Latest News - Yesterday!
Beta Version.
NoImage470. အာလူးအခွံခွာရတာ ခက်ခဲနေပါသလား။ -MyFoodMyanmar
#ကျန်းမာရေး - Health (မနေ့က)
ဖွင့်ရန်။အာလူးအခွံခွာရတာ
အာလူးတွေက အာဟာရပြည့်ဝသလို အရသာလည်းရှိပါတယ်။ ဒါပေမယ့် အခွံခွာရတာတော့ လက်ဝင်လှပါတယ်။ ဒါ့ကြောင့် အချိန်အကြာကြီး မီးဖိုခန်းထဲမှာ အာလူးခွာတဲ့အချိန်ကို သက်သာစေဖို့ အာလူးခွာတဲ့နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။ အရင်ဆုံး အာလူးကို စဥ့်တီတုံးပေါ်တင်လိုက်ပါ။ ပြီးရင် အာလူးအခွံကို ဓားထိပ်နဲ့ အာလူးရဲ့ အလယ်ကနေ အာလူးတစ်ခုလုံး ပါးပါးလေးလှီးလိုက်ပါ။ အသားထဲအထိ အနက်ကြီးလှီးစရာမလိုဘဲ အခွံပြတ်ရုံလောက်ဆိုရပါပြီ။ ပြီးရင် ရေနွေးအိုးထဲထည့်ပြီး ပွက်ပွက်ဆူတဲ့အထိ ပြုတ်လိုက်ပါ။ အာလူးကို ပြန်ဆယ်လိုက်ပြီး ထိပ်နဲ့ အမြီးနဲ့ ဆွဲချွတ်လိုက်ရုံနဲ့ အာလူးအခွံကျွတ်သွားပါပြီ။ ဒီနည်းနဲ့ အချိန်ကုန်သက်သာပြီး အာလူးအသားတွေ အလေအလွှင့်မဖြစ်အောင်ကူညီပေးပါတယ်။ ဗီဒီယိုဖိုင်နဲ့ အသေးစိတ်ကြည့်ချင်ရင် အောက်ဖော်ပြပါ Link မှာ ကြည့်လို့ရပါတယ်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား lifestyles သတင်းများဖတ်ရန်...
NoImage469. အ​ဖေက​တော့သူဥက္ကဌသက်​တမ်းတစ်​​လျှောက်​အကယ်​ဒမီထည့်​မစဉ်းစားဖို့​ပြောထားပါတယ်လို့ ဆို လာတဲ့ မင်းမော်ကွန်း -YuYaLay
#အားကစား (မနေ့က)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား lifestyles သတင်းများဖတ်ရန်...
NoImage468. Computer Programming နိုင်ငံတကာပြိုင်ပွဲ မြန်မာကျောင်းသား ၃ဦး ယှဉ်ပြိုင်မည် -VOA
#မြန်မာ (မနေ့က)
ဖွင့်ရန်။ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသား (၃)ဦးပါ အသင်းတသင်းဟာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ လာမယ့် ဧပြီလထဲ ကျင်းပမယ့် ၄၂ ကြိမ်မြောက် Computer Programming ကမ္ဘာ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။ တကမ္ဘာလုံးမှာ ရာနဲ့ချီတဲ့ တက္ကသိုလ်တွေက ကျောင်းသားပေါင်း သောင်းနဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ACM International Collegiate Programming Contest ပြိုင်ပွဲကို ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage467. အသရေဖျက်မှုဖြင့် ပြန်တရားစွဲဆိုထားသည့်အပေါ် အဆုံးစွန်ထိ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒိန်းပိုပိုဒေါင်ပြော -Mizzima
#ပြည်တွင်း (မနေ့က)
ဖွင့်ရန်။
height=120
ဦးတိုက်လျှောက် တရားစွဲဆိုရာတွင် ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စွပ်စွဲပြောဆို ထား သည့် ရုပ်သံဗွီဒီယိုဖိုင်နှင့်အတူ တရားရုံးတွင်အစစ်ခံကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage466. LG Q6 နဲ့ Samsung Galaxy J7 Pro အားနှိုင်းယှဉ်ကြည့်ခြင်း -MM_Mobile_App
#Mobile reviews (မနေ့က)
ဖွင့်ရန်။
ပြည့်စုံကောင်းမွန်တဲ့ လုပ်ဆောင်ချက်နဲ့ ဖုန်းကိုသာ ရွေးချယ်ကိုင်တွယ်လိုသူတွေ အတွက် ဈေးကွက်ထဲမှာ တန်းမြင့်၊အလယ်အလတ်ဆင့် စမတ်ဖုန်းအများစု ရှိနေပါတယ်။ ဒီလိုစမတ်ဖုန်းတွေထဲက ကိုရီးယား အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူတွေဖြစ်တဲ့ LG နဲ့ Samsung တို့ရဲ့ အလယ်အလယ်ဖုန်းတွေကို နှိုင်းယှဉ်ဖော်ပြပေးသွား မှာဖြစ်ပါတယ်။ သူတို့ကတော့ Full View Display စမတ်ဖုန်း LG Q6 နဲ့ Display အကောင်းဆုံးဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်တဲ့ Galaxy J7 Pro တို့ပဲဖြစ်ပါတယ်။ LG နဲ့ Samsung တို့ရဲ့ စမတ်ဖုန်း၂မျိုးလုံးမှာ 5.5-inch မျက်နှာပြင်နဲ့အတူ Corning Gorilla Glass-covered displays သုံးထားပါတယ်။ အဓိကကွာခြားချက်လို့ ဆိုနိုင်တာကတော့ Q6 မှာ သုံးထားတာက IPS LCD […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား နည်းပညာ သတင်းများဖတ်ရန်...
NoImage465. မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ် ဆရာဝန်(၁)ဦး အမျိုးသမီး(၁)ဦးသေဆုံး -YuYaLay
#အားကစား (မနေ့က)
ဖွင့်ရန်။မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ် ဆရာဝန်(၁)ဦး အမျိုးသမီး(၁)ဦးသေဆုံး မိတ္ထီလာ ဖေဖော်ဝါရီ ၂၁ မိတ္ထီလာ-တောင်ကြီးသွားကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆရာဝန်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်း  မိတ္ထီလာ-တောင်ကြီးသွားကားလမ်း ဥယျာဉ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၆/၃)နှင့်(၆/၄)ကြား သာစည်မြို့ ယင်းမာပင်တိုက်နယ်ဆေးရုံ  တိုက်နယ်ဆရာဝန် အာကာသက်ပိုင် မောင်းနှင်လာသော ယာဉ်အမှတ် YGN 3F/×××× ROYAL CROWN အမျိုးအစား ခဲရောင်မော်တော်ယာဉ်မှ လားရာတူရှေ့တွင် မအေးချမ်းဖြိုး သာစည်မြို့နယ် ချမ်းသာကြီးကျေးရွာနေသူ မောင်းနှင်နေသော ဆိုင်ကယ်အမှတ် ၃၆ယ/×××× ဟွန်ဒါအမျိုးအစား ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး နောက် လမ်း၏ယာဘက်အခြမ်းမြေသားလမ်းပေါ်တွင် ရပ်ထားသည့် ယာဉ်အမှတ် ၉ဌ/×××× ထော်လာဂျီ၏ ဝဲဘက်ရှေ့ဘီးအား ဆက်လက်၍ ဝင်ရောက်တိုက်မိခဲ့ကာ လမ်းဘေးကုက္ကိုလ်ပင်အား ထပ်မံဝင်ရောက် တိုက်မိခဲ့သည်။ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား lifestyles သတင်းများဖတ်ရန်...
NoImage464. လားရှိုးမြို့တွင် KIA သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးမပေးသဖြင့် ရိုးမဘဏ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ -YuYaLay
#အားကစား (မနေ့က)
ဖွင့်ရန်။လားရှိုးမြို့တွင် KIA သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးမပေးသဖြင့် ရိုးမဘဏ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ လားရှိုးမြို့တွင် KIA သောင်းကျန်းသူအဖွဲ့မှ ရိုးမဘဏ်မှ ဆက်ကြေးမပေးသဖြင့် ဘဏ်အတွင်း ဗုံး ၂ လုံးဖြင့် ယနေ့ညနေ (4:40) နာရီတွင် ဗုံးပေါက်ကွဲတိုက်ခိုက်မှုကြောင့် ဘဏ်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်… KIA သောင်းကျန်းသူအဖွဲ့၏ လက်ချက်ကြောင့် ဒဏ်ရာရရှိသူ ကျား(၅) ဦး ၊ မ(၈) ဦးအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ရိုးမဘဏ်တစ်ရုံးလုံးခန့် ပျက်စီးခဲ့ကြောင်း သိရတယ်… သေဆုံးသူများမှာ ဧရာဝတီ ဘဏ်ဘက်မှ (၁) ဦး၊ ရိုးမဘဏ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရပါတယ်… အဆိုပါ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား lifestyles သတင်းများဖတ်ရန်...
NoImage463. နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ နေပြည်တော်တွင် တည်ဆောက်မည် -YuYaLay
#အားကစား (မနေ့က)
ဖွင့်ရန်။နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ နေပြည်တော်တွင် တည်ဆောက်မည် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်မှာ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ဖို့ တရုတ်-မြန်မာ သဘောတူညီမှု ရရှိသွားတယ်လို့ အစိုးရပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ ဒုဥက္ကဋ္ဌ ရှန်ဟိုင်းဒေသကြီး ဗုဒ္ဓဘာသာအဖွဲ့ဥက္ကဋ္ဌ ရှန်ဟိုင်းမြို့ ကျင်အန်းဘုရားကျောင်း ပဓာနနာယကဆရာတော် ဟူအီမင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံစဉ် သဘောတူညီမှုရခဲ့တာပါ။ မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာနဲ့ တရုတ်နိုင်ငံ မဟာယာန ဗုဒ္ဓဘာသာအဖွဲ့တို့အကြား သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နေပြည်တော်မှာ နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ဗုဒ္ဓဘာသာ ကမ္ဘာအနှံ့ ပြန့်ပွားစေဖို့ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်လိုပါကြောင်း တရုတ်နိုင်ငံက ဆရာတော်တွေက တင်ပြလျှောက်ထားခဲ့တယ်လို့ […]
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား lifestyles သတင်းများဖတ်ရန်...
NoImage462. လူမနေရ နယ်မြေမှာ အကြမ်းဖက် သမားတွေ ရှိနေတယ်လို့ဆို -BBC
#ပြည်တွင်း (မနေ့က)
ဖွင့်ရန်။လူနေခွင့် မရှိတဲ့ နေရာမှာ နေထိုင်သူတွေထဲမှာ အကြမ်းဖက် သမားတွေ ရှိနေတယ်လို့ သတင်းရကြောင်း အစိုးရကပြောပါတယ်။
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage461. ရန်ကုန်မြို့တွင်းဖြတ်YBS (၇၈) ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ၍ ခရီးသည်များ ပိုအဆင်ပြေလာ -TimeAyeYar
#ပြည်တွင်း (မနေ့က)
ဖွင့်ရန်။ရန်ကုန်မြို့တွင်းဖြတ်YBS (၇၈) ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ၍ ခရီးသည်များ ပိုအဆင်ပြေလာ
ရန်ကုန် ဖေဖော်ဝါရီ  ၂ဝ
ရန်ကုန် ရွှေပြည်သာမြို့နယ် လိန်ကုန်းမှစ၍ မြို့လယ်ရှိ ဆူးလေ၊ ရန်ကုန်ဘူတာကြီးအထိ သွားသောYBSယာဉ်လိုင်းအမှတ်(၇၈)ကို ဖေဖော်ဝါရီ  ၁၈  ရက် နံနက်ပိုင်းမှ စတင်ပြေးဆွဲရာ အဆိုပါယာဉ်လိုင်းသစ်ကြောင့် ခရီးသည်များ ပို၍ အဆင်ပြေလာ ကြကြောင်း သိရသည်။
အဆိုပါယာဉ်လိုင်းသစ်မှာ ရွှေပြည်သာ လိန်ကုန်းမှ ဘုန်းကြီးလမ်း စံပြရုပ်ရှင်ရုံ မှတ်တိုင်အထိ ကားခ ကျပ်   ၂ဝဝ ဖြစ်ပြီး စံပြမှ မဟာဗန္ဓုလလမ်းအတိုင်း မြို့လယ် ဆူးလေ၊ ဘူတာကြီးအထိကို တစ်ရာကျပ်ဖြစ်ကာ မြို့တွင်းမှ ပြန်ထွက်ရာတွင် အနော် ရထာလမ်းမအတိုင်း ပြန်ထွက်ပြီး ကားခမှာ စံပြအထိ ၁ဝဝ ကျပ်နှင့် စံပြမှ လိန်ကုန်း အထိ ၂ဝဝ ကျပ်ဖြစ်ကြောင်း သိရသည်။
ယခင်က ရန်ကုန်မြို့လယ်အထိ ဝင်ရောက်သော ခရီးရှည်ယာဉ်လိုင်းမှာ မှော်ဘီ၊ ထောက်ကြံ့မှထွက်သည့် အမှတ် (၃၇) တစ်လိုင်းသာရှိကာ အင်းစိန်ဘက်မှလာသော ယာဉ်လိုင်းများဖြစ်သည့် (၂၁)၊  (၃၅)၊ (၃၉) တို့မှာ ဘုန်းကြီးလမ်းအထိသာရောက်ပြီး ဘုန်းကြီးလမ်းတွင် မြို့တွင်းဆက်မဝင်ဘဲ  မော်တင်ဘက်သို့ ကွေ့သွားရာ မြို့တွင်းသို့ သွားမည့် ခရီးသည် အများအပြားမှာ မော်တင်တွင် ကားပြောင်းစီးရသဖြင့် ရုံးတက် ရုံးဆင်းချိန်များတွင် အဆင်မပြေမှုများ ရှိခဲ့သည်။
ယခု ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ (၇၈) ယာဉ်လိုင်းသစ်က မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေ၊ ဘူတာကြီးအထိ ပြေးဆွဲသဖြင့် မြို့တွင်းသို့ဝင်မည့် ခရီးသည် အများစုအတွက် ကားတစ်ဆင့်တည်းဖြင့် အဆင်ပြေသွားသလို ကားခမှာလည်း နှစ်ဆင့်စီးရသည်ထက် ပိုကုန်ကျခြင်းမရှိကြောင်း ခရီးသည်တစ်ဦးက ပြောသည်။
YBS(၇၈) ယာဉ်လိုင်းသစ်ကို ပြေးဆွဲသည့် လူထုမိတ်ဆွေကုမ္ပဏီ၏ အသိပေး ချက်အရ (၇၈) ယာဉ်လိုင်းကို ကားသစ်အစီးရေ  ၅ဝ  ဖြင့် ပြေးဆွဲမည်ကြောင်း သိရ သည်။                                     (မြန်​မာ့အလင်း)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage460. ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ် တိုက်မိ၊ သုံးဦးသေဆုံး -TimeAyeYar
#ပြည်တွင်း (မနေ့က)
ဖွင့်ရန်။ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ် တိုက်မိ၊ သုံးဦးသေဆုံး
အရာတော်  ဖေဖော်ဝါရီ  ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး      မုံရွာခရိုင် အရာတော်မြို့နယ်တွင်  မုံရွာမြို့ဘက်မှ အရာတော်ဘက်သို့  ဆီပီပါ အလုံး ၃ဝ တင်ဆောင်လာသော    ယာဉ်မောင်း  ဖိုးချမ်း   မောင်းနှင်သည့်  ယာဉ်အမှတ် SGG 8I/------ ယာဉ်နှင့် အရာတော် မြို့မှ မုံရွာဘက်သို့     လမ်းခင်းကျောက်များ တင်ဆောင်ပြီး     ယာဉ်မောင်း(အမည် စိစစ်ဆဲ)မောင်းနှင်သည့်  ယာဉ်အမှတ် YGN  2C/----     ၁ဝ ဘီးယာဉ်တို့ ဖေဖော်ဝါရီ ၁၉ ရက် ည ၁ဝ နာရီ ၄၅ မိနစ်ခန့်က    မုံရွာ-အရာတော်   လမ်းမ မိုင်တိုင်အမှတ် ၂၁/ဝ အနီးတွင် တိုက်မှု ဖြစ်ပွားကာ ကားနှစ်စီးလုံး  မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် ဆီတင် ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်နောက် လိုက်     ဦးမြင့်ကျော်နှင့်    ခရီးသည် ဒေါ်ကြည်ခင်၊ ကျောက်တင်ယာဉ်မောင်း (အမည်စိစစ်ဆဲ) တို့သည်   မီးလောင် သေဆုံးခဲ့ပြီး     ခရီးသည်   ဒေါ်ဝိုင်းတင်  မိုင်းချောင်းကျေးရွာ     ဖောင်းပြင်မြို့၊  ရွာသာကျေးရွာနေ     မထက်ထက်အိ၊ မစန်းစန်းအေးတို့ သုံးဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။
မော်တော်ယာဉ်နှစ်စီးနှင့်   ဆီပီပါ အလုံး ၃ဝ ပျက်စီးဆုံးရှုံးခဲ့ပြီး   ယာဉ် မောင်း ဖိုးချမ်းနှင့် လမ်းခင်းကျောက်များ တင်ဆောင်သည့်  ယာဉ်မောင်းတို့အား အရာတော်မြို့မရဲစခန်းက အမှုဖွင့်ထား ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NoImage459. တိရစ္ဆာန်နှင့် လူ ရောဆက်ထားသော Hybrid ထုတ်လုပ်သည့် စမ်းသပ်မှုတစ်ခု ပြုလုပ် -CuriosityMM
#Life Science (မနေ့က)
ဖွင့်ရန်။
အခုဆိုရင်
(☞ မူရင်း သတင်း site တွင် ဆက်ဖတ်ရန်။)
☞ အခြား ပြည်တွင်း သတင်းများ ဖတ်ရန်...
NEXT >>