည်​ကို ကျ​နော်​တို့ အဝင်​မခံဘူး​ပေါ့” လို့ ​ပြောပါတယ်​။

ကရင်​နီလူငယ်​ထု​တွေက ပိတ်​ဆို့ တားဆီးသွားမှာဖြစ်​​ပေမယ့် အကြမ်းဖက်​မှာမဟုတ်​ပဲ ညှိနှိုင်း​ဆောင်​ရွက်​သွားမယ်​လို့ ခွန်း​သောမတ်​စ်​က ဆိုပါတယ်​။

ဒီတားဆီးပိတ်​ဆို့တာကို ​တောင်​ကြီး-လွိုင်​လင်​​-လွိုင်​​ကော်​လမ်း၊ ဖယ်​ခုံ-မိုးဗြဲ-လွိုင်​​ကော်​ လမ်းနဲ့ မိုးဗြဲ-ဒီး​မော့ဆို-လွိုင်​​ကော်​လမ်းမ​​တွေ​ပေါ်မှာ ကရင်​နီလူငယ်​ထု​တွေက ဗိုလ်​ချုပ်​​ ကြေးရုပ်​ကို ကရင်​နီပြည်​ထဲ အဝင်​မခံပဲ ပိတ်​ဆို့တားဆီးဖို့ လုပ်​​ဆောင်​​နေကြတာ ဖြစ်​ပါတယ်​။

ကယားပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးအယ်​​လ်ေ​ဖာင်းရှိုဦး​​ဆောင်ပြီး​ ဗိုလ်​ချုပ်​​အောင်​ဆန်း မြင်းစီး​ ကြေးရုပ်​ကို လွိုင်​​ကော်​မြို့မှာ ထားရှိမှာကို ကရင်​နီလက်​နက်​ကိုင်​ အဖွဲ့​တွေအပါအဝင်​ အခြား ကရင်​နီအဖွဲ့အစည်း ၂၀ ​​လောက်​က ရက်​အကန့်​အသတ်​မရှိ ​ရွှေ့ဆိုင်းထားဖို့ ဇူလိုင်​လ ၇ ရက်​​က ဝန်​ကြီးချုပ်​နဲ့ ​တွေ့ဆုံတဲ့အစည်းအ​ဝေးမှာ ​တောင်းဆိုထား​​ပေမယ့် ခုလို သယ်​ယူလာဖို့ လုပ်​​ဆောင်​​နေတယ်​လို့ သိရှိရတာ​ကြောင့်ကရင်​နီလူငယ်​ထု​တွေက လမ်းမ​တွေ​ပေါ်မှာ ပိတ်​ဆို့တားဆီးထားဖို့ ​စောင့်​ဆိုင်း​နေကြတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်​လ ၃ ရက်​​ကလည်း လွိုင်​​ကော်​မြို့​ပေါ်မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိမှာကို ကန့်​ကွက်​ဆန္ဒထုတ်​​ဖော်​ခဲ့တဲ့ ကရင်​နီလူထု​တွေနဲ့ ပြည်​နယ်​ရဲတပ်​ဖွဲ့တို့ ရုန်းရင်းဆန်​ခတ်​ဖြစ်​ခဲ့ ပါ​တယ်​။

ကရင်​နီပြည်​သမိုင်း​ကြောင်း၊ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားမယ့်အ​ပေါ် စိုးရိမ်​ချက်​၊ သုံးသပ်​ချက်​နဲ့ အကြံပြုတိုက်​တွန်းချက်​​တွေပါတဲ့ လက်​ကမ်း​စောင်​​တွေ ဖြန့်​​ဝေခဲ့တဲ့ ကရင်​နီလူငယ်​ ၁၁ ဦးဟာလည်း နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု ပုဒ်​မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုခံထားရပါတယ်​။

သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage27. လှိုဏ်ဂူထဲက ကယ်ထုတ်ခဲ့သည့် ထိုင်းလူငယ် ၄ ဦးကို ချင်းရိုင်ဆေးရုံတွင်စောင့်ရှောက်ထား -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဆိုင်မြို့ရှိ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူရဲ့ အပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးသမား ၄ ယောက်ကို ဇူလိုင် ၉ ရက်မနက်က  ချင်းရိုင် ဆေးရုံမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိအောင်နဲ့ စိတ်ကျန်းမာရေးတွေကို အဓိကထား ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပါတယ်။

အခုလက်ရှိ အပြင်ရောက်လာတဲ့ ကလေး ၄ ယောက်ကို ဂူအတွင်း ရက်ရှည်နေခဲ့ရတဲ့ အတွက် ကူးစက်ရောဂါတွေမရှိအောင် သွေးစစ်ဆေးတာနဲ့ အဆုတ်ကို ဓာတ်မှန်ရိုက် စစ်ဆေး နေပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ စိတ်ကျရောဂါတွေ မဖြစ်ပေါ်အောင် စောင့်ရှောက်ပေး နေတာပါ။

ကလေးတွေအားလုံးအတွက် ချင်းရိုင်ဆေးရုံရှိ သီးသန့်ခန်းမှာ ၁၃ ယောက်စာအတွက် ပြင်ဆင်ပေးပြီး အပြင်လူတွေနဲ့ တွေ့ဆုံခွင့်မပေးပါဘူး။ မိဘတွေတောင်မှ ကူးစက်ရောဂါ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေးဝတ်စုံတွေ ဝတ်ဆင်စေကာ ၂ မီတာအကွာကနေသာ ပြောဆို ဆက်ဆံခွင့် ပေးထားပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မှာလှေမှောက်တဲ့ အခြေအနေကို သွားရောက်ကြည့်ရှုနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ မယ်ဆိုင်မြို့က ကျောက်လှိုဏ် ဂူကို လာရောက်မှာ ဖြစ်ပြီး ကလေးတွေကို ဝင်ရောက်တွေ့ဆုံခြင်း ရှိ/မရှိတော့ မသိရသေးပါဘူး။

အခုလက်ရှိ ချင်းရိုင်ဆေးရုံမှာ အစောင့်အကြပ်တွေ လျှော့ထားပြီး လမ်းပိတ်ဆို့ ထားခြင်းတော့ မရှိပါဘူး။ လှိုဏ်ဂူအတွင်းက ကျန်ရှိနေသေးတဲ့ လူငယ် ဘောလုံးသမားကလေး ၉ တွေကို ဆက်လက် ကယ်ထုတ်နေတယ်လို့ သိရပြီး ဘယ်အချိန်မှာ ထွက်လာမယ်တော့ မသိရသေး ပါဘူး။

မယ်ဆိုင်မြို့ကို လာရောက်သတင်းယူနေတဲ့ သတင်းမီဒီယာသမားတွေကိုလည်း ဆေးရုံရှေ့မှာ သတင်းယူခွင့် ပေးထားသလို ဂူအရှေ့နားက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လည်း မီဒီယာစင်တာဖွင့်လှစ်ပြီး သတင်းယူခွင့်ပြုထားပါတယ်။

သတင်း – ကိုဇက်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage26. မြောက်ကိုရီးယားနှင့်ဆွေးနွေးမှု အကျိုးရှိဟု အမေရိကန် ပြော -DVB

#Lead Story (6d ago)

ဖွင့်ရန်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေဟာ အကျိုးရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ ၂ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် အဲဒီလို ပြောကြားလိုက်တာပါ။

သူဟာ မြောက်ကိုရီးယားကနေ ဗီယက်နမ်ကို မသွားရောက်ခင် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပွန်ပီယိုဟာ အမေရိကန် ထိပ်တန်းသံတမန်တဦးအနေနဲ့ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြောက်ကိုရီးယားကို အရင်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အာရှခရီးစဉ်တွေ ပြီးတဲ့နောက်မှာတော့ သူဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကို သွားရောက်မှာ ဖြစ်ပါတယ်။

အဲဒီနောက် သမ္မတထရမ့်နဲ့အတူ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာလုပ်မယ့် နေတိုး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း ဗွီအိုအေသတင်းအရ သိရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage25. အလယ်တန်းကျောင်းခွဲ ပြောင်းရွှေ့သည့်အပေါ် ကျောင်းသားမိဘများ မုံရွာမြို့တွင် ဆန္ဒပြ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆင်ရောက်ကုန်းကျေးရွာမှာ ၆၃ နှစ်ကြာ ဖွင့်လှစ်လာခဲ့တဲ့ အလယ်တန်းကျောင်းကို တိုင်းအစိုးရအဖွဲ့က ဒေသခံတွေရဲ့ သဘောထားမပါဘဲ ပြောင်းရွှေ့ခဲ့လို့ ကျောင်းသားမိဘ ၁၂ဝ လောက်က ဒီမနက် မုံရွာမြို့မှာ ထပ်မံလာရောက် ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းပြောင်းရွှေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းပညာရေးဌာနရဲ့ အကြောင်းကြားစာကို ပြန်လည်ပယ်ဖျက်ပေးဖို့၊ မူလနေရာမှာပဲ ကလေးတွေ ဆက်လက်ပညာသင်ခွင့်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့ပေါ်မှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပါသေးတယ်။

ဆင်ရောက်ကုန်းကျေးရွာက အငြိမ်းစားကျောင်းဆရာ ဦးကျော်စိုးက “ကျနော်တို့ကို တွေ့ဆုံညှိနှိုင်းတာလည်း မရှိဘဲနဲ့ နှစ်ပေါင်း ၆၃ နှစ်ကြာ ဖွင့်လာတဲ့ ကျောင်းကို ပေ ၁ဝဝဝ လောက်ဝေးတဲ့ တနယ်ရွာကို ပြောင်းတာ။ အဓိကက ချောင်းခြားနေတယ်။ ၂၆ ရက် ၆ လ ၂ဝ၁၈ ခုနှစ်ရက်စွဲနဲ့ ပညာရေးဌာနကနေ ကျောင်းပြောင်းဖို့ စာထွက်တယ်။ ဘာကြောင့် ပြောင်းရတယ်။ ဘာဖြစ်လို့ဆိုတာမျိုးလည်း မရှိဘူး။ အဲဒီအတွက် ကျောင်းသား/ ကျောင်းသူ ၆၂ ယောက်ရဲ့ ပညာရေးအခက်အခဲတွေ တွေ့နေတယ်။ ရွာက ရပ်က ဘွဲ့ရလူငယ်တွေက သင်ပေးနေရတယ်။ ဒါကြောင့် မူလနေရာမှာ ကျောင်းပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာပါ”လို့ ပြောပါတယ်။

အဆိုပါကျောင်းကို ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် နေ့က စစ်ကိုင်းတိုင်ဒေသကြီး အစိုးရရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပညာရေးဌာနကနေ ကျောင်းပြောင်းရွှေ့ရေး ပြန်လည်အကြောင်းကြားရတာဖြစ်တယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေကတော့ အခုလို ဆန္ဒပြတာအပြင် အစိုးရ အဖွဲ့ကို စာတင်ပြီး တောင်းဆိုထားတယ်လို့ဆိုပါတယ်။

ဆန္ဒပြတာ နှစ်ကြိမ်ရှိပြီဖြစ်ပေမယ့် ထူးခြားမှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နောက်ထပ်လည်း မထူးခြားသေးရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လက်လုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ကျောင်းသားမိဘတွေက ဆင်ရောက်ကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲ မပြောင်းရွှေ့ရေး၊ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းခြင်းမရှိဘဲ ထုတ်ပြန် ထားတဲ့စာ ဖျက်သိမ်းပေးရေး၊ မူလနေရာမှာ ဆက်လက် ပညာသင်ကြား ခွင့်ရရှိရေး စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျောင်းသားကလေးတွေကို ငဲ့ညှာတဲ့အနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ကျောင်းသားမိဘတွေက တောင်းဆိုခဲ့ကြပါသေးတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage24. ရွေးကောက်ပွဲစောလုပ်ရန် တောင်းဆိုမှု နီကာရာဂွါသမ္မတ ပယ်ချ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

နီကာရာဂွါနိုင်ငံတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် ရွေးကောက်ပွဲစောလုပ်ဖို့ တောင်းဆိုချက်ကို သမ္မတ ဒန်နီယယ် အော်တေဂါက ဇူလိုင် ၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နင်းခဲ့လို့ အနည်းဆုံး လူ ၃၁ဝ လောက် သေဆုံးခဲ့ပါတယ်။

ရွေးကောက်ပွဲဟာ အခြေခံဥပဒေအရ ငါးနှစ်တကြိမ်သာ လုပ်သင့်တယ်လို့ အော်တေဂါက ပြောပါတယ်။

အာဏာသိမ်းချင်တဲ့ ခေါင်းဆောင်တချို့ရဲ့ အတွေးအခေါ်အရ အခြေခံဥပဒေရဲ့ စည်းမျဉ်းတွေကို ညတွင်းချင်း မပြင်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

သေဆုံးတဲ့ ဆန္ဒပြသူတွေကို လူဆိုးတွေလို့ သူက စွပ်စွဲပြီး ဆန္ဒပြပွဲတွေကိုလည်း နှိပ်စက်တဲ့ဌာန၊ အကြမ်းဖက်ဌာနလို့ သူက စွပ်စွဲပါတယ်။

ဇူလိုင် ၇ ရက်နေ့က နိုင်ငံတွင်း မြို့အတော်များများမှာ အော်တေဂါကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။

ဧပြီ ၁၈ ရက်နေ့က စတဲ့ ဆန္ဒပြပွဲဟာ အစောပိုင်းက လူမှုလုံခြုံရေး ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ရင်း စတင်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ အာဏာအလွဲသုံးမှုနဲ့ အဂတိလိုက်စားမှု စွဲချက်တွေအတွက် သမ္မတ ရာထူးကနေ ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage23. ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးသည့်ဝက်သားများ ရောင်းချမှုမရှိစေရန် ရှောင်တခင်စစ်ဆေး -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပြီး သေဆုံးခဲ့တဲ့ ဝက်တွေရဲ့ အသားတွေ ရောင်းချမှု ရှိမရှိကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့မစည်ပင်ဈေးထဲက  ဝက်သားဆိုင်တွေမှာ ထွေ/အုပ် စားသုံးသူရေးရာ စည်ပင်ကော်မတီ စည်ပင်သာယာ မွေး/ကု ပူးပေါင်းအဖွဲ့က ဒီကနေ့မနက် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

အင်းတော်မြို့နယ် စားသုံးသူရေးရာဌာန ဦးစီးမှူးဦးကြည်နိုင်ဦးက “ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားမှု လျင်မြန်စွာ ကူးစက်မှုကြောင့် ဝက်များ သေဆုံးမှု များနေပါတယ်။ အသားတွေ ရောင်းချရာမှာ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေဖို့ လုပ်ငန်းရှင်မှာ တာဝန်ရှိတယ်။ သန့်ရှင်းအသား ရောင်းချဖို့ ဝက်သားအရောင်းဆိုင်ပိုင်ရှင်တွေကို အသိပေး ဆွေးနွေးတယ်။ မုန့်ဆိုင်တွေကို တားမြစ် စားသောက်ကုန်တွေ မရောင်းချဖို့ စစ်ဆေးပညာပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်၊ မဲဇာကျေးရွာရှိ ဝက်မွေးမြူသူ နှစ်ဦးရဲ့ ရောဂါဖြစ်နေတဲ့ ဝက်တွေကနေ နမူနာရယူကာ မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဝက်နားရွက်ပြာပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မဲဇာ၊ နန့်သဲ၊ အောင်မင်္ဂလာ၊ နားနောင်၊ သောင်ကြီး၊ ညောင်ကုန်း၊ နောင်ကွတ်၊ ညောင်ပင်ဆိပ် ကျေးရွာတွေမှာလည်း  ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားနေပေမယ့် လူတွေကိုတော့ ကူးစက်တာ မရှိသေးပါဘူး။

အင်းတော်မြို့နယ်၊ မဲဇာ-နန့်သဲဒေသမှာ ဝက်နားရွက်ပြာရောဂါ အများဆုံးဖြစ်ပွားနေပြီး ဝက်အကောင်ရေ ရာဂဏန်းထိ သေဆုံးနေတာကြောင့် သေဆုံးဝက်သားတွေ  ရောင်းချမှုမရှိစေဖို့ သက်ဆိုင်ရာက ရှောင်တခင် ဝင်ရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage22. မက္ကဆီကို ဘားဆိုင်တွင်း သေနတ်ပစ်ခတ်မှုဖြစ် ၁၅ ဦးသေ၊ ၉ ဦး ဒဏ်ရာရ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း မွန်တာရေးမြို့မှာ ဘားဆိုင်အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၈ ရက်နေ့မှာ ပြောပါတယ်။

မွန်တာရေး၊ ဂွါဒါလူပေနဲ့ ဟွာရက်စ် စည်ပင်သာယာနယ်မြေတွေမှာ သန်းခေါင်ယံဘား ၆ ခု တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ နွယ်ဗွန်လီယွန် ပြည်နယ်ရှေ့နေရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ချိုဗီယက်ခို စားသောက်ဆိုင်နဲ့ ဘားမှာ အသေအပျောက် အများဆုံး သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အမျိုးသား စားသုံးသူ ၅ ဦးနဲ့ စားပွဲထိုးတဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို အနီရောင်ကားနဲ့ အမျိုးသားနှစ်ဦးက လုပ်ဆောင်ခဲ့ပြီး ဒါဟာ ဂိုဏ်းဖွဲ့ ရာဇဝတ်မှုနဲ့ ဆက်နွှယ်နေတယ်လို့ အဲဒီရှေ့နေရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage21. ဆက်သွယ်ရေး ဥပဒေပုဒ်မ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှု ၃၃မှုအထိရှိလာ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဆက်သွယ်ရေးဥပဒေပုဒ်မကို ပြန်လည်ပြင်ဆင်လိုက်ပြီးနောက်ပိုင်းမှာ အဲဒီပုဒ်မနဲ့ တရားစွဲဆိုမှုဟာ ၃၃ မှုအထိ ရှိလာတယ်လို့ ဒီအမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံအဖွဲ့)ကနေ ၂၀၁၈ခုနှစ် ဇူလိုင်လ ၄ ရက်အထိ ကောက်ယူထားတဲ့စာရင်းတွေအရ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်းဟာ ၁၃၄ မှုအထိရှိလာတယ်လို့ ဆိုပါတယ်။

ကဗျာဆရာမောင်ဆောင်းခက “ဆက်သွယ်ရေးဥပဒေပြင်ဆင်တာက ၂၀၁၇ သြဂုတ်လက ပြင်တယ်။ အဲဒီနောက်ပိုင်းမှာ ဖြစ်တဲ့ အမှုက (၃၃)မှုရှိတယ်။ အဓိကကတော့ ဥပဒေတစ်ခု ပြင်တယ်ဆိုရင် အဲဒီအကျိုးဆက်က အကျိုးသက်ရောက်မှုအရ ဒီဥပဒေနဲ့ တရားစွဲဆိုမှုတွေ လျှော့နည်းပပျောက်လာရမယ်။ ပြီးတော့ မတရားခံရမှုတွေ လျှော့နည်းလာရမယ်။ အဲဒီလိုရှိရမယ်။ ဒါပေမယ့် အခုကအဲဒီလိုမဖြစ်ဘဲနဲ့ ဥပဒေက ပြင်ထားက ပြင်ထားသော်လည်းပဲ အရင်တုန်းက အတိုင်းပဲ ဒီဥပဒေနဲ့ မတရား တရားစွဲဆိုခံရတဲ့ အမှုတွေကရှိလာတယ်”လို့ ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုမှုဟာ ဇွန်လတစ်လထဲမှာတင် အမှုပေါင်း ၆ မှု ရှိခဲ့ပါတယ်။ သာမန်ဝေဖန်မှုမျိုးကိုတွေကိုတောင် တပ်မတော်၊ အစိုးရ၊ အုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်အမတ်တွေကိုယ်တိုင် တရားစွဲဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အရင်အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့တရားစွဲဆိုမှု (၁၁)မှုရှိခဲ့ပြီး လက်ရှိအစိုးရ လက်ထက်အဲဒီ ဥပဒေမပြင်ဆင်မီမှာ အမှုပေါင်း (၉၀)နဲ့ ပြင်ဆင်ပြီးအချိန်မှာ (၃၃)မှုအထိ ရှိလာတာပါ။

ပုဒ်မ၆၆(ဃ)ကို လွှတ်ကနေ မပယ်ဖျက်ဘဲ အရင်အာမခံမပေးတဲ့အပေါ် အာမခံပေးဖို့၊ ထောင်ဒဏ်အများဆုံး ၂ နှစ်ချမှတ်ဖို့နဲ့ ကာယကံရှင်ကိုယ်တိုင် အမှုဖွင့်ဖို့ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။

အဲဒီလို ပြင်ဆင်လိုက်ပေမယ့် ထိရောက်တဲ့ပြင်ဆင်မှု မဟုတ်တာကြောင့် တရားစွဲဆိုမှုတွေ မြင့်တက်လာတာလို့ ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။

“အဓိကကတော့ မတရားသဖြင့်လို့ပြောတဲ့အခါမှာ ရာခိုင်းနှုန်း ၈၀ အထက်ရှိနိုင်တယ်။ ဥပမာ ကျနော်တို့ အမှုအများဆုံးကို ကြည့်လိုက်တဲ့အခါမှာ အစိုးရတို့၊ လွှတ်တော်အမတ်တို့ကို ဝေဖန်လို့ စွဲတဲ့အမှုက များနေတယ်။ ဥပမာ ရခိုင်ပြည်နယ်က ဦးအောင်သန်းဝေဆိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒေါက်တာအေးမောင်နဲ့ ပြောတဲ့ ဗီဒီယိုဖိုင်တွေယှဉ်တွဲတင်ပြီးတော့ အစိုးရကိုဝေဖန်လို့ဆိုပြီး ၆၆(ဃ)နဲ့တရားစွဲခံရတယ်”လို့ ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။

အဲဒီအထဲမှာ တပ်မတော်က တရားစွဲဆိုမှု (၇)မှု၊ အန်အယ်လ်ဒီ ပါတီကတရားစွဲဆိုမှု(၈)မှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ကြားလူက တရားစွဲဆိုမှု (၁၀)မှုရှိပါတယ်။

သတင်းမီဒီယာတွေကို ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုထားမှု ၁၈ မှုရှိပြီး သတင်းသမား ၂၆ ဦး တရားရင်ဆိုင်နေရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage20. ဂျပန် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁ဝဝ ထိရှိ၊ ၅ဝ ကျော် ပျောက်ဆုံးနေ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဂျပန်နိုင်ငံအနောက်ပိုင်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၁ဝဝ အထိ မြင့်တက်လာခဲ့တယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြောကြားခဲ့ပါတယ်။

ရေကြီးမှုကြောင့် နောက်ထပ် လူ ၅ဝ ကျော် ပျောက်ဆုံးနေတယ်လို့လည်း Japan Times သတင်းစာက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က စလို့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းမှု ၃ ကြိမ် ကြုံတွေ့ခဲ့ပါတယ်။

ဒီအတွက် မြစ်ရေလျှံတက်ခဲ့ပြီး လူ ၂ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့ရပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ရွှံ့နွံတွေအတွင်း အသက်ရှင်သူတွေနဲ့ သေဆုံးသူတွေကို ရှာဖွေလျက်ရှိတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage19. ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်မည် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်မြစ်ထဲမှာ ထူးကဲဒီရေတက်မယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အသိပေးထားပါတယ်။

ဇူလိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ ကာလမှာ ရန်ကုန်မြစ်တွင်း အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ ၂၀ ဒသမ ၄ ပေကနေ ၂၀ ဒသမ ၂ ပေလောက်အထိ သာမာန်ထက်ထူးကဲ တက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြစ်ကမ်းနားမှာ နေထိုင်ကြတဲ့ လုပ်သားပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်တာတွေ လုပ်နိုင်အောင် အသိပေးထားတာပါ။

ရန်ကုန်မြစ်ရေဟာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ခုနှစ်တွေမှာ အခြေခံ ရေစစ်မျဉ်းအထက် ၂၂ ပေအထိ မြင့်တက်ခဲ့ဖူးတာကြောင့် စိုးရိမ်စရာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage18. နည်းပြ ဟီဟဲရို စပိန်လက်ရွေးစင်အသင်းနှင့် လမ်းခွဲ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

နည်းပြ ဖာနန်ဒို ဟီဟဲရိုဟာ စပိန်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။

စပိန်အသင်းဟာ ကမ္ဘာ့ပြိုင်ပွဲ ကျင်းပခါနီးမှ နည်းပြ လိုပက်တီဂွီကို ထုတ်ပယ်ခဲ့ပြီး ဟီဟဲရိုကို ယာယီအနေနဲ့ အစားထိုး ခန့်အပ်ခဲ့တာပါ။

ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ စပိန်အသင်းဟာ ရုရှားကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး စောစောစီးစီး အိမ်ပြန်ခဲ့ရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြ ဟီဟဲရိုဟာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၅ဝ အရွယ် နည်းပြ ဟီဟဲရိုကတော့ အသင်းရဲ့ မအောင်မြင်မှုအတွက် တာဝန်ခံတယ်လို့ ပြောဆိုထားတဲ့အပြင် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ဘောလုံးမှာက ဒီလိုပဲ ဖြစ်တတ်တယ်လို့ ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage17. လိုဏ်ဂူထဲကျန်ရှိသည့် ကလေးများကို အမြန်ဆုံးကယ်ထုတ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်မြို့ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးတွင်း ပိတ်မိနေတဲ့ မူပါအကယ်ဒမီဘောလုံးအသင်းဝင် ၁၃ ဦးအနက် ၄ ဦးကို မနေ့ညက ဂူအပြင်ကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၉ ဦးကိုလည်း အမြန်ဆုံး ဆက်လက် ကယ်ထုတ်မယ်လို့  ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ကျန်တဲ့ကလေးတွေကို အမြန်ဆုံး ကယ်ထုတ်သွားမှာ ဖြစ်ပေမယ့် သတင်းမီဒီယာတွေအနေနဲ့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လောက်ကြာမလဲဆိုတာ မမေးမြန်းဖို့၊ ဖိအားမပေးဖို့၊ သူတို့အနေနဲ့ကတော့ ကလေးတွေကို အန္တရာယ်အကင်းဆုံးနဲ့ အမြန်ဆုံးကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့မနက် ၁၀ နာရီက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဖြေကြားခဲ့ပါတယ်။

ဂူထဲပိတ်မိကလေးတွေ ကယ်ထုတ်ရေး အစီအစဉ်မှာ ဝန်ကြီးတွေ၊ ခရိုင်ဝန်နဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေက နေ့ရောညပါ ၂၄ နာရီ မရပ်မနား သူ့တာဝန်နဲ့သူ အလှည့်ကျ ဆောင်ရွက်နေကြောင်း၊ သူ့အနေနဲ့ လိုအပ်တာ ထောက်ပံ့ပေးတာကလွဲလို့ ဘာမှ ညွှန်ကြားမှုမပေးလိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ နည်းပညာတွေရော၊ နိုင်ငံခြားသား ကယ်ဆယ်ရေးအဖွဲ့တွေပါ ပါတဲ့အတွက် အတူတကွ ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းထောက်တယောက်က လွတ်လာတဲ့ ကလေး ၄ ယောက် ကျန်းမာရေး အခြေအနေ မေးမြန်းရာမှာ “ဒါမျိုးမေးခွန်း လာမမေးနဲ့၊ မေးတာ အသုံးမကျဘူး” လို့ ပြန်ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အဲဒီနေရာကနေ ဖူးခက်လှေမှောက်ရာမှာ သေဆုံး၊ ပျောက်ဆုံးသူ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကြည့်ရှု အားပေးမှာဖြစ်ပြီး အဲဒီကအပြန် ညနေပိုင်းမှာတော့ မယ်ဆိုင်ရှိ ဒွိုင်နန်းနွန်းဂူကြီးဆီ ပြန်လာပြီး ကျန်ရှိ ကလေး ၉ ယောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြည့်ရှုမယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနေ့ညက ကလေး ၄ ယောက် ကယ်ထုတ်အပြီး ဂူထဲမှာ အောက်ဆီဂျင်ဘူး ကုန်သွားတဲ့အတွက် ကျန်တဲ့ ၉ ဦးကို မခေါ်ထုတ်နိုင်သေးဘဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ ခေတ္တရပ်ထားခဲ့ပါတယ်။

ရာသီဥတုနဲ့ ဂူထဲက ရေကျတာ အခြေအနေပေးရင် နာရီ ၂၀ အတွင်း ကလေးတွေအကုန် ခေါ်ထုတ်မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောထားပါတယ်။

ဒီနေ့မနက်မှာတော့ အရေးပေါ် လူနာတင်ကား ၉ စီး ဂူအနီးမှာ အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေပါတယ်။

မနေ့ညက ရေငုပ်သမားတွေဟာ အကျန်းမာဆုံးနဲ့ စိတ်ဓာတ်အကြံ့ခိုင်ဆုံး ကလေးတွေကို လိုဏ်ဂူထဲကနေ အရင်ခေါ်ထုတ်ခဲ့ပြီး ရဟတ်ယာဉ်တွေ လူနာတင်ယာဉ်တွေနဲ့ ချင်းရိုင်ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။

ကလေးတွေရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်မှုကို သူတို့နားရှိနေတဲ့ ရေတပ်ဆရာဝန်က အနီးကပ်စစ်ဆေးနေပြီး အကြံ့ခိုင်ဆုံးသူကို ရွေးထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကလေးတဦးကို ရေငုပ်သမား ၂ ဦးစီနဲ့ အောက်စီဂျင်ဘူး လိုက်ထိန်းပေးသူ ၁ ဦးကျ လိုက်ပါလာပြီး ကလေးတွေကတော့ မျက်နှာဖုံးစွပ်၊ ဘွတ်ဖိနပ်တွေ စီးနင်းလျက် လိုက်ပါလာခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့က ဂူထဲ ရေကျနေပြီး အရင်က ရေတွေအိုင်နေတဲ့ ကန် ၃ ကန်ရှိရာမှာ တနေရာသာ ရေငုပ်ရကြောင်း၊ ကလေးတွေရှိတဲ့ ကမူနဲ့ ဂူပေါက်ဝဟာ ၄ ကီလိုမီတာကျော် ကွာဝေးပြီး တချို့နေရာ ရေကျသွားလို့ ရေထဲမှာ ၂ ကီလိုသာ ကူးခတ်ရကြောင်း၊ နဂိုခန့်မှန်းထားတဲ့ အချိန်ထက်လည်း ၃ နာရီကျော်စောပြီး အပြင်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိ ချင်းရိုင် ပရချားနုခေါ့ဆေးရုံရောက် ကလေး ၄ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ မရှိပေမယ့် သူတို့ကို အနည်းဆုံး ၇ ရက်ကြာ ရောဂါပိုး စစ်ဆေးရှာဖွေရေး လုပ်ဦးမယ်လို့ ဆေးရုံတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

သတင်းမီဒီယာတွေကို ဂူကြီးနဲ့ ၂ ကီလိုမီတာခန့်အကွာ ပုန်ဖာရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ နေရာချထားပေးတဲ့အတွက် ဂူနားက အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူမှ သတင်းမထုတ်နိုင်ဘဲ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာမှုကိုပဲ စောင့်ဆိုင်းနေကြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage16. ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၉ ရက်က စတင်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးက ပထမအကြိမ် ကြေညာကပ်ပေးထားပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မဲဆန္ဒနယ်မှာလည်း မဲဆန္ဒရှင်စာရင်းတွေကို ကပ်ထားကြေညာပေးထားပြီး မဲစာရင်းတွေ မှန်ကန်မှုရှိ မရှိ တစ်အိမ်ထောင်ကို တစ်ယောက်လာရောက်ကြည့်ရှုစစ်ဆေးကြဖို့  ကော်မရှင်က ပန်ကြားထားပါတယ်။

ရပ်ကွက်နေပြည်သူတွေ စိတ်တိုင်းကျလာကြည့်ပြီး ပြင်ဆင်မှုတွေ လုပ်နိုင်ပါတယ်လို့ တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူ ဦးဝင်းအောင်က ပြောပါတယ်။

အခုထုတ်ပြန်မှုဟာ ပထမအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ် ထုတ်ပြန်မှုကိုတော့ အောက်တိုဘာလမှာ ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိထုတ်ပြန်နေတဲ့ မဲဆန္ဒရှင်စာရင်းတွေဟာ ၂၀၁၅ စာရင်းတွေကိုအခြေခံပြီး ပြင်ဆင်ဖြည့်စွက်မှုတွေ ပြုလုပ်ထားတာလို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage15. ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံရသည့် ဗြိတိန်အမျိုးသမီး သေဆုံး -DVB

#Lead Story (6d ago)

ဖွင့်ရန်။

အာရုံကြောထိခိုက်စေတဲ့အဆိပ်နဲ့ တိုက်ခုက်ခံခဲ့ရတဲ့ ဗြိတိန်အမျိုးသမီး ဒေါန်စတားဂတ်စ် (Dawn Sturgess) ဟာ အင်္ဂလန်တောင်ပိုင်း ဆားစ်ဘာရီဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် စတားဂတ်စ်ဟာ ပြီးခဲ့တဲ့ ဇွန် ၃ဝ ရက်နေ့က ချားလ်စ်ရောင်လီဆိုသူ အမျိုးသားတဦးနဲ့အတူ အဆိပ်သင့်ခဲ့ပြီး ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က စတားဂတ်စ်နဲ့ ချားလ်စ်ရောင်လီတို့ နှစ်ဦးစလုံးဟာ “နာဗာချော့ခ်” အဆိပ် သင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဓာတုအဆိပ်ဟာ ပြီးခဲ့တဲ့မတ်လတုန်းက ရုရှားစပိုင်ဟောင်း စခရစ်ပါတို့ သားအဖနှစ်ဦး သင့်ခဲ့တဲ့အဆိပ်လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေကတော့ ဒေါန်စတားဂတ်စ် သေဆုံးတဲ့သတင်း ကြားသိရတဲ့ အပေါ်မှာ ထိတ်လန့်မိကြောင်း ပြောကြားခဲ့တယ်လို့ ဗွီိအိုအေသတင်းမှာ ဖော်ပြထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage14. အဆိုတော် အစ္စဏီကို စွဲထားသည့်အမှု ၉ ကြိမ်မြောက်ရုံးထုတ် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

မုဒိမ်းမှု၊ ပြင်းထန်စွာနာကျင်စေမှု၊ တုံးသောလက်နက်နဲ့ ပြင်းထန်စွာနာကျင်စေမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော်အစ္စဏီကို ဇူလိုင်လ ၉ ရက်နေ့မှာ တာမွေတရားရုံးမှာ ၉ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပါတယ်။

ဒီတပတ်ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ မော်ဒယ်ဆူးရှထက်ကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ ရုပ်သံတခုမှာ ဖြေဆိုထားတဲ့ အချက်အလက်တွေနဲ့ တရားလိုရဲ့ထွက်ဆိုချက်တွေ ကွဲလွဲနေတာကြောင့် တရားခံဘက်က သက်သေတင်သွင်းတာကို တရားရုံးက လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်အား တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့ နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို မုဒိမ်းမှု၊ ပြင်းထန်စွာနာကျင်စေမှု၊ တုံးတဲ့ လက်နက်နဲ့ ပြင်းထန်စွာနာကျင်စေမှုတို့နဲ့ တာမွေတရားရုံးမှာ ရုံးတင်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage13. ပေါ့ပ်ဂီတဖွင့်ပြီး ကခုန်သည့်ရုပ်သံ လူမှုကွန်ရက်ပေါ်တင်သည့် အီရန်အမျိုးသမီးများ (ရုပ်သံ) -DVB

#Lead Story (6d ago)

ဖွင့်ရန်။

အီရန်နိုင်ငံမှာ အမျိုးသမီးတွေဟာ အီရန်နဲ့ အနောက်ဥရောပ ပေါ့ပ်ဂီတ ဖွင့်ပြီး ကခုန်နေတဲ့ ရုပ်သံကို အင်စတာဂရမ် လူမှုကွန်ရက်ပေါ် တင်နေကြပါတယ်။

ဟိုဂျာဘရီလို့ခေါ်တဲ့ ဆယ်ကျော်သက် မိန်းကလေးတယောက် ခေါင်းမြီးခြုံမပါဘဲ ကခုန်နေတဲ့ ရုပ်သံကို အင်စတာဂရမ် ပေါ်တင်ခဲ့လို့ လိုက်ခ် (Like) ထောင်ချီ ရခဲ့ပေမယ့် သူ့ကို အီရန်အစိုးရက ဖမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာ သူမဟာ အပြစ်ဝန်ခံခဲ့တယ်လို့ အီရန်အစိုးရရုပ်သံက ဇူလိုင် ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါကြောင့် ဟိုဂျာဘရီကို ထောက်ခံတဲ့အနေနဲ့ ကခုန်ခြင်းဟာ ရာဇဝတ်မှု မဟုတ်ဘူးဆိုတဲ့ စာသားကို တဂ် (Tag) တွဲပြီး ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေက သူတို့ကခုန်နေတဲ့ ရုပ်သံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ကြတာပါ။

အသက် ၁၇၊ ၁၈ နှစ်အရွယ် ကခုန်သူတွေဟာ မဖွယ်မရာပြုမှုနဲ့ အဖမ်းခံနေရချိန်မှာ ကလေးမုဒိမ်းသမားတွေ၊ တခြားလူတွေ လွတ်နေတယ်၊ သူတို့က ရီနေလိမ့်မယ်လို့ အီရန်ဘလော့ဂါတဦးက ပြောပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း တခြားကခုန်သူ အတော်များများလည်း အဖမ်းခံခဲ့ရပါတယ်။

၂ဝ၁၄ ခုနှစ်မှာ အီရန်လူငယ် ၆ ဦး လမ်းပေါ်နဲ့ တီဟီရန်မြို့တော်က အိမ်ခေါင်မိုးပေါ် ကခုန်နေတဲ့ ရုပ်သံကို လူမှုကွန်ရက်ပေါ်တင်ခဲ့လို့ ထောင်ဒဏ်တနှစ်နဲ့ ကြိမ်ဒဏ် ၉၁ ချက် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage12. ဇူလိုင် ၉ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဇူလိုင် ၉ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၉၈ ကျပ်၊  ၁ ယူရိုငွေကို ၁၆၄၃ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁ဝ၂၉ ဒသမ ၈ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၂၆၅ ဒသမ ၄ ကျပ်၊  တရုတ် ၁ ယွမ်ကို ၂၁ဝ ဒသမ ၄၃ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၆ ဒသမ ၂၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၂၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။  

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၃၀ဝဝ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၃၂ဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၅၉ ဒသမ ၃၀ ဒေါ်လာ ဈေးပေါက်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage11. ရိုက်တာသတင်းထောက် ၂ ယောက်လုံးကို စွဲချက်တင်ရန်အမိန့်ချ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ရိုက်တာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်လုံးကို နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စတင် စွဲချက်တင်လိုက်ပါတယ်။

ဖမ်းဆီးစွပ်စွဲခံရတာ ၇ လပြည့်ဖို့ ရက်ပိုင်းအလိုမှာ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က စွဲချက်တင်ကြောင်း ဇူလိုင် ၉ ရက်နေ့က အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ကိုလိုနီခေတ်က ဥပဒေဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ဇူလိုင်လ ၁၆ နေ့မှာ ရိုက်တာသတင်းထောက် ကိုဝလုံးကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်ဇော်က ပြောပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage10. တူရကီမှ ဘူလ်ဂေးရီးယားနယ်စပ် ပြေးဆွဲသည့် ရထား လမ်းချော်၊ အနည်းဆုံး ၁၀ ဦးသေ -DVB

#Lead Story (6d ago)

ဖွင့်ရန်။

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်ကနေ ဘူလ်ဂေးရီးယားနိုင်ငံ နယ်စပ်က ကပိကူလေမြို့ကို ပြေးဆွဲတဲ့ ရထားတစီး ဇူလိုင် ၈ ရက်နေ့က လမ်းချော်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ခရီးသည် အယောက် ၃၆၀ ပါတဲ့ ရထားတွဲ ၆ တွဲ လမ်းချော်ခဲ့တယ်လို့ တီအာတီ ဟာဗာ ရုပ်သံက ပြောပါတယ်။

လမ်းချော်ရတဲ့ အကြောင်းရင်းကို မသိသေးပေမယ့် ရာသီဥတုဆိုးပြီး မြေပြိုနေတယ်လို့ အာဏာပိုင်တွေက အပြစ်တင်ထားပါတယ်။

တံတားတစီး ပြိုကျနေခဲ့လို့ မတော်တဆဖြစ်တာလို့လည်း စီအန်အန် တာ့ခ် (CNN Turk) သတင်းဌာနက အစီရင်ခံထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage9. ဘယ်လ်ဂျီယံကို အနိုင်ရရန် ဥရုဂွေးကို ကစားသည့် ခြေစွမ်းမျိုးလိုဟု ပြင်သစ်ပြော -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဆီမီးဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို အနိုင်ရဖို့ဆိုရင် ဥရုဂွေးအသင်းကို ကစားတုန်းက ခြေစွမ်းမျိုးနဲ့ ကစားနိုင်ဖို့ လိုတယ်လို့ ပြင်သစ်အသင်းခေါင်းဆောင် ဟူဂို လိုရစ်က ပြောပါတယ်။

ဒီနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်အဆင့် ရောက်နေပြီး အဲဒီ ၄ သင်းထဲမှာ ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ဘယ်လ်ဂျီယံနဲ့ပွဲက တိုက်ပွဲတပွဲ တိုက်ရသလို ဖြစ်လာဖို့ရှိပြီး အဲဒီအတွက် အဆင်သင့် ဖြစ်နေပြီလို့ လိုရစ်က ပြောပါတယ်။

ဂိုးသမား လိုရစ်ဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ကစားပေးထားပါတယ်။

ပြင်သစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၆ ကြိမ် ရောက်ဖူးထားပြီး ၂၀၀၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage8. Court to prosecute Reuters journalists in controversial ‘official secrets’ case -DVB

#Lead Story (6d ago)

ဖွင့်ရန်။

A Yangon court will proceed with prosecuting two Reuters journalists accused of violating Burma’s Official Secrets Act, a ruling that is likely to heighten the concerns of press freedom advocates who see the case as a seminal indicator of their cause’s progress in a country long-known for its censorship and antagonistic stance toward the Fourth Estate.

The accused men, Wa Lone and Kyaw Soe Oo, were detained by Burmese authorities on Dec. 12. They face up to 14 years in prison if found guilty under the colonial-era Official Secrets Act, and pleaded not guilty following the ruling of Ye Lwin, the presiding magistrate, on Monday.

The drawn-out trial has been criticised by press freedom advocates both in Burma and abroad as Reuters has insisted that the two men were arrested simply for doing their jobs.

They were detained in December as they were reporting on a massacre of Rohingya Muslims in the village of Inn Din, Rakhine State, earlier that year, in which Burmese state security forces were implicated. Reuters subsequently published a lengthy report on the massacre, and seven soldiers were sentenced to 10 years in prison for their role in the killings, according to the military.

“At this critical juncture, we hope that the court will decline to charge Wa Lone and Kyaw Soe Oo and order their prompt release,” Stephen J. Adler, Reuters’ president and editor-in-chief, said in a statement released last week, prior to Monday’s ruling to proceed with prosecuting them.

This story is developing and will be updated.


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား English ဘာသာ သတင်းများ ဖတ်ရန်...

NoImage7. အာဇာနည်ဗိမာန်သို့ ပစ္စည်း ၉ မျိုး ယူဆောင်ခွင့် ပိတ်ပင် -DVB

#Lead Story (6d ago)

ဖွင့်ရန်။

လာမယ့် ဇူလိုင် ၁၉ ရက်မှာ  ကျရောက်မယ့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပမယ့် အာဇာနည်ဗိမာန်နေရာကို ပန်းခွေနဲ့ ပန်းစည်းတွေ အပါအဝင် ပစ္စည်း ၉ မျိုးကို ယူဆောင်လာခွင့် သက်ဆိုင်ရာက ပိတ်ပင်ထားပါတယ်။

ပိတ်ပင်ထားတဲ့ ပစ္စည်းတွေထဲမှာ ပန်းခွေ၊ ပန်းစည်းနဲ့ ပန်းခြင်းအမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်းနဲ့ ဘူးအမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာမှာ အသုံးပြုတဲ့ တုတ်၊ သံပိုက်နဲ့ ကော်ပိုက်တွေ၊ လက်ကိုင်အိတ် အမျိုးမျိုးနဲ့ မီးခြစ်အမျိုးမျိုးတို့ ပါဝင်ပါတယ်။

အာဇာနည်ဗိမာန်သို့ ဂါရဝပြုဖို့ လာရောက်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ အထက်ပါ ပစ္စည်းတွေကို ယူဆောင်လာပါက အာဇာနည်ဗိမာန်ကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက အသိပေး ကြေညာထားပါတယ်။

အာဇာနည်နေ့ အခမ်းအနားသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ဖို့  အာဇာနည်ဗိမာန်ကို ဇူလိုင် ၁၉ ရက် မွန်းလွဲ ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားမှာ ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်နဲ့  အတွင်းဝန်များ ရုံးဟောင်းတို့ကိုလည်း သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါနေရာတွေရဲ့ အဝင်အထွက် လမ်းကြောင်းနဲ့ ဂိတ်တွေမှာ လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ကြည်ဖြူစွာ အစစ်ဆေးခံယူကြဖို့လည်း ပန်ကြားထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်ညနေ ၆ နာရီမှ ဇူလိုင်လ ၁၉ ရက် ညနေ ၆ နာရီအထိ အာဇာနည်ဗိမာန်အနီး လမ်းကြောင်းတွေကို ယာဉ်တွေ ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ထားမယ်လို့လည်း ကြေညာထားပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage6. အလယ်နှင့် အရှေ့ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဘုံကြွယ်ဝမှုနဲ့ တိုးတက်မှုမြှင့်တင်ဖို့ အလယ်နဲ့ အရှေ့ဥရောပကနိုင်ငံတွေ (စီအီးအီးစီ) နဲ့ တရုတ်နိုင်ငံတို့ကြား ပွင့်လင်းပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်ဖို့ တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က ဇူလိုင် ၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာပြုလုပ်တဲ့ တရုတ်-စီအီးအီးစီ နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေး တက်ရောက်ရင်း အခုလို တောင်းဆိုလိုက်တာပါ။

တရုတ်နဲ့ ဥရောပအရှေ့ပိုင်း၊ အလယ်ပိုင်းနိုင်ငံတွေကြားက ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ကြား ဆက်ဆံရေး တိုးတက်မှုကို အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဝန်ကြီးချုပ်လီက ပြောပါတယ်။

ပြင်ပကမ္ဘာအတွက် တရုတ်နိုင်ငံကို ဖွင့်သွားမယ်ဆိုတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြောစကားကိုလည်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားသွားပါတယ်။

ဥရောပနဲ့ ဘောလ်ကန်ဒေသ ၁၆ နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား အနာဂတ်တိုးတက်ရေး ယန္တရားအတွက် လွတ်လပ်သော ကုန်သွယ်မှုနဲ့ ကမ္ဘာ့စီးပွားရေးပျံ့နှံ့မှု ခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ဖို့၊ စည်းကမ်းဘောင် အခြေခံတဲ့ အပြန်အလှန် ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းဖို့ ကိုယ်ကျိုးစီးပွားကြည့် တဖက်သတ်ကုန်သွယ်ဝါဒကို ဆန့်ကျင်ဖို့ အချက်တွေကိုလည်း ဝန်ကြီးချုပ်က အဆိုပြုထားပါတယ်။

တရုတ်နဲ့ စီအီးအီးစီ အဖွဲ့ဝင်နိုင်ငံတို့ဟာ ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်ချက်ကို ပူးတွဲထုတ်ပြန်ခဲ့သလို နိုင်ငံ့ခေါင်းဆောင်တွေဟာ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်း ၂၀ ကျော်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။


(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)

☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage5. မြန်မာ့ငြိမ်းချမ်းရေး အကူညီပေးနေမှုကိစ္စရပ်များ မြန်မာဒုသမ္မတနှင့်တရုတ် ဆွေးနွေး -DVB

#Lead Story (6d ago)

ဖွင့်ရန်။

ဒုသမ္မတ ဦးမြင့်ဆွေဟာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံးရဲ့ အတွင်းရေးမှူးနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကဏ္ဍမှာ အကူညီပေးနေမှုအခြေနေနဲ့ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံးရဲ့ အတွင်းရေးမှူးနဲ့ ဗဟိုကော်မတီ၏ပြန်ကြားရေးဌာနဝန်ကြီး H.E. Mr. Huang Kunming ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မနေ့ညနေပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွှေစံအိမ်ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီပေးနေမှု အခြေအနေ၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ြ